အပစ္ရပ္ ေၾကညာအၿပီး ရခိုင္တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ဒ႐ုန္းေတြနဲ႔ ညလုံးေပါက္ တိုက္တယ္လို႔ဆို

Myint Lwin
(Zawgyi)⤵⤵⤵
ညီေနာင္မဟာမိတ္သုံးဖြဲ႕က ဇန္နဝါရီလ ၁ ရက္ေန႔မွာ တစ္ဖက္သတ္ အပစ္ရပ္စဲတယ္လို႔ တတိယအႀကိမ္ ေၾကညာလိုက္ၿပီး ေနာက္တစ္ေန႔မွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ အလယ္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ေတာင္ပိုင္းေဒသေတြမွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ခဲ့ပါတယ္။

တိုက္ပြဲေတြက မင္းျပား၊ ေျမပုံ၊ အမ္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ ျဖစ္ခဲ့တာပါ။

ေျမပုံၿမိဳ႕နယ္က တိုက္ပြဲေတြမွာ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြ၊ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့အျပင္ ေမာင္းသူမဲ့ ဒ႐ုန္းေတြနဲ႔ တစ္ညလုံးနီးပါး တိုက္ခိုက္မႈေတြရွိခဲ့တယ္လို႔ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇန္နဝါရီ ၂ ရက္ မနက္ပိုင္းမွာ ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာအနီး၊ ပလက္ဝၿမိဳ႕နယ္ ကြီေသာင္႐ြာအနီး ၊ ေန႔လယ္ပိုင္းမွာ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး ဖားေပ်ာ္ေက်း႐ြာအေရွ႕ဘက္၊ ညေနပိုင္းမွာ အမ္းၿမိဳ႕နယ္ ကဇူးကိုင္းနဲ႔ ဒလေခ်ာင္းအတြင္းက ေနရာေတြမွာ ျဖစ္ခဲ့တာပါ။

အပစ္ရပ္ ေၾကညာခ်က္မွာ ညီေနာင္မဟာမိတ္သုံးဖြဲ႕ ျဖစ္တဲ့ ကိုးကန႔္ MNDAA၊ တအာင္း/TNLA၊ ရခိုင္/AA တို႔ပါဝင္ပါတယ္။

"အရင္ႏွစ္ႀကိမ္သက္တမ္းတိုးခဲ့တုန္းကေတာ့ ျမန္မာစစ္တပ္ဖက္က ထိုးစစ္ရပ္ထားမယ္ဆိုတဲ့ဥစၥာကို အခြင့္ေကာင္းယူၿပီး အင္အားအလြန္အကြၽံသုံးၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့တာရွိတယ္။ အခုလည္းပဲ ထပ္ၿပီးေတာ့ ထိုးစစ္ဆင္ေနခဲ့တဲ့အတြက္ ဇန္နဝါရီ ၃ ရက္ေန႔အထိ တိုက္ပြဲေတြက မနားတမ္း ဆက္ျဖစ္ေနတယ္"လို႔ ရကၡိဳင့္တပ္ေတာ္/ေအေအက ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ အပစ္ရပ္ေၾကညာထားတဲ့ အဖြဲ႕ေတြ အေျပာနဲ႔အလုပ္ညီဖို႔လိုတယ္ဆိုၿပီး ေျပာဆိုထားပါတယ္။

 အပစ္ရပ္ေၾကညာေပမဲ့ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္လို႔ ေဒသခံေတြ စစ္ေဘးေရွာင္
ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္ေတြမွာလည္း ေျမျပင္ထိုးစစ္တိုက္ခိုက္တာေတြ မရွိေပမယ့္ ေမာင္းသူမဲ့ ဒ႐ုန္းေလယာဥ္ငယ္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တာေတြ ရွိခဲ့တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

တိုက္ပြဲေတြအတြင္း ရဟတ္ယာဥ္ေတြ၊ ဂ်က္ေလယာဥ္ေတြနဲ႔ တပ္မေတာ္ဘက္က လာေရာက္ပစ္ခတ္မႈေတြရွိခဲ့သလို လက္နက္ႀကီးပစ္ကူေတြကိုလည္း ေတာ္ေတာ္မ်ားမ်ားလုပ္ခဲ့ေၾကာင္းနဲ႔ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကေန ေျမပုံၿမိဳ႕နယ္က အဲ့ဒီနယ္ေျမအတြင္းမွာ လက္နက္ႀကီးေတြပစ္ခတ္ေနတဲ့အတြက္ အနည္းဆုံး ေက်း႐ြာ ၅ ႐ြာေလာက္က ေဒသခံေတြဟာ ကမ္းေထာင္းႀကီးဘက္ကို ထြက္ေျပးခဲ့ၾကတယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

ဒီတိုက္ခိုက္မႈေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အရင္ကလည္း ဒီလိုတိုက္ပြဲေတြကို တစ္ဖက္သတ္ အပစ္ရပ္စဲေၾကာင္း မဟာမိတ္သုံးဖြဲ႕က ထုတ္ျပန္ခဲ့သလို တပ္မေတာ္ဘက္ကလည္း ထုတ္ျပန္ခဲ့တာေတြ ရွိပါတယ္။

အခုလိုမ်ိဳး တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲတယ္ဆိုတာေတြဟာ ေနာက္ထပ္လည္း ျဖစ္လာႏိုင္တဲ့ အေနအထားမ်ိဳး ရွိေနၿပီး တိုက္ခိုက္မႈေတြ ျဖစ္ပြားေနၾကတဲ့ ႏွစ္ဖက္တပ္ေတြဟာ ေတြ႕ဆုံညႇိႏိုင္းၿပီးေတာ့ သေဘာတူရပ္စဲၿပီးမွ စိတ္ခ်ရမယ္လို႔ ရႈျမင္ေၾကာင္း ဦးေဖသန္းက ေျပာပါတယ္။

မေန႔ကတစ္ရက္တည္းမွာ မင္းျပားၿမိဳ႕နယ္က ဖားေပ်ာ္ (ရခိုင္) ေက်း႐ြာသားေတြဟာ နီးစပ္ရာေက်း႐ြာေတြကို ေရာက္ရွိေနၾကၿပီး ေျမပုံၿမိဳ႕နယ္အတြင္းက စညႇင္း၊ ဟင္ခေရာ္၊ ဆတ္ရ၊ အင္ၾကင္းနဲ႔ ေနာက္ထပ္ေက်း႐ြာတစ္႐ြာက လူဦးေရ ၂၀၀၀ ေက်ာ္တို႔ဟာ ကမ္းေထာင္းႀကီး၊ စိတၱရနဲ႔ ေညာင္ကန္စတဲ့ေက်း႐ြာေတြဘက္ကို ထြက္ေျပး ေရာက္ရွိေနပါတယ္။

 ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ သိန္းဂဏန္းထိ ေရာက္ရွိ
ဇန္နဝါရီ ၂ ရက္ေန႔ည သန္းေခါင္ေက်ာ္အခ်ိန္ေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုကမ္းဘက္မွာရွိတဲ့ ေလာင္းေခ်ာင္း နယ္ျခားေစာင့္ ရဲကင္းစခန္းကို ႐ုပ္သိမ္းလိုက္တဲ့အတြက္ ရဲတပ္ဖြဲ႕ဝင္ေတြ စခန္းကထြက္လာခဲ့ခ်ိန္မွာ စခန္းရဲ႕ အေဆာက္အအုံတခ်ိဳ႕ မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

အဲဒီစခန္းက နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၂၀ ေလာက္ အထိုင္ေနရာယူထားတဲ့ စခန္းျဖစ္ပါတယ္။ သူတို႔ကို တပ္မေတာ္ စစ္ေၾကာင္း တစ္ခုက ေန႔လယ္ပိုင္းမွာ ေခၚသြားၿပီးေနာက္ ညအခ်ိန္မွာ စခန္းမီးရႈိ႕ခံရတာ ျဖစ္ပါတယ္။

နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ေတြက ဘာေၾကာင့္ စခန္းကို စြန႔္ခြာသြားတယ္၊ ဘယ္သူေတြက မီးရႈိတယ္ဆိုတာကိုေတာ့ ေသေသခ်ာခ်ာ မသိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီလို နယ္ျခားေစာင့္စခန္း မီးေလာင္မႈ မျဖစ္ပြားခင္ အဲဒီ ေဒသအတြင္းက ေစတီျပင္ နယ္ျခားေစာင့္စခန္းကေန လစာထုတ္ၿပီး ဆိုင္ကယ္နဲ႔ ျပန္တဲ့ သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းက ရဲတပ္ဖြဲ႕ဝင္ ၄ ဦးဟာ တိုက္ခိုက္ခံရၿပီး အဲဒီအထဲက ၂ ဦးဟာ လစာေတြနဲ႔အတူ ဖမ္ဆီးေခၚေဆာင္ခံရကာ အခုအခ်ိန္ထိ ေပ်ာက္ဆုံးေနပါတယ္။

ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြဟာ ၂၀၁၈ ခုႏွစ္ကုန္ပိုင္းကေန စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားမႈ တစ္ႏွစ္ေက်ာ္ကာလအတြင္း တိုက္ပြဲဧရိယာက်ယ္ျပန႔္လာခဲ့သလို ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ အေရအတြက္ဟာ တစ္သိန္းေက်ာ္ထိရွိလာေနၿပီး အရပ္သားထိခိုက္မႈေတြလည္း မ်ားျပားလာေနပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
အပစ်ရပ် ကြေညာအပြီး ရခိုင်တိုက်ပွဲပြင်းထန်၊ တပ်မတော်က ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်တယ်လို့ဆို

ဓာတ်ပုံ မူပိုင် Myint Lwin

ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ တစ်ဖက်သတ် အပစ်ရပ်စဲတယ်လို့ တတိယအကြိမ် ကြေညာလိုက်ပြီး နောက်တစ်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေက မင်းပြား၊ မြေပုံ၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဖြစ်ခဲ့တာပါ။

မြေပုံမြို့နယ်က တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မောင်းသူမဲ့ ဒရုန်းတွေနဲ့ တစ်ညလုံးနီးပါး တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂ ရက် မနက်ပိုင်းမှာ မြေပုံမြို့နယ် စညှင်းကျေးရွာအနီး၊ ပလက်ဝမြို့နယ် ကွီသောင်ရွာအနီး ၊ နေ့လယ်ပိုင်းမှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဖားပျော်ကျေးရွာအရှေ့ဘက်၊ ညနေပိုင်းမှာ အမ်းမြို့နယ် ကဇူးကိုင်းနဲ့ ဒလချောင်းအတွင်းက နေရာတွေမှာ ဖြစ်ခဲ့တာပါ။

အပစ်ရပ် ကြေညာချက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း/TNLA၊ ရခိုင်/AA တို့ပါဝင်ပါတယ်။

"အရင်နှစ်ကြိမ်သက်တမ်းတိုးခဲ့တုန်းကတော့ မြန်မာစစ်တပ်ဖက်က ထိုးစစ်ရပ်ထားမယ်ဆိုတဲ့ဥစ္စာကို အခွင့်ကောင်းယူပြီး အင်အားအလွန်အကျွံသုံးပြီးတော့ ကျွန်တော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာရှိတယ်။ အခုလည်းပဲ ထပ်ပြီးတော့ ထိုးစစ်ဆင်နေခဲ့တဲ့အတွက် ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲတွေက မနားတမ်း ဆက်ဖြစ်နေတယ်"လို့ ရက္ခိုင့်တပ်တော်/အေအေက ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အပစ်ရပ်ကြေညာထားတဲ့ အဖွဲ့တွေ အပြောနဲ့အလုပ်ညီဖို့လိုတယ်ဆိုပြီး ပြောဆိုထားပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption အပစ်ရပ်ကြေညာပေမဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လို့ ဒေသခံတွေ စစ်ဘေးရှောင်
မြေပြင်တိုက်ခိုက်မှုမရှိတဲ့နေရာမှာ ဒရုန်းနဲ့တိုက်တယ်လို့ဆို

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ဘက်တွေမှာလည်း မြေပြင်ထိုးစစ်တိုက်ခိုက်တာတွေ မရှိပေမယ့် မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေနဲ့ တပ်မတော်ဘက်က လာရောက်ပစ်ခတ်မှုတွေရှိခဲ့သလို လက်နက်ကြီးပစ်ကူတွေကိုလည်း တော်တော်များများလုပ်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေ မြေပုံမြို့နယ်က အဲ့ဒီနယ်မြေအတွင်းမှာ လက်နက်ကြီးတွေပစ်ခတ်နေတဲ့အတွက် အနည်းဆုံး ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေဟာ ကမ်းထောင်းကြီးဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရင်ကလည်း ဒီလိုတိုက်ပွဲတွေကို တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သလို တပ်မတော်ဘက်ကလည်း ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။

အခုလိုမျိုး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲတယ်ဆိုတာတွေဟာ နောက်ထပ်လည်း ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိနေပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကြတဲ့ နှစ်ဖက်တပ်တွေဟာ တွေ့ဆုံညှိနိုင်းပြီးတော့ သဘောတူရပ်စဲပြီးမှ စိတ်ချရမယ်လို့ ရှုမြင်ကြောင်း ဦးဖေသန်းက ပြောပါတယ်။

မနေ့ကတစ်ရက်တည်းမှာ မင်းပြားမြို့နယ်က ဖားပျော် (ရခိုင်) ကျေးရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေကို ရောက်ရှိနေကြပြီး မြေပုံမြို့နယ်အတွင်းက စညှင်း၊ ဟင်ခရော်၊ ဆတ်ရ၊ အင်ကြင်းနဲ့ နောက်ထပ်ကျေးရွာတစ်ရွာက လူဦးရေ ၂၀၀၀ ကျော်တို့ဟာ ကမ်းထောင်းကြီး၊ စိတ္တရနဲ့ ညောင်ကန်စတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေး ရောက်ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိန်းဂဏန်းထိ ရောက်ရှိ

ဇန်နဝါရီ ၂ ရက်နေ့ည သန်းခေါင်ကျော်အချိန်လောက်မှာ ရသေ့တောင်မြို့နယ် မေယုကမ်းဘက်မှာရှိတဲ့ လောင်းချောင်း နယ်ခြားစောင့် ရဲကင်းစခန်းကို ရုပ်သိမ်းလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ စခန်းကထွက်လာခဲ့ချိန်မှာ စခန်းရဲ့ အဆောက်အအုံတချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစခန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် အထိုင်နေရာယူထားတဲ့ စခန်းဖြစ်ပါတယ်။ သူတို့ကို တပ်မတော် စစ်ကြောင်း တစ်ခုက နေ့လယ်ပိုင်းမှာ ခေါ်သွားပြီးနောက် ညအချိန်မှာ စခန်းမီးရှို့ခံရတာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဘာကြောင့် စခန်းကို စွန့်ခွာသွားတယ်၊ ဘယ်သူတွေက မီးရှိုတယ်ဆိုတာကိုတော့ သေသေချာချာ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်စခန်း မီးလောင်မှု မဖြစ်ပွားခင် အဲဒီ ဒေသအတွင်းက စေတီပြင် နယ်ခြားစောင့်စခန်းကနေ လစာထုတ်ပြီး ဆိုင်ကယ်နဲ့ ပြန်တဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ တိုက်ခိုက်ခံရပြီး အဲဒီအထဲက ၂ ဦးဟာ လစာတွေနဲ့အတူ ဖမ်ဆီးခေါ်ဆောင်ခံရကာ အခုအချိန်ထိ ပျောက်ဆုံးနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲဧရိယာကျယ်ပြန့်လာခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ တစ်သိန်းကျော်ထိရှိလာနေပြီး အရပ်သားထိခိုက်မှုတွေလည်း များပြားလာနေပါတယ်။

BBC Burmese
https://www.bbc.com
အပစ္ရပ္ ေၾကညာအၿပီး ရခိုင္တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ဒ႐ုန္းေတြနဲ႔ ညလုံးေပါက္ တိုက္တယ္လို႔ဆို အပစ္ရပ္ ေၾကညာအၿပီး ရခိုင္တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ဒ႐ုန္းေတြနဲ႔ ညလုံးေပါက္ တိုက္တယ္လို႔ဆို Reviewed by THITHTOOLWIN on 00:02 Rating: 5
Powered by Blogger.