ရာထူးႀကီးသူ ေတြကို ကားပါမစ္ထုတ္ေပးတာ ဘာေၾကာင့္လဲ

ကားအေရာင္းျပခန္း
(Zawgyi)⤵⤵⤵
တိုင္းျပည္တာဝန္ထမ္းေဆာင္ေနတဲ့ သူေတြကို လိုအပ္ခ်က္အရ သက္သာေခ်ာင္ခ်ိမႈနဲ႔ အခုလို ကား တင္သြင္းခြင့္ျပဳရတာျဖစ္တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဝန္ႀကီးေဒါက္တာ သန္းျမင့္ကေျပာပါတယ္။

"ကားဟာ စီးပြားေရးအရ လိုအပ္ခ်က္ရွိသလို၊ လူမႈေရးအရ လည္း လိုအပ္ခ်က္ရွိတာေၾကာင့္ လုပ္ေပးလိုက္တဲ့ သေဘာပါ၊ ကညန အခြန္ေတာ့ သက္သာေပမယ့္ အေကာတ္ခြန္ႏူန္းထားေတြကေတာ့ေဆာင္ရ မွာပါ "လို႔ သူကေျပာပါတယ္။

သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔က တန္ဖိုး သိန္း ၁၅၀၀ တန္ဖိုးရွိကားကို တင္သြင္းခြင့္ရသလို၊ ဒုၫႊန္ခ်ဳပ္နဲ႔ လုပ္သက္ ၂၅ႏွစ္ရွိ ဝန္ထမ္းေကာင္းေတြကေတာ့ သိန္း ၃၀၀ တန္ဖိုးရွိတဲ့ ကားကိုတင္သြင္း ခြင့္ရမွာျဖစ္ပါတယ္။

ျပည္သူေတြကေတာ့ အဲဒီကားတင္သြင္းခြင့္ ရတဲ့ အေပၚေဝဖန္ေန ၾကၿပီးလာမယ့္ ဇန္နဝါရီလ ၂၇ရက္မွာ စမယ့္ လႊတ္ေတာ္ မွာ လည္း ကိုယ္စားလွယ္ေတြက ေမးခြန္းေမးမယ္လို႔ လည္းေျပာဆိုမႈေတြရွိပါတယ္ ။
ဒုၫႊန္ခ်ဳပ္နဲ႔ လုပ္သက္ ၂၅ႏွစ္ရွိ ဝန္ထမ္းေကာင္းေတြကေတာ့ သိန္း ၃၀၀ တန္ဖိုးရွိတဲ့ ကားကိုတင္သြင္း ခြင့္ရ

အစိုးရအရာရွိႀကီးေတြ အတြက္ တကယ္ဘဲ လိုအပ္သလား

အခုကားပါမစ္ထုတ္ေပးတာကို ႏိုင္ငံဝန္ထမ္းနဲ႔ ျပည္သူ႔ဝန္ထမ္းေတြထဲက ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔အထက္ဝန္ထမ္းေတြ ကရမွာ ျဖစ္ၿပီးေတာ့ ဒုတိယ အဆင့္အေနနဲ႔ ကေတာ့ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံဝန္ထမ္းေကာင္း တံဆိပ္ရရွိသူေတြကို ေဆာင္႐ႊက္ေပးမွာျဖစ္တယ္ လို႔ လည္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ကထုတ္ျပန္ထားပါတယ္ ။

သမၼတနဲ႔ အတိုင္ပင္ခံ ပုဂၢိဳလ္တို႔က ဆိပ္ကမ္းအေရာက္ သိန္း ၁၅၀၀ တန္ ကားတင္သြင္းခြင့္၊ ဒုတိယသမၼတေတြနဲ႔ တူညီတဲ့အဆင့္ရွိသူေတြက သိန္း ၁၂၀၀ တန္ကားတင္သြင္းခြင့္၊ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္တိုင္း ဝန္ႀကီးခ်ဳပ္ေတြအျပင္ အဲဒီ အဆင့္တူ ဝန္ထမ္းေတြက သိန္း ၁၀၀၀ တန္ကားတင္သြင္းခြင့္၊ ဒုဝန္ႀကီး ေတြ၊ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးေတြ၊ ေကာ္မရွင္ဥကၠ႒ေတြနဲ႔ အဖြဲ႕ဝင္ေတြက သိန္း ၇၀၀တန္ကားတင္သြင္းခြင့္ အၿမဲတမ္းအတြင္းဝန္နဲ႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြက သိန္း ၅၀၀ တန္ကားတင္သြင္းခြင့္နဲ႔ ဒုၫႊန္ခ်ဳပ္ အဆင့္နဲ႔ လုပ္သက္ ၂၅ႏွစ္ျပည့္ ဝန္ထမ္းေကာင္းတံဆိပ္ရထားသူေတြကေတာ့ သိန္း ၃၀၀ တန္ ကားတင္သြင္းခြင့္ေတြကို ရရွိၾကမွာျဖစ္ပါ တယ္။

ၫႊန္ခ်ဳပ္အပါအဝင္သမၼတ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္တိုင္း ဝန္ႀကီးခ်ဳပ္ နဲ႔ ဝန္ႀကီးေတြဟာ အထက္ ႏိုင္ငံေတာ္ ကအိမ္ ကားစသည္ျဖင့္ ေထာက္ပံ့ေပးထားတာေၾကာင့္ အခုလို ကားတင္သြင့္ခြင့္ ထပ္ေပးတာ မျဖစ္သင့္ဘူးလို႔လည္းေဝဖန္မႈေတြရွိပါတယ္ ။

ဒါနဲ႔ပတ္သက္လို႔ ဒုဝန္ႀကီးေဒါက္တာသန္းျမင့္ က ေတာ့ လုပ္သက္၂၅ ႏွစ္ အထက္ ဝန္ထမ္းေကာင္းတံဆိပ္ရထားသူေတြ ကေတာ့ အကုန္လုံး ကားမရွိေၾကာင္းလည္း ဘီဘီစီကိုေျပာပါတယ္။
ကညန ကားကို လိုင္စင္ဝင္ရန္စစ္ေဆးစဥ္

အစိုးရေပးထားတဲ့ ကားေတြျပန္သိမ္းမလား

ဒါအျပင္ သူတို႔ ကို အခုလို ကားတင္သြင္းခြင့္ျပဳၿပီးေနာက္ပိုင္းမွာေတာ့ သူတို႔ကို ေထာက္ပံ့ထားတဲ့ ကားေတြျပန္သိမ္း ဖို႔ စဥ္းစားတာလည္းျဖစ္ေကာင္းျဖစ္လာႏိုင္တယ္ လို႔လည္းေဒါက္တာသန္းျမင့္ ကေျပာပါတယ္ ။

အခုသတ္မွတ္တဲ့ ဆိပ္ကမ္းေရာက္ေဈးႏႈန္းေတြအရဆိုရင္ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔က ေဒၚလာတစ္သိန္းတန္ နဲ႔ ျပည္ေထာင္စုအဆင့္ဝင္ေတြကလည္း အေမရိကန္ေဒၚလာ တသိန္းေအာက္ နာမည္ေက်ာ္ ဇိမ္ခံကားေတြကိုဝယ္ယူႏိုင္မွာျဖစ္တယ္လို႔ကားေလာကေရာင္းဝယ္ၾကသူေတြကေျပာပါတယ္။

လုပ္သက္၂၅ ႏွစ္အထက္ ဝန္းထမ္းေတြ လစာနဲ႔ ကားရဲ႕ဆီဖိုးအပါအဝင္ ျပင္ဆင္စရိတ္ေတြရွိတာ ေၾကာင့္ သူတို႔ လစာနဲ႔ ကားေရရွည္စီးဖို႔ဆိုတာ မျဖစ္ႏိုင္ဘဲ၊ အဂတိကို အားေပးသလိုျဖစ္ေၾကာင္းလည္း ကားတင္သြင္းခြင့္ျပဳတဲ့အေပၚ ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္တင္သြင္း၊ ထုတ္လုပ္၊ ျဖန႔္ျဖဴးေရးလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ေဒါက္တာ စိုးထြန္း ေျပာပါတယ္။

ပါမစ္ေဈးကြက္တစ္ခုထပ္ေပၚလာႏိုင္ဟုခန္႔မွန္း
လက္ရွိေတာ့ ဒုၫႊန္ခ်ဳပ္ကေနစၿပီး ႏိုင္ငံေတာ္သမၼတအထိ ဦးေရး ၈၀၀ ကေန ၉၀၀ ၾကားမွာရွိတယ္လို႔ စာရင္းျပဳစုထားၿပီး ၊၂၅ႏွစ္နဲ႔အထက္ ဝန္ထမ္းေကာင္းတံဆိပ္ရသူေတြကေတာ့ သက္ဆိုင္ရာဝန္ႀကီးဌာန ေတြရဲ႕ စာရင္းျပဳစုခ်က္ေတြအရသာ သိရွိႏိုင္မွာျဖစ္ၿပီး အေရအတြက္ အတိအက်မသိရေသး ဘူးလို႔လည္း အစိုးရဘက္ကေန သိရပါတယ္။
ကားပါမစ္ အေရာင္းအဝယ္။

ဒါအျပင္ ဒီ ကားတင္သြင္းခြင့္ေတြဟာ အရင္ကားေလာက မွာရွိခဲ့တဲ့ ပါမစ္အေရာင္းအဝယ္ ပုံစံမ်ိဳးျပန္ျဖစ္လာႏိုင္တယ္လို႔ ကားဝယ္ေရာင္းလုပ္ကိုင္သူတစ္ဦးကေျပာပါတယ္။

အခုလို ကားတင္သြင္းခြင့္ပါမစ္ေတြဟာ အျပင္မွာ ျပန္ၿပီးအေရာင္းဝယ္ ျဖစ္လာႏိုင္တယ္ဆိုတာကို လည္း ဝန္ႀကီးဌာနေတြကဝိုင္းၿပီးထိန္းဖို႔လိုတယ္လို႔လည္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာပါတယ္ ။

ျပန္မေရာင္းရဆိုတဲ့ ကန႔္သတ္ခ်က္ပါေပမယ့္၊ ဒါကိုထိန္းဖို႔ဆိုတာက လည္း လက္ေတြ႕မွာ ထင္သေလာက္မလြယ္ဘူးလို႔ သူကရွင္းျပပါတယ္။

ဒါေပမယ့္ ျပန္ေရာင္းခ်ရင္ ဘယ္လိုအေရးယူမွာနဲ႔ ဘယ္အခ်ိန္ေတြမွာ ကားတင္သြင္းခြင့္ျပဳမယ္ဆိုတာ ေတြကိုေတာ့ မသိရေသးပါဘူး။

အခုလိုကားတင္သြင္းခြင့္ကို ဦးသိန္းစိန္အစိုးရ လက္ထက္က လက္နက္ကိုင္ တိုင္းရင္းသားေတြအတြက္ ခြင့္ျပဳေပးခဲ့ဖူးၿပီး အစိုးရတာဝန္ရွိသူေတြနဲ႔ ဝန္ထမ္းေတြကိုေတာ့ ခြင့္ျပဳေပးခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရာထူးကြီးသူ တွေကို ကားပါမစ်ထုတ်ပေးတာ ဘာကြောင့်လဲ

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ကားအရောင်းပြခန်း

တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ သူတွေကို လိုအပ်ချက်အရ သက်သာချောင်ချိမှုနဲ့ အခုလို ကား တင်သွင်းခွင့်ပြုရတာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ သန်းမြင့်ကပြောပါတယ်။

"ကားဟာ စီးပွားရေးအရ လိုအပ်ချက်ရှိသလို၊ လူမှုရေးအရ လည်း လိုအပ်ချက်ရှိတာကြောင့် လုပ်ပေးလိုက်တဲ့ သဘောပါ၊ ကညန အခွန်တော့ သက်သာပေမယ့် အကောတ်ခွန်နူန်းထားတွေကတော့ဆောင်ရ မှာပါ "လို့ သူကပြောပါတယ်။

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တန်ဖိုး သိန်း ၁၅၀၀ တန်ဖိုးရှိကားကို တင်သွင်းခွင့်ရသလို၊ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရမှာဖြစ်ပါတယ်။

ပြည်သူတွေကတော့ အဲဒီကားတင်သွင်းခွင့် ရတဲ့ အပေါ်ဝေဖန်နေ ကြပြီးလာမယ့် ဇန်နဝါရီလ ၂၇ရက်မှာ စမယ့် လွှတ်တော် မှာ လည်း ကိုယ်စားလှယ်တွေက မေးခွန်းမေးမယ်လို့ လည်းပြောဆိုမှုတွေရှိပါတယ် ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရ
အစိုးရအရာရှိကြီးတွေ အတွက် တကယ်ဘဲ လိုအပ်သလား

အခုကားပါမစ်ထုတ်ပေးတာကို နိုင်ငံဝန်ထမ်းနဲ့ ပြည်သူ့ဝန်ထမ်းတွေထဲက ညွှန်ကြားရေးမှူးချုပ်နဲ့အထက်ဝန်ထမ်းတွေ ကရမှာ ဖြစ်ပြီးတော့ ဒုတိယ အဆင့်အနေနဲ့ ကတော့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရရှိသူတွေကို ဆောင်ရွှက်ပေးမှာဖြစ်တယ် လို့ လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ် ။

သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ဆိပ်ကမ်းအရောက် သိန်း ၁၅၀၀ တန် ကားတင်သွင်းခွင့်၊ ဒုတိယသမ္မတတွေနဲ့ တူညီတဲ့အဆင့်ရှိသူတွေက သိန်း ၁၂၀၀ တန်ကားတင်သွင်းခွင့်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေအပြင် အဲဒီ အဆင့်တူ ဝန်ထမ်းတွေက သိန်း ၁၀၀၀ တန်ကားတင်သွင်းခွင့်၊ ဒုဝန်ကြီး တွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေက သိန်း ၇၀၀တန်ကားတင်သွင်းခွင့် အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ်တွေက သိန်း ၅၀၀ တန်ကားတင်သွင်းခွင့်နဲ့ ဒုညွှန်ချုပ် အဆင့်နဲ့ လုပ်သက် ၂၅နှစ်ပြည့် ဝန်ထမ်းကောင်းတံဆိပ်ရထားသူတွေကတော့ သိန်း ၃၀၀ တန် ကားတင်သွင်းခွင့်တွေကို ရရှိကြမှာဖြစ်ပါ တယ်။

ညွှန်ချုပ်အပါအဝင်သမ္မတ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေဟာ အထက် နိုင်ငံတော် ကအိမ် ကားစသည်ဖြင့် ထောက်ပံ့ပေးထားတာကြောင့် အခုလို ကားတင်သွင့်ခွင့် ထပ်ပေးတာ မဖြစ်သင့်ဘူးလို့လည်းဝေဖန်မှုတွေရှိပါတယ် ။

ဒါနဲ့ပတ်သက်လို့ ဒုဝန်ကြီးဒေါက်တာသန်းမြင့် က တော့ လုပ်သက်၂၅ နှစ် အထက် ဝန်ထမ်းကောင်းတံဆိပ်ရထားသူတွေ ကတော့ အကုန်လုံး ကားမရှိကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် TAK
Image caption ကညန ကားကို လိုင်စင်ဝင်ရန်စစ်ဆေးစဉ်
အစိုးရပေးထားတဲ့ ကားတွေပြန်သိမ်းမလား

ဒါအပြင် သူတို့ ကို အခုလို ကားတင်သွင်းခွင့်ပြုပြီးနောက်ပိုင်းမှာတော့ သူတို့ကို ထောက်ပံ့ထားတဲ့ ကားတွေပြန်သိမ်း ဖို့ စဉ်းစားတာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ် လို့လည်းဒေါက်တာသန်းမြင့် ကပြောပါတယ် ။

အခုသတ်မှတ်တဲ့ ဆိပ်ကမ်းရောက်ဈေးနှုန်းတွေအရဆိုရင် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒေါ်လာတစ်သိန်းတန် နဲ့ ပြည်ထောင်စုအဆင့်ဝင်တွေကလည်း အမေရိကန်ဒေါ်လာ တသိန်းအောက် နာမည်ကျော် ဇိမ်ခံကားတွေကိုဝယ်ယူနိုင်မှာဖြစ်တယ်လို့ကားလောကရောင်းဝယ်ကြသူတွေကပြောပါတယ်။

လုပ်သက်၂၅ နှစ်အထက် ဝန်းထမ်းတွေ လစာနဲ့ ကားရဲ့ဆီဖိုးအပါအဝင် ပြင်ဆင်စရိတ်တွေရှိတာ ကြောင့် သူတို့ လစာနဲ့ ကားရေရှည်စီးဖို့ဆိုတာ မဖြစ်နိုင်ဘဲ၊ အဂတိကို အားပေးသလိုဖြစ်ကြောင်းလည်း ကားတင်သွင်းခွင့်ပြုတဲ့အပေါ် မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ပါမစ်ဈေးကွက်တစ်ခုထပ်ပေါ်လာနိုင်ဟုခန့်မှန်း

လက်ရှိတော့ ဒုညွှန်ချုပ်ကနေစပြီး နိုင်ငံတော်သမ္မတအထိ ဦးရေး ၈၀၀ ကနေ ၉၀၀ ကြားမှာရှိတယ်လို့ စာရင်းပြုစုထားပြီး ၊၂၅နှစ်နဲ့အထက် ဝန်ထမ်းကောင်းတံဆိပ်ရသူတွေကတော့ သက်ဆိုင်ရာဝန်ကြီးဌာန တွေရဲ့ စာရင်းပြုစုချက်တွေအရသာ သိရှိနိုင်မှာဖြစ်ပြီး အရေအတွက် အတိအကျမသိရသေး ဘူးလို့လည်း အစိုးရဘက်ကနေ သိရပါတယ်။
ကားပါမစ် အရောင်းအဝယ်။

ဒါအပြင် ဒီ ကားတင်သွင်းခွင့်တွေဟာ အရင်ကားလောက မှာရှိခဲ့တဲ့ ပါမစ်အရောင်းအဝယ် ပုံစံမျိုးပြန်ဖြစ်လာနိုင်တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

အခုလို ကားတင်သွင်းခွင့်ပါမစ်တွေဟာ အပြင်မှာ ပြန်ပြီးအရောင်းဝယ် ဖြစ်လာနိုင်တယ်ဆိုတာကို လည်း ဝန်ကြီးဌာနတွေကဝိုင်းပြီးထိန်းဖို့လိုတယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ် ။

ပြန်မရောင်းရဆိုတဲ့ ကန့်သတ်ချက်ပါပေမယ့်၊ ဒါကိုထိန်းဖို့ဆိုတာက လည်း လက်တွေ့မှာ ထင်သလောက်မလွယ်ဘူးလို့ သူကရှင်းပြပါတယ်။

ဒါပေမယ့် ပြန်ရောင်းချရင် ဘယ်လိုအရေးယူမှာနဲ့ ဘယ်အချိန်တွေမှာ ကားတင်သွင်းခွင့်ပြုမယ်ဆိုတာ တွေကိုတော့ မသိရသေးပါဘူး။

အခုလိုကားတင်သွင်းခွင့်ကို ဦးသိန်းစိန်အစိုးရ လက်ထက်က လက်နက်ကိုင် တိုင်းရင်းသားတွေအတွက် ခွင့်ပြုပေးခဲ့ဖူးပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကိုတော့ ခွင့်ပြုပေးခဲ့တာမျိုးမရှိခဲ့ပါဘူး။

BBC Burmese
https://www.bbc.com
ရာထူးႀကီးသူ ေတြကို ကားပါမစ္ထုတ္ေပးတာ ဘာေၾကာင့္လဲ ရာထူးႀကီးသူ ေတြကို ကားပါမစ္ထုတ္ေပးတာ ဘာေၾကာင့္လဲ Reviewed by THITHTOOLWIN on 02:47 Rating: 5
Powered by Blogger.