႐ိုတာဗိုင္းရပ္စ္ ဆိုတာဘာလဲ

(Zawgyi)⤵⤵⤵
• ဒီ၂၀၂၀ပုံမွန္ကာကြယ္ေဆးထိုး/တိုက္အစီအစဥ္မွာ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါအတြက္ ႐ိုတာအစက္ခ်ကာကြယ္ေဆးဆိုတာ ပါလာပါၿပီ။ ဒီေတာ့ ႐ိုတာဗိုင္းရပ္စ္ဆိုတာဘာလဲ။ ကာကြယ္ေဆး တိုက္သင့္လား စသျဖင့္ သိရေအာင္ ဆက္ၾကည့္ၾကည့္ရေအာင္။

• ႐ိုတာဗိုင္းရပ္စ္ဆိုတာဘာလဲ။

• ႐ိုတာဗိုင္းရပ္စ္ဆိုတာ ကူးစက္ႏိုင္ၿပီး ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ေစတဲ့ ဗိုင္းရပ္စ္တစ္မ်ိဳး ျဖစ္ပါတယ္။ တစ္ႏွစ္တစ္ႏွစ္ကို ႐ိုတာဗိုင္းရပ္စ္ကူးစက္ၿပီး ဝမ္းေလွ်ာလို႔ ဆုံးရႈံးခဲ့ရတဲ့ ကေလးေတြလည္း မနည္းပါဘူး။ ကာကြယ္ေဆးမေပၚခင္တုန္းကဆိုရင္ အေမရိကန္လိုႏိုင္ငံမွာေတာင္ ကေလးေတာ္ေတာ္မ်ားမ်ားက အသက္၅ႏွစ္ ေလာက္ဆိုရင္ တစ္ခါေလာက္ေတာ့ ႐ိုတာဗိုင္းရပ္စ္ ကူးဖူးၿပီးပါၿပီ။

• လကၡဏာမ်ား

• ႐ိုတာဗိုင္းရပ္စ္က ကူးစက္ခံရၿပီး ၂ရက္ေလာက္ေနရင္ လကၡဏာစျပပါၿပီ။ ဖ်ားမယ္၊ အန္မယ္၊ တစ္ပတ္ေလာက္ဝမ္းေတြသြားမယ္။ ဗိုက္လည္းနာႏိုင္ပါတယ္။ ဆရာဝန္နဲ႔ ျပသသင့္တဲ့ အေျခအေနကေတာ့

• -ဝမ္းသြားတာ တစ္ရက္ေက်ာ္သြားၿပီ။

• -မၾကာမၾကာလည္းအန္မယ္။

• –ဝမ္းမည္းမည္းေတြသြားမယ္။ ဝမ္းထဲမွာ ေသြးေတြ၊ ခြၽဲေတြပါမယ္။

• -အဖ်ား 104 F ေက်ာ္မယ္။

• -ႏုန္းမယ္၊ ဂ်ီက်မယ္၊ ဗိုက္နာမယ္။

• –ေရဓာတ္ခမ္းေျခာက္တဲ့ လကၡဏာေတြရွိမယ္။ ဥပမာ ပါးစပ္ေျခာက္တာ၊ ငိုေနေပမယ့္ မ်က္ရည္ မထြက္တာ၊ ဆီးနည္းတာ၊ မသြားတာ၊ မွိန္းေနတာ၊ ေခၚလို႔မရတာ စတာေတြ ျဖစ္လာရင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

• ကူးစက္နည္းမ်ား

• အဓိကကေတာ့ လက္ကေနတစ္ဆင့္ ကူးတာပါ။ အိမ္သာတက္ၿပီးလက္မေဆးဘူး၊ ကေလး diaper လဲ ေပးၿပီး လက္မေဆးဘူး။ ၿပီးေတာ့ အဲ့လက္နဲ႔ ကေလးကို ကိုင္မယ္။ အစာေကြၽးမယ္ဆိုရင္ အလြယ္တကူပဲ ကူးတတ္ပါတယ္။

• ကာကြယ္နည္းမ်ား

• ႐ိုတာဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆးရွိပါတယ္။

• Rota Teq – အသက္ ၂လ၊ ၄လ၊ ၆လမွာ အစက္ခ် တိုက္ရတာပါ။

• Rotarix – အသက္ ၂လနဲ႔ ၄လမွာတိုက္ရတာပါ။

• (ခုျမန္မာျပည္မွာ သုံးမယ့္ ကာကြယ္ေဆးအမ်ိဳးအစားျဖစ္ပါတယ္။)

• ေနာက္ထပ္ကာကြယ္နည္းကေတာ့ လက္ေဆးတာပါ။ ကာကြယ္ေဆးက ႐ိုတာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ဝမ္းေလွ်ာတာကိုပဲ ကာကြယ္ႏိုင္မွာပါ။ တျခားအေၾကာင္းေၾကာင့္ ျဖစ္တဲ့ ဝမ္းေလွ်ာတာကို ကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ လက္ေဆးတဲ့ အေလ့အက်င့္ လုပ္ရပါမယ္။

• ကုသနည္းမ်ား

• ႐ိုတာဗိုင္းရပ္စ္အတြက္ တိက်တဲ့ေဆးဆိုတာမရွိပါဘူး။ ဆိုလိုတာက ေဆးတိုက္လိုက္တာနဲ႔ ေပ်ာက္သြားတာမ်ိဳး မဟုတ္ပါဘူး။ ဒါေၾကာင့္ ပိုးသတ္ေဆးေတြ၊ ဗိုင္းရပ္စ္သတ္ေဆးေတြ အသုံးမဝင္ပါဘူး။ ဝမ္းပိတ္ေဆးေတြလည္း မေပးရပါဘူး။ ေရာဂါရဲ႕ သဘာဝကိုက ၃ရက္ကေန ၇ရက္အတြင္း အလိုလို ေပ်ာက္သြားတာပါ။ ေရဓာတ္ခမ္းေျခာက္တာကိုေတာ့ ဂ႐ုစိုက္ရပါမယ္။ ဝမ္းေလွ်ာေနတဲ့အခ်ိန္အတြင္းမွာ ေရဓာတ္ျဖည့္တင္းေပးပါ။ ျဖစ္ႏိုင္ရင္ ဓာတ္ဆားတိုက္ပါ။ ေရဓာတ္ဆုံးရႈံးတာ အရမ္းဆိုးရင္ေတာ့ ေဆး႐ုံမွာ အေၾကာေဆးသြင္းရပါမယ္။

• ကိုယ္တိုင္လုပ္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့

• –အေမႏို႔ေသာက္တဲ့ကေလးဆို အေမႏို႔ဆက္တိုက္ပါ။

• -ႏို႔မႈန္႔ေသာက္တဲ့ကေလးဆို ႏို႔မႈန္႔ ဒါမွမဟုတ္ ဓာတ္ဆားတိုက္ပါ။ ႏို႔မႈန္႔ကို အခ်ိဳးအဆ မွန္မွန္ေဖ်ာ္ပါ။

• -ကေလးက နည္းနည္းႀကီးတယ္။ အစားေကာင္းေကာင္းမဝင္ဘူးဆိုရင္ အစာေပ်ာ့ေပ်ာ့ ေကြၽးပါ။ သၾကားမထည့္ပါနဲ႔။ ေပါင္မုန္႔၊ ခရက္ကာ၊ အသား၊ ဒိန္ခ်ဥ္၊ အသီး၊ အ႐ြက္ေတြေကြၽးပါ။ ေကာင္းေကာင္းအနားယူခိုင္းပါ။

• –ဓာတ္ဆားအပါအဝင္ေရမ်ားမ်ားတိုက္ပါ။ ဝမ္းေလွ်ာတာကို ပိုဆိုးေစတဲ့ ဆိုဒါ၊ ႏို႔ထြက္ပစၥည္း (ဒိန္ခ်ဥ္မပါ)၊ သၾကားပါဝင္မႈမ်ားတဲ့ အစားအစာေတြကို ေရွာင္ပါ။

• -အစာအိမ္ကို မအီမသာျဖစ္ေစတဲ့ အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြ၊ ကဖင္းေတြ၊ အရက္၊ နီကိုတင္း စတာေတြကို ေရွာင္ပါ။

• Take home massage

• ႐ိုတာဗိုင္းရပ္စ္ဆိုတာ ကေလးေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေစတဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။ တိက်တဲ့ ကုသမႈမရွိပါဘူး။ ေရဓာတ္ဆုံးရႈံးတာကိုပဲ ကုသရမွာပါ။ အခ်ိန္မီမကုႏိုင္ရင္ အသက္ဆုံးရႈံးတတ္ပါတယ္။ ကာကြယ္ေဆးရွိပါတယ္။ ျမန္မာျပည္မွာ Rotarixဆိုတဲ့ ကာကြယ္ေဆးကို ဒီ၂၀၂၀ကစၿပီး တိုက္ေနပါၿပီ။ ကေလးအသက္၂လနဲ႔ ၄လမွတိုက္ရမွာပါ။ မျဖစ္လာရင္ေကာင္းေပမယ့္ ျဖစ္လာရင္ အသက္အႏၲရာယ္ရွိတာမို႔ ႀကိဳတင္ကာကြယ္ထားသင့္ပါတယ္။

ေရးသားသူ Dr. Htet Htet Zaw Win
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ

ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

• ဒီ၂၀၂၀ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရိုတာအစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့ ရိုတာဗိုင်းရပ်စ်ဆိုတာဘာလဲ။ ကာကွယ်ဆေး တိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။

• ရိုတာဗိုင်းရပ်စ်ဆိုတာဘာလဲ။

• ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် လောက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။

• လက္ခဏာများ

• ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့

• -ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။

• -မကြာမကြာလည်းအန်မယ်။

• –ဝမ်းမည်းမည်းတွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။

• -အဖျား 104 F ကျော်မယ်။

• -နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။

• –ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ မှိန်းနေတာ၊ ခေါ်လို့မရတာ စတာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

• ကူးစက်နည်းများ

• အဓိကကတော့ လက်ကနေတစ်ဆင့် ကူးတာပါ။ အိမ်သာတက်ပြီးလက်မဆေးဘူး၊ ကလေး diaper လဲ ပေးပြီး လက်မဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ ကလေးကို ကိုင်မယ်။ အစာကျွေးမယ်ဆိုရင် အလွယ်တကူပဲ ကူးတတ်ပါတယ်။

• ကာကွယ်နည်းများ

• ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိပါတယ်။

• Rota Teq – အသက် ၂လ၊ ၄လ၊ ၆လမှာ အစက်ချ တိုက်ရတာပါ။

• Rotarix – အသက် ၂လနဲ့ ၄လမှာတိုက်ရတာပါ။

• (ခုမြန်မာပြည်မှာ သုံးမယ့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။)

• နောက်ထပ်ကာကွယ်နည်းကတော့ လက်ဆေးတာပါ။ ကာကွယ်ဆေးက ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာကိုပဲ ကာကွယ်နိုင်မှာပါ။ တခြားအကြောင်းကြောင့် ဖြစ်တဲ့ ဝမ်းလျှောတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ရပါမယ်။

• ကုသနည်းများ

• ရိုတာဗိုင်းရပ်စ်အတွက် တိကျတဲ့ဆေးဆိုတာမရှိပါဘူး။ ဆိုလိုတာက ဆေးတိုက်လိုက်တာနဲ့ ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေ၊ ဗိုင်းရပ်စ်သတ်ဆေးတွေ အသုံးမဝင်ပါဘူး။ ဝမ်းပိတ်ဆေးတွေလည်း မပေးရပါဘူး။ ရောဂါရဲ့ သဘာဝကိုက ၃ရက်ကနေ ၇ရက်အတွင်း အလိုလို ပျောက်သွားတာပါ။ ရေဓာတ်ခမ်းခြောက်တာကိုတော့ ဂရုစိုက်ရပါမယ်။ ဝမ်းလျှောနေတဲ့အချိန်အတွင်းမှာ ရေဓာတ်ဖြည့်တင်းပေးပါ။ ဖြစ်နိုင်ရင် ဓာတ်ဆားတိုက်ပါ။ ရေဓာတ်ဆုံးရှုံးတာ အရမ်းဆိုးရင်တော့ ဆေးရုံမှာ အကြောဆေးသွင်းရပါမယ်။

• ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

• –အမေနို့သောက်တဲ့ကလေးဆို အမေနို့ဆက်တိုက်ပါ။

• -နို့မှုန့်သောက်တဲ့ကလေးဆို နို့မှုန့် ဒါမှမဟုတ် ဓာတ်ဆားတိုက်ပါ။ နို့မှုန့်ကို အချိုးအဆ မှန်မှန်ဖျော်ပါ။

• -ကလေးက နည်းနည်းကြီးတယ်။ အစားကောင်းကောင်းမဝင်ဘူးဆိုရင် အစာပျော့ပျော့ ကျွေးပါ။ သကြားမထည့်ပါနဲ့။ ပေါင်မုန့်၊ ခရက်ကာ၊ အသား၊ ဒိန်ချဉ်၊ အသီး၊ အရွက်တွေကျွေးပါ။ ကောင်းကောင်းအနားယူခိုင်းပါ။

• –ဓာတ်ဆားအပါအဝင်ရေများများတိုက်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေတဲ့ ဆိုဒါ၊ နို့ထွက်ပစ္စည်း (ဒိန်ချဉ်မပါ)၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။

• -အစာအိမ်ကို မအီမသာဖြစ်စေတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ကဖင်းတွေ၊ အရက်၊ နီကိုတင်း စတာတွေကို ရှောင်ပါ။

• Take home massage

• ရိုတာဗိုင်းရပ်စ်ဆိုတာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တိကျတဲ့ ကုသမှုမရှိပါဘူး။ ရေဓာတ်ဆုံးရှုံးတာကိုပဲ ကုသရမှာပါ။ အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ကာကွယ်ဆေးရှိပါတယ်။ မြန်မာပြည်မှာ Rotarixဆိုတဲ့ ကာကွယ်ဆေးကို ဒီ၂၀၂၀ကစပြီး တိုက်နေပါပြီ။ ကလေးအသက်၂လနဲ့ ၄လမှတိုက်ရမှာပါ။ မဖြစ်လာရင်ကောင်းပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
႐ိုတာဗိုင္းရပ္စ္ ဆိုတာဘာလဲ ႐ိုတာဗိုင္းရပ္စ္ ဆိုတာဘာလဲ Reviewed by THITHTOOLWIN on 06:14 Rating: 5
Powered by Blogger.