ခရီးသည္ ၁၈၀ လိုက္ပါလာတဲ့ ယူကရိန္းေလယာဥ္ အီရန္မွာ ပ်က္က်

 ေလယာဥ္ပ်က္က်မႈမွာ တစ္ဦးတစ္ေယာက္မွ အသက္ရွင္ႏိုင္ဖြယ္ မရွိ
(Zawgyi)⤵⤵⤵
ခရီးသည္ ၁၈၀ လိုက္ပါလာတဲ့ ယူကရိန္းက ဘိုးအင္း 737 ေလယာဥ္ဟာ ဇန္နဝါရီ ၈ ရက္ေန႔ မနက္အေစာပိုင္းမွာ အီရန္ႏိုင္ငံတြင္း ပ်က္က်ခဲ့တယ္လို႔ ျပည္တြင္းမီဒီယာမွာ ေဖာ္ျပေနၾကပါတယ္။

ယူကရိန္းႏိုင္ငံတကာေလေၾကာင္းလိုင္းပိုင္ ေလယာဥ္ဟာ အီရန္ႏိုင္ငံ တဟီရန္ၿမိဳ႕ေတာ္ အီမန္ခုမ္မီနီေလယာဥ္ကြင္းကေန ပ်ံတက္ၿပီးၿပီးခ်င္းမွာပဲ ပ်က္က်ခဲ့တာလို႔ ႏိုင္ငံပိုင္ Fars သတင္းဌာနက ေျပာပါတယ္။

ဒီေလယာဥ္ဟာ ကနဦးကေတာ့ အီရန္ႏိုင္ငံကေန ယူကရိန္းၿမိဳ႕ေတာ္ ကီယက္ဗ္ကို ထြက္ခြာဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

အီရန္ ၾကက္ေျခနီအဖြဲ႕ေခါင္းေဆာင္ကေတာ့ ေလယာဥ္ပ်က္က်မႈမွာ တစ္ဦးတစ္ေယာက္မွ အသက္ရွင္ႏိုင္ဖြယ္ မရွိဘူး လို႔ ႏိုင္ငံပိုင္မီဒီယာကို ေျပာပါတယ္။

ယူကရိန္း သမၼတ ဗေလာ္ဒီမာ ဇလန္းစကီး ကေတာ့ ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းနဲ႔ ေသဆုံးသူအေရအတြက္ကို သိႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ေသဆုံးသြားတဲ့ ခရီးသည္ေတြနဲ႔ ေလယာဥ္ေပၚက ဝန္ထမ္းေတြရဲ႕ မိသားစုဝင္ေတြ၊ မိတ္ေဆြ အေပါင္းအသင္းေတြကိုလည္း ဝမ္းနည္းစာနာမိတယ္ဆိုၿပီးေတာ့လည္း သမၼတရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
 ေလယာဥ္ပ်က္က်မႈဟာ အီရန္နဲ႔ အေမရိကန္အၾကား စစ္ေရး တင္းမာမႈနဲ႔ ဆက္စပ္သလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
ေလယာဥ္ပ်က္က်မႈဟာ အီရန္နဲ႔ အေမရိကန္အၾကား စစ္ေရး တင္းမာမႈနဲ႔ ဆက္စပ္သလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အခုေတာ့ ေလယာဥ္ပ်က္က်ခဲ့တဲ့ ေလဆိပ္နားကို ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

"ကယ္ဆယ္ေရးအဖြဲ႕ေတြ ေရာက္ေတာ့ ေလယာဥ္က မီးေလာင္ေနပါၿပီ၊ ခရီးသည္ တခ်ိဳ႕ကိုေတာ့ ကြၽန္ေတာ္တို႔ ကယ္တင္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္" လို႔ အီရန္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ ေခါင္းေဆာင္ Pirhossein Koulivand က ႏိုင္ငံပိုင္႐ုပ္သံသတင္းဌာနကေန တဆင့္ေျပာၾကားခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ခရီးသည် ၁၈၀ လိုက်ပါလာတဲ့ ယူကရိန်းလေယာဉ် အီရန်မှာ ပျက်ကျ

Image caption လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိ

ခရီးသည် ၁၈၀ လိုက်ပါလာတဲ့ ယူကရိန်းက ဘိုးအင်း 737 လေယာဉ်ဟာ ဇန်နဝါရီ ၈ ရက်နေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံတွင်း ပျက်ကျခဲ့တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြနေကြပါတယ်။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ အီရန်နိုင်ငံ တဟီရန်မြို့တော် အီမန်ခုမ်မီနီလေယာဉ်ကွင်းကနေ ပျံတက်ပြီးပြီးချင်းမှာပဲ ပျက်ကျခဲ့တာလို့ နိုင်ငံပိုင် Fars သတင်းဌာနက ပြောပါတယ်။

ဒီလေယာဉ်ဟာ ကနဦးကတော့ အီရန်နိုင်ငံကနေ ယူကရိန်းမြို့တော် ကီယက်ဗ်ကို ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အီရန် ကြက်ခြေနီအဖွဲ့ခေါင်းဆောင်ကတော့ လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်ဖွယ် မရှိဘူး လို့ နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။

ယူကရိန်း သမ္မတ ဗလော်ဒီမာ ဇလန်းစကီး ကတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းနဲ့ သေဆုံးသူအရေအတွက်ကို သိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်ပေါ်က ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ဝမ်းနည်းစာနာမိတယ်ဆိုပြီးတော့လည်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေယာဉ်ပျက်ကျမှုဟာ အီရန်နဲ့ အမေရိကန်အကြား စစ်ရေး တင်းမာမှုနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုတော့ လေယာဉ်ပျက်ကျခဲ့တဲ့ လေဆိပ်နားကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တော့ လေယာဉ်က မီးလောင်နေပါပြီ၊ ခရီးသည် တချို့ကိုတော့ ကျွန်တော်တို့ ကယ်တင်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ အီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Pirhossein Koulivand က နိုင်ငံပိုင်ရုပ်သံသတင်းဌာနကနေ တဆင့်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ