ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ခြန္း ေဝဖန္ခံေနရ

တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္နဲ႔ လက္မွတ္ေတြခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ၂ဝ၂ဝ ဇန္နဝါရီ ၄ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
လြတ္လပ္ေရးေန႔ မေန႔က ေျပာခဲ့တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မိန႔္ခြန္းဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအတြက္ အဖုအထစ္ျဖစ္ေစတယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြ၊ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြက သုံးသပ္ၾကပါတယ္။

တပ္မေတာ္ဟာ တိုင္းရင္းသားျပည္သူလူထုရဲ႕ အက်ိဳးစီးပြားတစ္ခုတည္းကိုသာ ေရွးရႈၿပီး ေခတ္အဆက္ဆက္ ေတာက္ေလာင္ခဲ့တဲ့ လက္နက္ကိုင္ပဋိပကၡ မီးေတာက္ကို ထာဝရ ၿငိမ္းခ်မ္းေရးနဲ႔ အၿပီးတိုင္ ျငႇိမ္းသတ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း၊ ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက အဟန႔္အတားျဖစ္ေစတာဟာ တည္ၿငိမ္ေအးခ်မ္းမႈ မရွိျခင္းပဲျဖစ္ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈလို႔ ဆိုရာမွာလည္း ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔နဲ႔ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔ဟာ အဓိကအေရးႀကီးေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လြတ္လပ္ေရးေန႔ မေန႔က က်င္းပတဲ့ တပ္မေတာ္စြမ္းရည္ သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္နဲ႔ လက္မွတ္ေတြ ခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ေျပာခဲ့တာပါ။

အခုခ်ိန္မွာ အျမင္က်ဥ္းေျမာင္းၿပီး အတၱကိုေရွ႕တန္းတင္ေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕က ေခါင္းေဆာင္ ေတြဟာ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားကို အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ထိပါးေႏွာင့္ယွက္ေနတာေတြေၾကာင့္ မလႊဲမေရွာင္သာဘဲ စစ္ေရးအရေျဖရွင္းေနရတာ ျဖစ္တယ္လို႔လည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒီအေပၚမွာ တိုင္းရင္းသားအေရး၊ ႏိုင္ငံေရး ေလ့လာသူ ဦးသန္းစိုးႏိုင္ သုံးသပ္တာက -

“အမွန္တရား တစိတ္တပိုင္းေတာ့ ပါဝင္တယ္။ ဒါေပမဲ့ နည္းလမ္း ေတာ့ မက်ပါဘူး။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း အမ်ားစုက NCA လမ္းေၾကာင္းေပၚမွာ ရွိေနပါတယ္။ ေျမာက္ပိုင္း အဖြဲ႕ သုံးဖြဲ႕ပဲ တပ္မေတာ္နဲ႔ စစ္ေရးအရ တိုက္ခိုက္ေနတာပါ။ လူထုအေပၚ သက္ေရာက္တာ၊ လူထုအေပၚ ပစ္မွတ္ထားတာေတြ ရွိပါတယ္။ ဒါေပမဲ့ သူတို႔ခ်ည္းပဲ သက္ေရာက္တာ မဟုတ္ပါဘူး။ တပ္မေတာ္က တိုက္ခိုက္တဲ့အတြက္လည္း ဒဏ္ရာရတာ၊ ေသဆုံး တာေတြက ႏွစ္ဖက္စလုံးမွာရွိေနတာပဲ။ ဒ့ါေၾကာင့္ တစိတ္တပိုင္း မွန္တယ္။ တစ္ခုလုံးမမွန္ဘူးလို႔ မွတ္ခ်က္ခ်တဲ့သေဘာပါ“

လက္နက္ကိုင္အဖြဲအစည္းတခ်ိဳ႕က ေခါင္းေဆာင္ေတြဟာ ျပည္သူလူထုရဲ႕ အသက္၊ အိုးအိမ္၊ စည္းစိမ္လုံၿခဳံမႈ မရွိေအာင္ လုပ္ေဆာင္ေနတာေတြ၊ ႏိုင္ငံေတာ္ရဲ႕ အက်ိဳးစီးပြားကို အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ထိပါးေႏွာင့္ယွက္ ေနတာေတြ ရွိတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုပါတယ္။

အဲဒီေနာက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕  ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရယူလိုစိတ္ နည္းပါးေနတယ္ လို႔လည္း ေျပာခဲ့တာပါ။ ႏိုင္ငံေတာ္အစိုးရနဲ႔ တပ္မေတာ္က အႀကိမ္ႀကိမ္ လိုက္ေလ်ာတာေတြ၊ သေဘာထား ႀကီးႀကီးနဲ႔ သည္းခံညႇိႏႈိင္းမႈေတြကို လ်စ္လ်ဴရႈၿပီး ႏိုင္ငံေရးအျမတ္ထုတ္ခ်င္တာ၊ ပုဂၢလိကအက်ိဳးစီးပြားကို ေရွ႕တန္းတင္တာ၊ ပဋိပကၡေတြကို စတင္ဖန္တီးၿပီး အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားတာေတြလည္း ရွိတယ္လို႔ ပါပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္ေတြ၊ အတိုက္အခံေတြက ေတာ္လွန္ေရးလုပ္ေနတာဟာ တရားမွ်တမႈကို ဦးတည္ေနတာ ျဖစ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD တြဲဖက္အတြင္းေရးမႉး ဦးစိုင္းလိတ္က ေျပာပါတယ္။

“တိုင္းရင္းသား လက္နက္ကိုင္ေတြ ေတာ္လွန္ေရးလုပ္တယ္။ အတိုက္ခံေတြ ႏိုင္ငံေရးလုပ္တယ္ဆိုတာက တရားမွ်တမႈကို ဦးတည္ၿပီးလုပ္ေနတာပါ။ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို အမွန္တကယ္တည္ေဆာက္ႏိုင္တယ္။ တန္းတူညီမွ်ေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကိုသာ အတိက်ေဖာ္ျပႏိုင္တယ္ဆိုရင္ ေတာ္လွန္ပုန္ကန္တဲ့ အေၾကာင္းကိုေရာက္လာစရာ မရွိဘူးေလ။ တရားမွ်တၿပီးေတာ့မွ လူထုတရပ္လုံး ေက်နပ္ေလာက္တဲ့ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအသစ္ေအာက္မွာ တပ္မေတာ္အေနနဲ႔ ရဲရဲဝံ့ဝံ့ရပ္တည္ရဲသလားလို႔ ေမးျမန္းဖို႔ လိုအပ္ပါတယ္“

တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြအၾကားျဖစ္တဲ့ တိုက္ပြဲေတြမွာ လူမ်ိဳး၊ ပုဂၢိဳလ္၊ အက်ိဳးစီးပြားအေပၚ အေျခခံၿပီး ျဖစ္လာတာမဟုတ္ဘဲ တိုင္းရင္းသားေတြရဲ႕ ရပိုင္ခြင့္ မမွ်တတာ၊ ႏိုင္ငံေရးအခြင့္အေရး မညီမွ်တာ ေတြေၾကာင့္ ျဖစ္ေပၚလာတာလို႔ တိုင္းရင္းသားေတြက ေထာက္ျပၾကပါတယ္။

ႏိုင္ငံ့ေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ အခုလို ေျပာဆိုတဲ့အေပၚ စိုးရိမ္တယ္လို႔ ေျပာလာသူက  ရခိုင္အမ်ိဳးသား ပါတီရဲ႕ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း ပါ။

“ႏိုင္ငံ့ေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ အခုလို ေျပာဆိုလိုက္တဲ့အခါမွာ တစ္ဖက္နဲ႔တစ္ဖက္ မုန္းတီးမႈေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မေရာက္ႏိုင္ဘဲ အဖုအထစ္ေတြ၊ အဟန႔္အတားေတြ ျဖစ္သြားမွာစိုးပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ ေရွးရႈၿပီးေတာ့ မသည္းခံႏိုင္သည္မ်ားကို သည္းခံၿပီးေတာ့ ႏိုင္ငံေတာ္ကို တည္ေထာင္ႏိုင္တဲ့အထိ အကုန္လုံး အေျပာအဆိုဆင္ဆင္ျခင္ျခင္နဲ႔ ေျပာသင့္တယ္လို႔ ရႈျမင္ပါတယ္“

ျမန္မာျပည္မွာ လူမ်ိဳးတုံးသတ္ျဖတ္တာေတြရွိတယ္ဆိုၿပီး စြပ္စြဲခံထားရတဲ့အခ်ိန္မွာ  ေနာင္တမရဘဲ အခုလို ေျပာဆိုတာေတြဟာ အျပဳသေဘာေဆာင္တဲ့ လကၡဏာမဟုတ္ဘူးလို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

"ဘယ္တိုင္းရင္းသား လက္နက္ကိအဖြဲ႕ကမွ ICJ မွာ တရားစြဲ မခံရဘူးေနာ္။ ဗမာစစ္တပ္က တရားစြဲခံေနရၿပီ။ ဒါကိုလည္း သူေကာင္းတယ္လို႔ေျပာေနရင္ေတာ့ မတတ္ႏိုင္ဘူးေပါ့ဗ်ာ။ ျမန္မာစကားပုံလို ငါ့စကားႏြားရ ေျပာေနမယ္ဆိုရင္ေတာ့ ဘယ္သူနဲ႔မွ တရားမွ်တမႈ ရွိရွိနဲ႔ တဖက္နဲ႔တဖက္ စကားေျပာလို႔ ရမယ့္အေနထား မဟုတ္ဘူးဗ်။ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္မယ္ ဆိုတာေတာ့ ဘယ္လိုမွျဖစ္ႏိုင္မယ့္ အေနထားမရွိဘူး"

ႏိုင္ငံတကာဖိအားေတြ၊ ႏိုင္ငံတကာနဲ႔ အျမင္မၾကည္မႈေတြ ခံေနရခ်ိန္မွာ ျပည္တြင္းက ျပႆနာအတြက္ အခ်င္းခ်င္း အျပစ္တင္မေနသင့္ဘူးလို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာ က ေျပာပါတယ္။

“ ျမန္မာျပည္ႏိုင္ငံေရးက က်ေနာ္တို႔ ဉာဏ္မမီေလာက္တဲ့အထိ အရမ္းရႈပ္ေထြးတယ္။ တိုင္းျပည္ရဲ႕ အေနထားက စစ္ေရးေရာ ႏိုင္ငံေရးေရာ အရမ္းရႈပ္ေထြးတယ္။ ေ႐ြးေကာက္ပြဲကလည္း နီးလာၿပီ။ ႏိုင္ငံတကာကလည္း ေစာင့္ၾကည့္ေနတယ္။ က်ေနာ္တို႔ တိုင္းျပည္ကို အေကာင္းမျမင္ၾကဘူးဆိုေတာ့ က်ေနာ္တို႔  အခ်င္းခ်င္းၾကားထဲမွာ ေလသံျပင္းျပင္းေတြ မဟုတ္ဘဲ လမ္းေၾကာင္းေတြ ရွာၿပီးေတာ့ ေျပာစရာရွိတာေျပာ ညႇိစရာရွိတာညႇိ အဲဒါမ်ိဳးပဲ ျဖစ္ေစခ်င္ပါတယ္“

တပ္မေတာ္ဟာ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ထမ္းေဆာင္တာနဲ႔ ပတ္သက္လာရင္ ရလိုမႈအနည္းဆုံးနဲ႔ ေပးဆပ္ႏိုင္မႈအျမင့္မားဆုံး အဖြဲ႕အစည္းတစ္ရပ္ျဖစ္ၿပီး တပ္မေတာ္သားေတြအေနနဲ႔ ႏိုင္ငံေတာ္က အားထားရတဲ့ ျပည္သူလူထုက အားကိုးရတဲ့ မ်ိဳးခ်စ္တပ္မေတာ္ သားေကာင္းေတြျဖစ္ေအာင္ ႀကိဳးပမ္းသြားေစခ်င္တယ္လို႔လည္း ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာခဲ့ပါတယ္။

တပ္မေတာ္က ေခတ္အဆက္ဆက္မွာ ျပည္ေထာင္စုကို ကာကြယ္ထိမ္းသိမ္းခဲ့တယ္လို႔ ေျပာေနေပမယ့္ တိုင္းရင္းသားေတြနဲ႔ ျပည္သူေတြရဲ႕ အျမင္ကေတာ့ အဲဒီလိုမဟုတ္ေၾကာင္း အစိုးရနဲ႔ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီက ဦးခြန္ဆိုင္းက ေျပာပါတယ္။

“တပ္မေတာ္က ေခတ္အဆက္ဆက္မွာ ျပည္ေထာင္စုႀကီးကို ထိန္းသိမ္းခဲ့တယ္လို႔ ေျပာတာေပါ့ေနာ္။ ဒါေပမဲ့ တိုင္းရင္းသား ေတာ္လွန္ေရးအဖြဲ႕အစည္းေတြ၊ ျပည္သူလူထုေတြက တပ္မေတာ္ကို အခုထိအျမင္မရွင္းဘူး။ ကိစၥတစ္ခုခုျဖစ္လာရင္ တပ္မေတာ္က မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ၊ ျပည္သူလူထုအေနနဲ႔ အမွားလို႔ ျမင္တာေတြ ရွိတာေပါ့ဗ်ာ။ ဒါေတြကို ပယ္ေဖ်ာက္ႏိုင္ဖို႔ဆိုရင္ တပ္မေတာ္တဖက္တည္း မလုပ္ဘဲနဲ႔ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြနဲ႔ေပါင္းလုပ္ဖို႔ လိုပါတယ္“

ကာကြယ္ေရးဦးစီးခ်ဳပ္ မိန႔္ခြန္းထဲမွာေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို တဒဂၤေျပလည္ေရးအတြက္ ဦးတည္ေနတာမဟုတ္ဘဲ ထာဝရၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္႐ြက္ေနတာျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ၿပီးေျမာက္ဖို႔၊ တိုင္းရင္းသား ျပည္သူလူထုကလိုလားတဲ့ ထာဝရၿငိမ္းခ်မ္းေရးကို ျပည္သူ႔လက္ထဲ အေရာက္ပို႔ေပးဖို႔ ႀကိဳးပမ္းေနတယ္လု႔ိလည္း ပါရွိပါတယ္။

တပ္မေတာ္က ထာဝရၿငိမ္းခ်မ္းေရးကို ဦးတည္ေနတာဟာ ေကာင္းတဲ့အလားအလာ ျဖစ္ေပမယ့္လည္း NCA လမ္းေၾကာင္းေပၚ ေရာက္မလာေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို လမ္းေၾကာင္းေပၚ ေရာက္လာဖို႔ ဖိတ္ေခၚကမ္းလွမ္းရမယ့္အစား အခုလို ေျပာဆိုေနတာကေတာ့ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းအတြက္ အဟန႔္အတားသာ ျဖစ္ေစတယ္လို႔ သုံးသပ္ၾကပါတယ္။

RFA Burmese
https://www.rfa.org
--------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနဲ့ အပြီးတိုင် ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေတာဟာ တည်ငြိမ်အေးချမ်းမှု မရှိခြင်းပဲဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုလို့ ဆိုရာမှာလည်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ဟာ အဓိကအရေးကြီးကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်ရေးနေ့ မနေ့က ကျင်းပတဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေ ချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

အခုချိန်မှာ အမြင်ကျဉ်းမြောင်းပြီး အတ္တကိုရှေ့တန်းတင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့က ခေါင်းဆောင် တွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါးနှောင့်ယှက်နေတာတွေကြောင့် မလွှဲမရှောင်သာဘဲ စစ်ရေးအရဖြေရှင်းနေရတာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအပေါ်မှာ တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင် သုံးသပ်တာက -

“အမှန်တရား တစိတ်တပိုင်းတော့ ပါဝင်တယ်။ ဒါပေမဲ့ နည်းလမ်း တော့ မကျပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက NCA လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မြောက်ပိုင်း အဖွဲ့ သုံးဖွဲ့ပဲ တပ်မတော်နဲ့ စစ်ရေးအရ တိုက်ခိုက်နေတာပါ။ လူထုအပေါ် သက်ရောက်တာ၊ လူထုအပေါ် ပစ်မှတ်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲ သက်ရောက်တာ မဟုတ်ပါဘူး။ တပ်မတော်က တိုက်ခိုက်တဲ့အတွက်လည်း ဒဏ်ရာရတာ၊ သေဆုံး တာတွေက နှစ်ဖက်စလုံးမှာရှိနေတာပဲ။ ဒ့ါကြောင့် တစိတ်တပိုင်း မှန်တယ်။ တစ်ခုလုံးမမှန်ဘူးလို့ မှတ်ချက်ချတဲ့သဘောပါ“

လက်နက်ကိုင်အဖွဲအစည်းတချို့က ခေါင်းဆောင်တွေဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံမှု မရှိအောင် လုပ်ဆောင်နေတာတွေ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါးနှောင့်ယှက် နေတာတွေ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

အဲဒီနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့  ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ် နည်းပါးနေတယ် လို့လည်း ပြောခဲ့တာပါ။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က အကြိမ်ကြိမ် လိုက်လျောတာတွေ၊ သဘောထား ကြီးကြီးနဲ့ သည်းခံညှိနှိုင်းမှုတွေကို လျစ်လျူရှုပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တာ၊ ပုဂ္ဂလိကအကျိုးစီးပွားကို ရှေ့တန်းတင်တာ၊ ပဋိပက္ခတွေကို စတင်ဖန်တီးပြီး အချုပ်အခြာအာဏာကို ထိပါးစော်ကားတာတွေလည်း ရှိတယ်လို့ ပါပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အတိုက်အခံတွေက တော်လှန်ရေးလုပ်နေတာဟာ တရားမျှတမှုကို ဦးတည်နေတာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေ တော်လှန်ရေးလုပ်တယ်။ အတိုက်ခံတွေ နိုင်ငံရေးလုပ်တယ်ဆိုတာက တရားမျှတမှုကို ဦးတည်ပြီးလုပ်နေတာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်နိုင်တယ်။ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ အတိကျဖော်ပြနိုင်တယ်ဆိုရင် တော်လှန်ပုန်ကန်တဲ့ အကြောင်းကိုရောက်လာစရာ မရှိဘူးလေ။ တရားမျှတပြီးတော့မှ လူထုတရပ်လုံး ကျေနပ်လောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်အောက်မှာ တပ်မတော်အနေနဲ့ ရဲရဲဝံ့ဝံ့ရပ်တည်ရဲသလားလို့ မေးမြန်းဖို့ လိုအပ်ပါတယ်“

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားဖြစ်တဲ့ တိုက်ပွဲတွေမှာ လူမျိုး၊ ပုဂ္ဂိုလ်၊ အကျိုးစီးပွားအပေါ် အခြေခံပြီး ဖြစ်လာတာမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် မမျှတတာ၊ နိုင်ငံရေးအခွင့်အရေး မညီမျှတာ တွေကြောင့် ဖြစ်ပေါ်လာတာလို့ တိုင်းရင်းသားတွေက ထောက်ပြကြပါတယ်။

နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုလို ပြောဆိုတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောလာသူက  ရခိုင်အမျိုးသား ပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ပါ။

“နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုလို ပြောဆိုလိုက်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မရောက်နိုင်ဘဲ အဖုအထစ်တွေ၊ အဟန့်အတားတွေ ဖြစ်သွားမှာစိုးပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေးရှုပြီးတော့ မသည်းခံနိုင်သည်များကို သည်းခံပြီးတော့ နိုင်ငံတော်ကို တည်ထောင်နိုင်တဲ့အထိ အကုန်လုံး အပြောအဆိုဆင်ဆင်ခြင်ခြင်နဲ့ ပြောသင့်တယ်လို့ ရှုမြင်ပါတယ်“

မြန်မာပြည်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေရှိတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အချိန်မှာ  နောင်တမရဘဲ အခုလို ပြောဆိုတာတွေဟာ အပြုသဘောဆောင်တဲ့ လက္ခဏာမဟုတ်ဘူးလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

"ဘယ်တိုင်းရင်းသား လက်နက်ကိအဖွဲ့ကမှ ICJ မှာ တရားစွဲ မခံရဘူးနော်။ ဗမာစစ်တပ်က တရားစွဲခံနေရပြီ။ ဒါကိုလည်း သူကောင်းတယ်လို့ပြောနေရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ မြန်မာစကားပုံလို ငါ့စကားနွားရ ပြောနေမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တရားမျှတမှု ရှိရှိနဲ့ တဖက်နဲ့တဖက် စကားပြောလို့ ရမယ့်အနေထား မဟုတ်ဘူးဗျ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ် ဆိုတာတော့ ဘယ်လိုမှဖြစ်နိုင်မယ့် အနေထားမရှိဘူး"

နိုင်ငံတကာဖိအားတွေ၊ နိုင်ငံတကာနဲ့ အမြင်မကြည်မှုတွေ ခံနေရချိန်မှာ ပြည်တွင်းက ပြဿနာအတွက် အချင်းချင်း အပြစ်တင်မနေသင့်ဘူးလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

“ မြန်မာပြည်နိုင်ငံရေးက ကျနော်တို့ ဉာဏ်မမီလောက်တဲ့အထိ အရမ်းရှုပ်ထွေးတယ်။ တိုင်းပြည်ရဲ့ အနေထားက စစ်ရေးရော နိုင်ငံရေးရော အရမ်းရှုပ်ထွေးတယ်။ ရွေးကောက်ပွဲကလည်း နီးလာပြီ။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ ကျနော်တို့ တိုင်းပြည်ကို အကောင်းမမြင်ကြဘူးဆိုတော့ ကျနော်တို့  အချင်းချင်းကြားထဲမှာ လေသံပြင်းပြင်းတွေ မဟုတ်ဘဲ လမ်းကြောင်းတွေ ရှာပြီးတော့ ပြောစရာရှိတာပြော ညှိစရာရှိတာညှိ အဲဒါမျိုးပဲ ဖြစ်စေချင်ပါတယ်“

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တာနဲ့ ပတ်သက်လာရင် ရလိုမှုအနည်းဆုံးနဲ့ ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ နိုင်ငံတော်က အားထားရတဲ့ ပြည်သူလူထုက အားကိုးရတဲ့ မျိုးချစ်တပ်မတော် သားကောင်းတွေဖြစ်အောင် ကြိုးပမ်းသွားစေချင်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။

တပ်မတော်က ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုကို ကာကွယ်ထိမ်းသိမ်းခဲ့တယ်လို့ ပြောနေပေမယ့် တိုင်းရင်းသားတွေနဲ့ ပြည်သူတွေရဲ့ အမြင်ကတော့ အဲဒီလိုမဟုတ်ကြောင်း အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဦးခွန်ဆိုင်းက ပြောပါတယ်။

“တပ်မတော်က ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုကြီးကို ထိန်းသိမ်းခဲ့တယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေက တပ်မတော်ကို အခုထိအမြင်မရှင်းဘူး။ ကိစ္စတစ်ခုခုဖြစ်လာရင် တပ်မတော်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ပြည်သူလူထုအနေနဲ့ အမှားလို့ မြင်တာတွေ ရှိတာပေါ့ဗျာ။ ဒါတွေကို ပယ်ဖျောက်နိုင်ဖို့ဆိုရင် တပ်မတော်တဖက်တည်း မလုပ်ဘဲနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ပေါင်းလုပ်ဖို့ လိုပါတယ်“

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းထဲမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တဒင်္ဂပြေလည်ရေးအတွက် ဦးတည်နေတာမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်ဖို့၊ တိုင်းရင်းသား ပြည်သူလူထုကလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ထဲ အရောက်ပို့ပေးဖို့ ကြိုးပမ်းနေတယ်လု့ိလည်း ပါရှိပါတယ်။

တပ်မတော်က ထာဝရငြိမ်းချမ်းရေးကို ဦးတည်နေတာဟာ ကောင်းတဲ့အလားအလာ ဖြစ်ပေမယ့်လည်း NCA လမ်းကြောင်းပေါ် ရောက်မလာသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လမ်းကြောင်းပေါ် ရောက်လာဖို့ ဖိတ်ခေါ်ကမ်းလှမ်းရမယ့်အစား အခုလို ပြောဆိုနေတာကတော့ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အဟန့်အတားသာ ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။

RFA Burmese
https://www.rfa.org
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ခြန္း ေဝဖန္ခံေနရ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ခြန္း ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 02:34 Rating: 5
Powered by Blogger.