တီဗီၾကည့္ရင္း ဇာတ္လမ္းႏွင့္ပတ္သက္၍ ညီအစ္ကိုခ်င္း စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ေပါင္းတည္ ဇန္နဝါရီ ၂

ပဲခူးတိုင္းေဒသႀကီး ျပည္ခ႐ိုင္ ေပါင္းတည္ၿမိဳ႕နယ္ ကိုယ္ဝန္ေဆာင္အုပ္စု ေခ်ာင္းနား႐ြာတြင္ ဇန္နဝါရီ ၁ ရက္ ည ၁၁ နာရီအခ်ိန္ခန္႔ကတီဗီၾကည့္ရင္း ဇာတ္လမ္းႏွင့္ပတ္သက္၍ ညီအစ္ကိုအခ်င္း စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ထိုးသျဖင့္ ညီျဖစ္သူေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္းေပါင္းတည္ၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ည ၁၁ နာရီအခ်ိန္ခန္႔က ေပါင္းတည္ၿမိဳ႕နယ္ ကိုယ္ဝန္ေဆာင္အုပ္စု ေခ်ာင္းနားေက်း႐ြာေဒၚစန္းေဌး၏ သားႏွစ္ဉီးျဖစ္သည့္ ရာဇာထြန္း(၂၅)ႏွစ္ႏွင့္ေဇယ်ာထြန္း (၂၀)တို႔ စကားမ်ားရန္ျဖစ္ရာမွ ဓားထိုးမႈျဖစ္ပြါးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါညီအကိုႏွစ္ဦးသည္ တီဗီဇာတ္လမ္းၾကည့္ေနၾကစဥ္ တစ္ေယာက္ တစ္ခြန္းစကားမ်ားေနသျဖင့္ မိခင္ျဖစ္သူကတီဗီဇာတ္လမ္းအား ဆက္လက္ မၾကည့္ရႈရန္ေျပာဆိုလိုက္သည္ကို အေၾကာင္းျပဳကာ အစ္ကိုျဖစ္သူရာဇာထြန္းက တံဇင္အက်ိဳးျဖင့္ျပဳလုပ္ထားေသာ သံ႐ိုးတပ္ အ႐ိုးအသြား(၁၁)လက္မခန္႔ရွိ ဓားဦးခြၽန္ျဖင့္ ၄င္း၏ညီျဖစ္သူ ေဇယ်ာထြန္းကိုထိုးလိုက္ရာ ဝဲဘက္ရင္အုံ ထိုးသြင္းဒဏ္ရာတစ္ခ်က္ ရရွိသြား၍ ေပါင္းတည္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ ညီျဖစ္သူအား ဓားျဖင့္ထိုးသတ္ခဲ့သူရာဇာထြန္းအား ေပါင္းတည္ၿမိဳ႕မရဲစခန္းက အမႈဖြင့္လွစ္၍ တိမ္းေရွာင္ေနေသာ တရားခံအား အျမန္ဆုံးဖမ္းဆီးနိင္ေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းသိရသည္။

တင္ဝင္းေဇာ္(မင္းသားႀကီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------
(Unicode)⤵⤵⤵
တီဗီကြည့်ရင်း ဇာတ်လမ်းနှင့်ပတ်သက်၍ ညီအစ်ကိုချင်း စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ပေါင်းတည် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်အုပ်စု ချောင်းနားရွာတွင် ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီအချိန်ခန့်ကတီဗီကြည့်ရင်း ဇာတ်လမ်းနှင့်ပတ်သက်၍ ညီအစ်ကိုအချင်း စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသဖြင့် ညီဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းပေါင်းတည်မြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်အုပ်စု ချောင်းနားကျေးရွာဒေါ်စန်းဌေး၏ သားနှစ်ဉီးဖြစ်သည့် ရာဇာထွန်း(၂၅)နှစ်နှင့်ဇေယျာထွန်း (၂၀)တို့ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါညီအကိုနှစ်ဦးသည် တီဗီဇာတ်လမ်းကြည့်နေကြစဉ် တစ်ယောက် တစ်ခွန်းစကားများနေသဖြင့် မိခင်ဖြစ်သူကတီဗီဇာတ်လမ်းအား ဆက်လက် မကြည့်ရှုရန်ပြောဆိုလိုက်သည်ကို အကြောင်းပြုကာ အစ်ကိုဖြစ်သူရာဇာထွန်းက တံဇင်အကျိုးဖြင့်ပြုလုပ်ထားသော သံရိုးတပ် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ၎င်း၏ညီဖြစ်သူ ဇေယျာထွန်းကိုထိုးလိုက်ရာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသွား၍ ပေါင်းတည်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ညီဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့သူရာဇာထွန်းအား ပေါင်းတည်မြို့မရဲစခန်းက အမှုဖွင့်လှစ်၍ တိမ်းရှောင်နေသော တရားခံအား အမြန်ဆုံးဖမ်းဆီးနိင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တီဗီၾကည့္ရင္း ဇာတ္လမ္းႏွင့္ပတ္သက္၍ ညီအစ္ကိုခ်င္း စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား တီဗီၾကည့္ရင္း ဇာတ္လမ္းႏွင့္ပတ္သက္၍ ညီအစ္ကိုခ်င္း စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.