ျမန္မာလိုက္နာေဆာင္႐ြက္ရမယ့္ ၾကားျဖတ္အစီအမံေလးခ်က္ ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ် ခ်မွတ္

 ၾကားျဖတ္အစီအမံေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုတာကို ၾကားနာေနတဲ့ တရား႐ုံး

(Zawgyi)⤵⤵⤵
ျမန္မာက လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးတဲ့ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ၾကားျဖတ္အစီအမံေတြ ခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက ကုလသဂၢရဲ႕ အျမင့္ဆုံးတရား႐ုံး အိုင္စီေဂ်မွာ ေတာင္းဆိုထားတာကို ဒီကေန႔ ဇန္နဝါရီ ၂၃ ရက္မွာ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕မွာ တရား႐ုံးက ျမန္မာက ေဆာင္႐ြက္ရမယ့္ ၾကားျဖတ္ အစီအမံ အခ်က္ေလးခ်က္ကို ဆုံးျဖတ္ခ်မွတ္ခဲ့ပါတယ္။

အဲဒီေလးခ်က္ကို တရား႐ုံးက တရားသူႀကီး ၁၇ ဦးလုံးက တညီတၫြတ္တည္း သေဘာတူခ်မွတ္ခဲ့တာပါ။

ျမန္မာက ေဆာင္႐ြက္ရမယ့္ ၾကားျဖတ္အစီအမံ ေလးခ်က္က

(၁) ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈက အကာအကြယ္ေပးဖို႔

(၂) ျမန္မာတပ္မေတာ္နဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ေတြက လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ မလုပ္ဖို႔

(၃) သက္ေသ အေထာက္အထားေတြ မပ်က္စီးေအာင္ ထိန္းသိမ္းဖို႔

(၄) ဒီကေန႔ အမိန႔္ခ်မွတ္တဲ့ေန႔က စၿပီး ေလးလအတြင္း ျမန္မာရဲ႕ေဆာင္႐ြက္မႈေတြကို အစီရင္ခံစာတင္ဖို႔နဲ႔ အဲဒီေနာက္ပိုင္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ အမႈႀကီးအတြက္ အၿပီးသတ္ အမိန႔္မခ်မခ်င္း ေျခာက္လတစ္ႀကိမ္ အစီရင္ခံစာတင္သြင္းဖို႔တို႔ ျဖစ္ပါတယ္။

တရား႐ုံးက ၾကားျဖတ္အစီအမံခ်တာနဲ႔ ပတ္သက္ၿပီး ဂမ္ဘီယာ တရားေရးဝန္ႀကီး အဘူဘာကာ တမ္ဘာဒူးက အခုလို တရားသူႀကီးေတြက တညီတၫြတ္တည္း ဆုံးျဖတ္တာကိုက ဂ်ီႏိုဆိုက္ကို ကမာၻက လက္မခံဘူးဆိုတာ ျပတာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးရမယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ အခုဆုံးျဖတ္ခ်က္ကို ေအာင္ပြဲအျဖစ္ ယူဆႏိုင္ေပမဲ့ လုပ္ရမွာေတြ အမ်ားႀကီး က်န္ေသးတယ္လို႔ ေျပာပါတယ္။

အခု ခ်မွတ္တာေတြကို ျမန္မာဘက္က လိုက္နာမယ္လို႔ ယုံၾကည္တယ္လို႔လည္း သူက ေျပာပါတယ္။

အခု တရား႐ုံးက ၾကားျဖတ္အစီအမံ အဆုံးအျဖတ္ခ်မွတ္တာကို ျမန္မာဘက္ အဆင့္ျမင့္ အရာရွိႀကီး တက္ခဲ့ၿပီး အခု တရာ႐ုံးကိစၥကို ျမန္မာက တာဝန္သိတဲ့ ႏိုင္ငံအျဖစ္ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

ျမန္မာအေနနဲ႔ လုပ္ေဆာင္ခဲ့တာေတြကို သုံးသပ္ျပင္ဆင္ႏိုင္မယ့္ လုပ္ရပ္လည္း ျဖစ္တယ္လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မြန်မာလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် နိုင်ငံတကာ တရားရုံး အိုင်စီဂျေ ချမှတ်

ဓာတ်ပုံ မူပိုင် ANP/AFP/Getty Images
Image caption ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တရားရုံးက မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အဲဒီလေးချက်ကို တရားရုံးက တရားသူကြီး ၁၇ ဦးလုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့တာပါ။

မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က

(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့

(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့

(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့

(၄) ဒီကနေ့ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။

တရားရုံးက ကြားဖြတ်အစီအမံချတာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူးက အခုလို တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်တာကိုက ဂျီနိုဆိုက်ကို ကမ္ဘာက လက်မခံဘူးဆိုတာ ပြတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုဆုံးဖြတ်ချက်ကို အောင်ပွဲအဖြစ် ယူဆနိုင်ပေမဲ့ လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်လို့ ပြောပါတယ်။

အခု ချမှတ်တာတွေကို မြန်မာဘက်က လိုက်နာမယ်လို့ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။

အခု တရားရုံးက ကြားဖြတ်အစီအမံ အဆုံးအဖြတ်ချမှတ်တာကို မြန်မာဘက် အဆင့်မြင့် အရာရှိကြီး တက်ခဲ့ပြီး အခု တရာရုံးကိစ္စကို မြန်မာက တာဝန်သိတဲ့ နိုင်ငံအဖြစ် လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို သုံးသပ်ပြင်ဆင်နိုင်မယ့် လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာလိုက္နာေဆာင္႐ြက္ရမယ့္ ၾကားျဖတ္အစီအမံေလးခ်က္ ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ် ခ်မွတ္ ျမန္မာလိုက္နာေဆာင္႐ြက္ရမယ့္ ၾကားျဖတ္အစီအမံေလးခ်က္ ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ် ခ်မွတ္ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.