ေအေအတပ္ဖြဲ႕ဝင္ေတြလို႔ စြပ္စြဲခံရသူ ၁၂ ဦးကို တရား႐ုံးကျပန္လႊတ္ေပး

ေအေအတပ္ဖြဲ႕ဝင္ေတြလို႔ စြပ္စြဲခံရသူ ၁၂ ဦးကို တရား႐ုံးကျပန္လႊတ္ေပး
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်း႐ြာအနီး သေပါ့စာတဲစုမွာ ေနထိုင္တဲ့ ငွက္ဖ်ားမိ လူနာတစ္ဦးကို  ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္ဖို႔ လာေရာက္စဥ္ ေခ်ာင္းသစ္ေက်း႐ြာအနီးအေရာက္မွာ အမွတ္ (၂၂) တပ္မ လက္ေအာက္ခံ အမွတ္(၈၁) ေျချမန္တပ္ရင္းက ဒုတိယ ဗိုလ္မႉးႀကီး ခြန္သာ ဦးစီးတဲ့ တပ္မေတာ္စစ္ေၾကာင္းရဲ႕ ဖမ္းဆီးမႈကို ခံခဲ့ရတာပါ။

စတင္ဖမ္းဆီးခံရစဥ္က ကိုသိန္းထြန္းလွပါ ၁၃ ဦးျဖစ္ၿပီး အဲဒီအထဲက ငွက္ဖ်ားမိလူနာျဖစ္တဲ့ ေမာင္လွေမာင္ဝင္း (ေခၚ)ညီပုေခ်ကေတာ့ တပ္မေတာ္စစ္ေၾကာင္းကဖမ္းဆီးထားစဥ္မွာ ေသဆုံးခဲ့ပါတယ္။

က်န္တဲ့ ကိုသိန္းထြန္းလွအပါအဝင္ ၁၂ ဦးကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၅၀(ည)၊ ၅၂(က) တို႔နဲ႔ ရဲတပ္ဖြဲ႕က တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ဒီအမႈမွာပဲ ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၊ ဒုတိယစစ္ဦးစီးခ်ဳပ္ ေဒါက္တာ ညိဳထြန္းေအာင္၊ ဗိုလ္မႉးႀကီး ေက်ာ္ဟန္၊ ဦးခိုင္သုခနဲ႔ ဦးစံေ႐ႊေမာင္တို႔ကိုပါ အလားတူ ပုဒ္မႏွစ္ခုနဲ႔ တစ္မႈတည္း စြဲဆိုထားတာလည္းျဖစ္ပါတယ္။

သူတို႔ကို တရားခံေျပးအျဖစ္ သတ္မွတ္ထားတာေၾကာင့္ AA ေခါင္းေဆာင္ေတြရဲ႕ အမႈဟာ ဆက္စပ္အမႈတြဲအျဖစ္ ဆက္လက္ရွိေနအုံးမွာျဖစ္ပါတယ္။

တရား႐ုံးမွာ အမႈရင္ဆိုင္ေနရသူ ၁၂ ဦးနဲ႔ပတ္သက္လို႔ စစ္ေတြခ႐ိုင္တရား႐ုံးက ဒီေန႔ စြဲခ်က္တင္သင့္၊ မတင္သင့္ အမိန႔္ကိုခ်မွတ္ခဲ့တာပါ။

ဒါေပမဲ့ အမႈမွာ ခိုင္လုံတဲ့သက္ေသေတြ မရွိတဲ့အတြက္ မွားယြင္းဖမ္းဆီးမႈလို႔သုံးသပ္ၿပီး ျပန္လႊတ္ေပးခဲ့တာလို႔ အမႈကို လိုက္ပါေဆာင္႐ြက္ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ေျပာပါတယ္။

“စြဲဆိုထားတဲ့တိုင္ခ်က္အေပၚမွာ ေထာက္ခံထြက္ဆိုတဲ့ သက္ေသထြက္ခ်က္ဟာ တစ္စုံတစ္ရာ မေပၚေပါက္ဘူး။ ဒါေၾကာင့္ ဆယ္လေက်ာ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ တရားရင္ဆိုင္ရတဲ့လူေတြကို ဒီအၾကမ္းဖက္ဥပေဒေတြနဲ႔ပတ္သက္ၿပီးေတာ့ စြဲခ်က္တင္စရာအေၾကာင္းမရွိဘူး၊ မွားယြင္းမႈလို႔ သတ္မွတ္တယ္ဆိုၿပီးေတာ့ စြဲခ်က္မတင္ဘဲလႊတ္တဲ့အမိန႔္ကို ခ်မွတ္လိုက္တာျဖစ္ပါတယ္”

ဒီအမႈကို တပ္မေတာ္စစ္ေၾကာင္းကေန ေျမာက္ဦးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံ လႊဲအပ္ၿပီးေနာက္ ဒုရဲမႉး ေအာင္သူရက တရားလိုျပဳလုပ္ၿပီး စြဲဆိုခဲ့တာပါ။

အမႈမွာ တရားလိုအပါအဝင္ လိုျပသက္ေသ ၁၇ ဦးရွိခဲ့ေပမယ့္ အဲဒီအထဲက တပ္မေတာ္သား သက္ေသ သုံးဦးနဲ႔ ရဲသက္ေသငါးဦးတို႔ကို လာေရာက္ထြက္ဆိုဖို႔ တရား႐ုံးက ဆင့္ေခၚခဲ့ေပမယ့္ လာေရာက္ထြက္ဆိုခဲ့တာမရွိခဲ့ဘူးလို႔ ေရွ႕ေနေတြကေျပာပါတယ္။

အမႈကိုလိုက္ပါေဆာင္႐ြက္ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫြန႔္ေမာင္ကေတာ့ တရား႐ုံးေတာ္ဟာ ဥပေဒနဲ႔အညီ တိတိက်က်ဆုံးျဖတ္တာကိုျမင္ရတယ္လို႔ ေျပာပါတယ္။

“တရားစီရင္ေရးအပိုင္းကေတာ့ ဥပေဒနဲ႔အညီျဖစ္ပါတယ္။ ဟိုးအရင္ကလို အေပၚကဖိအားေပးၿပီးေတာ့ အမိန႔္ခ်ဖို႔ၫႊန္ၾကားတာမ်ိဳးေတာ့ က်ေနာ္တို႔ မေတြ႕ရဘူးခင္ဗ်။ အဓိကက အခင္းျဖစ္တဲ့ ေနရာမွာ ပါဝင္ခဲ့တဲ့သူေတြက လာေရာက္သက္ေသထြက္ဆိုျခင္း မရွိတဲ့အခါမွာ အမႈမွာစြပ္စြဲခံရသူေတြကို စြဲခ်က္တင္ႏိုင္ေလာက္တဲ့ သက္ေသထြက္ခ်က္ေတြကို က်ေနာ္တို႔ မေတြ႕ရတဲ့အတြက္ေၾကာင့္ တရား႐ုံးက တရားရွင္လႊတ္တာ ဥပေဒနဲ႔ ညီၫြတ္တယ္လို႔ က်ေနာ္တို႔ကေျပာရမွာျဖစ္ပါတယ္”

ဒီေန႔ျပန္လည္လြတ္ေျမာက္လာသူေတြအထဲမွာပါဝင္တဲ့ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်း႐ြာက ကိုစည္သူေအာင္ကေတာ့ တပ္မေတာ္က စစ္ေဆးခဲ့တဲ့ဒဏ္ေတြေၾကာင့္ ဖမ္းဆီးခံထားရစဥ္ ေဆးကုသမႈ ငါးႀကိမ္အထိ ခံယူခဲ့ရတယ္လို႔ သတင္းေထာက္ေတြကိုေျပာပါတယ္။

“က်ေနာ္တို႔က ေနမေကာင္းျဖစ္ေနတဲ့သူေတြကို ေဆး႐ုံကိုပို႔တဲ့အခ်ိန္မွာ လမ္းမွာ စစ္တပ္ကေနၿပီးေတာ့ ဖမ္းတယ္။ စစ္တပ္ကဖမ္းဆီးၿပီးေနာက္ ႐ိုက္တယ္၊ ႏွက္တယ္။ အဲဒီေနာက္ ရဲလက္ထဲအပ္တယ္။ ရဲလက္ထဲေရာက္ခ်ိန္မွာ စစ္ေၾကာေရးမွာတုန္းက ေရွာ့တိုက္တာေတြကို ႀကဳံခဲ့ရတယ္။ အဲဒီဒဏ္ေတြေၾကာင့္ ေထာင္အခ်ဳပ္ထဲေရာက္လာခ်ိန္မွာေတာ့ ေသြးအန္တယ္။ ေဆး႐ုံကို ငါးႀကိမ္ေလာက္ တက္ခဲ့ရပါတယ္”

တပ္မေတာ္ေျပာခြင့္ရသူေတြကေတာ့ သံသယနဲ႔ေခၚယူစစ္ေဆးသူေတြကို တပ္မေတာ္က ဥပေဒအတိုင္း စစ္ေဆးတာျဖစ္ၿပီး ႐ိုက္ႏွက္၊ ညႇဥ္းပမ္းႏွိပ္စက္ၿပီး စစ္ေဆးတာလုံးဝမရွိဘူးလို႔ ေျပာဆိုထားၾကပါတယ္။

ဒီေန႔တရား႐ုံးကလြတ္ေျမာက္လာသူေတြဟာ အခ်ိန္ ၁၀ လၾကာ ထိန္းသိမ္းစစ္ေဆးခံခဲ့ၾကရတာ ျဖစ္ပါတယ္။

အျပစ္မရွိဘဲ အခုလို လေပါင္းမ်ားစြာထိန္းသိမ္းစစ္ေဆးခံရတဲ့အတြက္ နစ္နာမႈေတြရွိခဲ့တယ္လို႔ ဒီေန႔လြတ္ေျမာက္လာတဲ့ ကိုေဇာ္မင္းထြန္းရဲ႕ဖခင္ ဦးေက်ာ္ဝင္းတင္က ေျပာပါတယ္။

“ဖမ္းဆီးခံရၿပီးေနာက္ နစ္နာမႈေတြကေတာ့ ရွိခဲ့တာေပါ့။ အရင္လုပ္လက္စ စီးပြားေရးလုပ္ငန္းေတြ ဘာမွမလုပ္ႏိုင္ခဲ့ဘူး။ မိဘေတြမွာလည္း ထိခိုက္ပ်က္စီးတယ္။ သားကိုအားကိုးၿပီးလုပ္ခဲ့တဲ့ အလုပ္ေတြဟာ သားဖမ္းဆီးခံေနရေတာ့ လယ္ယာလုပ္ငန္းေတြကို ဘာမွမလုပ္ခဲ့ရဘူး”

ရခိုင္ျပည္နယ္မွာ တပ္မေတာ္က ဖမ္းဆီးခဲ့သူေတြအထဲမွာ အခုလိုအျပစ္မရွိသူေတြလည္း ပါဝင္တာေၾကာင့္ သူတို႔ကိုလည္း အျမန္ဆုံးျပန္လႊတ္ေပးေစခ်င္တယ္လို႔ေျပာလာသူက ဒီေန႔လြတ္ေျမာက္လာသူ ကိုစည္သူေအာင္ရဲ႕ ဖခင္ ဦးေမာင္ေသာင္းေအး ျဖစ္ပါတယ္။

“အမႈမေျမာက္ဘဲဖမ္းထားတဲ့သူေတြကိုလည္း အျမန္ဆုံး ျပန္လႊတ္ေပးေစခ်င္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔သားေတြမွာလည္း အျပစ္မရွိခဲ့ဘူး။ ေနာက္ထပ္ဖမ္းထားတဲ့သူေတြမွာလည္း အျပစ္မရွိဘူးဆိုရင္ အျမန္ဆုံးျပန္လႊတ္ေပးေစခ်င္ပါတယ္”

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၃ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ ၿမိဳေခ်ာင္းေက်း႐ြာေတြက ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ ပတ္သက္ၿပီး အၾကမ္းဖက္ဥပေဒနဲ႔အမႈရင္ဆိုင္ေနရသူ ေလးဦးကို စစ္ေတြခ႐ိုင္တရား႐ုံးက မွားယြင္းဖမ္းဆီးမႈလို႔သုံးသပ္ၿပီး ျပန္လႊတ္ေပးလိုက္ပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ပတ္သက္လို႔ သံသယနဲ႔ အမႈဖြင့္ခံရထားရသူဟာ ၅၀၀ ေက်ာ္ရွိတယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ သဇင္ ဥပေဒအေထာက္အကူျပဳအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
အေအေတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲခံရသူ ၁၂ ဦးကို တရားရုံးကပြန်လွှတ်ပေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်တဲ့ ငှက်ဖျားမိ လူနာတစ်ဦးကို  မြောက်ဦးဆေးရုံကို ပို့ဆောင်ဖို့ လာရောက်စဉ် ချောင်းသစ်ကျေးရွာအနီးအရောက်မှာ အမှတ် (၂၂) တပ်မ လက်အောက်ခံ အမှတ်(၈၁) ခြေမြန်တပ်ရင်းက ဒုတိယ ဗိုလ်မှူးကြီး ခွန်သာ ဦးစီးတဲ့ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

စတင်ဖမ်းဆီးခံရစဉ်က ကိုသိန်းထွန်းလှပါ ၁၃ ဦးဖြစ်ပြီး အဲဒီအထဲက ငှက်ဖျားမိလူနာဖြစ်တဲ့ မောင်လှမောင်ဝင်း (ခေါ်)ညီပုချေကတော့ တပ်မတော်စစ်ကြောင်းကဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့ပါတယ်။

ကျန်တဲ့ ကိုသိန်းထွန်းလှအပါအဝင် ၁၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က) တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာပဲ ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ ဦးခိုင်သုခနဲ့ ဦးစံရွှေမောင်တို့ကိုပါ အလားတူ ပုဒ်မနှစ်ခုနဲ့ တစ်မှုတည်း စွဲဆိုထားတာလည်းဖြစ်ပါတယ်။

သူတို့ကို တရားခံပြေးအဖြစ် သတ်မှတ်ထားတာကြောင့် AA ခေါင်းဆောင်တွေရဲ့ အမှုဟာ ဆက်စပ်အမှုတွဲအဖြစ် ဆက်လက်ရှိနေအုံးမှာဖြစ်ပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၁၂ ဦးနဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ကိုချမှတ်ခဲ့တာပါ။

ဒါပေမဲ့ အမှုမှာ ခိုင်လုံတဲ့သက်သေတွေ မရှိတဲ့အတွက် မှားယွင်းဖမ်းဆီးမှုလို့သုံးသပ်ပြီး ပြန်လွှတ်ပေးခဲ့တာလို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“စွဲဆိုထားတဲ့တိုင်ချက်အပေါ်မှာ ထောက်ခံထွက်ဆိုတဲ့ သက်သေထွက်ချက်ဟာ တစ်စုံတစ်ရာ မပေါ်ပေါက်ဘူး။ ဒါကြောင့် ဆယ်လကျော် ဖမ်းဆီးချုပ်နှောင် တရားရင်ဆိုင်ရတဲ့လူတွေကို ဒီအကြမ်းဖက်ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ စွဲချက်တင်စရာအကြောင်းမရှိဘူး၊ မှားယွင်းမှုလို့ သတ်မှတ်တယ်ဆိုပြီးတော့ စွဲချက်မတင်ဘဲလွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်ပါတယ်”

ဒီအမှုကို တပ်မတော်စစ်ကြောင်းကနေ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲအပ်ပြီးနောက် ဒုရဲမှူး အောင်သူရက တရားလိုပြုလုပ်ပြီး စွဲဆိုခဲ့တာပါ။

အမှုမှာ တရားလိုအပါအဝင် လိုပြသက်သေ ၁၇ ဦးရှိခဲ့ပေမယ့် အဲဒီအထဲက တပ်မတော်သား သက်သေ သုံးဦးနဲ့ ရဲသက်သေငါးဦးတို့ကို လာရောက်ထွက်ဆိုဖို့ တရားရုံးက ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ထွက်ဆိုခဲ့တာမရှိခဲ့ဘူးလို့ ရှေ့နေတွေကပြောပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကတော့ တရားရုံးတော်ဟာ ဥပဒေနဲ့အညီ တိတိကျကျဆုံးဖြတ်တာကိုမြင်ရတယ်လို့ ပြောပါတယ်။

“တရားစီရင်ရေးအပိုင်းကတော့ ဥပဒေနဲ့အညီဖြစ်ပါတယ်။ ဟိုးအရင်ကလို အပေါ်ကဖိအားပေးပြီးတော့ အမိန့်ချဖို့ညွှန်ကြားတာမျိုးတော့ ကျနော်တို့ မတွေ့ရဘူးခင်ဗျ။ အဓိကက အခင်းဖြစ်တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့သူတွေက လာရောက်သက်သေထွက်ဆိုခြင်း မရှိတဲ့အခါမှာ အမှုမှာစွပ်စွဲခံရသူတွေကို စွဲချက်တင်နိုင်လောက်တဲ့ သက်သေထွက်ချက်တွေကို ကျနော်တို့ မတွေ့ရတဲ့အတွက်ကြောင့် တရားရုံးက တရားရှင်လွှတ်တာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ကျနော်တို့ကပြောရမှာဖြစ်ပါတယ်”

ဒီနေ့ပြန်လည်လွတ်မြောက်လာသူတွေအထဲမှာပါဝင်တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ကိုစည်သူအောင်ကတော့ တပ်မတော်က စစ်ဆေးခဲ့တဲ့ဒဏ်တွေကြောင့် ဖမ်းဆီးခံထားရစဉ် ဆေးကုသမှု ငါးကြိမ်အထိ ခံယူခဲ့ရတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

“ကျနော်တို့က နေမကောင်းဖြစ်နေတဲ့သူတွေကို ဆေးရုံကိုပို့တဲ့အချိန်မှာ လမ်းမှာ စစ်တပ်ကနေပြီးတော့ ဖမ်းတယ်။ စစ်တပ်ကဖမ်းဆီးပြီးနောက် ရိုက်တယ်၊ နှက်တယ်။ အဲဒီနောက် ရဲလက်ထဲအပ်တယ်။ ရဲလက်ထဲရောက်ချိန်မှာ စစ်ကြောရေးမှာတုန်းက ရှော့တိုက်တာတွေကို ကြုံခဲ့ရတယ်။ အဲဒီဒဏ်တွေကြောင့် ထောင်အချုပ်ထဲရောက်လာချိန်မှာတော့ သွေးအန်တယ်။ ဆေးရုံကို ငါးကြိမ်လောက် တက်ခဲ့ရပါတယ်”

တပ်မတော်ပြောခွင့်ရသူတွေကတော့ သံသယနဲ့ခေါ်ယူစစ်ဆေးသူတွေကို တပ်မတော်က ဥပဒေအတိုင်း စစ်ဆေးတာဖြစ်ပြီး ရိုက်နှက်၊ ညှဉ်းပမ်းနှိပ်စက်ပြီး စစ်ဆေးတာလုံးဝမရှိဘူးလို့ ပြောဆိုထားကြပါတယ်။

ဒီနေ့တရားရုံးကလွတ်မြောက်လာသူတွေဟာ အချိန် ၁၀ လကြာ ထိန်းသိမ်းစစ်ဆေးခံခဲ့ကြရတာ ဖြစ်ပါတယ်။

အပြစ်မရှိဘဲ အခုလို လပေါင်းများစွာထိန်းသိမ်းစစ်ဆေးခံရတဲ့အတွက် နစ်နာမှုတွေရှိခဲ့တယ်လို့ ဒီနေ့လွတ်မြောက်လာတဲ့ ကိုဇော်မင်းထွန်းရဲ့ဖခင် ဦးကျော်ဝင်းတင်က ပြောပါတယ်။

“ဖမ်းဆီးခံရပြီးနောက် နစ်နာမှုတွေကတော့ ရှိခဲ့တာပေါ့။ အရင်လုပ်လက်စ စီးပွားရေးလုပ်ငန်းတွေ ဘာမှမလုပ်နိုင်ခဲ့ဘူး။ မိဘတွေမှာလည်း ထိခိုက်ပျက်စီးတယ်။ သားကိုအားကိုးပြီးလုပ်ခဲ့တဲ့ အလုပ်တွေဟာ သားဖမ်းဆီးခံနေရတော့ လယ်ယာလုပ်ငန်းတွေကို ဘာမှမလုပ်ခဲ့ရဘူး”

ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးခဲ့သူတွေအထဲမှာ အခုလိုအပြစ်မရှိသူတွေလည်း ပါဝင်တာကြောင့် သူတို့ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ပြောလာသူက ဒီနေ့လွတ်မြောက်လာသူ ကိုစည်သူအောင်ရဲ့ ဖခင် ဦးမောင်သောင်းအေး ဖြစ်ပါတယ်။

“အမှုမမြောက်ဘဲဖမ်းထားတဲ့သူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့သားတွေမှာလည်း အပြစ်မရှိခဲ့ဘူး။ နောက်ထပ်ဖမ်းထားတဲ့သူတွေမှာလည်း အပြစ်မရှိဘူးဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာတွေက ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်ပြီး အကြမ်းဖက်ဥပဒေနဲ့အမှုရင်ဆိုင်နေရသူ လေးဦးကို စစ်တွေခရိုင်တရားရုံးက မှားယွင်းဖမ်းဆီးမှုလို့သုံးသပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ပတ်သက်လို့ သံသယနဲ့ အမှုဖွင့်ခံရထားရသူဟာ ၅၀၀ ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ေအေအတပ္ဖြဲ႕ဝင္ေတြလို႔ စြပ္စြဲခံရသူ ၁၂ ဦးကို တရား႐ုံးကျပန္လႊတ္ေပး ေအေအတပ္ဖြဲ႕ဝင္ေတြလို႔ စြပ္စြဲခံရသူ ၁၂ ဦးကို တရား႐ုံးကျပန္လႊတ္ေပး Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.