အေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းမွာ တပ္ရဲ႕ ႏိုင္ငံေရးက႑ကို ေလွ်ာ့ခ်ထား

(Zawgyi)⤵⤵⤵
အေျခခံဥပေဒျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီက ျပင္ဆင္ေရးမူၾကမ္း ႏွစ္ရပ္ကို ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ ကို တင္သြင္းရာမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ႏိုင္ငံေရးမွာ ပါဝင္ႏိုင္တဲ့ အာဏာကို ေလွ်ာ့ခ်တဲ့အခ်က္ေတြနဲ႔ တပ္မေတာ္ရဲ႕ လႊတ္ေတာ္မွာ အလိုအေလ်ာက္ေနရာရမႈကို တျဖည္းျဖည္း ေလွ်ာ့ခ်ႏိုင္မယ့္ အခ်က္ေတြ ထည့္သြင္းေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္သည္ လက္နက္ကိုင္တပ္ဖြဲ႕ အားလုံး၏ အႀကီးအကဲျဖစ္သည္ဆိုတဲ့ ပုဒ္မ (၂၀) ပုဒ္မခြဲ  (ဂ) ကို ပယ္ဖ်က္ဖို႔ဆိုတဲ့ အခ်က္ ပါဝင္ပါတယ္။

အေျခခံဥပေဒ ပုဒ္မ ( ၄၀ ) ပုဒ္မခြဲ ( ဂ ) မွာ အေရးေပၚအေျခအေန ေပၚေပါက္လာရင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္အာဏာကို အေျခခံဥပေဒပါ ျပ႒ာန္းခ်က္နဲ႔အညီ ရယူသုံးစြဲခြင့္ရွိတယ္လို႔ ျပ႒ာန္းထားပါတယ္။

ေကာ္မတီက အဲဒီအခ်က္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္ ဆိုတဲ့ စကားလုံးကို ပယ္ဖ်က္လိုက္ၿပီး “အေရးေပၚ အေျခအေန ေပၚေပါက္လွ်င္ ျပည္ေထာင္စုလႊတ္ေတာ္သည္ ႏိုင္ငံေတာ္အာဏာကို ႏိုင္ငံေတာ္ သမၼတက ဦးေဆာင္၍ တာဝန္ယူ ေဆာင္႐ြက္ႏိုင္မည့္ အစီအစဥ္တစ္ရပ္အား အတည္ျပဳ ဆုံးျဖတ္ ေဆာင္႐ြက္ရမည္” လို႔ အစားထိုးထားတာ ေတြ႕ရပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ကိုယ္စားလွယ္ အမ်ားစုပါဝင္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးပါင္းေကာ္မတီ ဥကၠ႒ ဦးထြန္းထြန္းဟိန္ အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၅၁ ဦး လက္မွတ္နဲ႔ ဥပေဒမူၾကမ္း ႏွစ္ရပ္ကို တင္ျပထားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက က ဒီေန႔ အသိေပးခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးပါင္းေကာ္မတီက တင္ျပတဲ့ ဥပေဒမူၾကမ္း ႏွစ္ခု၊ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေတြ တင္ျပထားတဲ့ မူၾကမ္း ငါးခု၊ စုစုေပါင္း ျပင္ဆင္ေရးမူၾကမ္း ခုႏွစ္ခုကို တစ္ၿပိဳင္တည္း ေဆြးေႏြးဖို႔ ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီကိုလည္း ဖြဲ႕စည္းလိုက္ပါတယ္။

ဒီေန႔ ဖြဲ႕စည္းလိုက္တဲ့ ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီရဲ႕ အတြင္းေရးမႉးျဖစ္သူ ေဒါက္တာ ျမတ္ဉာဏစိုးက ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီမွာ ပါဝင္တဲ့ အဖြဲ႕ဝင္ေတြကို ျပင္ဆင္ေျပာင္းလဲတဲ့ အခ်က္ေတြ ဥပေဒမူၾကမ္းမွာ ပါဝင္တယ္လို႔ ေျပာပါတယ္။

ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီမွာ ႏိုင္ငံေတာ္ သမၼတ၊ ဒုသမၼတ ႏွစ္ဦး၊ လႊတ္ေတာ္ ဥကၠ႒ေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီး ၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ နယ္စပ္ေရးရာ ဝန္ႀကီး စတဲ့ တာဝန္ရွိသူ ၁၁ ဦးပါဝင္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၅ ဟာ အဖြဲ႕ဝင္ ၁၁ ဦးပါ ကာလုံအဖြဲ႕မွာ တပ္မေတာ္နဲ႔ သက္ဆိုင္သူက ေျခာက္ဦး၊ အရပ္ဘက္က ငါးဦးသာ ပါဝင္ခြင့္ေပးထားတယ္ဆိုၿပီး ျပင္ဆင္ဖို႔ တင္ျပတာေတြရွိခဲ့ပါတယ္။

ဒီေန႔ တင္ျပတဲ့ ျပင္ဆင္ေရး မူၾကမ္းထဲမွာ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကို ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအဖြဲ႕ အျဖစ္ကေန ပယ္ဖ်ယ္ဖို႔ ျပင္ဆင္ထားတယ္။

ျပည္သူ႔လႊတ္ေတာ္ နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယ ဥကၠ႒ ႏွစ္ဦးကို ကာလုံထဲမွာ ထည့္သြင္းဖို႔ ျပင္ဆင္ထားတဲ့အတြက္ အဲဒီမူၾကမ္းအရ အဖြဲ႕ဝင္ ၁၂ ဦးအထိ ရွိလာမွာျဖစ္ပါတယ္။

ရခိုင္အမ်ိဳးသားပါတီက ကိုယ္စားလွယ္ေတြကေတာ့ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို ဖ်က္သိမ္းဖို႔အထိ တင္ျပတာေတြရွိခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတအျဖစ္ တာဝန္မယူႏိုင္ဖို႔ ပိတ္ပင္ထားတယ္ဆိုၿပီး ယူဆေနၾကတဲ့ ပုဒ္မ ၅၉ (စ) ကိုလည္း ပယ္ဖ်က္ဖို႔ ပါဝင္ပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္အပါအဝင္ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္မွာ ပါဝင္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ အေရအတြက္ကိုလည္း တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်သြားဖို႔ တင္ျပထားပါတယ္။

လက္ရွိ လႊတ္ေတာ္ဟာ ဒုတိယအႀကိမ္ေျမာက္ျဖစ္တဲ့အတြက္ လာမယ့္ တတိယအႀကိမ္မွာ တပ္မေတာ္သား ကိုယ္စားလွယ္ အေရအတြက္ကို ၂၅ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းအထိ၊ စတုတၳအႀကိမ္ေျမာက္မွာ ၁၀ ရာခိုင္ႏႈန္းအထိ၊ ပၪၥမအႀကိမ္မွာ ၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ဖို႔ အခ်က္ပါဝင္ပါတယ္။

အရပ္ဘက္ စစ္ဘက္ဆက္ဆံေရးအရ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သားကိုယ္စားလွယ္ ရာခိုင္ႏႈန္း ငါးရာခိုင္ႏႈန္း ကေတာ့ ဆက္ၿပီးရွိေနသင့္တယ္လို႔ အမ်ားက ဆုံးျဖတ္ခဲ့တယ္လို႔ ေဒါက္တာ ျမတ္ဉာဏစိုးက ေျပာပါတယ္။

တပ္မေတာ္သား ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယ ဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္းက လႊတ္ေတာ္ကို တင္ျပလာတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးပါင္းေကာ္မတီရဲ႕ ဥပေဒမူၾကမ္း ႏွစ္ခုဟာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ သေဘာထား လုံး၀ မပါဝင္ဘူးလို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

အဲဒီ ဥပေဒမူၾကမ္း ႏွစ္ခုကို တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေတြဘက္က သေဘာတူ လက္မွတ္ထိုးျခင္း မရွိခဲ့ပါဘူး။

ကာလုံကို ျပင္ဆင္ဖို႔ အပါအဝင္ တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ေလွ်ာ့ခ်ဖို႔ စတဲ့ အခ်က္ေတြ ပါဝင္လာတဲ့အေပၚ လက္ရွိအခ်ိန္မွာ မွတ္ခ်က္ျပဳဖို႔ မရွိေသးဘဲ လႊတ္ေတာ္ထဲကို ေရာက္လာရင္ေတာ့ ေဆြးေႏြးသြားမယ္လို႔ ဒုတိယ ဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္း က ေျပာပါတယ္။

ဒါေပမဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ေဆြးေႏြးတဲ့အခါ ျပင္ဆင္သင့္တဲ့ အခ်က္ေတြရွိလာရင္ေတာ့ တပ္မေတာ္ဘက္က ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

ဒီေန႔ လႊတ္ေတာ္ကို တင္ျပလာတဲ့ ဥပေဒမူၾကမ္းေတြထဲမွာ ပုဒ္မ ၄၃၆ ( က ) ( ခ)  ျပင္ဆင္ေရးလည္း ပါဝင္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ သုံးပုံ ႏွစ္ပုံက ဥပေဒပုဒ္မ တစ္ခုကို ျပင္ဆင္ဖို႔ သေဘာတူရင္ ျပင္ဆင္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိတည္ဆဲျဖစ္တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၁၂ မွာပါတဲ့ ပုဒ္မ ၄၃၆ (က) အရ ပုဒ္မေတြကို ျပင္ဆင္လိုရင္ လႊတ္ေတာ္ ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္႐ုံနဲ႔ မရေသးဘဲ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ က်င္းပရမယ္လို႔ ျပဌာန္းထားပါတယ္။

ပုဒ္မ ၄၃၆ (ခ)မွာ ျပဌာန္းခ်က္အရ တခ်ိဳ႕ပုဒ္မေတြကို လႊတ္ေတာ္ ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္က သေဘာတူရင္ ျပင္ဆင္ေရး ေဆာင္႐ြက္ႏိုင္တယ္လို႔ ပါရွိပါတယ္။

၄၅ ဦးေကာ္မတီက တင္ျပတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA ကို ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ အဆက္အသြယ္ မရခဲ့ပါဘူး။

ရန္ကုန္ၿမိဳ႕က တိုင္းရင္းသားအေရး၊ ႏိုင္ငံေရး ေလ့လာေစာင့္ၾကည့္သူ ဦးေမာင္ေမာင္စိုးက ၄၅ ဦး ေကာ္မတီရဲ႕ အေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းပါ ျပင္ဆင္ခ်က္ေတြက ဒီမိုကေရစီႏိုင္ငံေတြမွာ ရွိသင့္တဲ့ အခ်က္ေတြကို လူထုကို  ခ်ျပတယ္လို႔ ျမင္ေၾကာင္း သုံးသပ္ပါတယ္။

“ျပင္ဆင္ဖို႔ကို တပ္မေတာ္က လက္ရွိအေနအထားအရ လက္ခံႏိုင္ဖို႔ အလားအလာ မရွိပါဘူး” လို႔ ဦးေမာင္ေမာင္စိုးက RFA ကို ေျပာပါတယ္။

လႊတ္ေတာ္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ တစ္ခုျဖစ္တဲ့ ပြင့္လင္းျမန္မာေရွ႕ေဆာင္အဖြဲ႕ OMI အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္ကို ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ျဖစ္ေပၚလာႏိုင္တဲ့အေျခအေနကို ဆက္သြယ္ ေမးျမန္းခဲ့ပါတယ္။

ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဥပေဒမူၾကမ္း ခုႏွစ္ခုကို လႊတ္ေတာ္မွာ ေဆြးေႏြးဖို႔ ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီကို ဒီေန႔ ဖြဲ႕စည္းခဲ့ၿပီး အဲဒီေကာ္မတီက ျပည္ေထာင္စု လႊတ္ေတာ္ကို အစီရင္ခံစာ တင္သြင္းရမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းမှာ တပ်ရဲ့ နိုင်ငံရေးကဏ္ဍကို လျှော့ချထား

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီက ပြင်ဆင်ရေးမူကြမ်း နှစ်ရပ်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ကို တင်သွင်းရာမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ အာဏာကို လျှော့ချတဲ့အချက်တွေနဲ့ တပ်မတော်ရဲ့ လွှတ်တော်မှာ အလိုအလျောက်နေရာရမှုကို တဖြည်းဖြည်း လျှော့ချနိုင်မယ့် အချက်တွေ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုတဲ့ ပုဒ်မ (၂၀) ပုဒ်မခွဲ  (ဂ) ကို ပယ်ဖျက်ဖို့ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အခြေခံဥပဒေ ပုဒ်မ ( ၄၀ ) ပုဒ်မခွဲ ( ဂ ) မှာ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကော်မတီက အဲဒီအချက်မှာ ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ စကားလုံးကို ပယ်ဖျက်လိုက်ပြီး “အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော် သမ္မတက ဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြု ဆုံးဖြတ် ဆောင်ရွက်ရမည်” လို့ အစားထိုးထားတာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး လက်မှတ်နဲ့ ဥပဒေမူကြမ်း နှစ်ရပ်ကို တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ဒီနေ့ အသိပေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီက တင်ပြတဲ့ ဥပဒေမူကြမ်း နှစ်ခု၊ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ မူကြမ်း ငါးခု၊ စုစုပေါင်း ပြင်ဆင်ရေးမူကြမ်း ခုနှစ်ခုကို တစ်ပြိုင်တည်း ဆွေးနွေးဖို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို ပြင်ဆင်ပြောင်းလဲတဲ့ အချက်တွေ ဥပဒေမူကြမ်းမှာ ပါဝင်တယ်လို့ ပြောပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နိုင်ငံခြားရေးဝန်ကြီး ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီး စတဲ့ တာဝန်ရှိသူ ၁၁ ဦးပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ ဟာ အဖွဲ့ဝင် ၁၁ ဦးပါ ကာလုံအဖွဲ့မှာ တပ်မတော်နဲ့ သက်ဆိုင်သူက ခြောက်ဦး၊ အရပ်ဘက်က ငါးဦးသာ ပါဝင်ခွင့်ပေးထားတယ်ဆိုပြီး ပြင်ဆင်ဖို့ တင်ပြတာတွေရှိခဲ့ပါတယ်။

ဒီနေ့ တင်ပြတဲ့ ပြင်ဆင်ရေး မူကြမ်းထဲမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ အဖြစ်ကနေ ပယ်ဖျယ်ဖို့ ပြင်ဆင်ထားတယ်။

ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကို ကာလုံထဲမှာ ထည့်သွင်းဖို့ ပြင်ဆင်ထားတဲ့အတွက် အဲဒီမူကြမ်းအရ အဖွဲ့ဝင် ၁၂ ဦးအထိ ရှိလာမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေကတော့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့အထိ တင်ပြတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တာဝန်မယူနိုင်ဖို့ ပိတ်ပင်ထားတယ်ဆိုပြီး ယူဆနေကြတဲ့ ပုဒ်မ ၅၉ (စ) ကိုလည်း ပယ်ဖျက်ဖို့ ပါဝင်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အပါအဝင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ် အရေအတွက်ကိုလည်း တဖြည်းဖြည်းချင်း လျှော့ချသွားဖို့ တင်ပြထားပါတယ်။

လက်ရှိ လွှတ်တော်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်တဲ့အတွက် လာမယ့် တတိယအကြိမ်မှာ တပ်မတော်သား ကိုယ်စားလှယ် အရေအတွက်ကို ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ၊ စတုတ္ထအကြိမ်မြောက်မှာ ၁၀ ရာခိုင်နှုန်းအထိ၊ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ အချက်ပါဝင်ပါတယ်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးအရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ရာခိုင်နှုန်း ငါးရာခိုင်နှုန်း ကတော့ ဆက်ပြီးရှိနေသင့်တယ်လို့ အများက ဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်ကို တင်ပြလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီရဲ့ ဥပဒေမူကြမ်း နှစ်ခုဟာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောထား လုံး၀ မပါဝင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ ဥပဒေမူကြမ်း နှစ်ခုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေဘက်က သဘောတူ လက်မှတ်ထိုးခြင်း မရှိခဲ့ပါဘူး။

ကာလုံကို ပြင်ဆင်ဖို့ အပါအဝင် တပ်မတော်သားကိုယ်စားလှယ်တွေကို လျှော့ချဖို့ စတဲ့ အချက်တွေ ပါဝင်လာတဲ့အပေါ် လက်ရှိအချိန်မှာ မှတ်ချက်ပြုဖို့ မရှိသေးဘဲ လွှတ်တော်ထဲကို ရောက်လာရင်တော့ ဆွေးနွေးသွားမယ်လို့ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း က ပြောပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးတဲ့အခါ ပြင်ဆင်သင့်တဲ့ အချက်တွေရှိလာရင်တော့ တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ လွှတ်တော်ကို တင်ပြလာတဲ့ ဥပဒေမူကြမ်းတွေထဲမှာ ပုဒ်မ ၄၃၆ ( က ) ( ခ)  ပြင်ဆင်ရေးလည်း ပါဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံက ဥပဒေပုဒ်မ တစ်ခုကို ပြင်ဆင်ဖို့ သဘောတူရင် ပြင်ဆင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိတည်ဆဲဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့ ပုဒ်မ ၄၃၆ (က) အရ ပုဒ်မတွေကို ပြင်ဆင်လိုရင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရုံနဲ့ မရသေးဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ ၄၃၆ (ခ)မှာ ပြဌာန်းချက်အရ တချို့ပုဒ်မတွေကို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရင် ပြင်ဆင်ရေး ဆောင်ရွက်နိုင်တယ်လို့ ပါရှိပါတယ်။

၄၅ ဦးကော်မတီက တင်ပြတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကို မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

ရန်ကုန်မြို့က တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ၄၅ ဦး ကော်မတီရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းပါ ပြင်ဆင်ချက်တွေက ဒီမိုကရေစီနိုင်ငံတွေမှာ ရှိသင့်တဲ့ အချက်တွေကို လူထုကို  ချပြတယ်လို့ မြင်ကြောင်း သုံးသပ်ပါတယ်။

“ပြင်ဆင်ဖို့ကို တပ်မတော်က လက်ရှိအနေအထားအရ လက်ခံနိုင်ဖို့ အလားအလာ မရှိပါဘူး” လို့ ဦးမောင်မောင်စိုးက RFA ကို ပြောပါတယ်။

လွှတ်တော် လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း ခုနှစ်ခုကို လွှတ်တော်မှာ ဆွေးနွေးဖို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ဒီနေ့ ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီက ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းမွာ တပ္ရဲ႕ ႏိုင္ငံေရးက႑ကို ေလွ်ာ့ခ်ထား အေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းမွာ တပ္ရဲ႕ ႏိုင္ငံေရးက႑ကို ေလွ်ာ့ခ်ထား Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.