ေဆးကုသမႈခံယူေနရတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကို သမၼတ သြားေရာက္ေတြ႕ဆုံ

မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေသြးကင္ဆာေရာဂါခံစားေနရၿပီး ထိုင္းႏိုင္ငံမွာသြားေရာက္ကုသမႈခံယူခဲ့ရတဲ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အဆုတ္အေအးပတ္ၿပီး အဖ်ားဝင္ေနတဲ့အတြက္ မႏၲေလး ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈခံယူေနရပါတယ္။

ဒီကေန႔မနက္ပိုင္းက ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ဇနီးျဖစ္သူတို႔ဟာ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ ျမင့္ေမာင္ကို ေဆး႐ုံမွာလာေရာက္ေတြ႕ဆုံၿပီး အားေပးစကားေျပာၾကားခဲ့ပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ကို အနီးကပ္ကုသေပးေနတဲ့ ေဒါက္တာေအာင္ဆန္းဦးက ဒီကေန႔မွာ အဖ်ားလည္းက်ၿပီး သက္သာေနၿပီျဖစ္ေၾကာင္း က်န္းက်န္းမာမာရွိေၾကာင္း၊ အၿမဲအနားယူဖို႔မလိုသလို အလုပ္ရင္း ေဆးကုသလို႔ ရေၾကာင္း၊ ေဒါက္တာေဇာ္ျမင့္ေမာင္အေနနဲ႔ အနားယူမယ့္သူလည္း မဟုတ္ဘဲ အခုေလာေလာဆယ္ကေတာ့ စိတ္ပူစရာမရွိပါဘူးလို႔ ေျပာပါတယ္။

ေနာက္ထပ္ေဆးကုသဖို႔အတြက္ေတာ့ လာမယ့္ဇန္နဝါရီလ ၅ ရက္ေန႔မွာ ထိုင္းႏိုင္ငံကို ထပ္မံသြားရမယ္လို႔လည္း ေဒါက္တာေအာင္ဆန္းဦးက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ဟာ ေသြးကင္ဆာေရာဂါေၾကာင့္ ထိုင္းႏိုင္ငံကို ႏွစ္လခန႔္ၾကာ  သြားေရာက္ကုသမႈ ခံယူခဲ့ရၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္ေန႔က ျမန္မာႏိုင္ငံကို ျပန္ေရာက္ခဲ့တာျဖစ္ပါတယ္။

၂၀၁၉ ႏွစ္သစ္ကူးညမွာေတာ့  မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ႐ုံးေရွ႕မွာျပဳလုပ္တဲ့ ႏွစ္သစ္ကူးပြဲမွာ ျပည္သူေတြကို ႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ပါတယ္။

မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေ႐ြးေကာက္ပြဲ သုံးႀကိမ္အႏိုင္ရ လြတ္ေတာ္ ကိုယ္စားလွယ္တစ္ေယာက္ျဖစ္ၿပီး ၁၉ ႏွစ္ၾကာ အက်ဥ္းေထာင္အတြင္းမွာ ေနထိုင္ခဲ့ရသူတစ္ဦးလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဆေးကုသမှုခံယူနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို သမ္မတ သွားရောက်တွေ့ဆုံ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: RFA

သွေးကင်ဆာရောဂါခံစားနေရပြီး ထိုင်းနိုင်ငံမှာသွားရောက်ကုသမှုခံယူခဲ့ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အဆုတ်အအေးပတ်ပြီး အဖျားဝင်နေတဲ့အတွက် မန္တလေး ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။

ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူတို့ဟာ ဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်ကို ဆေးရုံမှာလာရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို အနီးကပ်ကုသပေးနေတဲ့ ဒေါက်တာအောင်ဆန်းဦးက ဒီကနေ့မှာ အဖျားလည်းကျပြီး သက်သာနေပြီဖြစ်ကြောင်း ကျန်းကျန်းမာမာရှိကြောင်း၊ အမြဲအနားယူဖို့မလိုသလို အလုပ်ရင်း ဆေးကုသလို့ ရကြောင်း၊ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ အနားယူမယ့်သူလည်း မဟုတ်ဘဲ အခုလောလောဆယ်ကတော့ စိတ်ပူစရာမရှိပါဘူးလို့ ပြောပါတယ်။

နောက်ထပ်ဆေးကုသဖို့အတွက်တော့ လာမယ့်ဇန်နဝါရီလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံကို ထပ်မံသွားရမယ်လို့လည်း ဒေါက်တာအောင်ဆန်းဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံကို နှစ်လခန့်ကြာ  သွားရောက်ကုသမှု ခံယူခဲ့ရပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ နှစ်သစ်ကူးညမှာတော့  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးရှေ့မှာပြုလုပ်တဲ့ နှစ်သစ်ကူးပွဲမှာ ပြည်သူတွေကို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ရွေးကောက်ပွဲ သုံးကြိမ်အနိုင်ရ လွတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး ၁၉ နှစ်ကြာ အကျဉ်းထောင်အတွင်းမှာ နေထိုင်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ေဆးကုသမႈခံယူေနရတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကို သမၼတ သြားေရာက္ေတြ႕ဆုံ ေဆးကုသမႈခံယူေနရတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကို သမၼတ သြားေရာက္ေတြ႕ဆုံ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.