ဝန္ႀကီးဌာနက မေတာင္းႏိုင္ေသးတဲ့ ေ႐ႊစင္ပိႆာ၁၃၀ ေက်ာ္က်န္ေန

 ဝန္ႀကီးဌာနေတြက ေတာင္းရမယ့္ ေကြၽးေတြက်န္ရွိေနတာ၊ ေျမငွားရမ္းခေတြနည္းတာေတြ၊ လုပ္ငန္းဆုံးရႈံးမႈအခ်ိဳ႕ ေၾကာင့္ ဌာနအမ်ားစုမွာ ဆုံးရႈံးမႈေတြရွိေနတာကို ေတြ႕ရပါတယ္။ အဲဒီဆုံးရႈံးမႈပမာဏ ေတြကလည္း ေငြက်ပ္ ဘီလီယံနဲ႔ ခ်ီၿပီး ရွိေနပါတယ္
(Zawgyi)⤵⤵⤵
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဌာနက မေတာင္းႏိုင္ေသးတဲ့ ေ႐ႊစင္ပိႆာ ေပါင္း ၁၃၀ ေက်ာ္အထိက်န္ေနတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းတဲ့ ၂၀၁၈ခုႏွစ္ ဧၿပီမွ စက္တင္ဘာအထိ ၆ လတာ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာအေပၚ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ရဲ႕စစ္ေဆးေတြ႕ရွိခ်က္အစီရင္ခံစာ ဒုတိယအတြဲမွာ ပါရွိပါတယ္။

ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ႕ေတြ႕ရွိခ်က္ အစီရင္ခံစာကို လႊတ္ေတာ္အတြင္း ဇန္နဝါရီလ ၂၉ရက္ ေန႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထံ ေဝမွ်ခဲ့တဲ့အျပင္ ျပည္ေထာင္စုလႊတ္ေတာ္အတြင္းမွာလဲ ဖတ္ၾကား ခဲ့ပါတယ္။

အဲဒီေ႐ႊေႂကြးက်န္ေတြက ၂၀၁၃-၁၄ ခုႏွစ္ကေန ၂၀၁၉ခုႏွစ္ ဇြန္လအထိ ဘ႑ာႏွစ္ ၄ႏွစ္နဲ႔ ၆လအတြင္း ရရွိရန္က်န္ရွိေနတဲ့ ေ႐ႊေႂကြးက်န္ပမာဏျဖစ္ပါတယ္။

ေႂကြးက်န္ေ႐ႊပိႆာ ၁၃၀ ေက်ာ္ကို ေ႐ႊတူးေဖာ္တဲ့ကုမၸဏီေပါင္း ၁၅၃ခုက ေပးသြင္းရန္က်န္ရွိတာ ျဖစ္ပါတယ္။ အဲဒီထဲမွာ မိုးထိမိုးမိလို႔လူသိမ်ားတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီ လည္းပါဝင္ ပါတယ္။

အခုက်န္ရွိေနတဲ့ ေ႐ႊပိသာခ်ိန္ရဲ႕ တန္ဖိုးက ကာလတန္ဖိုးအရဆိုရင္ ေငြက်ပ္သိန္းေပါင္း တစ္သိန္း ငါးေသာင္းေက်ာ္အထိရွိႏိုင္ပါတယ္။ အခုပမာဏကလည္း ဝန္ႀကီးဌာနတခုေအာက္က သတၱဳတြင္းလုပ္ငန္း ရဲ႕ ေႂကြးက်န္ေနတဲ့ ပမာဏသာျဖစ္ပါတယ္။

စာရင္းစစ္ခ်ဳပ္ကတင္သြင္းတဲ့ အစီရင္ခံစာအေပၚ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ႕ေတြ႕ရွိခ်က္ေတြ အရဆိုရင္ ဝန္ႀကီးဌာနေတြက ေတာင္းရမယ့္ ေကြၽးေတြက်န္ရွိေနတာ၊ ေျမငွားရမ္းခေတြနည္းတာေတြ၊ လုပ္ငန္းဆုံးရႈံးမႈအခ်ိဳ႕ ေၾကာင့္ ဌာနအမ်ားစုမွာ ဆုံးရႈံးမႈေတြရွိေနတာကို ေတြ႕ရပါတယ္။ အဲဒီဆုံးရႈံးမႈပမာဏ ေတြကလည္း ေငြက်ပ္ ဘီလီယံနဲ႔ ခ်ီၿပီး ရွိေနပါတယ္။

အခုလိုဆုံးရႈံးေနတဲ့ ေငြေတြ၊ ေ႐ႊေတြအစရွိတာေတြကို အျပည့္အဝရရွိဖို႔အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာန ေတြက စဥ္ဆက္မျပတ္တြန္းအားေပးလုပ္ဖို႔ လိုအပ္ေနတယ္လို႔လည္း ျပည္သူ႔ေငြစာရင္းပူးေပါင္း ေကာ္မတီက အစီရင္ခံစာထဲမွာ တိုက္တြန္းထားပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ဝန်ကြီးဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ ၁၃၀ ကျော်ကျန်နေ အပါအဝင် ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YGEA
Image caption ဝန်ကြီးဌာနတွေက တောင်းရမယ့် ကျွေးတွေကျန်ရှိနေတာ၊ မြေငှားရမ်းခတွေနည်းတာတွေ၊ လုပ်ငန်းဆုံးရှုံးမှုအချို့ ကြောင့် ဌာနအများစုမှာ ဆုံးရှုံးမှုတွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီဆုံးရှုံးမှုပမာဏ တွေကလည်း ငွေကျပ် ဘီလီယံနဲ့ ချီပြီး ရှိနေပါတယ်
ဝန်ကြီးဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ၁၃၀ ကျော်ကျန်နေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ ပေါင်း ၁၃၀ ကျော်အထိကျန်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာ စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ရဲ့စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ဒုတိယအတွဲမှာ ပါရှိပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်အတွင်း ဇန်နဝါရီလ ၂၉ရက် နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဝေမျှခဲ့တဲ့အပြင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာလဲ ဖတ်ကြား ခဲ့ပါတယ်။

အဲဒီရွှေကြွေးကျန်တွေက ၂၀၁၃-၁၄ ခုနှစ်ကနေ ၂၀၁၉ခုနှစ် ဇွန်လအထိ ဘဏ္ဍာနှစ် ၄နှစ်နဲ့ ၆လအတွင်း ရရှိရန်ကျန်ရှိနေတဲ့ ရွှေကြွေးကျန်ပမာဏဖြစ်ပါတယ်။

ကြွေးကျန်ရွှေပိဿာ ၁၃၀ ကျော်ကို ရွှေတူးဖော်တဲ့ကုမ္ပဏီပေါင်း ၁၅၃ခုက ပေးသွင်းရန်ကျန်ရှိတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မိုးထိမိုးမိလို့လူသိများတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ လည်းပါဝင် ပါတယ်။

အခုကျန်ရှိနေတဲ့ ရွှေပိသာချိန်ရဲ့ တန်ဖိုးက ကာလတန်ဖိုးအရဆိုရင် ငွေကျပ်သိန်းပေါင်း တစ်သိန်း ငါးသောင်းကျော်အထိရှိနိုင်ပါတယ်။ အခုပမာဏကလည်း ဝန်ကြီးဌာနတခုအောက်က သတ္တုတွင်းလုပ်ငန်း ရဲ့ ကြွေးကျန်နေတဲ့ ပမာဏသာဖြစ်ပါတယ်။

စာရင်းစစ်ချုပ်ကတင်သွင်းတဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့တွေ့ရှိချက်တွေ အရဆိုရင် ဝန်ကြီးဌာနတွေက တောင်းရမယ့် ကျွေးတွေကျန်ရှိနေတာ၊ မြေငှားရမ်းခတွေနည်းတာတွေ၊ လုပ်ငန်းဆုံးရှုံးမှုအချို့ ကြောင့် ဌာနအများစုမှာ ဆုံးရှုံးမှုတွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီဆုံးရှုံးမှုပမာဏ တွေကလည်း ငွေကျပ် ဘီလီယံနဲ့ ချီပြီး ရှိနေပါတယ်။

အခုလိုဆုံးရှုံးနေတဲ့ ငွေတွေ၊ ရွှေတွေအစရှိတာတွေကို အပြည့်အဝရရှိဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေက စဉ်ဆက်မပြတ်တွန်းအားပေးလုပ်ဖို့ လိုအပ်နေတယ်လို့လည်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

BBC Burmese
https://www.bbc.com
ဝန္ႀကီးဌာနက မေတာင္းႏိုင္ေသးတဲ့ ေ႐ႊစင္ပိႆာ၁၃၀ ေက်ာ္က်န္ေန ဝန္ႀကီးဌာနက မေတာင္းႏိုင္ေသးတဲ့ ေ႐ႊစင္ပိႆာ၁၃၀ ေက်ာ္က်န္ေန Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.