စစ္ေၾကာင့္ ေက်ာက္ေတာ္စိုက္ပ်ိဳးေရးသိပၸံေက်ာင္း ပိတ္ထား

ေက်ာက္ေတာ္စိုက္ပ်ိဳးေရးသိပၸံေက်ာင္း (MOI)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း မၾကာေသးခင္ကျဖစ္ပြားခဲ့တဲ့ ပစ္ခတ္တိုက္ခိုက္မွဳေၾကာင့္ လုံျခံဳေရးအရ ေက်ာက္ေတာ္စိုက္ပ်ိဳးေရး သိပၸံေက်ာင္းကို ယာယီပိတ္ထား ရတယ္လို႕ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ေျပာပါတယ္။ ဒါအျပင္ ပညာေရး ၀န္ထမ္းေတြကလဲ ထိခိုက္မႈေတြ ရွိေနသလို လုံျခံဳမွဳကင္းမဲ့တဲ့အေျခအေနေၾကာင့္ တာ၀န္ထမ္းေဆာင္ဖို႕ ၀န္ေလးေန ၾကပါတယ္။ ပဋိပကၡျဖစ္ပြားရာရခိုင္ေဒသအတြင္း တာ၀န္ထမ္းေဆာင္မယ့္ ပညာေရး၀န္ထမ္းေတြအတြက္ အထုူးအခြင့္အေရး ေပးထားရတယ္လို႕ ပညာေရးဆိုင္ရာတာ၀န္ရွိသူေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္ဘက္က ေနာက္ဆံုးအေျခအေနကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ႏုိင္ကြန္းအိန္ကေန သတင္းေပးပို႔ ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားေနတဲ့တိုက္ပြဲေတြေၾကာင့္ ပညာသင္ၾကားေရးအခက္ခဲရွိလာေနသလို တခ်ိဳ႕ေက်ာင္းေတြ ဆို ပိတ္ထားရတဲ့အေျခအေနမွာရွိေနပါတယ္။

ျပီးခဲ့တဲ့ဒီဇင္ဘာလကုန္မွာျဖစ္ခဲ့တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းသား(၄၀၀) ေက်ာ္ရွိတဲ့ ေက်ာက္ေတာ္စိုက္ပ်ိဳး ေရးသိပၸံေက်ာင္းကို ယာယီပိတ္ထားရတယ္လို႕ ေက်ာက္ေတာ္ျမိဳ႕နယ္မဲဆႏၵ နယ္ ကျပည္သူ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းကေျပာပါတယ္။

“စိုက္ပ်ိဳးေရးသိပၸံေက်ာင္းပိတ္ထားေတာ ျပန္ခိုင္းထားတယ္လို႕ေျပာရမွာေပါ့ဗ်ာ။ နိ႕့မို႕ဆို အသက္အႏၱရာယ္ရွိေတာင္မွ ျဖစ္နိုင္တဲ့အေျခအေနရွိတယ္ ဆိုေတာ့ ဆရာဆရာမေတြလည္း စိုးရိမ္ၾကတာေပါ့။ အဲဒီအနားမွာမၾကာခဏဆိုသလို တပ္မ ေတာ္ကလာၿပီးေနရာယူတာတို႕ ေက်ာင္း၀င္းထဲလာေနတာတို႕ရွိတဲ့အခါက်ေတာ့ေလ။ စိုးရိမ္ၿပီးေတာ့ ဒါေလာေလာ ဆယ္ နားထားလိုက္ပါဆိုၿပီးေတာ့မွ ညႊန္ၾကားတယ္ဆိုလားဘာလားဘဲ။ အခုေလာေလာဆယ္ဆယ္ေတာ့ ကေလးေတြ ကို ေတာ့ျပန္လႊတ္ထားတယ္။ တခ်ိဳ႕ဆရာဆရာမေတြလဲ စစ္ေတြကို ပို႕ထားလိုက္တယ္။ ဒီလို အေျခအေနမ်ိဳးေတြ ရွိတယ္။”

ဒီဇင္ဘာလကုန္က ေက်ာက္ေတာ္ၿမိဳ႕အတြင္းပစ္ခတ္မွဳမွာ စိုက္ပ်ိဳး ေရးသိပၸံေက်ာင္းရဲ႕ အမိုးအကာေတြ လက္နက္ က်ည္ထိမွန္မွဳေတြရွိခဲ့ပါတယ္။

ဒါအျပင္ဒီပစ္ခတ္မွဳမွာ ေက်ာင္းဆရာမတဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႕ သူကဆိုပါတယ္။

“ဒီဇင္ဘာ(၃၀)မွာ ည(၇)နာရီခြဲေလာက္မွာ ပစ္ခတ္မႈေတြျဖစ္တယ္။ လက္နက္ၾကီးေတြနဲ႕ေရာ ေသနတ္ေတြနဲ႕ပါ ကြ်န္ေတာ္တို႕ နာရီ၀က္ နီးပါးပစ္တယ္ေပါ့။ အဲဒီမွာအသက္(၈၀)ေလာက္အဖြားႀကီးတေယာက္ရယ္ ေနာက္ၿပီးေတာ့ ဆရာမ တေယာက္ရယ္ ႏွစ္ေယာက္ ဒဏ္ရာရတာေပါ့။ သူတို႕ႏွစ္ေယာက္ကေတာ့ေလာေလာဆယ္အထိ ေဆးကုသမွဳ ခံယူေနရတဲ့ အေျခအေနရွိတယ္ေပါ့။”

ေက်ာက္ေတာ္ၿမိဳ႕အတြင္း ပစ္ခတ္တိုက္ခိုက္မွဴမွာ တပ္မေတာ္ဘက္က ရခိုင္လက္နက္ကိုင္ အဖြဲ႕ပစ္ခတ္တာလို႕ ေျပာဆို ထားသလိုAAဖက္ကေတာ့ သူတို႕နဲ႕တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႕ ျငင္းဆိုထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းျဖစ္ေနတဲ့ စစ္ေရးအေျခအေနေၾကာင့္ ပညာေရး အပါအ၀င္ တျခားက႑ေတြမွာလဲ စိုးရိမ္စရာ အေနအထားမွာရွိေနပါတယ္။ လက္ရွိ အေျခအေနမွာ ပညာေရး၀န္ထမ္းေတြအေနနဲ႕ရခိုင္ျပည္နယ္အတြင္းတာ၀န္ထမ္းေဆာင္ဖို႕ ၀န္ေလးလာတဲ့ အေနအထားမွာ ရွိေနပါတယ္။

ေမာင္ေတာခရိုင္ ပညာေရးမွဴးဦးခင္ေအာင္ကေတာ့ ပဋိပကၡျဖစ္ပြားရာေဒသမွာ တာ၀န္ထမ္းေဆာင္တဲ့ ဆရာ၊ ဆရာမ ေတြအတြက္ တာ၀န္ထမ္းေဆာင္မယ့္ ကာလကို ေဒသအလိုက္ သတ္မွတ္ေပးထားတယ္လို႕ေျပာပါတယ္။

“ျဖစ္တဲ့အခ်ိန္က်ေတာ့ ကြ်န္ေတာ္တို႕မသြားဘဲေနတာေပါ့။ ျငိမ္းလို႕ရွိရင္ေတာ့ အဲဒီလိုဆရာ၊ ဆရာမေတြ သြားၾကပါတယ္။ ကြ်န္ေတာ္တို႕ ေမာင္ေတာဘူးသီးေတာင္က်ေတာ့ ေဒသအလိုက္လစာ(၂)ဆခံစားခြင့္ အထူးေဒသေပါ့။ အဲဒီေဒသ ကို ေတာ့တႏွစ္ေနလို႕ရွိရင္ ကြ်န္ေတာ္တို႕ေျပာင္းေပးပါတယ္။ တႏွစ္ေနလို႕ရွိရင္ ကိုယ္ေနတဲ့ေနရာကို ေလွ်ာက္လိုက္ၿပီး အဲဒီေနရာမွာ ေနရာလြတ္ရွိရင္ကိုေျပာင္းခြင့္ျပဳပါတယ္။ က်န္တဲ့ေဒသေတြက်ေတာ့ (၂)ႏွစ္ေပါ့ ဘူးသီးေတာင္ ေမာင္ေတာ မဟုတ္လို႕ရွိရင္။”

စစ္ေရးပဋိပကၡကာလအတြင္း ပညာေရး၀န္ထမ္းတခ်ိဳ႕ကိုလဲ AAရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕ ဆက္စပ္တယ္ဆိုျပီး တပ္မေတာ္ကေနဖမ္းဆီးမွဳေတြရွိေနတာပါ။

ျပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ၊ ၾသဂုတ္လမွာ ဘူးသီးေတာင္ျမိဳ႕နယ္ ေက်ာက္ရန္ေက်းရြာတိုက္ပြဲအျပီး ေက်ာင္းဆရာတဦးနဲ႕ စိုင္းဒင္တံတားတိုက္ပြဲျဖစ္ပြါးအျပီး ေက်ာင္းဆရာတဦး အေပါင္း(၂)ဦး ကိုျမန္မာစစ္တပ္ဘက္က ဖမ္းဆီးခဲ့ပါတယ္။ ဒီေက်ာင္းဆရာႏွစ္ဦးကိုဒီဇင္ဘာလမွာ ျပန္လႊတ္ေပးလိုက္ၿပီလို႕ ေမာင္ေတာခရိုင္ပညာေရးမွဴး ဦးခင္ေအာင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တႏွစ္ၾကာ-ဆက္တိုက္ ျဖစ္ပြားေနတဲ့ စစ္ပြဲအေပၚ ရခိုင္ျပည္ေက်ာင္းသားသမဂၢနဲ႕ ရခိုင္ေက်ာင္းသား မ်ားသမဂၢ (တကၠသိုလ္မ်ား-ရန္ကုန္)တို႕ကေန ေလ့လာသုံးသပ္ခ်က္ စာတန္းတခုကို ဒီကေန႕မွာထုတ္ျပန္ခဲ့ပါတယ္။

တႏွစ္နီးပါးရွိလာတဲ့ ရခိုင္ျပည္နယ္စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြထိခိုက္ေသဆုံး အဖမ္းဆီးခံရမွဳရွိ ေနတဲ့ အေျခအေနကို ရခိုင္ေက်ာင္းသားသမဂၢ ဗဟိုဦးေဆာင္ေကာ္မီတီ ကိုေသာ္ဇင္ထြန္းက အခုလိုေျပာပါတယ္။

“တႏွစ္ၾကာျဖစ္ပြားေနတဲ့တိုက္ပြဲအတြင္းမွာ ေသဆုံးတာ ဒါမွမဟုတ္ သတ္ျဖတ္ခံရတဲ့ အရပ္သားေတြကေတာ့ (၁၂၀) ၀န္းက်င္ေလာက္ရွိတယ္ခင္ဗ်။ ထိခိုက္ဒဏ္ရာရရွိမွဳေတြကေတာ့ စုစုေပါင္းလိုက္မယ္ဆိုရင္ (၂၃၀)၀န္းက်င္ရွိတယ္ခင္ဗ်။ ဖမ္းဆီးခံရမွဳအေရအတြက္က ျပန္လႊတ္လာတာေရာ၊ ျပန္မလႊတ္လာဘဲ အစေပ်ာက္ေနတာေရာ စုစုေပါင္း(၆၀၀)၀န္းက်င္ (၇၀၀)ေလာက္ရွိတယ္ခင္ဗ်။”

ဒီစာတန္းမွာ ရခိုင္ျပည္နယ္အတြင္း နိမ့္က်ေနတဲ့စီးပြါးေရး လူမွဳေရး ဘက္ေပါင္းစုံအေျခအေနေၾကာင့္ ရခိုင္လက္နက္ ကိုင္AAအဖြဲ႕ေတာ္လွန္ေရးေပၚေပါက္လာတာျဖစ္ျပီး ရခိုင္ျပည္သူအမ်ားစုက ဒီေတာ္လွန္ေရးကိုေထာက္ခံမႈရွိေနတယ္ လို႕ ေဖၚျပထားပါတယ္။

ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAတို႕ရဲ႕တႏွစ္တာ စစ္ေရးတင္းမာမွဳအတြင္း အရပ္သားတသိန္းေက်ာ္ဟာ စစ္ေဘးတိမ္းေရွာင္ေနရဆဲ အေျခအေနမွာရွိေနပါတယ္။

...............

စစ်ကြောင့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း ပိတ်ထား

(Unicode)

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအရ ကျောက်တော်စိုက်ပျိုးရေး သိပ္ပံကျောင်းကို ယာယီပိတ်ထား ရတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။ ဒါအပြင် ပညာရေး ဝန်ထမ်းတွေကလဲ ထိခိုက်မှုတွေ ရှိနေသလို လုံခြုံမှုကင်းမဲ့တဲ့အခြေအနေကြောင့် တာဝန်ထမ်းဆောင်ဖို့ ဝန်လေးနေ ကြပါတယ်။ ပဋိပက္ခဖြစ်ပွားရာရခိုင်ဒေသအတွင်း တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းတွေအတွက် အထုူးအခွင့်အရေး ပေးထားရတယ်လို့ ပညာရေးဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပညာသင်ကြားရေးအခက်ခဲရှိလာနေသလို တချို့ကျောင်းတွေ ဆို ပိတ်ထားရတဲ့အခြေအနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်မှာဖြစ်ခဲ့တဲ့ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၄၀၀) ကျော်ရှိတဲ့ ကျောက်တော်စိုက်ပျိုး ရေးသိပ္ပံကျောင်းကို ယာယီပိတ်ထားရတယ်လို့ ကျောက်တော်မြို့နယ်မဲဆန္ဒ နယ် ကပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။

“စိုက်ပျိုးရေးသိပ္ပံကျောင်းပိတ်ထားတော ပြန်ခိုင်းထားတယ်လို့ပြောရမှာပေါ့ဗျာ။ နိ့မို့ဆို အသက်အန္တရာယ်ရှိတောင်မှ ဖြစ်နိုင်တဲ့အခြေအနေရှိတယ် ဆိုတော့ ဆရာဆရာမတွေလည်း စိုးရိမ်ကြတာပေါ့။ အဲဒီအနားမှာမကြာခဏဆိုသလို တပ်မ တော်ကလာပြီးနေရာယူတာတို့ ကျောင်းဝင်းထဲလာနေတာတို့ရှိတဲ့အခါကျတော့လေ။ စိုးရိမ်ပြီးတော့ ဒါလောလော ဆယ် နားထားလိုက်ပါဆိုပြီးတော့မှ ညွှန်ကြားတယ်ဆိုလားဘာလားဘဲ။ အခုလောလောဆယ်ဆယ်တော့ ကလေးတွေ ကို တော့ပြန်လွှတ်ထားတယ်။ တချို့ဆရာဆရာမတွေလဲ စစ်တွေကို ပို့ထားလိုက်တယ်။ ဒီလို အခြေအနေမျိုးတွေ ရှိတယ်။”

ဒီဇင်ဘာလကုန်က ကျောက်တော်မြို့အတွင်းပစ်ခတ်မှုမှာ စိုက်ပျိုး ရေးသိပ္ပံကျောင်းရဲ့ အမိုးအကာတွေ လက်နက် ကျည်ထိမှန်မှုတွေရှိခဲ့ပါတယ်။

ဒါအပြင်ဒီပစ်ခတ်မှုမှာ ကျောင်းဆရာမတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

“ဒီဇင်ဘာ(၃၀)မှာ ည(၇)နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ရော သေနတ်တွေနဲ့ပါ ကျွန်တော်တို့ နာရီဝက် နီးပါးပစ်တယ်ပေါ့။ အဲဒီမှာအသက်(၈၀)လောက်အဖွားကြီးတယောက်ရယ် နောက်ပြီးတော့ ဆရာမ တယောက်ရယ် နှစ်ယောက် ဒဏ်ရာရတာပေါ့။ သူတို့နှစ်ယောက်ကတော့လောလောဆယ်အထိ ဆေးကုသမှု ခံယူနေရတဲ့ အခြေအနေရှိတယ်ပေါ့။”

ကျောက်တော်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှူမှာ တပ်မတော်ဘက်က ရခိုင်လက်နက်ကိုင် အဖွဲ့ပစ်ခတ်တာလို့ ပြောဆို ထားသလိုAAဖက်ကတော့ သူတို့နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်နေတဲ့ စစ်ရေးအခြေအနေကြောင့် ပညာရေး အပါအဝင် တခြားကဏ္ဍတွေမှာလဲ စိုးရိမ်စရာ အနေအထားမှာရှိနေပါတယ်။ လက်ရှိ အခြေအနေမှာ ပညာရေးဝန်ထမ်းတွေအနေနဲ့ရခိုင်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်ဖို့ ဝန်လေးလာတဲ့ အနေအထားမှာ ရှိနေပါတယ်။

မောင်တောခရိုင် ပညာရေးမှူးဦးခင်အောင်ကတော့ ပဋိပက္ခဖြစ်ပွားရာဒေသမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ တွေအတွက် တာဝန်ထမ်းဆောင်မယ့် ကာလကို ဒေသအလိုက် သတ်မှတ်ပေးထားတယ်လို့ပြောပါတယ်။

“ဖြစ်တဲ့အချိန်ကျတော့ ကျွန်တော်တို့မသွားဘဲနေတာပေါ့။ ငြိမ်းလို့ရှိရင်တော့ အဲဒီလိုဆရာ၊ ဆရာမတွေ သွားကြပါတယ်။ ကျွန်တော်တို့ မောင်တောဘူးသီးတောင်ကျတော့ ဒေသအလိုက်လစာ(၂)ဆခံစားခွင့် အထူးဒေသပေါ့။ အဲဒီဒေသ ကို တော့တနှစ်နေလို့ရှိရင် ကျွန်တော်တို့ပြောင်းပေးပါတယ်။ တနှစ်နေလို့ရှိရင် ကိုယ်နေတဲ့နေရာကို လျှောက်လိုက်ပြီး အဲဒီနေရာမှာ နေရာလွတ်ရှိရင်ကိုပြောင်းခွင့်ပြုပါတယ်။ ကျန်တဲ့ဒေသတွေကျတော့ (၂)နှစ်ပေါ့ ဘူးသီးတောင် မောင်တော မဟုတ်လို့ရှိရင်။”

စစ်ရေးပဋိပက္ခကာလအတွင်း ပညာရေးဝန်ထမ်းတချို့ကိုလဲ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်ကနေဖမ်းဆီးမှုတွေရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ၊ သြဂုတ်လမှာ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာတိုက်ပွဲအပြီး ကျောင်းဆရာတဦးနဲ့ စိုင်းဒင်တံတားတိုက်ပွဲဖြစ်ပွါးအပြီး ကျောင်းဆရာတဦး အပေါင်း(၂)ဦး ကိုမြန်မာစစ်တပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။ ဒီကျောင်းဆရာနှစ်ဦးကိုဒီဇင်ဘာလမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တနှစ်ကြာ-ဆက်တိုက် ဖြစ်ပွားနေတဲ့ စစ်ပွဲအပေါ် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ရခိုင်ကျောင်းသား များသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တို့ကနေ လေ့လာသုံးသပ်ချက် စာတန်းတခုကို ဒီကနေ့မှာထုတ်ပြန်ခဲ့ပါတယ်။

တနှစ်နီးပါးရှိလာတဲ့ ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေထိခိုက်သေဆုံး အဖမ်းဆီးခံရမှုရှိ နေတဲ့ အခြေအနေကို ရခိုင်ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မီတီ ကိုသော်ဇင်ထွန်းက အခုလိုပြောပါတယ်။

“တနှစ်ကြာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာ သေဆုံးတာ ဒါမှမဟုတ် သတ်ဖြတ်ခံရတဲ့ အရပ်သားတွေကတော့ (၁၂၀) ဝန်းကျင်လောက်ရှိတယ်ခင်ဗျ။ ထိခိုက်ဒဏ်ရာရရှိမှုတွေကတော့ စုစုပေါင်းလိုက်မယ်ဆိုရင် (၂၃၀)ဝန်းကျင်ရှိတယ်ခင်ဗျ။ ဖမ်းဆီးခံရမှုအရေအတွက်က ပြန်လွှတ်လာတာရော၊ ပြန်မလွှတ်လာဘဲ အစပျောက်နေတာရော စုစုပေါင်း(၆၀၀)ဝန်းကျင် (၇၀၀)လောက်ရှိတယ်ခင်ဗျ။”

ဒီစာတန်းမှာ ရခိုင်ပြည်နယ်အတွင်း နိမ့်ကျနေတဲ့စီးပွါးရေး လူမှုရေး ဘက်ပေါင်းစုံအခြေအနေကြောင့် ရခိုင်လက်နက် ကိုင်AAအဖွဲ့တော်လှန်ရေးပေါ်ပေါက်လာတာဖြစ်ပြီး ရခိုင်ပြည်သူအများစုက ဒီတော်လှန်ရေးကိုထောက်ခံမှုရှိနေတယ် လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAတို့ရဲ့တနှစ်တာ စစ်ရေးတင်းမာမှုအတွင်း အရပ်သားတသိန်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရဆဲ အခြေအနေမှာရှိနေပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
စစ္ေၾကာင့္ ေက်ာက္ေတာ္စိုက္ပ်ိဳးေရးသိပၸံေက်ာင္း ပိတ္ထား စစ္ေၾကာင့္ ေက်ာက္ေတာ္စိုက္ပ်ိဳးေရးသိပၸံေက်ာင္း ပိတ္ထား Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.