အိုင္စီေဂ်အမႈ ေရွ႕ဆက္ဘယ္အဆင့္ေတြ ျဖတ္သန္းရမလဲ

ၾကားျဖတ္အစီအမံ ေလးခ်က္ပါတဲ့ ဆုံးျဖတ္ကို ျမန္မာအစိုးရက မွတ္သားထားတယ္လို႔ တုံ႔ျပန္
(Zawgyi)⤵⤵⤵
ႏိုင္ငံတကာတရား႐ုံး အိုင္စီေဂ်က ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈက အကာအကြယ္ေပးရမယ့္ အခ်က္အပါအဝင္ ျမန္မာႏိုင္ငံက လိုက္နာေဆာင္႐ြက္ရမယ့္ အခ်က္ေလးခ်က္ကို ခ်မွတ္လိုက္ၿပီးတဲ့ေနာက္ ျမန္မာအေနနဲ႔ လူမ်ိဳးတုံး သတ္ျဖတ္မႈကို တားဆီးတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက စြပ္စြဲထားတဲ့ အမႈကို တရား႐ုံးမွာ ဆက္လက္ရင္ဆိုင္ေျဖရွင္းရမွာပါ။

အဲဒီလို အမႈကို ဆက္ရင္ဆိုင္ရာမွာ ျဖတ္သန္းလုပ္ေဆာင္ရမယ့္ အလုပ္ေတြ၊ လိုက္နာရမယ့္ ေဆာင္႐ြက္ခ်က္ေတြနဲ႔ ဒါေတြကို ပ်က္ကြက္ရင္ ဘယ္လိုျဖစ္မလဲ၊ အမႈက ဘယ္အခ်ိန္၊ ဘယ္လိုၿပီးဆုံးႏိုင္သလဲဆိုတာေတြကို Harvard Law School မွာ ႏိုင္ငံတကာ ဥပေဒေတြကို သင္ၾကားေပးေနတဲ့ ကထိက ေဒၚရည္မြန္ထြန္းနဲ႔ ဥပေဒ ပညာရွင္ ေဒါက္တာျမင့္ဇံတို႔ကို ေမးျမန္ထားတာေတြထဲက ေကာက္ႏုတ္တင္ျပလိုက္ပါတယ္။

ေဒၚရည္မြန္ထြန္း ေျဖၾကားခ်က္

ၾကားျဖတ္ဆုံးျဖတ္ခ်က္အၿပီး ဘာဆက္ျဖစ္မလဲ

ပထမဆုံး ခုံ႐ုံးက Provisional Measure ခ်ၿပီးသြားတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံအေနနဲ႔ ေလးလအတြင္း ဘာတာဝန္ေတြ ယူေနလဲဆိုတာ ခုံ႐ုံးကို တင္ျပေပးဖို႔ တာဝန္က်သြားၿပီ။ အဲဒါၿပီးရင္ ေနာက္ထပ္ေျခာက္လတစ္ခါ ဘာေတြ လုပ္ေနလဲဆိုတာ တင္ျပရလိမ့္မယ္။

အစိုးရအေနနဲ႔ ဒီဟာကို မလိုက္နာဘူးဆိုရင္ အိုင္စီေဂ်႐ုံးရဲ႕ အေျခခံ ဥပေဒအရ ခုံ႐ုံးက လုံၿခဳံေရးေကာင္စီကို ပို႔လို႔ရတယ္။

လုံၿခဳံေရးေကာင္စီကေန တာဝန္ေက်ေအာင္ ျမန္မာႏိုင္ငံကို ျပန္ၿပီး ဖိအားေပးလို႔ရတဲ့ နည္းလမ္းတစ္ခု ရွိတယ္။

ခုံ႐ုံးနဲ႔ ေတာင္းဆိုခ်က္ကို လိုက္နာေအာင္ တျခားနည္းလမ္းေတြ ရွိတယ္။

ဒါေပမဲ့ အိုင္စီေဂ်တစ္မႈတင္ပဲ မဟုတ္ဘူး၊ အိုင္စီစီ (Internatioanl Criminal Court) မွာလည္း Deportation ျပည္တြင္းတစ္ခုကေန ပထုတ္ခံထိတဲ့ Crime against huminity နဲ႔ အမႈကလည္း စေနၿပီ။

ေသခ်ာတာကေတာ့ ေနာက္တစ္ဆင့္ ျဖစ္ရမွာကေတာ့ ဂမ္ဘီယာ အေနနဲ႔ ဂ်ီႏိုဆိုက္ အမႈႀကီး ကို ခ်ိဳးေဖာက္လား မခ်ိဳးေဖာက္လား ဆိုတာ တင္ျပဖို႔ စျပင္ရေတာ့မယ္။

သူတို႔ ျပင္ၿပီးတဲ့ အခ်ိန္က်ရင္ သူတို႔ျပင္တဲ့ စာ႐ြက္စာတမ္းေတြကို ျမန္မာႏိုင္ငံရဲ႕ ေရွ႕ေနေတြကို ေပးေတြ႕မယ္။

ျမန္မာႏိုင္ငံက ေရွ႕ေန႔ကလည္း သူတို႔ရဲ႕ Case ကို ထပ္တစ္ဆင့္ ျပန္တင္ျပမယ္။

အဲဒီႏွစ္ခုစလုံးၿပီးေတာ့မွ ခုံ႐ုံးထဲေရာက္မယ္။

ၿပီးေတာ့ ခုံ႐ုံးထဲမွာ စစ္ေဆးဖို႔ကလည္း ႏွစ္ေပါင္းမ်ားစြာ ၾကာႏိုင္တယ္။

အိုင္စီေဂ်အမႈ အၿပီးသတ္ဖို႔ ဘယ္ေလာက္ၾကာႏိုင္သလဲ

တစ္မႈနဲ႔ တစ္မႈ ကြာျခားတယ္။

ေသခ်ာတာကေတာ့ တျခားအမႈေတြနဲ႔ ယွဥ္ရင္ အနည္းဆုံး ငါးႏွစ္ကေန ခုနစ္ႏွစ္ ေလာက္ေတာ့ ရွိႏိုင္တယ္။ တစ္တိုင္းျပည္နဲ႔ တစ္တိုင္းျပည္ တင္ျပတာေတြလည္း ကြာျခားလိမ့္မယ္။

အမႈစီရင္ဆဲ ၾကားကာလ အေျခအေန

အမႈျဖစ္ေနတဲ့ ၾကားထဲမွာ ေနာက္တစ္ခါ အၾကမ္းဖက္မႈပဲ ျဖစ္ျဖစ္ ျပည္သူလူထုေတြၾကားမွာ ဒီကိစၥနဲ႔ ႐ုတ္႐ုတ္ျဖစ္တာပဲျဖစ္ျဖစ္ အစိုးရအေနနဲ႔ တာဝန္ေက်ေအာင္ လုပ္ရေတာ့မယ္။

အဲလိုျဖစ္ရင္ ဒီႏိုင္ငံတာဝန္မေက်ဘူး လုံၿခဳံေရးေကာင္စီဆီသြားမလား ဒါမွမဟုတ္ ခုံ႐ုံးက ေတာင္းခိုင္းထားတာ အေရးယူဆို မယူဘဲနဲ႔ က်ဴးလြန္သူေတြကို ဒီအတိုင္းဆက္ၿပီးေတာ့ အၾကမ္းဖက္တာတို႔ ဘာတို႔ ေပးျဖစ္ေနတယ္ဆိုရင္ေတာ့ ေသခ်ာတာေတာ့ ခုံ႐ုံးေရာ ကုလသမဂၢမွာေရာ၊ လုံၿခဳံေရးေကာင္စီလိုမ်ိဳးမွာေရာ အေရးယူလို႔ရတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္တယ္ဆိုရင္ ဘယ္လိုအေရးယူသလဲ

တျခား ႏိုင္ငံေတြက တားျမစ္ပိတ္ဆို႔တာေတြ ထပ္လာႏိုင္တယ္။

လက္နက္ဝယ္ယူလို႔မရႏိုင္ေတာ့တာ ဒါမွမဟုတ္ လုံၿခဳံေရးေကာင္စီကေနတဆင့္ အိုင္စီစီအမႈကို ပိုၾကပ္ေအာင္လုပ္တာတို႔ နည္းလမ္းေတြ ထပ္လာႏိုင္တယ္။ ဒါေပမဲ့ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံအေပၚမူတည္တယ္။

အျပည္ျပည္ဆိုင္ရာ လူ႔အသိုင္းအဝိုင္းကေနလည္း ဘယ္လို နည္းလမ္းေတြ သုံးမလဲဆိုတာ မသိႏိုင္ဘူး။

ေသခ်ာတာကေတာ့ ၾကားျဖတ္အစီအမံဆုံးျဖတ္ခ်က္လည္း အေရးႀကီးတယ္။ ျပည္တြင္းမွာ ဘယ္လိုလုပ္ေနသလဲဆိုတာ ေစာင့္ၾကည့္ေနမယ္ဆိုတာ ေသခ်ာသြားၿပီ။

လုံၿခဳံေရးေကာင္စီေရာက္ရင္ ဘာျဖစ္မလဲ

လုံၿခဳံေရးေကာင္စီကိုေရာက္ရင္ တားျမစ္ပိတ္ဆို႔မႈေတြ လာႏိုင္တယ္။

လုံၿခဳံေရးေကာင္စီထဲက တိုင္းျပည္ေတြေပၚမူတည္ၿပီး Diplomatic Sanctions ေတြလာလို႔ရတယ္။ အိုင္စီစီမွာ စေနတဲ့ အမႈကို ပိုႀကီးသြားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ဒါက ျဖစ္ႏိုင္တာေတြ ဘယ္လိုျဖစ္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမယ္။
ႏိုင္ငံတကာ တရား႐ုံး အိုင္စီေဂ်က ၾကားျဖတ္အစီအမံ ဆုံးျဖတ္ခ်က္ခ်မွတ္တာကို တက္ေရာက္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕

ေဒါက္တာျမင့္ဇံ ေျဖၾကားခ်က္

အမႈႀကီးကို ေရာက္သြားရင္ ဥပေဒေၾကာင္းအရ ဘာေတြလုပ္ႏိုင္မလဲ

Process က အစမဟုတ္ေတာင္ အစဆန္ဆန္ ျပန္တင္ရမယ္။

အခုက Jurisdiction စီရင္ပိုင္ခြင့္ မရွိဘူး၊ Standing တရားစြဲပိုင္ခြင့္ မရွိဘူး။ Dispute အျငင္းပြားမႈ မရွိဘူးဆိုတာ Provsional Measure နဲ႔ ပတ္သက္ၿပီး တင္တာ။

အခုဟာ ပင္မအမႈႀကီးအတြက္ ဒီလို ခပ္ဆန္ဆန္ ျပင္တင္ရမယ္။

အမႈကို စီရင္ပိုင္ခြင့္မရွိဘူးလို႔ ျမန္မာက ကနဦး ကန႔္ကြက္တာလုပ္ႏိုင္တယ္။

ဂမ္ဘီယာက ေရးသားေလွ်ာက္လဲခ်က္တင္မယ္၊ အဲဒါၿပီးရင္ ျမန္မာက ျပန္လွန္ေလွ်ာက္လဲခ်က္ တင္ႏိုင္တယ္။

အဲဒါက လနဲ႔ ခ်ီၾကာမယ္။

အမႈႀကီးမွာ ဥပေဒေၾကာင္းအရ ဘယ္အခ်က္ေတြက အဓိက ျဖစ္လာႏိုင္မလဲ

ျမန္မာဘက္က ေျပာႏိုင္တာက ဖ်က္ဆီးရန္ ရည္႐ြယ္ခ်က္ ရွိမရွိ Intent ကို ေျပာႏိုင္တယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အိုင်စီဂျေအမှု ရှေ့ဆက်ဘယ်အဆင့်တွေ ဖြတ်သန်းရမလဲ

Image caption ကြားဖြတ်အစီအမံ လေးချက်ပါတဲ့ ဆုံးဖြတ်ကို မြန်မာအစိုးရက မှတ်သားထားတယ်လို့ တုံ့ပြန်

နိုင်ငံတကာတရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးရမယ့် အချက်အပါအဝင် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ချမှတ်လိုက်ပြီးတဲ့နောက် မြန်မာအနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးတဲ့ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက စွပ်စွဲထားတဲ့ အမှုကို တရားရုံးမှာ ဆက်လက်ရင်ဆိုင်ဖြေရှင်းရမှာပါ။

အဲဒီလို အမှုကို ဆက်ရင်ဆိုင်ရာမှာ ဖြတ်သန်းလုပ်ဆောင်ရမယ့် အလုပ်တွေ၊ လိုက်နာရမယ့် ဆောင်ရွက်ချက်တွေနဲ့ ဒါတွေကို ပျက်ကွက်ရင် ဘယ်လိုဖြစ်မလဲ၊ အမှုက ဘယ်အချိန်၊ ဘယ်လိုပြီးဆုံးနိုင်သလဲဆိုတာတွေကို Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ်ရည်မွန်ထွန်းနဲ့ ဥပဒေ ပညာရှင် ဒေါက်တာမြင့်ဇံတို့ကို မေးမြန်ထားတာတွေထဲက ကောက်နုတ်တင်ပြလိုက်ပါတယ်။

ဒေါ်ရည်မွန်ထွန်း ဖြေကြားချက်

ကြားဖြတ်ဆုံးဖြတ်ချက်အပြီး ဘာဆက်ဖြစ်မလဲ

ပထမဆုံး ခုံရုံးက Provisional Measure ချပြီးသွားတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လေးလအတွင်း ဘာတာဝန်တွေ ယူနေလဲဆိုတာ ခုံရုံးကို တင်ပြပေးဖို့ တာဝန်ကျသွားပြီ။ အဲဒါပြီးရင် နောက်ထပ်ခြောက်လတစ်ခါ ဘာတွေ လုပ်နေလဲဆိုတာ တင်ပြရလိမ့်မယ်။

အစိုးရအနေနဲ့ ဒီဟာကို မလိုက်နာဘူးဆိုရင် အိုင်စီဂျေရုံးရဲ့ အခြေခံ ဥပဒေအရ ခုံရုံးက လုံခြုံရေးကောင်စီကို ပို့လို့ရတယ်။

လုံခြုံရေးကောင်စီကနေ တာဝန်ကျေအောင် မြန်မာနိုင်ငံကို ပြန်ပြီး ဖိအားပေးလို့ရတဲ့ နည်းလမ်းတစ်ခု ရှိတယ်။

ခုံရုံးနဲ့ တောင်းဆိုချက်ကို လိုက်နာအောင် တခြားနည်းလမ်းတွေ ရှိတယ်။

ဒါပေမဲ့ အိုင်စီဂျေတစ်မှုတင်ပဲ မဟုတ်ဘူး၊ အိုင်စီစီ (Internatioanl Criminal Court) မှာလည်း Deportation ပြည်တွင်းတစ်ခုကနေ ပထုတ်ခံထိတဲ့ Crime against huminity နဲ့ အမှုကလည်း စနေပြီ။

သေချာတာကတော့ နောက်တစ်ဆင့် ဖြစ်ရမှာကတော့ ဂမ်ဘီယာ အနေနဲ့ ဂျီနိုဆိုက် အမှုကြီး ကို ချိုးဖောက်လား မချိုးဖောက်လား ဆိုတာ တင်ပြဖို့ စပြင်ရတော့မယ်။

သူတို့ ပြင်ပြီးတဲ့ အချိန်ကျရင် သူတို့ပြင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံရဲ့ ရှေ့နေတွေကို ပေးတွေ့မယ်။

မြန်မာနိုင်ငံက ရှေ့နေ့ကလည်း သူတို့ရဲ့ Case ကို ထပ်တစ်ဆင့် ပြန်တင်ပြမယ်။

အဲဒီနှစ်ခုစလုံးပြီးတော့မှ ခုံရုံးထဲရောက်မယ်။

ပြီးတော့ ခုံရုံးထဲမှာ စစ်ဆေးဖို့ကလည်း နှစ်ပေါင်းများစွာ ကြာနိုင်တယ်။

အိုင်စီဂျေအမှု အပြီးသတ်ဖို့ ဘယ်လောက်ကြာနိုင်သလဲ

တစ်မှုနဲ့ တစ်မှု ကွာခြားတယ်။

သေချာတာကတော့ တခြားအမှုတွေနဲ့ ယှဉ်ရင် အနည်းဆုံး ငါးနှစ်ကနေ ခုနစ်နှစ် လောက်တော့ ရှိနိုင်တယ်။ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် တင်ပြတာတွေလည်း ကွာခြားလိမ့်မယ်။

အမှုစီရင်ဆဲ ကြားကာလ အခြေအနေ

အမှုဖြစ်နေတဲ့ ကြားထဲမှာ နောက်တစ်ခါ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် ပြည်သူလူထုတွေကြားမှာ ဒီကိစ္စနဲ့ ရုတ်ရုတ်ဖြစ်တာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ တာဝန်ကျေအောင် လုပ်ရတော့မယ်။

အဲလိုဖြစ်ရင် ဒီနိုင်ငံတာဝန်မကျေဘူး လုံခြုံရေးကောင်စီဆီသွားမလား ဒါမှမဟုတ် ခုံရုံးက တောင်းခိုင်းထားတာ အရေးယူဆို မယူဘဲနဲ့ ကျူးလွန်သူတွေကို ဒီအတိုင်းဆက်ပြီးတော့ အကြမ်းဖက်တာတို့ ဘာတို့ ပေးဖြစ်နေတယ်ဆိုရင်တော့ သေချာတာတော့ ခုံရုံးရော ကုလသမဂ္ဂမှာရော၊ လုံခြုံရေးကောင်စီလိုမျိုးမှာရော အရေးယူလို့ရတယ်။

လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုရင် ဘယ်လိုအရေးယူသလဲ

တခြား နိုင်ငံတွေက တားမြစ်ပိတ်ဆို့တာတွေ ထပ်လာနိုင်တယ်။

လက်နက်ဝယ်ယူလို့မရနိုင်တော့တာ ဒါမှမဟုတ် လုံခြုံရေးကောင်စီကနေတဆင့် အိုင်စီစီအမှုကို ပိုကြပ်အောင်လုပ်တာတို့ နည်းလမ်းတွေ ထပ်လာနိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပေါ်မူတည်တယ်။

အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအဝိုင်းကနေလည်း ဘယ်လို နည်းလမ်းတွေ သုံးမလဲဆိုတာ မသိနိုင်ဘူး။

သေချာတာကတော့ ကြားဖြတ်အစီအမံဆုံးဖြတ်ချက်လည်း အရေးကြီးတယ်။ ပြည်တွင်းမှာ ဘယ်လိုလုပ်နေသလဲဆိုတာ စောင့်ကြည့်နေမယ်ဆိုတာ သေချာသွားပြီ။

လုံခြုံရေးကောင်စီရောက်ရင် ဘာဖြစ်မလဲ

လုံခြုံရေးကောင်စီကိုရောက်ရင် တားမြစ်ပိတ်ဆို့မှုတွေ လာနိုင်တယ်။

လုံခြုံရေးကောင်စီထဲက တိုင်းပြည်တွေပေါ်မူတည်ပြီး Diplomatic Sanctions တွေလာလို့ရတယ်။ အိုင်စီစီမှာ စနေတဲ့ အမှုကို ပိုကြီးသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ဖြစ်နိုင်တာတွေ ဘယ်လိုဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်။
ဓာတ်ပုံ မူပိုင် ANP/AFP/Getty Images
Image caption နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်ချမှတ်တာကို တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

ဒေါက်တာမြင့်ဇံ ဖြေကြားချက်

အမှုကြီးကို ရောက်သွားရင် ဥပဒေကြောင်းအရ ဘာတွေလုပ်နိုင်မလဲ

Process က အစမဟုတ်တောင် အစဆန်ဆန် ပြန်တင်ရမယ်။

အခုက Jurisdiction စီရင်ပိုင်ခွင့် မရှိဘူး၊ Standing တရားစွဲပိုင်ခွင့် မရှိဘူး။ Dispute အငြင်းပွားမှု မရှိဘူးဆိုတာ Provsional Measure နဲ့ ပတ်သက်ပြီး တင်တာ။

အခုဟာ ပင်မအမှုကြီးအတွက် ဒီလို ခပ်ဆန်ဆန် ပြင်တင်ရမယ်။

အမှုကို စီရင်ပိုင်ခွင့်မရှိဘူးလို့ မြန်မာက ကနဦး ကန့်ကွက်တာလုပ်နိုင်တယ်။

ဂမ်ဘီယာက ရေးသားလျှောက်လဲချက်တင်မယ်၊ အဲဒါပြီးရင် မြန်မာက ပြန်လှန်လျှောက်လဲချက် တင်နိုင်တယ်။

အဲဒါက လနဲ့ ချီကြာမယ်။

အမှုကြီးမှာ ဥပဒေကြောင်းအရ ဘယ်အချက်တွေက အဓိက ဖြစ်လာနိုင်မလဲ

မြန်မာဘက်က ပြောနိုင်တာက ဖျက်ဆီးရန် ရည်ရွယ်ချက် ရှိမရှိ Intent ကို ပြောနိုင်တယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်အမႈ ေရွ႕ဆက္ဘယ္အဆင့္ေတြ ျဖတ္သန္းရမလဲ အိုင္စီေဂ်အမႈ ေရွ႕ဆက္ဘယ္အဆင့္ေတြ ျဖတ္သန္းရမလဲ Reviewed by THITHTOOLWIN on 01:58 Rating: 5
Powered by Blogger.