မင္းျပားတိုက္ပြဲေၾကာင့္ ကိုးလအ႐ြယ္ ကေလးတစ္ဦး ေသဆုံး

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕ ေက်းလက္ေဒသ ျမင္ကြင္းတစ္ခုကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားနဲ႔ ေျမပုံၿမိဳ႕နယ္ေတြမွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျပင္းထန္ေနၿပီး အသက္ ကိုးလအ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ပါတယ္။

တိုက္ပြဲေတြေၾကာင့္ မင္းျပားၿမိဳ႕နယ္ ေညာင္ကန္႐ြာကေန လြန္ခဲ့တဲ့ ႏွစ္လေလာက္က စစ္ေဘးေရွာင္ေနတဲ့ ဒီမိသားစု သုံးေယာက္ဟာ သူတို႔႐ြာမွာ နယ္ေျမတည္ၿငိမ္ေနၿပီဆိုလို႔ ဒီေန႔ စက္ေလွနဲ႔ ႐ြာကိုျပန္လာရာမွာ အပစ္ခံရလို႔ ကေလးေသဆုံးခဲ့တာပါ။

ကေလးငယ္ ေသဆုံးခဲ့တဲ့အေျခအေနကို ေဒသခံတစ္ဦး ေျပာတာက -

“ေညာင္ကန္႐ြာကိုအျပန္မွာ မင္းျပားအလြန္က မင္းျပားနဲ႔ ေမလြန္း႐ြာၾကားမွာရွိတဲ့ ေက်းက်ိဳဆိုတဲ့ ႐ြာနားရဲ႕ ကြၽန္းနားမွာစစ္တပ္ကေနၿပီးေတာ့ ေသနတ္နဲ႔ပစ္လိုက္တာ။ အခ်က္ ၁၀ ေလာက္ ပစ္လိုက္တယ္ေျပာတယ္။ အေဖနဲ႔ အေမက ေလွမွာဝပ္ေနတယ္။ ကေလးငယ္ကို က်ည္ကေက်ာကေဖာက္ဝင္သြားတာ ဗိုက္ပြင့္သြားတယ္“ လို႔ ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္မွာ ဒီမနက္ကတည္းက တိုက္ပြဲေတြျဖစ္ေနေပမယ့္ အခုအပစ္ခံရတဲ့ေနရာက တိုက္ပြဲျဖစ္ေနတဲ့ ေနရာနဲ႔ တစ္မိုင္ခြဲခန႔္ေဝးတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ မနက္က ရာေမာင္တံတားကို ျဖတ္သြားတဲ့ တပ္မ ၅၅ က ပစ္လိုက္တာလို႔ ေဒသခံေတြက ယူဆေနၾကတာပါ။

ဒီမနက္တိုက္ပြဲမွာ တပ္မေတာ္က ေလယာဥ္အသုံးျပဳခဲ့တာေတြရွိခဲ့သလို ႐ြာအနီးကို ဗုံးႀကဲတာေတြ ရွိတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“ဆယ္နာရီေက်ာ္ေလာက္ကေတာ့ ေလယာဥ္နဲ႔လာၿပီး ဗုံးႀကဲတယ္။ ဟိုတစ္ေန႔ကျဖစ္တဲ့ ဖားၿပိဳေက်း႐ြာနားက်မယ္။ ေလယာဥ္ ႏွစ္စီးနဲ႔။ သူတို႔အခ်င္းခ်င္းပစ္ၾကတဲ့အထဲမွာ ျပည္သူေတြကိုေတာ့ မထိခိုက္ေစခ်င္ဘူး ။ ဒါပဲေျပာခ်င္တယ္“

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ---

“ မင္းျပားမွာ ကမ္းနီဝန္းက်င္တဝိုက္မွာရွိတယ္။ ခုနက ေသနတ္မွန္တာေတာ့ တပ္ကမျဖစ္ႏိုင္ဘူး။ ကြၽန္ေတာ္တို႔ လက္နက္ႀကီးေတြနဲ႔ ပစ္တာေတြက လက္နက္ႀကီးေတြက တိုက္ပြဲျဖစ္တဲ့ေနရာကိုပဲ ပစ္တာ။ တျခားမွန္းပစ္ ရမ္းပစ္ မပစ္ဘူး။ ကြၽန္ေတာ္တို႔က တရားဥပေဒစိုးမိုးေရး ေဒသခံျပည္သူေတြရဲ႕ အသက္ကို ကာကြယ္ေစာင့္ေရွာက္ေနတဲ့ အဖြဲ႕အစည္းက ေဒသခံျပည္သူေတြကို ဝန္ထုတ္ဝန္ပိုးျဖစ္ေအာင္ မလုပ္ဘူးလို႔ ေျပာခ်င္တယ္“ လို႔ ေျပာပါတယ္။

AA နဲ႔ တပ္မေတာ္အၾကား တိုက္ပြဲျပင္းထန္မႈေတြဟာ နယ္ေျမထိစပ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က ေဒသခံေတြကိုလည္း သက္ေရာက္မႈရွိေနတာပါ။

ပလက္ဝၿမိဳ႕နယ္ ဆီးဖေလာင္းေက်႐ြာမွာ ရကၡိဳင့္တပ္ေတာ္ AA ဖမ္းဆီးသြားတဲ့ မူလတန္းေက်ာင္းအုပ္ဆရာ တစ္ဦးနဲ႔ ႐ြာသား ႏွစ္ဦး အသတ္ခံခဲ့ရပါတယ္။

ပလက္ဝၿမိဳ႕နယ္ကေန တာဝန္က်ေနရာ ဆီးဖေလာင္းေက်း႐ြာကိုသြားတဲ့ အသက္ ၅၅ႏွစ္အ႐ြယ္ မူလတန္းျပ ေက်ာင္းအုပ္ဆရာ ဦးအာေဗလနဲ႔ ႐ြာသားႏွစ္ဦးကို ဇန္နဝါရီ ၇ ရက္ညေနပိုင္းက AA အဖြဲ႕က ဖမ္းဆီေခၚေဆာင္သြားခဲ့တာလို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္ က RFA ကို ဒီေန႔ ေျပာပါတယ္။

ဖမ္းဆီးခံရၿပီး ေနာက္တစ္ရက္မွာ ဆရာအာေဗလရဲ႕ အေလာင္းကို႐ြာထိပ္မွာ ေတြ႕ခဲ့ရတာျဖစ္ၿပီး က်န္တဲ့႐ြာသားႏွစ္ဦး အေလာင္းကိုေတာ့ လယ္ကြင္းအနီးမွာ ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

မိုင္းအႏၲရာယ္ကိုလည္း စိုးရိမ္ရတာေၾကာင့္ အေလာင္းေတြကို ဒီေန႔မွ သယ္ေဆာင္ရမွာျဖစ္တယ္လို႔ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

“ပလက္ဝၿမိဳ႕ေပၚ လုံၿခဳံေရးအေျခအေနက ေတာ္ေတာ္ေလးဆိုးပါတယ္။ ကြပ္ကဲမႈစနစ္ေတြ အုပ္ခ်ဳပ္မႈစနစ္ေတြ ေတာ္ေတာ္ပ်က္ယြင္းေနတဲ့ အေနအထားျဖစ္ေနတယ္။ လက္ရွိကလည္း ပလက္ဝရဲ႕အေရွ႕ဘက္က ႐ြာသား ႏွစ္ေယာက္နဲ႔ မူလတန္းေက်ာင္းအုပ္ကိုေခၚၿပီး သတ္လိုက္တယ္“

တစ္ဆက္တည္းမွာပဲ AA အဖြဲ႕ဟာ လြန္ခဲ့တဲ့တစ္ပတ္ခန႔္ေလာက္က ပလက္ဝၿမိဳ႕နယ္ က်ီးေလေက်း႐ြာက ေက်း႐ြာသားတစ္ရာေက်ာ္ကို ရိကၡာဆန္အိတ္ေတြ သယ္ခိုင္းတာ၊ လက္နက္နဲ႔ ၿခိမ္းေျခာက္႐ိုက္ႏွက္တာစတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

အဲဒီ႐ြာသားတစ္ရာေက်ာ္ကို ဆန္အိတ္ေတြသယ္ခိုင္းၿပီး ေနာက္ညေနပိုင္းမွာ ျပန္လႊတ္ေပးလိုက္ေပမယ့္ ေလးေယာက္ေလာက္ကေတာ့ ျပန္ေရာက္မလာဘူးလို႔ ဦးစိုးထက္က ေျပာပါတယ္။

“ဒါကေတာ့ လူထုကို သက္သက္ႏွိပ္စက္ေနတာပဲ။ သူတို႔ ေတာ္လွန္ေရးလုပ္တာကို ဘာမွမေျပာလိုေပမယ့္ ဒီလိုျပည္သူေတြကို ႏွိပ္စက္ေနမယ္ဆိုရင္ ေရရွည္မွာ ျပည္သူလူထုရဲ႕ တုံ႔ျပန္မႈ ျဖစ္လာရင္ ကြၽန္ေတာ္တို႔ေဒသက ေတာ္ေတာ္အေျခအေန ဆိုးသြားမယ္။ ကြၽန္ေတာ္တို႔ ေဒသမွာလည္း မေက်နပ္မႈေတြ ေတာ္ေတာ္ျပင္းထန္လာၿပီ။ ဒီအတိုင္းသာဆိုရင္ ကြၽန္ေတာ္တို႔ အေနအထားက ေတာ္ေတာ္ဆိုးသြားမယ္လို႔ ထင္တယ္“

က်ီးေလ႐ြာဟာ ပလက္ဝၿမိဳ႕နယ္နဲ႔ မိုင္ ၃၀  မိုင္ခန႔္ ကြာေဝးၿပီး အိမ္ေျခ ၉၀ ခန႔္ရွိပါတယ္။ AA အဖြဲ႕ဟာ အင္အား၁၀၀ေက်ာ္ခန႔္နဲ႔ က်ီးေလေက်း႐ြာထဲကို လြန္ခဲ့တဲ့ သုံးရက္ကတည္းက အခုအခ်ိန္ထိ ဝင္ေရာက္ေနထိုင္ေနတယ္လို႔ ေျပာပါတယ္။

ဒီလိုေျပာဆိုမႈေတြနဲ႔ ပတ္သက္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဒီေန႔ညေနအထိ ျပန္လည္မေျဖၾကားခဲ့ပါဘူး။

ခ်င္းျပည္နယ္ထဲမွာ AA အဖြဲ႕ တပ္စြဲေနတာၾကာၿပီျဖစ္လို႔ ခ်င္းျပည္နယ္ထဲကေနထြက္ခြာေပးဖို႔ ခ်င္းတိုင္းရင္းသား အရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆိုေနၾကတာေတြ ရွိပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာရွိတဲ့ ခ်င္းတိုင္းရင္းသားေတြဟာ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေၾကာင့္ ၁၀ ေယာက္နီးပါး ေသဆုံးကာ ၁၅ ဦး ေပ်ာက္ဆုံးေနတယ္လို႔ ခ်င္းတိုင္းရင္းသားမ်ားပါတီက ဒီဇင္ဘာလ ၃၀ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ထားပါတယ္။

အရပ္သားေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ေနတာေၾကာင့္ ေအာက္ေျခမွာ ဒီလိုျပဳမူေနတာေတြကို AA အဖြဲ႕ တာဝန္ရွိသူေတြအေနနဲ႔ စစ္ေဆးအေရးယူေပးဖို႔ လိုအပ္တယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္က ေျပာပါတယ္။

“အေစာပိုင္းကေတာ့ သူ႔ဟာသူ တပ္နဲ႔ တိုက္တာဆိုေတာ့ ဘာမွေျပာစရာမရွိဘူး။ ဒါေပမဲ့ အခုက အရပ္သားေတြကို ထိခိုက္မႈက ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ျဖစ္လာတယ္လို႔ သုံးသပ္ရတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ ကိစၥေတြျဖစ္လာတယ္။ အေပၚမွာ ကိုထြန္းျမတ္ႏိုင္တို႔ ေျပာေနတာကတစ္မ်ိဳး။ ဒါေပမဲ့ ေအာက္မွာျဖစ္ေနတဲ့ကိစၥက ခ်င္းနဲ႔ ရခိုင္ၾကားမွာပိုၿပီးေတာ့ နားလည္မႈလြဲမွားေအာင္ ပိုၿပီးျဖစ္လာေစတယ္“

AA ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ဟာ ႏွစ္လၾကာ တဖက္သတ္အပစ္ရပ္ေၾကာင္း ဇန္နဝါရီ ၁ ရက္ေန႔က ေၾကညာထားေပမယ့္ ေန႔စဥ္တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။

တစ္ႏွစ္ေက်ာ္ၾကာလာၿပီျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ေသဆုံးသူအရပ္သား တစ္ရာဝန္းက်င္အထိ ရွိလာေနသလို စစ္ေဘးဒုကၡသည္အေရအတြက္လည္း တစ္သိန္းေက်ာ္အထိ ရွိလာေနၿပီျဖစ္ပါတယ္။ ဒီဒုကၡသည္ေတြဟာ လူသားခ်င္းစာနာေထာက္ပံ့မႈ အကူအညီေတြကိုလည္း အလုံအေလာက္ မရရွိတာေၾကာင့္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကလည္း ရခိုင္ျပည္နယ္က ဒုကၡသည္ေတြအတြက္ စိုးရိမ္ပူပန္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မင်းပြားတိုက်ပွဲကြောင့် ကိုးလအရွယ် ကလေးတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကျေးလက်ဒေသ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပြီး အသက် ကိုးလအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မင်းပြားမြို့နယ် ညောင်ကန်ရွာကနေ လွန်ခဲ့တဲ့ နှစ်လလောက်က စစ်ဘေးရှောင်နေတဲ့ ဒီမိသားစု သုံးယောက်ဟာ သူတို့ရွာမှာ နယ်မြေတည်ငြိမ်နေပြီဆိုလို့ ဒီနေ့ စက်လှေနဲ့ ရွာကိုပြန်လာရာမှာ အပစ်ခံရလို့ ကလေးသေဆုံးခဲ့တာပါ။

ကလေးငယ် သေဆုံးခဲ့တဲ့အခြေအနေကို ဒေသခံတစ်ဦး ပြောတာက -

“ညောင်ကန်ရွာကိုအပြန်မှာ မင်းပြားအလွန်က မင်းပြားနဲ့ မေလွန်းရွာကြားမှာရှိတဲ့ ကျေးကျိုဆိုတဲ့ ရွာနားရဲ့ ကျွန်းနားမှာစစ်တပ်ကနေပြီးတော့ သေနတ်နဲ့ပစ်လိုက်တာ။ အချက် ၁၀ လောက် ပစ်လိုက်တယ်ပြောတယ်။ အဖေနဲ့ အမေက လှေမှာဝပ်နေတယ်။ ကလေးငယ်ကို ကျည်ကကျောကဖောက်ဝင်သွားတာ ဗိုက်ပွင့်သွားတယ်“ လို့ ပြောပါတယ်။

မင်းပြားမြို့နယ်မှာ ဒီမနက်ကတည်းက တိုက်ပွဲတွေဖြစ်နေပေမယ့် အခုအပစ်ခံရတဲ့နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ တစ်မိုင်ခွဲခန့်ဝေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မနက်က ရာမောင်တံတားကို ဖြတ်သွားတဲ့ တပ်မ ၅၅ က ပစ်လိုက်တာလို့ ဒေသခံတွေက ယူဆနေကြတာပါ။

ဒီမနက်တိုက်ပွဲမှာ တပ်မတော်က လေယာဉ်အသုံးပြုခဲ့တာတွေရှိခဲ့သလို ရွာအနီးကို ဗုံးကြဲတာတွေ ရှိတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“ဆယ်နာရီကျော်လောက်ကတော့ လေယာဉ်နဲ့လာပြီး ဗုံးကြဲတယ်။ ဟိုတစ်နေ့ကဖြစ်တဲ့ ဖားပြိုကျေးရွာနားကျမယ်။ လေယာဉ် နှစ်စီးနဲ့။ သူတို့အချင်းချင်းပစ်ကြတဲ့အထဲမှာ ပြည်သူတွေကိုတော့ မထိခိုက်စေချင်ဘူး ။ ဒါပဲပြောချင်တယ်“

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ---

“ မင်းပြားမှာ ကမ်းနီဝန်းကျင်တဝိုက်မှာရှိတယ်။ ခုနက သေနတ်မှန်တာတော့ တပ်ကမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေက လက်နက်ကြီးတွေက တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ ပစ်တာ။ တခြားမှန်းပစ် ရမ်းပစ် မပစ်ဘူး။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေး ဒေသခံပြည်သူတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းက ဒေသခံပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင် မလုပ်ဘူးလို့ ပြောချင်တယ်“ လို့ ပြောပါတယ်။

AA နဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်မှုတွေဟာ နယ်မြေထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံတွေကိုလည်း သက်ရောက်မှုရှိနေတာပါ။

ပလက်ဝမြို့နယ် ဆီးဖလောင်းကျေရွာမှာ ရက္ခိုင့်တပ်တော် AA ဖမ်းဆီးသွားတဲ့ မူလတန်းကျောင်းအုပ်ဆရာ တစ်ဦးနဲ့ ရွာသား နှစ်ဦး အသတ်ခံခဲ့ရပါတယ်။

ပလက်ဝမြို့နယ်ကနေ တာဝန်ကျနေရာ ဆီးဖလောင်းကျေးရွာကိုသွားတဲ့ အသက် ၅၅နှစ်အရွယ် မူလတန်းပြ ကျောင်းအုပ်ဆရာ ဦးအာဗေလနဲ့ ရွာသားနှစ်ဦးကို ဇန်နဝါရီ ၇ ရက်ညနေပိုင်းက AA အဖွဲ့က ဖမ်းဆီခေါ်ဆောင်သွားခဲ့တာလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ဒီနေ့ ပြောပါတယ်။

ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာ ဆရာအာဗေလရဲ့ အလောင်းကိုရွာထိပ်မှာ တွေ့ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ရွာသားနှစ်ဦး အလောင်းကိုတော့ လယ်ကွင်းအနီးမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရတာကြောင့် အလောင်းတွေကို ဒီနေ့မှ သယ်ဆောင်ရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“ပလက်ဝမြို့ပေါ် လုံခြုံရေးအခြေအနေက တော်တော်လေးဆိုးပါတယ်။ ကွပ်ကဲမှုစနစ်တွေ အုပ်ချုပ်မှုစနစ်တွေ တော်တော်ပျက်ယွင်းနေတဲ့ အနေအထားဖြစ်နေတယ်။ လက်ရှိကလည်း ပလက်ဝရဲ့အရှေ့ဘက်က ရွာသား နှစ်ယောက်နဲ့ မူလတန်းကျောင်းအုပ်ကိုခေါ်ပြီး သတ်လိုက်တယ်“

တစ်ဆက်တည်းမှာပဲ AA အဖွဲ့ဟာ လွန်ခဲ့တဲ့တစ်ပတ်ခန့်လောက်က ပလက်ဝမြို့နယ် ကျီးလေကျေးရွာက ကျေးရွာသားတစ်ရာကျော်ကို ရိက္ခာဆန်အိတ်တွေ သယ်ခိုင်းတာ၊ လက်နက်နဲ့ ခြိမ်းခြောက်ရိုက်နှက်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

အဲဒီရွာသားတစ်ရာကျော်ကို ဆန်အိတ်တွေသယ်ခိုင်းပြီး နောက်ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လေးယောက်လောက်ကတော့ ပြန်ရောက်မလာဘူးလို့ ဦးစိုးထက်က ပြောပါတယ်။

“ဒါကတော့ လူထုကို သက်သက်နှိပ်စက်နေတာပဲ။ သူတို့ တော်လှန်ရေးလုပ်တာကို ဘာမှမပြောလိုပေမယ့် ဒီလိုပြည်သူတွေကို နှိပ်စက်နေမယ်ဆိုရင် ရေရှည်မှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှု ဖြစ်လာရင် ကျွန်တော်တို့ဒေသက တော်တော်အခြေအနေ ဆိုးသွားမယ်။ ကျွန်တော်တို့ ဒေသမှာလည်း မကျေနပ်မှုတွေ တော်တော်ပြင်းထန်လာပြီ။ ဒီအတိုင်းသာဆိုရင် ကျွန်တော်တို့ အနေအထားက တော်တော်ဆိုးသွားမယ်လို့ ထင်တယ်“

ကျီးလေရွာဟာ ပလက်ဝမြို့နယ်နဲ့ မိုင် ၃၀  မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၉၀ ခန့်ရှိပါတယ်။ AA အဖွဲ့ဟာ အင်အား၁၀၀ကျော်ခန့်နဲ့ ကျီးလေကျေးရွာထဲကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက အခုအချိန်ထိ ဝင်ရောက်နေထိုင်နေတယ်လို့ ပြောပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေအထိ ပြန်လည်မဖြေကြားခဲ့ပါဘူး။

ချင်းပြည်နယ်ထဲမှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ချင်းပြည်နယ်ထဲကနေထွက်ခွာပေးဖို့ ချင်းတိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြတာတွေ ရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေဟာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲကြောင့် ၁၀ ယောက်နီးပါး သေဆုံးကာ ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ ချင်းတိုင်းရင်းသားများပါတီက ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ထားပါတယ်။

အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကြောင့် အောက်ခြေမှာ ဒီလိုပြုမူနေတာတွေကို AA အဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးအရေးယူပေးဖို့ လိုအပ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“အစောပိုင်းကတော့ သူ့ဟာသူ တပ်နဲ့ တိုက်တာဆိုတော့ ဘာမှပြောစရာမရှိဘူး။ ဒါပေမဲ့ အခုက အရပ်သားတွေကို ထိခိုက်မှုက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်လို့ သုံးသပ်ရတယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေဖြစ်လာတယ်။ အပေါ်မှာ ကိုထွန်းမြတ်နိုင်တို့ ပြောနေတာကတစ်မျိုး။ ဒါပေမဲ့ အောက်မှာဖြစ်နေတဲ့ကိစ္စက ချင်းနဲ့ ရခိုင်ကြားမှာပိုပြီးတော့ နားလည်မှုလွဲမှားအောင် ပိုပြီးဖြစ်လာစေတယ်“

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နှစ်လကြာ တဖက်သတ်အပစ်ရပ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ကြေညာထားပေမယ့် နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူအရပ်သား တစ်ရာဝန်းကျင်အထိ ရှိလာနေသလို စစ်ဘေးဒုက္ခသည်အရေအတွက်လည်း တစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေကိုလည်း အလုံအလောက် မရရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပားတိုက္ပြဲေၾကာင့္ ကိုးလအ႐ြယ္ ကေလးတစ္ဦး ေသဆုံး မင္းျပားတိုက္ပြဲေၾကာင့္ ကိုးလအ႐ြယ္ ကေလးတစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.