ေအေအေခါင္းေဆာင္ေတြ အၾကမ္းဖက္မႈနဲ႔ တရားထပ္စြဲခံရ

 ေအေအေခါင္းေဆာင္ ေလးဦး အမႈႏွစ္ခုနဲ႔ တရားစြဲၿပီး တရားခံေျပး သတ္မွတ္ထားခံရရာကေန အၾကမ္းဖက္မႈနဲ႔ ထပ္တရားစြဲခံရ
(Zawgyi)⤵⤵⤵
ေအေအ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ေခါင္းေဆာင္ ၄ ဦး အပါအဝင္ လူေပါင္း ၁၀၀ ေက်ာ္ကို ရခိုင္ျပည္နယ္ ေျမာက္ဦးခ႐ိုင္ တရား႐ုံးမွာ အမႈႏွစ္ခုနဲ႔ တရားစြဲၿပီး တရားခံေျပး သတ္မွတ္ထားရာကေန အခု တစ္ခါ အၾကမ္းဖက္မႈနဲ႔ ထပ္တရားစြဲလိုက္ပါတယ္။

အဲဒီလိုထပ္မံတရားစြဲဆိုမႈကို ေျမာက္ဦးခ႐ိုင္ တရား႐ုံးမွာ တရားစြဲဆိုတာျဖစ္ၿပီး ဇန္နဝါရီ ၇ ရက္မွာ အဲဒီအမႈကို စစ္ေတြခ႐ိုင္တရား႐ုံးကို လႊဲေျပာင္းလိုက္တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလ ၉ ရက္က ေျမာက္ဦးၿမိဳ႕ ရဲတပ္ရင္းထဲမွာရွိတဲ့ အေျမာက္စခန္းကို ေအေအ ရကၡိဳင့္တပ္ေတာ္က ဝင္ေရာက္တိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး လကၠာ႐ြာက လူေပါင္း ၂၈ ဦးကို တပ္မေတာ္က ဝင္ေရာက္ဖမ္းဆီးၿပီး သူတို႔ကို အၾကမ္းဖက္မႈ၊ လက္နက္မႈေတြနဲ႔ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

ရကၡိဳင့္တပ္ေတာ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၊ ဒုစစ္ဦးစီးခ်ဴပ္ ေဒါက္တာ ညိဳထြန္းေအာင္ အပါအဝင္ ထိပ္ပိုင္း ေခါင္းေဆာင္ ၄ ဦးနဲ႔ ေက်း႐ြာသား ၁၀၀ ေက်ာ္ကို တရားစြဲဆိုၿပီး တရားခံ ေျပးအျဖစ္ သတ္မွတ္ထားခဲ့ပါတယ္။

ဒီလို ေနာက္ထပ္ အမႈ တစ္ခု ထပ္တိုးတရားစြဲဆိုတာနဲ႔ ပတ္သက္ၿပီး လကၠာ႐ြာသားေတြဘက္က ဥပေဒအက်ိဳးေဆာင္အျဖစ္ေဆာင္႐ြက္ေနတဲ့ သဇင္ ဥပေဒ အေထာက္အကူျပဳ အဖြဲ႕က တရားလႊတ္ေတာ္ ေရွ႕ေန ဦးေအာင္စစ္မင္းက "ပထမႏွစ္မႈစြဲတာကေတာ့ အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒရယ္ ေနာက္ၿပီးေတာ့ ၁၉၄၉ လက္နက္ အေရးေပၚ စီမံမႈ အက္ဥပေဒရယ္ အဲဒါနဲ႔ ႏွစ္မႈစြဲတယ္"

"အခုထပ္စြဲတာက အၾကမ္းဖက္ ဥပေဒနဲ႔ပဲ ထပ္စြဲတာ။ အရင္ကေတာ့ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄၊ ၅၂ တို႔ပါတယ္ေပါ့။ အခုကေတာ့ ဘယ္ပုဒ္မနဲ႔ ဆိုတာလဲ ကြၽန္ေတာ္တို႔က မသိရေသးဘူး" လို႔ ေျပာပါတယ္။

ဒီအမႈမွာ လကၠၠာ႐ြာသား တခ်ိဳ႕လည္း စစ္ေဆးေနစဥ္ ေသဆုံးခဲ့ပါတယ္။

က်န္လူ ၂၀ နီးပါးကေတာ့ အခုအခ်ိန္ထိ အမႈ ရင္ဆိုင္ေနရၿပီး ဇန္နဝါရီလ ၉ ရက္ ၾကာသပေတးေန႔မွာ သူတို႔ကို စစ္ေတြခ႐ိုင္ တရား႐ုံးမွာ ႐ုံးထုတ္ စစ္ေဆးခဲ့ပါတယ္။

အခုလို အၾကမ္းဖက္မႈနဲ႔ ထပ္တရားစြဲတဲ့အတြက္ အဲဒီလူေတြဟာ အမႈ ၃ ခုနဲ႔ ရင္ဆိုင္ၾကရေတာ့မွာ ျဖစ္ပါတယ္။

ဇန္နဝါရီ ၇ ရက္က ေအေအ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ဘီဘီစီ သီးသန႔္ အင္တာဗ်ဴးမွာ ဒီလို ဖမ္းဆီးတရားစြဲမႈေတြနဲ႔ ပတ္သက္ၿပီး သူက "လႊတ္ေတာ္ကလည္း ကြၽန္ေတာ္တို႔ကို အၾကမ္းဖက္လို႔ ေျပာထားတာ မဟုတ္ဘူး။ ဒါေပမဲ့ တရား႐ုံးမွာက်ေတာ့ အၾကမ္းဖက္ပုဒ္မ ေတြနဲ႔ တရားစြဲတယ္။ ဒါဟာ ဘယ္လိုဟာလဲ။ ေမးခြန္းထုတ္စရာေတြ ျဖစ္တယ္" လို႔ ေျပာခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ အတြက္ တံခါးဖြင့္ထားတယ္လို႔ အစိုးရ အႀကီးအကဲေတြက ေျပာဆိုၿပီး တစ္ဖက္မွာလည္း အၾကမ္းဖက္မႈေတြနဲ႔ ဆက္ၿပီး တရားစြဲဆိုေနတဲ့ အတြက္ ရခိုင္ ၿငိမ္းခ်မ္းေရး ရရွိဖို႔အေရးက တျဖည္းျဖည္းနဲ႔ ခက္ခဲလာတဲ့ အေနအထားမ်ိဳးပဲလို႔ သုံးသပ္ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
အေအေခေါင်းဆောင်တွေ အကြမ်းဖက်မှုနဲ့ တရားထပ်စွဲခံရ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အေအေခေါင်းဆောင် လေးဦး အမှုနှစ်ခုနဲ့ တရားစွဲပြီး တရားခံပြေး သတ်မှတ်ထားခံရရာကနေ အကြမ်းဖက်မှုနဲ့ ထပ်တရားစွဲခံရ

အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ခေါင်းဆောင် ၄ ဦး အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် မြောက်ဦးခရိုင် တရားရုံးမှာ အမှုနှစ်ခုနဲ့ တရားစွဲပြီး တရားခံပြေး သတ်မှတ်ထားရာကနေ အခု တစ်ခါ အကြမ်းဖက်မှုနဲ့ ထပ်တရားစွဲလိုက်ပါတယ်။

အဲဒီလိုထပ်မံတရားစွဲဆိုမှုကို မြောက်ဦးခရိုင် တရားရုံးမှာ တရားစွဲဆိုတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှာ အဲဒီအမှုကို စစ်တွေခရိုင်တရားရုံးကို လွှဲပြောင်းလိုက်တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်းထဲမှာရှိတဲ့ အမြောက်စခန်းကို အေအေ ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက္ကာရွာက လူပေါင်း ၂၈ ဦးကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး သူတို့ကို အကြမ်းဖက်မှု၊ လက်နက်မှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    "ဒီတိုက်ပွဲတွေကနေ ရခိုင်တောင်ပိုင်းတင်မကဘူး၊ သေချာမဖြေရှင်းရင်တော့ မြန်မာ တစ်နိုင်ငံလုံး ပြဿနာတွေ တက်သွားနိုင်တာမျိုးပေါ့"
    ရခိုင်ထဲ အခြေချရေးကို အေအေ အလျှော့အတင်း လုပ်နိုင်လား

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုစစ်ဦးစီးချူပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ၄ ဦးနဲ့ ကျေးရွာသား ၁၀၀ ကျော်ကို တရားစွဲဆိုပြီး တရားခံ ပြေးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

ဒီလို နောက်ထပ် အမှု တစ်ခု ထပ်တိုးတရားစွဲဆိုတာနဲ့ ပတ်သက်ပြီး လက္ကာရွာသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ်ဆောင်ရွက်နေတဲ့ သဇင် ဥပဒေ အထောက်အကူပြု အဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက "ပထမနှစ်မှုစွဲတာကတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေရယ် နောက်ပြီးတော့ ၁၉၄၉ လက်နက် အရေးပေါ် စီမံမှု အက်ဥပဒေရယ် အဲဒါနဲ့ နှစ်မှုစွဲတယ်"

"အခုထပ်စွဲတာက အကြမ်းဖက် ဥပဒေနဲ့ပဲ ထပ်စွဲတာ။ အရင်ကတော့ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄၊ ၅၂ တို့ပါတယ်ပေါ့။ အခုကတော့ ဘယ်ပုဒ်မနဲ့ ဆိုတာလဲ ကျွန်တော်တို့က မသိရသေးဘူး" လို့ ပြောပါတယ်။

ဒီအမှုမှာ လက္က္ကာရွာသား တချို့လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့ပါတယ်။

ကျန်လူ ၂၀ နီးပါးကတော့ အခုအချိန်ထိ အမှု ရင်ဆိုင်နေရပြီး ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့မှာ သူတို့ကို စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အခုလို အကြမ်းဖက်မှုနဲ့ ထပ်တရားစွဲတဲ့အတွက် အဲဒီလူတွေဟာ အမှု ၃ ခုနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်က အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့် အင်တာဗျူးမှာ ဒီလို ဖမ်းဆီးတရားစွဲမှုတွေနဲ့ ပတ်သက်ပြီး သူက "လွှတ်တော်ကလည်း ကျွန်တော်တို့ကို အကြမ်းဖက်လို့ ပြောထားတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားရုံးမှာကျတော့ အကြမ်းဖက်ပုဒ်မ တွေနဲ့ တရားစွဲတယ်။ ဒါဟာ ဘယ်လိုဟာလဲ။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် တံခါးဖွင့်ထားတယ်လို့ အစိုးရ အကြီးအကဲတွေက ပြောဆိုပြီး တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေနဲ့ ဆက်ပြီး တရားစွဲဆိုနေတဲ့ အတွက် ရခိုင် ငြိမ်းချမ်းရေး ရရှိဖို့အရေးက တဖြည်းဖြည်းနဲ့ ခက်ခဲလာတဲ့ အနေအထားမျိုးပဲလို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ေအေအေခါင္းေဆာင္ေတြ အၾကမ္းဖက္မႈနဲ႔ တရားထပ္စြဲခံရ ေအေအေခါင္းေဆာင္ေတြ အၾကမ္းဖက္မႈနဲ႔ တရားထပ္စြဲခံရ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.