တ႐ုတ္-ျမန္မာ သေဘာတူညီမႈ သတိနဲ႔ႀကဳိဆို

ေနျပည္ေတာ္တြင္ ေတြ႔ဆုံေဆြးေႏြးခဲ့သည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္။ (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာ-တ႐ုတ္ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ တ႐ုတ္သမၼတရဲ႕ ျမန္မာျပည္ ၂ ရက္တာ ခရီးစဥ္မွာ ႏွစ္ႏိုင္ငံၾကား စီးပြားေရး၊ စိုက္ပ်ိဳးေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ သေဘာတူညီမႈ ၃၃ ခု ရရွိခဲ့ပါတယ္။ ဒီအထဲမွာ လုပ္ငန္းႀကီးေတြျဖစ္တဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း၊ နယ္စပ္စီးပြားေရးဇုန္နဲ႔ တ႐ုတ္-ျမန္မာ ဆက္သြယ္မယ့္ လမ္းစီမံကိန္းလို အဓိကလုပ္ငန္းေတြပါတဲ့ သေဘာတူစာခ်ဳပ္ေတြနဲ႔ နားလည္မႈ စာခြၽန္လႊာေတြလည္း လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။ အခုလို သေဘာတူညီမႈ စာခ်ဳပ္ေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔ ေလ့လာေစာင့္ၾကည့္သူေတြက ဘယ္လိုသေဘာထားပါသလဲ။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာခရီးစဥ္ ဒုတိယေန႔ျဖစ္တဲ့ ဇန္နဝါရီ ၁၈ ရက္ မနက္ပိုင္းမွာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား စီးပြားေရး သေဘာတူညီမႈ စာခ်ဳပ္ေတြ၊ နားလည္မႈ စာခြၽန္လႊာေတြကို ျမန္မာသမၼတေနအိမ္မွာ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္သမၼတ Xi Jinping တုိ႔ေရွ႕ေမွာက္ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႔ေတြ ခ်ဳပ္ဆို၊ လဲလွယ္ခဲ့ၾကတဲ့ စီမံကိန္းေတြထဲမွာ အမ်ားစိတ္ဝင္စားတဲ့ စီမံကိန္းတခုကေတာ့ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ စီမံကိန္းေတြ ျဖစ္ပါတယ္။

အလုပ္အကိုင္ အခြင့္အလမ္းေတြ ေဖာ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ျမန္မာအစိုးရဘက္က ယုံၾကည္ထားတဲ့ ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ ဒုဥကၠ႒၊ ရခိုင္ျပည္နယ္ ဘ႑ာေရး၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေက်ာ္ေအးသိန္းက သူ႔ရဲ႕အျမင္ကို အခုလိုေျပာပါတယ္။

“ဒါကေတာ့ က်ေနာ္တို႔ေဒသအတြက္ ေကာင္းတာပဲေလ။ အလုပ္အကိုင္လည္း ရမယ္၊ ေဒသဖြံ႔ၿဖိဳးမႈလည္း ရွိမွာေပါ့။ ဒါ လုပ္သင့္တဲ့ လုပ္ငန္းလို႔ပဲလို႔ က်ေနာ္တို႔ သုံးသပ္လို႔ရမွာပါ။”

ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံၾကား ၂ ႏွစ္ေလာက္ ညႇိႏႈိင္းယူခဲ့တဲ့ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ကို ၂၀၁၈ ႏိုဝင္ဘာ ၈ ရက္မွာ မူေဘာင္သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဒီေန႔မွာေတာ့ စီမံကိန္း သေဘာတူစာခ်ဳပ္၊ အစုရွယ္ယာမ်ားႏွင့္ သက္ဆိုင္ေသာ သေဘာတူစာခ်ဳပ္ ဒါေတြကို ထပ္ၿပီးခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ကေနတဆင့္ အိႏၵိယသမုဒၵရာကိုျဖတ္ၿပီး အေရွ႕အလယ္ပိုင္း၊ အာဖရိကနဲ႔ အိႏၵိယကို ခ်ိတ္ဆက္ႏိုင္မွာျဖစ္သလို ျမန္မာျပည္တြင္းကို ျဖတ္ၿပီး တ႐ုတ္နဲ႔ အာဆီယံေဒသတြင္း ႏိုင္ငံေတြကိုလည္း ခ်ိတ္ဆက္ႏိုင္ဖို႔ ရည္ရြယ္တဲ့ ဒီစီမံကိန္းကေန ေဒသခံ ၅ သိန္းေလာက္ကို အလုပ္အကိုင္ ဖန္တီးေပးႏိုင္မယ္လို႔လည္း ေျပာပါတယ္။

အခုလို ႏွစ္ႏုိင္ငံၾကား လုပ္ငန္းသေဘာတူစာခ်ဳပ္ေတြ၊ နားလည္မႈစာခြၽန္လႊာေတြ ေရးထိုးဖို႔အတြက္ အစိုးရႏွစ္ရပ္လုံးက ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ခ်ဥ္းကပ္ေဆာင္ရြက္ခဲ့တယ္လို႔ ျမင္သူကေတာ့ တ႐ုတ္-ျမန္မာ ဆက္ဆံေရး ေစာင့္ၾကည့္ေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္း ျဖစ္ပါတယ္။

“လက္ရွိအေျခအေနမွာ ဒီစာခြၽန္လႊာေတြ၊ ဒီသေဘာတူညီခ်က္ေတြ၊ MoU ေတြကို လက္မွတ္ေရးထိုးတဲ့ အေနအထား ၾကည့္မယ္ဆိုရင္ ဒီႏွစ္ႏိုင္ငံ ဆက္ဆံေရးေပါ့ေလ၊ ဘက္ေပါင္းစုံ ဆက္ဆံေရးမွာ နားလည္မႈေတြ၊ ယုံၾကည္မႈေတြ၊ ပူးေပါင္းေဆာင္ရြက္မႈေတြကို ပိုၿပီးေတာ့ ခိုင္ခိုင္မာမာ ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ အလားအလာေကာင္းေတြ ျဖစ္လာလိမ့္မယ္လို႔ေတာ့ က်ေနာ္က ျမင္ပါတယ္။”

ႏွစ္ႏိုင္ငံၾကားမွာ အစိုးရခ်င္းသာမက ျပည္သူအခ်င္းခ်င္း ၾကားမွာပါ ဆက္ဆံေရးေကာင္းလာဖို႔ အလားအလာေတြ ပိုမ်ားလာႏုိင္တယ္လို႔လည္း သူက ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေတြဟာ တိုင္းျပည္ရဲ႕ အက်ိဳးစီးပြားကို ဘယ္ေလာက္ အကာအကြယ္ေပးမလဲ ဆိုတဲ့အေပၚမွာ စိုးရိမ္မႈေတြ ရွိေနၾကတာပါ။

တ႐ုတ္နဲ႔ စီးပြားဆက္ဆံမႈ လုပ္တဲ့ေနရာမွာ လိုအပ္တဲ့ ေငြေၾကးအတြက္ တ႐ုတ္ႏိုင္ငံပိုင္ ဘဏ္တခုတည္းကပဲ ေခ်းယူခိုင္းတာ၊ စာခ်ဳပ္ပါ ႏွစ္ရွည္စီမံကိန္း ကာလအတြင္းမွာ တျခား ႏုိင္ငံတကာ ကုမၸဏီေတြကို ဝင္ေရာက္လုပ္ကိုင္ခြင့္ မေပးတာ၊ တ႐ုတ္လုပ္သား အသုံးျပဳခ်င္တာမ်ိဳးေတြကို ေစာင့္ၾကည့္ေလ့လာသူေတြက သေဘာမက်ၾကပါဘူး။

ဒီလို အခ်က္မ်ိဳးေတြကို တားဆီးႏိုင္ဖုိ႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား နန္က်င္စီးပြားေရးဇုန္ အပါအဝင္ အထူးစီးပြါးေရးဇုန္ေတြအတြက္ ခ်ဳပ္ဆိုတဲ့ နားလည္မႈ စာခၽြန္လႊာေတြမွာ မပါမွာ စိုးရိမ္တယ္လို႔ ျမစ္ႀကီးနားေဒသခံ ေဒါက္တာအမ္ေကာန္လက ေျပာပါတယ္။

“ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက မည္သည့္ FDI မဆို၊ မည္သည့္ႏိုင္ငံမဆို လာလို႔ရတယ္၊ ေနာက္ဆုံး အီရန္ေတာင္ လာလို႔ရတယ္၊ က်ေနာ္တို႔က Welcome လုပ္ရမွာ။ ဒါေပမယ့္ ကိုယ့္ႏိုင္ငံရဲ႕ ဥပေဒနဲ႔ MoU နားလည္မႈစာခြၽန္လႊာ၊ MOA သေဘာတူညီခ်က္ေတြ အဲဒီအဆင့္ဆင့္ေတြ သြားတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ National Interest ကို ဘယ္ေလာက္ cover လုပ္ေပးႏိုင္မလဲကပဲ အက်ိဳးစီးပြားျဖစ္တယ္၊ မျဖစ္ဘူး ေျပာလို႔ရမွာ။”

ဒီကေန႔ ႏွစ္ႏိုင္ငံခ်ဳပ္ဆိုခဲ့တာမွာ သေဘာတူစာခ်ဳပ္ ၆ ခု၊ နားလည္မႈစာခြၽန္လႊာ ၁၄ ခု၊ ျဖစ္ႏိုင္ေျခ နားလည္မႈစာလႊာ ၁၀ ခု၊ သေဘာတူညီခ်က္က ၃ ခု စုစုေပါင္း ၃၃ ခု ခ်ဳပ္ဆိုခဲ့တာပါ။

၂၀၂၀ ခုႏွစ္အတြက္ ပထမဆုံး ႏိုင္ငံျခားခရီးစဥ္အျဖစ္ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့တဲ့ တ႐ုတ္သမၼတ Xi Jinping ဟာ ဒီေန႔ ေန႔လယ္ ၂း၄၅ နာရီမွာ တ႐ုတ္ႏုိင္ငံကုိ ျပန္လည္ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

---------------------------------

(Unicode)

တရုတ်-မြန်မာ သဘောတူညီမှု သတိနဲ့ကြိုဆို

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်မှာ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၃၃ ခု ရရှိခဲ့ပါတယ်။ ဒီအထဲမှာ လုပ်ငန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ နယ်စပ်စီးပွားရေးဇုန်နဲ့ တရုတ်-မြန်မာ ဆက်သွယ်မယ့် လမ်းစီမံကိန်းလို အဓိကလုပ်ငန်းတွေပါတဲ့ သဘောတူစာချုပ်တွေနဲ့ နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အခုလို သဘောတူညီမှု စာချုပ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဘယ်လိုသဘောထားပါသလဲ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား စီးပွားရေး သဘောတူညီမှု စာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေကို မြန်မာသမ္မတနေအိမ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ Xi Jinping တို့ရှေ့မှောက် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ချုပ်ဆို၊ လဲလှယ်ခဲ့ကြတဲ့ စီမံကိန်းတွေထဲမှာ အများစိတ်ဝင်စားတဲ့ စီမံကိန်းတခုကတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ဖြစ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရဘက်က ယုံကြည်ထားတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ဒါကတော့ ကျနော်တို့ဒေသအတွက် ကောင်းတာပဲလေ။ အလုပ်အကိုင်လည်း ရမယ်၊ ဒေသဖွံ့ဖြိုးမှုလည်း ရှိမှာပေါ့။ ဒါ လုပ်သင့်တဲ့ လုပ်ငန်းလို့ပဲလို့ ကျနော်တို့ သုံးသပ်လို့ရမှာပါ။”

မြန်မာနဲ့ တရုတ်နိုင်ငံကြား ၂ နှစ်လောက် ညှိနှိုင်းယူခဲ့တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို ၂၀၁၈ နိုဝင်ဘာ ၈ ရက်မှာ မူဘောင်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ စီမံကိန်း သဘောတူစာချုပ်၊ အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ် ဒါတွေကို ထပ်ပြီးချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကနေတဆင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အိန္ဒိယကို ချိတ်ဆက်နိုင်မှာဖြစ်သလို မြန်မာပြည်တွင်းကို ဖြတ်ပြီး တရုတ်နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေကိုလည်း ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီစီမံကိန်းကနေ ဒေသခံ ၅ သိန်းလောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့လည်း ပြောပါတယ်။

အခုလို နှစ်နိုင်ငံကြား လုပ်ငန်းသဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ ရေးထိုးဖို့အတွက် အစိုးရနှစ်ရပ်လုံးက ချင့်ချင့်ချိန်ချိန်နဲ့ ချဉ်းကပ်ဆောင်ရွက်ခဲ့တယ်လို့ မြင်သူကတော့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်း ဖြစ်ပါတယ်။

“လက်ရှိအခြေအနေမှာ ဒီစာချွန်လွှာတွေ၊ ဒီသဘောတူညီချက်တွေ၊ MoU တွေကို လက်မှတ်ရေးထိုးတဲ့ အနေအထား ကြည့်မယ်ဆိုရင် ဒီနှစ်နိုင်ငံ ဆက်ဆံရေးပေါ့လေ၊ ဘက်ပေါင်းစုံ ဆက်ဆံရေးမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်ဖို့အတွက် အလားအလာကောင်းတွေ ဖြစ်လာလိမ့်မယ်လို့တော့ ကျနော်က မြင်ပါတယ်။”

နှစ်နိုင်ငံကြားမှာ အစိုးရချင်းသာမက ပြည်သူအချင်းချင်း ကြားမှာပါ ဆက်ဆံရေးကောင်းလာဖို့ အလားအလာတွေ ပိုများလာနိုင်တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် လက်ရှိချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဘယ်လောက် အကာအကွယ်ပေးမလဲ ဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

တရုတ်နဲ့ စီးပွားဆက်ဆံမှု လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ငွေကြေးအတွက် တရုတ်နိုင်ငံပိုင် ဘဏ်တခုတည်းကပဲ ချေးယူခိုင်းတာ၊ စာချုပ်ပါ နှစ်ရှည်စီမံကိန်း ကာလအတွင်းမှာ တခြား နိုင်ငံတကာ ကုမ္ပဏီတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် မပေးတာ၊ တရုတ်လုပ်သား အသုံးပြုချင်တာမျိုးတွေကို စောင့်ကြည့်လေ့လာသူတွေက သဘောမကျကြပါဘူး။

ဒီလို အချက်မျိုးတွေကို တားဆီးနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနား နန်ကျင်စီးပွားရေးဇုန် အပါအဝင် အထူးစီးပွါးရေးဇုန်တွေအတွက် ချုပ်ဆိုတဲ့ နားလည်မှု စာချွန်လွှာတွေမှာ မပါမှာ စိုးရိမ်တယ်လို့ မြစ်ကြီးနားဒေသခံ ဒေါက်တာအမ်ကောန်လက ပြောပါတယ်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မည်သည့် FDI မဆို၊ မည်သည့်နိုင်ငံမဆို လာလို့ရတယ်၊ နောက်ဆုံး အီရန်တောင် လာလို့ရတယ်၊ ကျနော်တို့က Welcome လုပ်ရမှာ။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့ MoU နားလည်မှုစာချွန်လွှာ၊ MOA သဘောတူညီချက်တွေ အဲဒီအဆင့်ဆင့်တွေ သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ National Interest ကို ဘယ်လောက် cover လုပ်ပေးနိုင်မလဲကပဲ အကျိုးစီးပွားဖြစ်တယ်၊ မဖြစ်ဘူး ပြောလို့ရမှာ။”

ဒီကနေ့ နှစ်နိုင်ငံချုပ်ဆိုခဲ့တာမှာ သဘောတူစာချုပ် ၆ ခု၊ နားလည်မှုစာချွန်လွှာ ၁၄ ခု၊ ဖြစ်နိုင်ခြေ နားလည်မှုစာလွှာ ၁၀ ခု၊ သဘောတူညီချက်က ၃ ခု စုစုပေါင်း ၃၃ ခု ချုပ်ဆိုခဲ့တာပါ။

၂၀၂၀ ခုနှစ်အတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်သမ္မတ Xi Jinping ဟာ ဒီနေ့ နေ့လယ် ၂း၄၅ နာရီမှာ တရုတ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္-ျမန္မာ သေဘာတူညီမႈ သတိနဲ႔ႀကဳိဆို တ႐ုတ္-ျမန္မာ သေဘာတူညီမႈ သတိနဲ႔ႀကဳိဆို Reviewed by THITHTOOLWIN on 03:31 Rating: 5
Powered by Blogger.