စစ္ရာဇဝတ္မႈရွိႏိုင္တယ္ဆိုတဲ့ အစီရင္ခံစာ ဥပေဒနဲ႔အညီ ဆက္စုံစမ္းမယ္လို႔ တပ္မေတာ္ေျပာ

ပစၥည္းေတြလုယူတာ၊ အိမ္ေတြအျပန္အလွန္မီးရႈိ႕တာေတြကို လုံၿခဳံေရးအဖြဲ႕ေတြက တားဆီးဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ဆို
(Zawgyi)⤵⤵⤵
ရခိုင္ေျမာက္ပိုင္းမွာ အာဆာအဖြဲ႕က တိုက္ခိုက္မႈေတြကို တပ္ဘက္က စစ္ဆင္ေရး လုပ္ရာမွာ အင္အားအမ်ား အျပားအသုံးျပဳတာရယ္၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ စစ္ရာဇဝတ္မႈေတြ ရွိႏိုင္တယ္လို႔ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (Independent Commission of Enquiry-ICOE) ရဲ႕အၿပီး သတ္ အစီရင္ခံစာ အက်ဥ္းခ်ဳပ္မွာ ေဖာ္ျပထားတာနဲ႔ ပတ္သက္ၿပီး ဥပေဒနဲ႔အညီ ဆက္လက္စုံစမ္းမယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

ဇန္နဝါရီ ၂၁ ရက္မွာ ထုတ္ျပန္တဲ့ ICOE ရဲ႕ အၿပီးသတ္ အစီရင္ခံစာ အက်ဥ္းခ်ဳပ္မွာ တရားေရး၊ တပ္နဲ႔ အစိုးရတို႔က ထပ္မံ စုံစမ္းေဖာ္ထုတ္ၿပီး အေရးယူပါလို႔ တိုက္တြန္းထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ တာဝန္ရွိသူေတြ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္သင့္တဲ့ အခ်က္ ၂၂ခ်က္ကို လည္း အစီရင္ခံစာမွာ ICOE က အႀကံျပဳထားပါတယ္။

ရခိုင္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့တဲ့ လူေတြဟာ အာဆာနဲ႔ တပ္ရဲ႕ တိုက္ပြဲေတြအတြင္း စြန႔္ခြာ ထြက္ေျပးၾကတာ ျဖစ္ၿပီး တိုက္ပြဲေတြအတြင္း ေဒသခံေတြကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈကိုေတာ့ အဖြဲ႕ေပါင္းစုံက က်ဴးလြန္ခဲ့ၾကတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေဒသခံေတြရဲ႕ ပစၥည္းေတြကိုလုယူတာ၊ ေနအိမ္ေတြကို အခ်င္းခ်င္း အျပန္အလွန္မီးရႈိ႕တာေတြကို လုံၿခဳံေရးအဖြဲ႕ေတြက တားဆီးကာကြယ္ဖို႔အတြက္ ပ်က္ကြက္ခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

"သူတို႔ေတြ႕ရွိခ်က္ေတြက ဘာေတြ ေတြ႕ရွိထားတယ္ဆိုတာေတာ့ အေသးစိတ္ မသိရပါဘူး။ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထားေတြ ရရွိရင္ ကြၽန္ေတာ္တို႔က ဥပေဒနဲ႔အညီ ဆက္လက္စုံစမ္းပါမယ္။ အေရးယူ ေဆာင္႐ြက္မႈေတြ ေဆာင္႐ြက္ႏိုင္ေအာင္ လုပ္ပါမယ္။ အဓိက ဥပေဒနဲ႔အညီ စုံစမ္းမႈ ျပဳတာပါ" လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ လုပ္ေဆာင္ခ်က္ အားနည္းခ်က္ေတြကိုလည္း အစီရင္ခံစာမွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

အဲဒီလို ေဖာ္ျပထားတာနဲ႔ ပတ္သက္ၿပီး "Standard Army တည္ေဆာက္ရာမွာ ကြၽန္ေတာ္တို႔ ႐ုပ္ပိုင္းဆိုင္ရာေတြနဲ႔တင္ မရဘူး။ စိတ္ဓာတ္ပိုင္းဆိုင္ရာေရာ ျမင္ႏိုင္တဲ့ဟာေတြကိုေရာ မျမင္ႏိုင္တဲ့ဟာေတြကိုေရာ ကြၽန္ေတာ္ေျပာျခင္းျဖစ္ပါတယ္"

"ဒါနဲ႔ ပတ္သက္ၿပီး လက္ေတြ႕ေဆာင္႐ြက္ေနတဲ့ဟာေတြကေတာ့ အဆင့္မီဆိုတဲ့ေနရာမွာ ႏိုင္ငံတကာ အဆင့္မီေဆာင္႐ြက္တဲ့ေနရာမွာ ဥပေဒပိုင္းဆိုင္ရာေတြ၊ စစ္စည္းကမ္းပိုင္းဆိုင္ရာေတြ၊ ဖြဲ႕စည္းပုံ ဆိုင္ရာေတြ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြ ဒါေတြကို လုပ္ေဆာင္ရမွာ ျဖစ္တယ္"

"သမၼတႀကီးဆိုလိုတာကေတာ့ ဒီဟာေတြကို ကြၽန္ေတာ္တို႔ ဆက္လက္ေဆာင္႐ြက္သြားရမယ္လို႔ ဆိုလိုျခင္းျဖစ္တယ္လို႔ ျမင္ပါတယ္"

"ကြၽန္ေတာ္တို႔အေနနဲ႔လည္း ေခတ္မီတပ္မေတာ္ ျပဳျပင္ေျပာင္းလဲေရးမ်ားကို ေဆာင္႐ြက္ေနတယ္။ သို႔ေသာ္လည္း 100 percent ဆိုတာကေတာ့ ျဖစ္ႏိုင္တာေတာ့ မရွိေသးပါဘူး" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အစီရင္ခံစာ အက်ဥ္းခ်ဳပ္ရဲ႕ ႏိုင္ငံသားျဖစ္မႈကိစၥမွာ ႐ိုဟင္ဂ်ာဆိုတဲ့အေခၚအေဝၚက ၁၉၄၈ခုႏွစ္ ျမန္မာဌာေန တိုင္းရင္းသားစာရင္းမွာပါခဲ့တာမရွိလို႔ ႏိုင္ငံမဲ့ဘဝနဲ႔ ကာလရွည္ေနခဲ့ရတယ္လို႔ ေဖာ္ျပပါတယ္။

အစီရင္ခံစာရဲ႕ အႀကံျပဳခ်က္ ၂၂ ခ်က္ထဲမွာ ရခိုင္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းမွာ NVC လို႔ေခၚတဲ့ ႏိုင္ငံသားစိစစ္ေရး လုပ္ ငန္းကို လက္ခံမယ့္သူေတြကို ကတ္ ထုတ္ေပးတဲ့ အက်ိဳးသက္ေရာက္မႈ ေကာင္းက်ိဳး၊ ဆိုးက်ိဳး ေတြကို ျပန္ သုံးသပ္ဖို႔ ပါရွိပါတယ္။

ဒါ့အျပင္ ရဲနဲ႔တပ္အပါအဝင္ အဖြဲ႕အစည္းေတြက ရခိုင္ ေျမာက္ပိုင္းက မြတ္ဆလင္ေတြ လြတ္လပ္စြာ သြားလာေရး အေပၚ အခြင့္ေကာင္းယူကာ အက်ိဳးအျမတ္ရယူေနတာေတြ၊ ေရရွည္ အသက္ေမြးဝမ္း ေက်ာင္းလုပ္ငန္း ေတြအတြက္ တားျမစ္ပိတ္ပင္ထား တာေတြကို ဖယ္ရွားဖို႔၊ အႀကံျပဳခ်က္ေတြကို အေကာင္ထည္ေဖာ္တာကို ေစာင့္ၾကည့္အကဲျဖတ္ဖို႔ အဘက္ဘက္က ကိုယ္စားလွယ္ေတြပါတဲ့ အဖြဲ႕ကိုဖြဲ႕ၿပီး လုပ္ေဆာင္ခ်က္ေတြကို တစ္ႏွစ္ ႏွစ္ႀကိမ္ အကဲျဖတ္ကာ သမၼတကို အစီရင္ခံဖို႔တို႔ ပါရွိပါတယ္။

ဒီအစီရင္ခံစာကို မ်က္ျမင္သက္ေသေပါင္း ၂၉၈ဦးကို ICOEက ေတြ႕ဆုံေမးျမန္း ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာနဲ႔ ကုလသမဂၢတို႔က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာ ေတြက ဘဂၤလားေဒ့ရွ္ ႏိုင္ငံကိုေရာက္ႏွင့္ေနၿပီးတဲ့ လူေတြရဲ႕ ေျပာဆိုခ်က္ေတြကိုပဲ ကိုးကားထားလို႔ အကန႔္အသတ္ေတြရွိတယ္လို႔လည္း ICOEက ေထာက္ျပထားပါတယ္။

ဒီအစီရင္ခံစာ အက်ဥ္းခ်ဳပ္နဲ႔ ပတ္သက္ၿပီး သမၼတ႐ုံးက ICOEရဲ႕ အႀကံျပဳခ်က္အတိုင္း ရာဇဝတ္မႈဆိုင္ရာ စုံစမ္း စစ္ေဆးမႈေတြ ဆက္လုပ္ဖို႔နဲ႔ အေထာက္အထား ခိုင္လုံပါက တရားစြဲဖို႔ သေဘာတူတယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိမွာလည္း စြပ္စြဲထားမႈေတြအေပၚ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတာအျပင္ တိုးခ်ဲ႕ျပဳလုပ္ဖို႔နဲ႔ အေရးယူတာေတြ လုပ္ဖို႔အတြက္ကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ေကာ္မရွင္ ရဲ႕အစီရင္ခံစာကို ေပးပို႔ၿပီး ျဖစ္တယ္လို႔လည္း ပါရွိပါတယ္။

ICOE ကို ဖိလစ္ပိုင္ႏိုင္ငံက ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း ႐ိုဆာရီယို မယ္နာလို ဦးေဆာင္ၿပီး၊ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ အကူအညီေပးေရးဆိုင္ရာ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ ကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္းေဆာင္ဖူးသူ ဂ်ပန္ႏိုင္ငံသား သံတမန္ေဟာင္း ကန္ဇို အိုရွီမ၊ ျမန္မာႏိုင္ငံဘက္က ကုလသမဂၢအရာရွိေဟာင္း ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၊ အေျခခံဥပေဒခုံ႐ုံး ဥကၠဌေဟာင္း ဦးျမသိမ္းတို႔နဲ႔ ဖြဲ႕စည္းထားၿပီး အဲဒီ ေကာ္မရွင္ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရက ဖြဲ႕စည္းေပးခဲ့တာပါ။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
စစ်ရာဇဝတ်မှုရှိနိုင်တယ်ဆိုတဲ့ အစီရင်ခံစာ ဥပဒေနဲ့အညီ ဆက်စုံစမ်းမယ်လို့ တပ်မတော်ပြော


Image caption ပစ္စည်းတွေလုယူတာ၊ အိမ်တွေအပြန်အလှန်မီးရှို့တာတွေကို လုံခြုံရေးအဖွဲ့တွေက တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ဆို

ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့က တိုက်ခိုက်မှုတွေကို တပ်ဘက်က စစ်ဆင်ရေး လုပ်ရာမှာ အင်အားအများ အပြားအသုံးပြုတာရယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ရှိနိုင်တယ်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့အပြီး သတ် အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ တပ်မတော်က ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာ အကျဉ်းချုပ်မှာ တရားရေး၊ တပ်နဲ့ အစိုးရတို့က ထပ်မံ စုံစမ်းဖော်ထုတ်ပြီး အရေးယူပါလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ရှိသူတွေ အကောင်ထည်ဖော် ဆောင်ရွက်သင့်တဲ့ အချက် ၂၂ချက်ကို လည်း အစီရင်ခံစာမှာ ICOE က အကြံပြုထားပါတယ်။

ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ လူတွေဟာ အာဆာနဲ့ တပ်ရဲ့ တိုက်ပွဲတွေအတွင်း စွန့်ခွာ ထွက်ပြေးကြတာ ဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဒေသခံတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုတော့ အဖွဲ့ပေါင်းစုံက ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းတွေကိုလုယူတာ၊ နေအိမ်တွေကို အချင်းချင်း အပြန်အလှန်မီးရှို့တာတွေကို လုံခြုံရေးအဖွဲ့တွေက တားဆီးကာကွယ်ဖို့အတွက် ပျက်ကွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

"သူတို့တွေ့ရှိချက်တွေက ဘာတွေ တွေ့ရှိထားတယ်ဆိုတာတော့ အသေးစိတ် မသိရပါဘူး။ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရရှိရင် ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းပါမယ်။ အရေးယူ ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်အောင် လုပ်ပါမယ်။ အဓိက ဥပဒေနဲ့အညီ စုံစမ်းမှု ပြုတာပါ" လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက် အားနည်းချက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒီလို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး "Standard Army တည်ဆောက်ရာမှာ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာတွေနဲ့တင် မရဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော မြင်နိုင်တဲ့ဟာတွေကိုရော မမြင်နိုင်တဲ့ဟာတွေကိုရော ကျွန်တော်ပြောခြင်းဖြစ်ပါတယ်"

"ဒါနဲ့ ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်နေတဲ့ဟာတွေကတော့ အဆင့်မီဆိုတဲ့နေရာမှာ နိုင်ငံတကာ အဆင့်မီဆောင်ရွက်တဲ့နေရာမှာ ဥပဒေပိုင်းဆိုင်ရာတွေ၊ စစ်စည်းကမ်းပိုင်းဆိုင်ရာတွေ၊ ဖွဲ့စည်းပုံ ဆိုင်ရာတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဒါတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်"

"သမ္မတကြီးဆိုလိုတာကတော့ ဒီဟာတွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဆိုလိုခြင်းဖြစ်တယ်လို့ မြင်ပါတယ်"

"ကျွန်တော်တို့အနေနဲ့လည်း ခေတ်မီတပ်မတော် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်နေတယ်။ သို့သော်လည်း 100 percent ဆိုတာကတော့ ဖြစ်နိုင်တာတော့ မရှိသေးပါဘူး" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစီရင်ခံစာ အကျဉ်းချုပ်ရဲ့ နိုင်ငံသားဖြစ်မှုကိစ္စမှာ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်က ၁၉၄၈ခုနှစ် မြန်မာဌာနေ တိုင်းရင်းသားစာရင်းမှာပါခဲ့တာမရှိလို့ နိုင်ငံမဲ့ဘဝနဲ့ ကာလရှည်နေခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာရဲ့ အကြံပြုချက် ၂၂ ချက်ထဲမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး လုပ် ငန်းကို လက်ခံမယ့်သူတွေကို ကတ် ထုတ်ပေးတဲ့ အကျိုးသက်ရောက်မှု ကောင်းကျိုး၊ ဆိုးကျိုး တွေကို ပြန် သုံးသပ်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် ရဲနဲ့တပ်အပါအဝင် အဖွဲ့အစည်းတွေက ရခိုင် မြောက်ပိုင်းက မွတ်ဆလင်တွေ လွတ်လပ်စွာ သွားလာရေး အပေါ် အခွင့်ကောင်းယူကာ အကျိုးအမြတ်ရယူနေတာတွေ၊ ရေရှည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တွေအတွက် တားမြစ်ပိတ်ပင်ထား တာတွေကို ဖယ်ရှားဖို့၊ အကြံပြုချက်တွေကို အကောင်ထည်ဖော်တာကို စောင့်ကြည့်အကဲဖြတ်ဖို့ အဘက်ဘက်က ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့ကိုဖွဲ့ပြီး လုပ်ဆောင်ချက်တွေကို တစ်နှစ် နှစ်ကြိမ် အကဲဖြတ်ကာ သမ္မတကို အစီရင်ခံဖို့တို့ ပါရှိပါတယ်။

ဒီအစီရင်ခံစာကို မျက်မြင်သက်သေပေါင်း ၂၉၈ဦးကို ICOEက တွေ့ဆုံမေးမြန်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်နှင့်နေပြီးတဲ့ လူတွေရဲ့ ပြောဆိုချက်တွေကိုပဲ ကိုးကားထားလို့ အကန့်အသတ်တွေရှိတယ်လို့လည်း ICOEက ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာ အကျဉ်းချုပ်နဲ့ ပတ်သက်ပြီး သမ္မတရုံးက ICOEရဲ့ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ်ဖို့နဲ့ အထောက်အထား ခိုင်လုံပါက တရားစွဲဖို့ သဘောတူတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စွပ်စွဲထားမှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာအပြင် တိုးချဲ့ပြုလုပ်ဖို့နဲ့ အရေးယူတာတွေ လုပ်ဖို့အတွက်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကော်မရှင် ရဲ့အစီရင်ခံစာကို ပေးပို့ပြီး ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ICOE ကို ဖိလစ်ပိုင်နိုင်ငံက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဂျပန်နိုင်ငံသား သံတမန်ဟောင်း ကန်ဇို အိုရှီမ၊ မြန်မာနိုင်ငံဘက်က ကုလသမဂ္ဂအရာရှိဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ အခြေခံဥပဒေခုံရုံး ဥက္ကဌဟောင်း ဦးမြသိမ်းတို့နဲ့ ဖွဲ့စည်းထားပြီး အဲဒီ ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ဖွဲ့စည်းပေးခဲ့တာပါ။

BBC Burmese
https://www.bbc.com
စစ္ရာဇဝတ္မႈရွိႏိုင္တယ္ဆိုတဲ့ အစီရင္ခံစာ ဥပေဒနဲ႔အညီ ဆက္စုံစမ္းမယ္လို႔ တပ္မေတာ္ေျပာ စစ္ရာဇဝတ္မႈရွိႏိုင္တယ္ဆိုတဲ့ အစီရင္ခံစာ ဥပေဒနဲ႔အညီ ဆက္စုံစမ္းမယ္လို႔ တပ္မေတာ္ေျပာ Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.