ေျမပံုေယာေခ်ာင္းတြင္ ရြာသားပိုင္ ကြ်ဲေကာင္ေရ ရာႏွင့္ခ်ီျပီး ေသဆံုးမႈျဖစ္ပြားေန

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ဇန္နဝါရီ ၂၄/၂၀၂၀

ရခုိင္ျပည္နယ္၊ ေျမပံုျမိဳ႕နယ္ ေယာေခ်ာင္း ရြာသာယာေက်းရြာတြင္ ရြာသားပိုင္ ကြ်ဲ ရာႏွင့္ခ်ီ ေသဆံုးမႈျဖစ္ပြားေနေၾကာင္း သတင္းရရွိသည္။

ကြ်ဲအမ်ားအျပားေသဆံုးမႈျဖစ္ပြားျခင္းမွာ ေရာဂါေၾကာင့္ ေသဆံုးျခင္းျဖစ္ေၾကာင္း၊ ကြ်ဲ ခႏၶာ ကိုယ္ေပၚတြင္ ေရာဂါလကၡဏာ ၄ မ်ိဳးေပၚျပီး ေသဆံုးၾကသည္ကိုေတြ႔ရွိရေၾကာင္း ေယာေခ်ာင္း ရြာသာယာေက်းရြာမွ ေက်းရြာသားတစ္ဦးက နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။


ေယာေခ်ာင္းရြာသာယာေက်းရြာမွ ဦးခ်က္ဆူက “ပထမေတာ့ က်ေနာ္တို႔ေယာေခ်ာင္းမွာ ေလယာဥ္ေတြနဲ႔ လာပစ္တဲ့အခ်ိန္မွာ ကြ်ဲ ႏွစ္ေကာင္ သံုးေကာင္ေလာက္ ေသတယ္။ အဲဒီ ေသတဲ့အေကာင္ေတြက ပုတ္နံ႔ေတြနဲ႔ ေရာဂါေတြ ကူးျပီးေတာ့ ေရာဂါက ၄ မ်ိဳးျဖစ္ပါတယ္။ ၄မ်ိဳးနဲ႔ ေသသြားၾကပါတယ္” ဟု ေျပာသည္။

မေသေသးခင္ အဆိုပါကြ်ဲမ်ားမွာ လွ်ာထြက္၊ ခႏၶာတုန္၊ လည္ေခ်ာင္းေရာင္၊ ဝမ္းဗိုက္ပါေရာင္ျပီ ေသဆံုးသြားကာ လက္ရွိတြင္ ေယာေခ်ာင္းအတြင္း ေသဆံုးသြားသည့္ ကြ်ဲေကာင္ေရ ၃၀၀ ခန္႔ရွိေနျပီ ဟု ဦးခ်က္ဆူက ဆက္ေျပာသည္။


၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ေယာေခ်ာင္း ရြာသာယာေက်းရြာအတြင္း တပ္မေတာ္စစ္ေၾကာင္း ေရာက္ရွိေနသည့္အတြက္ ေက်းရြာသားမ်ားမွာ စိုးရိ္မ္ေၾကာက္လန္႔ကာ ေနရပ္စြန္႔ခြာ ထြက္ေျပးသြားၾကျပီး ထိုသို႔ထြက္ေျပးၾကသည့္အခ်ိန္မွ စတင္ကာ ယခုအခ်ိန္ထိ ေသဆံုးမႈ ျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း ေယာေခ်ာင္းရြာသာယာ ေက်းရြာမွ ဦးဝင္းေမာင္ က ေျပာသည္။

“ႏိုဝင္ဘာ ၁၀ ရက္ ၁၁ ရက္ေန႔ေလာက္မွာ က်မယ္ထင္တယ္။ ရြာသားေတြက ထြက္ေျပး ၾကတယ္။ အဲဒီ လိုထြက္ေျပးၾကတဲ့ အခ်ိန္ကေန စျပီး အခုအခ်ိန္ထိ ေသၾကတာ။ အဲဒီအခ်ိန္မွာ ေရာဂါက ဝင္တယ္။ လူေတြက စစ္ေဘးေရွာင္စခန္းကို ေရာက္ရွိေနၾကတယ္။ ေရာဂါဝင္တဲ့ အခ်ိန္မွာ ကိုယ့္ကြ်ဲ ကိုယ့္ႏြားေတြကို မၾကည့္ရႈႏိုင္ၾကဘူး။ အဲဒါေၾကာင့္ ေသၾကတာပါ” ဟု ဦးဝင္းေမာင္က ေျပာသည္။

ေသသြားသည့္ ကြ်ဲအပုတ္ေကာင္မ်ားအား ေျမျမဳပ္ႏိုင္ျခင္း မရွိသျဖင့္ အသက္ရွင္လွ်က္ရွိသည့္ ကၽြဲမ်ားက တက္နင္းမိလ်င္ ထိုမွတစ္ဆင့္ ကူးစက္ျပီးေသေနၾကေၾကာင္း၊ ေယာေခ်ာင္းအတြင္း အစုလိုက္အၿပံဳလိုက္ ေသဆံုးေနၾကေၾကာင္း ေက်းရြာသားမ်ားက ေျပာသည္။

--------------------------

Unicode:

မြေပုံယောချောင်းတွင် ရွာသားပိုင် ကျွဲကောင်ရေ ရာနှင့်ချီပြီး သေဆုံးမှုဖြစ်ပွားနေ

ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယောချောင်း ရွာသာယာကျေးရွာတွင် ရွာသားပိုင် ကျွဲ ရာနှင့်ချီ သေဆုံးမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကျွဲအများအပြားသေဆုံးမှုဖြစ်ပွားခြင်းမှာ ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ ကျွဲ ခန္ဓာ ကိုယ်ပေါ်တွင် ရောဂါလက္ခဏာ ၄ မျိုးပေါ်ပြီး သေဆုံးကြသည်ကိုတွေ့ရှိရကြောင်း ယောချောင်း ရွာသာယာကျေးရွာမှ ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယောချောင်းရွာသာယာကျေးရွာမှ ဦးချက်ဆူက “ပထမတော့ ကျနော်တို့ယောချောင်းမှာ လေယာဉ်တွေနဲ့ လာပစ်တဲ့အချိန်မှာ ကျွဲ နှစ်ကောင် သုံးကောင်လောက် သေတယ်။ အဲဒီ သေတဲ့အကောင်တွေက ပုတ်နံ့တွေနဲ့ ရောဂါတွေ ကူးပြီးတော့ ရောဂါက ၄ မျိုးဖြစ်ပါတယ်။ ၄မျိုးနဲ့ သေသွားကြပါတယ်” ဟု ပြောသည်။

မသေသေးခင် အဆိုပါကျွဲများမှာ လျှာထွက်၊ ခန္ဓာတုန်၊ လည်ချောင်းရောင်၊ ဝမ်းဗိုက်ပါရောင်ပြီ သေဆုံးသွားကာ လက်ရှိတွင် ယောချောင်းအတွင်း သေဆုံးသွားသည့် ကျွဲကောင်ရေ ၃၀၀ ခန့်ရှိနေပြီ ဟု ဦးချက်ဆူက ဆက်ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ယောချောင်း ရွာသာယာကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ရောက်ရှိနေသည့်အတွက် ကျေးရွာသားများမှာ စိုးရိ်မ်ကြောက်လန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြပြီး ထိုသို့ထွက်ပြေးကြသည့်အချိန်မှ စတင်ကာ ယခုအချိန်ထိ သေဆုံးမှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ယောချောင်းရွာသာယာ ကျေးရွာမှ ဦးဝင်းမောင် က ပြောသည်။

“နိုဝင်ဘာ ၁၀ ရက် ၁၁ ရက်နေ့လောက်မှာ ကျမယ်ထင်တယ်။ ရွာသားတွေက ထွက်ပြေး ကြတယ်။ အဲဒီ လိုထွက်ပြေးကြတဲ့ အချိန်ကနေ စပြီး အခုအချိန်ထိ သေကြတာ။ အဲဒီအချိန်မှာ ရောဂါက ဝင်တယ်။ လူတွေက စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေကြတယ်။ ရောဂါဝင်တဲ့ အချိန်မှာ ကိုယ့်ကျွဲ ကိုယ့်နွားတွေကို မကြည့်ရှုနိုင်ကြဘူး။ အဲဒါကြောင့် သေကြတာပါ” ဟု ဦးဝင်းမောင်က ပြောသည်။

သေသွားသည့် ကျွဲအပုတ်ကောင်များအား မြေမြုပ်နိုင်ခြင်း မရှိသဖြင့် အသက်ရှင်လျှက်ရှိသည့် ကျွဲများက တက်နင်းမိလျင် ထိုမှတစ်ဆင့် ကူးစက်ပြီးသေနေကြကြောင်း၊ ယောချောင်းအတွင်း အစုလိုက်အပြုံလိုက် သေဆုံးနေကြကြောင်း ကျေးရွာသားများက ပြောသည်။

ထြန္းခိုင္(ေတာင္ရင္းကြ်န္း)
Narinjara
https://www.facebook.com/narinjara.info
ေျမပံုေယာေခ်ာင္းတြင္ ရြာသားပိုင္ ကြ်ဲေကာင္ေရ ရာႏွင့္ခ်ီျပီး ေသဆံုးမႈျဖစ္ပြားေန ေျမပံုေယာေခ်ာင္းတြင္ ရြာသားပိုင္ ကြ်ဲေကာင္ေရ ရာႏွင့္ခ်ီျပီး ေသဆံုးမႈျဖစ္ပြားေန Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.