ရီယာဒ္ ျမန္မာသံ႐ံုး သတိေပးခ်က္အေပၚ ဆက္သြယ္ေမးျမန္းခ်က္

အေမရိကန္ တုိက္ခုိက္မႈအတြင္း ေသဆုံးသြားသည့္ အီရန္ ထိပ္တန္းတပ္မွဴး Qasem Soleimani ဓာတ္ပုံ ကုိင္ေဆာင္၍ ဈာပနအခမ္းအနား တက္ေရာက္သူအခ်ဳိ႕။ (ဇန္နဝါရီ ၄၊ ၂၀၂၀)
(Zawgyi / Unicode)

အေရွ႕အလယ္ပုိင္းေဒသမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ မၿငိမ္သက္မႈေတြနဲ႔ စိုးရိမ္ဖြယ္ အေျခအေနေတြေၾကာင့္ ေဆာ္ဒီအာေရးဗ် အပါအဝင္ ဘာရိန္း၊ ကာတာနဲ႔ အိုမန္ႏုိင္ငံေတြမွာ အလုပ္သြားလုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ လုံၿခဳံေရးကို စုိးရိမ္တာေၾကာင့္ သတိေပးခ်က္ ထုတ္ျပန္ရတဲ့အေၾကာင္း ေဆာ္ဒီႏိုင္ငံ ရီယာဒ္ၿမဳိ႕ ျမန္မာသံ႐ုံး ထိပ္တန္းသံတမန္တဦးက ဗြီအုိေအကို ေျပာပါတယ္။ ဒီလို သတိေပးခ်က္ ထုတ္ျပန္ရတဲ့ စုိးရိမ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ဗြီအုိေအက ကိုဉာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္းတဲ့အခါ ရီယာဒ္ၿမဳိ႕ ျမန္မာသံ႐ုံး သံမွဴး ဦးေဇယ်ာမ်ဳိးျမင့္က အခုလို စရွင္းျပပါတယ္။

သံမွဴး ဦးေဇယ်ာမုိးျမင့္ - “က်ေနာ္တုိ႔နဲ႔ ကပ္ေနတဲ့ အီရတ္ႏုိင္ငံမွာ ျဖစ္တဲ့ အေျခအေနေတြ သိမယ္နဲ႔တူပါတယ္။ က်ေနာ္တုိ႔ ျမန္မာသံ႐ုံးက ေဆာ္ဒီမွာ အေျခစုိက္တယ္။ ကာတာရယ္၊ ကူဝိတ္ရယ္၊ ဘာရိန္းရယ္ကို တြဲဖက္ၿပီး တာဝန္ယူ ကုိင္တြယ္ရပါတယ္။ အဲဒီအတြက္ လက္ရွိ ေဒသတြင္းမွာ လတ္တေလာ ျဖစ္ေနတဲ့ အေျခအေနေလးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဒီမွာေရာက္ေနတဲ့ ျမန္မာ ေတာ္ေတာ္မ်ားမ်ား အလုပ္အကုိင္နဲ႔ ေရာက္ေနၾကတာ ျဖစ္တဲ့အတြက္ သတင္းမဖတ္မိတာ၊ ပတ္ဝန္းက်င္ကို သတိမထားမိတာမ်ဳိးေလးေတြ ျဖစ္မွာစုိးတဲ့အတြက္ ေဒသတြင္း လတ္တေလာ အေျခအေနေလးေတြ သိဖုိ႔လိုအပ္တာေလးေတြနဲ႔ ဘယ္ႏုိင္ငံမွာပဲျဖစ္ျဖစ္ လုံၿခဳံေရး အရင္ကထက္ ပုိၿပီးေတာ့ သတိထားရမယ္ဆုိတဲ့ အေျခအေနမ်ဳိးေလးေတြ ရွိတယ္။ ရွိတဲ့အတြက္ ျမန္မာႏုိင္ငံသားေတြ အဲဒီအေျခအေနေလးေတြလည္း သိေအာင္၊ အေျခအေနနဲ႔ ပတ္သက္ၿပီး လုိက္ေလ်ာညီေထြ ေနႏုိင္ေအာင္ နည္းနည္း သတိေလးနဲ႔ေန၊ သတိေလးနဲ႔သြား သတိေလးနဲ႔ထားၿပီးေတာ့ ေနႏုိင္ေအာင္ က်ေနာ္တုိ႔ ျမန္မာသံ႐ုံးက ေနၿပီးေတာ့ သိေစလုိတဲ့ဆႏၵနဲ႔ ထုတ္ျပန္တာပါ။”

ကိုဉာဏ္ဝင္းေအာင္ - ျမန္မာေတြေရာက္ေနတဲ့ ႏိုင္ငံေတြမွာ ဥပေဒနဲ႔အညီ မသက္ဆုိင္တဲ့ ကိစၥရပ္ေတြမွာ ပါဝင္ပတ္သက္မႈ မရွိေစဘဲ လိုက္နာေဆာင္ရြက္ၾကဖို႔ဆုိၿပီး တုိက္တြန္းထားတာ ေတြ႔ရပါတယ္။ ဥပမာဆိုရင္ ဘယ္လုိဟာမ်ဳးိကို ရည္ညႊန္းတာပါလဲ။

သံမွဴး ဦးေဇယ်ာမုိးျမင့္ - “က်ေနာ္တုိ႔ ဆုိလုိခ်င္တာကေတာ့ သက္ဆုိင္ရာ ႏုိင္ငံသားေတြအတြက္ ဥပေဒဆုိတာ လုပ္ရမယ့္ဟာ မလုပ္ရမယ့္ဟာ အဲဒီလုိ ခြဲျခားၿပီး သတ္မွတ္ျပ႒ာန္းထားတာမ်ဳိးေတြ ရွိပါတယ္။ ရွိတဲ့ဟာမွာ လုိက္နာရမယ့္ဟာကုိ လုိက္နာရမယ္၊ မလုပ္ရမယ့္ဟာကုိ မလုပ္ရဘူး။ အဲလိုဟာမ်ဳိးေတြကုိ ပိုၿပီးေတာ့ တခုခုျဖစ္လာၿပီဆုိတဲ့ အေျခအေနမ်ဳိးမွာ လုံၿခဳံေရးအရ ရွိလာႏုိင္တယ္။ ရွိလာႏုိင္တဲ့ဟာမ်ဳိးမွာ ကုိယ္က ဟုိႏုိင္ငံမွာေနရင္ သူတုိ႔ရဲ႕ စည္းကမ္းဥပေဒကို လုိက္နာရမယ္။ အဲလိုမ်ဳိးေလးေတြကို အရင္ကထက္ပုိၿပီး လုိက္နာၿပီးေတာ့ ဒီလုိကာလမ်ဳိးမွာ ျပႆနာ မျဖစ္ပြားေစခ်င္တဲ့ ေစတနာနဲ႔ပါ။”

ကုိဉာဏ္ဝင္းေအာင္ - ျမန္မာသံ႐ုံးအေနနဲ႔ လိုအပ္လာရင္ အကူအညီ ေပးသြားမယ္လို႔ ေျပာပါတယ္။ အကယ္၍ ျမန္မာအလုပ္သမားေတြ ေနေနတဲ့ ႏုိင္ငံေတြမွာ မတည္ၿငိမ္မႈေတြ ပုိၿပီးေတာ့ ႀကီးႀကီးမားမား ျဖစ္လာရင္ သူတုိ႔ ျပန္ဖို႔ကိစၥ အပါအဝင္ ဘယ္လိုအကူအညီေတြ ေပးသြားဖို႔ စဥ္းစားထားပါသလဲ။

သံမွဴး ဦးေဇယ်ာမုိးျမင့္ - “က်ေနာ္တုိ႔သံ႐ုံးက ေဆာ္ဒီမွာ အေျခစုိက္ပါတယ္။ အေျခစုိက္ၿပီးေတာ့ က်န္တဲ့ႏုိင္ငံေတြကိုလည္း တာဝန္ယူထားတဲ့အတြက္ က်ေနာ္တုိ႔အေျခစုိက္တဲ့ ေဆာ္ဒီမွာဆုိ က်ေနာ္တို႔နဲ႔ အနီးကပ္ ရွိေနတဲ့အတြက္ လုိအပ္တဲ့ ကူညီေထာက္ပံ့မႈေတြ ေဆာင္ရြက္ေပးလုိ႔ ရပါတယ္။ အေဝးမွာ ကာတာ၊ ဘာရိန္းနဲ႔ အုိမန္မွာရွိတဲ့ အဖြဲ႔ေတြကေတာ့ သူတုိ႔ဆီမွာ သက္ဆုိင္ရာ Myanmar Community ဆိုတဲ့ဟာေလးေတြ သီးျခားဖြဲ႔ထားတာ ရွိပါတယ္။ သူတို႔ ပုံမွန္ သာေရး နာေရးနဲ႔ အၿမဲတမ္း ဆုံစည္းတဲ့ဟာမ်ဳိးေလးေတြ၊ က်ေနာ္တုိ႔ရဲ႕ ျမန္မာ့ ခ်စ္စရာဓေလ့ အဲဒီလိုမ်ဳိး အဖြဲ႔အစည္းေလးေတြ ရွိတဲ့အတြက္ က်ေနာ္တုိ႔သံ႐ုံးကေန အဲဒီလိုအဖြဲ႔အစည္းမ်ဳိးမွာပါတဲ့ ပုဂၢိဳလ္ေတြနဲ႔လည္း အၿမဲတမ္း Contact ယူထားပါတယ္။ လတ္တေလာ ျဖစ္ေနတဲ့ အေျခအေနမ်ဳိးေလးေတြ ထူးျခားမႈရွိတဲ့ဟာေလးေတြ ေျပာဖုိ႔နဲ႔ တကယ္လို႔ မေတာ္တဆ ႏုိင္ငံတြင္းမွာ တစုံတရာ ျဖစ္လာမယ့္ အေျခအေနမ်ဳိးမွာ သူတုိ႔နဲ႔ ေပါင္းစပ္ညႇိႏႈိင္းၿပီးေတာ့ သံအမတ္ႀကီးရဲ႕ လမ္းညႊန္မႈနဲ႔အညီ ဌာနခ်ဳပ္ကို တင္ျပၿပီးေတာ့ သူတုိ႔ အႏၱရာယ္မျဖစ္ေစမယ့္ နည္းလမ္းမ်ဳိးေတြနဲ႔ အေကာင္းဆုံး ေဆာင္ရြက္ဖို႔ ရည္မွန္း ေဆာင္ရြက္ထားပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - ေဆာ္ဒီ အပါအဝင္ ဘာရိန္း၊ ကာတာ၊ အုိမန္ ဒီေလးႏုိင္ငံမွာ ျမန္မာႏုိင္ငံသား အေရအတြက္က ဘယ္ေလာက္ရွိတယ္လို႔ သံ႐ုံးအေနနဲ႔ ခန္႔မွန္းထားပါသလဲ။

သံမွဴး ဦးေဇယ်ာမုိးျမင့္ - “က်ေနာ္တုိ႔ ေဆာ္ဒီမွာ တရားဝင္စာရင္းအရ ၁၀၀ ေက်ာ္ရွိပါတယ္။ က်န္တဲ့ျပင္ပ က်ေနာ္တို႔ ႐ုံးအေျခမစိုက္တဲ့ သုံးႏုိင္ငံမွာ က်ေနာ္တုိ႔အေနနဲ႔ အဲဒါေတာ့ သီးျခားမေျပာလုိပါဘူး။”

-------------------------------------

(Unicode)

ရီယာဒ် မြန်မာသံရုံး သတိပေးချက်အပေါ် ဆက်သွယ်မေးမြန်းချက်

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေနဲ့ စိုးရိမ်ဖွယ် အခြေအနေတွေကြောင့် ဆော်ဒီအာရေးဗျ အပါအဝင် ဘာရိန်း၊ ကာတာနဲ့ အိုမန်နိုင်ငံတွေမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် သတိပေးချက် ထုတ်ပြန်ရတဲ့အကြောင်း ဆော်ဒီနိုင်ငံ ရီယာဒ်မြို့ မြန်မာသံရုံး ထိပ်တန်းသံတမန်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလို သတိပေးချက် ထုတ်ပြန်ရတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းတဲ့အခါ ရီယာဒ်မြို့ မြန်မာသံရုံး သံမှူး ဦးဇေယျာမျိုးမြင့်က အခုလို စရှင်းပြပါတယ်။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့နဲ့ ကပ်နေတဲ့ အီရတ်နိုင်ငံမှာ ဖြစ်တဲ့ အခြေအနေတွေ သိမယ်နဲ့တူပါတယ်။ ကျနော်တို့ မြန်မာသံရုံးက ဆော်ဒီမှာ အခြေစိုက်တယ်။ ကာတာရယ်၊ ကူဝိတ်ရယ်၊ ဘာရိန်းရယ်ကို တွဲဖက်ပြီး တာဝန်ယူ ကိုင်တွယ်ရပါတယ်။ အဲဒီအတွက် လက်ရှိ ဒေသတွင်းမှာ လတ်တလော ဖြစ်နေတဲ့ အခြေအနေလေးတွေနဲ့ ပတ်သက်ပြီးတော့ ဒီမှာရောက်နေတဲ့ မြန်မာ တော်တော်များများ အလုပ်အကိုင်နဲ့ ရောက်နေကြတာ ဖြစ်တဲ့အတွက် သတင်းမဖတ်မိတာ၊ ပတ်ဝန်းကျင်ကို သတိမထားမိတာမျိုးလေးတွေ ဖြစ်မှာစိုးတဲ့အတွက် ဒေသတွင်း လတ်တလော အခြေအနေလေးတွေ သိဖို့လိုအပ်တာလေးတွေနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လုံခြုံရေး အရင်ကထက် ပိုပြီးတော့ သတိထားရမယ်ဆိုတဲ့ အခြေအနေမျိုးလေးတွေ ရှိတယ်။ ရှိတဲ့အတွက် မြန်မာနိုင်ငံသားတွေ အဲဒီအခြေအနေလေးတွေလည်း သိအောင်၊ အခြေအနေနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ နေနိုင်အောင် နည်းနည်း သတိလေးနဲ့နေ၊ သတိလေးနဲ့သွား သတိလေးနဲ့ထားပြီးတော့ နေနိုင်အောင် ကျနော်တို့ မြန်မာသံရုံးက နေပြီးတော့ သိစေလိုတဲ့ဆန္ဒနဲ့ ထုတ်ပြန်တာပါ။”

ကိုဉာဏ်ဝင်းအောင် - မြန်မာတွေရောက်နေတဲ့ နိုင်ငံတွေမှာ ဥပဒေနဲ့အညီ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှု မရှိစေဘဲ လိုက်နာဆောင်ရွက်ကြဖို့ဆိုပြီး တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဥပမာဆိုရင် ဘယ်လိုဟာမျုးိကို ရည်ညွှန်းတာပါလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့ ဆိုလိုချင်တာကတော့ သက်ဆိုင်ရာ နိုင်ငံသားတွေအတွက် ဥပဒေဆိုတာ လုပ်ရမယ့်ဟာ မလုပ်ရမယ့်ဟာ အဲဒီလို ခွဲခြားပြီး သတ်မှတ်ပြဋ္ဌာန်းထားတာမျိုးတွေ ရှိပါတယ်။ ရှိတဲ့ဟာမှာ လိုက်နာရမယ့်ဟာကို လိုက်နာရမယ်၊ မလုပ်ရမယ့်ဟာကို မလုပ်ရဘူး။ အဲလိုဟာမျိုးတွေကို ပိုပြီးတော့ တခုခုဖြစ်လာပြီဆိုတဲ့ အခြေအနေမျိုးမှာ လုံခြုံရေးအရ ရှိလာနိုင်တယ်။ ရှိလာနိုင်တဲ့ဟာမျိုးမှာ ကိုယ်က ဟိုနိုင်ငံမှာနေရင် သူတို့ရဲ့ စည်းကမ်းဥပဒေကို လိုက်နာရမယ်။ အဲလိုမျိုးလေးတွေကို အရင်ကထက်ပိုပြီး လိုက်နာပြီးတော့ ဒီလိုကာလမျိုးမှာ ပြဿနာ မဖြစ်ပွားစေချင်တဲ့ စေတနာနဲ့ပါ။”

ကိုဉာဏ်ဝင်းအောင် - မြန်မာသံရုံးအနေနဲ့ လိုအပ်လာရင် အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။ အကယ်၍ မြန်မာအလုပ်သမားတွေ နေနေတဲ့ နိုင်ငံတွေမှာ မတည်ငြိမ်မှုတွေ ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်လာရင် သူတို့ ပြန်ဖို့ကိစ္စ အပါအဝင် ဘယ်လိုအကူအညီတွေ ပေးသွားဖို့ စဉ်းစားထားပါသလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့သံရုံးက ဆော်ဒီမှာ အခြေစိုက်ပါတယ်။ အခြေစိုက်ပြီးတော့ ကျန်တဲ့နိုင်ငံတွေကိုလည်း တာဝန်ယူထားတဲ့အတွက် ကျနော်တို့အခြေစိုက်တဲ့ ဆော်ဒီမှာဆို ကျနော်တို့နဲ့ အနီးကပ် ရှိနေတဲ့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးလို့ ရပါတယ်။ အဝေးမှာ ကာတာ၊ ဘာရိန်းနဲ့ အိုမန်မှာရှိတဲ့ အဖွဲ့တွေကတော့ သူတို့ဆီမှာ သက်ဆိုင်ရာ Myanmar Community ဆိုတဲ့ဟာလေးတွေ သီးခြားဖွဲ့ထားတာ ရှိပါတယ်။ သူတို့ ပုံမှန် သာရေး နာရေးနဲ့ အမြဲတမ်း ဆုံစည်းတဲ့ဟာမျိုးလေးတွေ၊ ကျနော်တို့ရဲ့ မြန်မာ့ ချစ်စရာဓလေ့ အဲဒီလိုမျိုး အဖွဲ့အစည်းလေးတွေ ရှိတဲ့အတွက် ကျနော်တို့သံရုံးကနေ အဲဒီလိုအဖွဲ့အစည်းမျိုးမှာပါတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အမြဲတမ်း Contact ယူထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ အခြေအနေမျိုးလေးတွေ ထူးခြားမှုရှိတဲ့ဟာလေးတွေ ပြောဖို့နဲ့ တကယ်လို့ မတော်တဆ နိုင်ငံတွင်းမှာ တစုံတရာ ဖြစ်လာမယ့် အခြေအနေမျိုးမှာ သူတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ သံအမတ်ကြီးရဲ့ လမ်းညွှန်မှုနဲ့အညီ ဌာနချုပ်ကို တင်ပြပြီးတော့ သူတို့ အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းမျိုးတွေနဲ့ အကောင်းဆုံး ဆောင်ရွက်ဖို့ ရည်မှန်း ဆောင်ရွက်ထားပါတယ်။”

ကိုဉာဏ်ဝင်းအောင် - ဆော်ဒီ အပါအဝင် ဘာရိန်း၊ ကာတာ၊ အိုမန် ဒီလေးနိုင်ငံမှာ မြန်မာနိုင်ငံသား အရေအတွက်က ဘယ်လောက်ရှိတယ်လို့ သံရုံးအနေနဲ့ ခန့်မှန်းထားပါသလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့ ဆော်ဒီမှာ တရားဝင်စာရင်းအရ ၁၀၀ ကျော်ရှိပါတယ်။ ကျန်တဲ့ပြင်ပ ကျနော်တို့ ရုံးအခြေမစိုက်တဲ့ သုံးနိုင်ငံမှာ ကျနော်တို့အနေနဲ့ အဲဒါတော့ သီးခြားမပြောလိုပါဘူး။”

ကိုဉာဏ္ဝင္းေအာင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရီယာဒ္ ျမန္မာသံ႐ံုး သတိေပးခ်က္အေပၚ ဆက္သြယ္ေမးျမန္းခ်က္ ရီယာဒ္ ျမန္မာသံ႐ံုး သတိေပးခ်က္အေပၚ ဆက္သြယ္ေမးျမန္းခ်က္ Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.