ေက်းသီးၿမိဳ႕တြင္ ႏွစ္ ၃၀ နီးပါးသက္တမ္းရွိ ဘုန္းႀကီးေက်ာင္းမီးေလာင္ ဆုံးရွုံးမွုတန္ဖိုးမ်ားျပား

(Zawgyi)⤵⤵⤵
ဇႏၷဝါရီလ ၆ ရက္ ၂၀၂၀

သၽွမ္းျပည္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္ ေနာင္ဆြမ္းရြာရွိ ဆိုင္လ်န္းထမ္းဘုန္းႀကီးေက်ာင္း မီးေလာင္ကၽြမ္းရာ ေက်ာင္းအတြင္းရွိ ပစၥည္းမ်ားအားလုံး ဆုံးရွုံးခဲ့ရေၾကာင္းသိရသည္။

ဇႏၷဝါရီလ ၃ ရက္ေန႔ည ၁၀ နာရီ ၂၀ မိနစ္အခ်ိန္ ဆိုင္လ်န္းထမ္း ဘုန္းႀကီးေက်ာင္း မီးေလာင္ ကၽြမ္းခဲ့ျခင္းျဖစ္ၿပီး လူသူထိခိုက္မွုေတာ့မရွိခဲ့ေၾကာင္းေနာင္ဆြမ္းရြာသား လုံးစိုင္းအိုက္ ကေျပာသည္။

“ဖေယာင္းတိုင္ ဘုရားမီးပူေဇာ္ထားၿပီးအိပ္ေပ်ာ္သြားၾကလို႔ မီးေလာင္သြားတာလို႔ၾကားရပါတယ္။ ဒါေၾကာင့္ဘာမွမရလိုက္ပါဘူး။ ကံေကာင္းတာေပါ့ လူဘာမွ မျဖစ္လို႔။” - ဟု လုံးစိုင္းအိုက္ ကေျပာသည္။

ဆုံးရွုံးမွုပစၥည္းမ်ားမွာ ကြန္ျပဴတာ ၂ လုံး၊ ပရင္တာ ၂ လုံး၊ ေငြသား ၂ သန္းေက်ာ္၊ အိပ္ယာထိုင္ခင္းမ်ားအားလုံး၊ ေမာင္းႀကီး ၂ လုံး၊ အိုးစည္ဗုံေမာင္း ၂ စုံ၊ မီးဖိုေခ်ာင္သုံးအိုးခြက္ ပန္းကန္ႏွင့္ ထမင္းစားစာပြဲမ်ားအားလုံး၊ စာၾကည့္တိုက္မွ စာအုပ္မ်ားအားလုံး၊ ပိဋိကတ္တရားေတာ္စာအုပ္မ်ားႏွင့္ ေရႊအတိခ်ထားေသာ မဟာျမတ္မုနိ ဆင္းထုေတာ္ အစရွိသည္တို႔ျဖစ္ေၾကာင္းသိရသည္။

“ ကိုယ္ရင္ေတြ သံဃာေတာ္ေတြအားလုံးေတာ့ ေဘးကင္းၾကပါတယ္။ အသက္လုၿပီးေျပးရေတာ့ ပစၥည္းေတြသာဆုံးရွုံးရတာ။ သံဃာေတာ္တပါးေတာ့ မီးေမာင္းထုၿပီး ေက်ာင္းေပၚကေနခုန္ဆင္းေတာ့ ေျခေထာက္နာသြားတယ္။ ” ဟု လုံးစိုင္းအိုက္ ကေျပာသည္။

နာရီဝက္ခန႔္အၾကာ ေလာင္ကၽြမ္းၿပီးမွ မီးသတ္ကား ၃ စီးေရာက္ရွိ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ေၾကာင္း ရြာသားမ်ားေျပာသည္။

အဆိုပါဆိုင္လ်န္းထမ္းေက်ာင္းတိုက္ကို ၁၉၉၂ ခုႏွစ္တြင္ ေဆာက္လုပ္လွူဒါန္းခဲ့ၾကၿပီး ဆရာေတာ္ဦးေဇာတိက က ဦးစီးေက်ာင္းထိုင္ပါသည္။

ဆိုင္းလ်န္းထမ္းေက်ာင္းတိုက္သည္ လဲခ်ား - ေက်းသီး ကားလမ္းႏွင့္ကပ္လ်က္ လမ္းအေနာက္ဘက္ျခမ္း ေနာင္ဆြမ္းရြာအတြင္း တည္ရွိပါသည္။ အဆိုပါေက်ာင္းတိုက္အား ေနာင္ဆြမ္းရြာ၊ ကုန္းေလရြာ၊ ဖိုင္မုန႔္ရြာ၊ ဟိုနားရြာ၊ ဝမ္လတ္းရြာ၊ ေခါက္ႏြဲ႕ရြာတို႔မွ ဒကာမ်ားက ေက်ာင္းတက္အလွူျပဳၾကေၾကာင္းလည္းသိရပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
ကျေးသီးမြို့တွင် နှစ် ၃၀ နီးပါးသက်တမ်းရှိ ဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုးများပြား

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
ဇန္နဝါရီလ ၆ ရက် ၂၀၂၀

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် နောင်ဆွမ်းရွာရှိ ဆိုင်လျန်းထမ်းဘုန်းကြီးကျောင်း မီးလောင်ကျွမ်းရာ ကျောင်းအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ဇန္နဝါရီလ ၃ ရက်နေ့ည ၁၀ နာရီ ၂၀ မိနစ်အချိန် ဆိုင်လျန်းထမ်း ဘုန်းကြီးကျောင်း မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်မှုတော့မရှိခဲ့ကြောင်းနောင်ဆွမ်းရွာသား လုံးစိုင်းအိုက် ကပြောသည်။

“ဖယောင်းတိုင် ဘုရားမီးပူဇော်ထားပြီးအိပ်ပျော်သွားကြလို့ မီးလောင်သွားတာလို့ကြားရပါတယ်။ ဒါကြောင့်ဘာမှမရလိုက်ပါဘူး။ ကံကောင်းတာပေါ့ လူဘာမှ မဖြစ်လို့။” - ဟု လုံးစိုင်းအိုက် ကပြောသည်။

ဆုံးရှုံးမှုပစ္စည်းများမှာ ကွန်ပြူတာ ၂ လုံး၊ ပရင်တာ ၂ လုံး၊ ငွေသား ၂ သန်းကျော်၊ အိပ်ယာထိုင်ခင်းများအားလုံး၊ မောင်းကြီး ၂ လုံး၊ အိုးစည်ဗုံမောင်း ၂ စုံ၊ မီးဖိုချောင်သုံးအိုးခွက် ပန်းကန်နှင့် ထမင်းစားစာပွဲများအားလုံး၊ စာကြည့်တိုက်မှ စာအုပ်များအားလုံး၊ ပိဋိကတ်တရားတော်စာအုပ်များနှင့် ရွှေအတိချထားသော မဟာမြတ်မုနိ ဆင်းထုတော် အစရှိသည်တို့ဖြစ်ကြောင်းသိရသည်။

“ ကိုယ်ရင်တွေ သံဃာတော်တွေအားလုံးတော့ ဘေးကင်းကြပါတယ်။ အသက်လုပြီးပြေးရတော့ ပစ္စည်းတွေသာဆုံးရှုံးရတာ။ သံဃာတော်တပါးတော့ မီးမောင်းထုပြီး ကျောင်းပေါ်ကနေခုန်ဆင်းတော့ ခြေထောက်နာသွားတယ်။ ” ဟု လုံးစိုင်းအိုက် ကပြောသည်။

နာရီဝက်ခန့်အကြာ လောင်ကျွမ်းပြီးမှ မီးသတ်ကား ၃ စီးရောက်ရှိ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း ရွာသားများပြောသည်။

အဆိုပါဆိုင်လျန်းထမ်းကျောင်းတိုက်ကို ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဦးဇောတိက က ဦးစီးကျောင်းထိုင်ပါသည်။

ဆိုင်းလျန်းထမ်းကျောင်းတိုက်သည် လဲချား - ကျေးသီး ကားလမ်းနှင့်ကပ်လျက် လမ်းအနောက်ဘက်ခြမ်း နောင်ဆွမ်းရွာအတွင်း တည်ရှိပါသည်။ အဆိုပါကျောင်းတိုက်အား နောင်ဆွမ်းရွာ၊ ကုန်းလေရွာ၊ ဖိုင်မုန့်ရွာ၊ ဟိုနားရွာ၊ ဝမ်လတ်းရွာ၊ ခေါက်နွဲ့ရွာတို့မှ ဒကာများက ကျောင်းတက်အလှူပြုကြကြောင်းလည်းသိရပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်းသီးၿမိဳ႕တြင္ ႏွစ္ ၃၀ နီးပါးသက္တမ္းရွိ ဘုန္းႀကီးေက်ာင္းမီးေလာင္ ဆုံးရွုံးမွုတန္ဖိုးမ်ားျပား ေက်းသီးၿမိဳ႕တြင္ ႏွစ္ ၃၀ နီးပါးသက္တမ္းရွိ ဘုန္းႀကီးေက်ာင္းမီးေလာင္ ဆုံးရွုံးမွုတန္ဖိုးမ်ားျပား Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.