ေက်ာင္းဆရာတစ္ဦးအပါအဝင္ ပလက္ဝမွာ ေအေအဖမ္းသြားတဲ့ သူ ၃ဦးစလုံး ေသဆုံးလ်က္ ျပန္ေတြ႕

 ေသဆုံးသြားတဲ့ ေက်ာင္းဆရာ ဦးေအာေဗလ
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းက ဆီးဖေလာင္းေက်း႐ြာမွာေနထိုင္တဲ့ ေက်ာင္းဆရာ ဦးအာေဗလ (၅၅ ႏွစ္) နဲ႔ အျခား႐ြာက ႐ြာသား ၂ဦးတို႔ကို ရကၡိဳင့္တပ္ေတာ္ (ေအေအ) က ဇန္နဝါရီ ၇ ရက္ေန႔က ဖမ္းေခၚ သြားၿပီးေနာက္ အဆိုပါ ၃ဦးစလုံးကို ဇန္နဝါရီ ၁၀ ရက္ေန႔မွာေတာထဲကေန ေသဆုံးလ်က္ ျပန္လည္ ေတြ႕ရွိ ခဲ့ရတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ ေျပာခြင့္ရ ဦးေစာျမကဘီဘီစီကို ေျပာပါ တယ္။

ေက်ာင္းဆရာ ဦးအာေဗလဟာ ဆီးဖေလာင္းေက်း႐ြာမွာေနထိုင္သူျဖစ္ၿပီး ဇန္နဝါရီ ၇ ရက္ေန႔ညေန ၄နာရီ ဝန္းက်င္က ၾကဝ႐ြာကို ထြက္သြားၿပီးေနာက္ အဆိုပါေက်း႐ြာက ႐ြာသား ၂ဦးနဲ႔အတူ ေအေအရဲ႕ ဖမ္းဆီးေခၚေဆာင္သြားတာကိုခံခဲ့ရတာျဖစ္တယ္လို႔ ဦးေအာေဗလ ရဲ႕ မိသားစုနဲ႔ နီးစပ္သူတခ်ိဳ႕ကေျပာပါ တယ္။

''အဲေန႔က သူကကိစၥေလးနည္းနည္းရွိလို႔ဆိုၿပီး ၾကဝကို ဆင္းသြားတယ္။ ဒါေပမယ့္ ညသန္းေခါင္အထိ ျပန္မလာဘူး။ ေနာက္ေန႔မနက္ သူ႔အမ်ိဳးသမီးက အဲ႐ြာကိုလိုက္သြားေတာ့တစ္႐ြာလုံးက အစည္းအေဝး လုပ္ေနတာေတြ႕ရတယ္။ အဲ့မွာသူ႔အမ်ိဳးသမီးကိုေတြ႕ေတာ့ ေဆြးေႏြးေနတဲ့႐ြာသားေတြက သူ႔အမ်ိဳးသမီးကို ေတြ႕ေတာ့ ညက ဆရာႀကီးနဲ႔အတူ ႐ြာသား ၂ေယာက္ပါဖမ္းခံလိုက္ရတယ္လို႔ ေျပာတယ္။ အဲဒီေန႔ကတည္း ကအဆက္အသြယ္မရေတာ့တာပဲ''လို႔ ဦးေအာေဗလရဲ႕မိသားစုနီးစပ္သူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အဆိုပါေပ်ာက္ဆုံးေနသူ ၃ဦးကို လိုက္ရွာရမွာ ေတာထဲကေန ၃ ဦးစလုံးကို ေသဆုံးလွ်က္ျပန္လည္ေတြ႕ရွိခဲ့ ရတယ္လို႔ ဦးေစာျမကေျပာပါတယ္။

' ' တစ္ေနရာစီမွာေတြ႕တာ အေလာင္းေတြက၊ အခုေတာ့ ပလက္ဝကို ျပန္သယ္လာဖို႔ လုပ္ေနတယ္လို႔ သိရတယ္'' လို႔ သူကဆက္ေျပာျပပါတယ္။

ဒါ့အျပင္ ဇန္နဝါရီ ၁၀ ရက္ေန႔ကလည္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း က်ီးေလေက်း႐ြာက ႐ြာသား ၁၃၀ ေက်ာ္ကို ေအေအကဖမ္းဆီးေခၚေဆာင္သြားၿပီးက်န္႐ြာသူ႐ြာသားေတြကိုလည္း အျပင္ေပးမထြက္ပဲ ထိန္းသိမ္းထားတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ ေျပာခြင့္ရ ဦးေစာျမက ေျပာပါတယ္။
ပလက္ဝက စစ္ေရွာင္စခန္းတစ္ခု
'' သူတို႔႐ြာကိုေရာက္ေနတာေတာ့ တစ္ပတ္ေလာက္ရွိၿပီ။ ႐ြာထဲက အမ်ိဳးသမီးငယ္တစ္ေယာက္ကို မုဒိမ္းက်င့္ဖို႔လုပ္လို႔ ႐ြာလူႀကီးေတြတားရာက လူႀကီးေတြလည္းအ႐ိုက္ခံရတယ္။ ၿပီးေတာ့ ႐ြာသား ၁၃၀ ေလာက္ကိုလည္း စားနပ္ရိကၡာထမ္းဖို႔ေခၚသြားတယ္လို႔သိရတယ္။ ႐ြာထဲကလူေတြကိုအျပင္ေပး မထြက္ေတာ့ အေျခအေနက ဘယ္လိုရွိတယ္ ေသခ်ာမသိရဘူးျဖစ္ေနတယ္။ ႐ြာကေန ျဖတ္သြား တဲ့သူေတြေျပာတဲ့အေျခအေနအရပဲသိရတယ္။''လို႔ ဦးေစာျမကေျပာပါတယ္။

လတ္တေလာျဖစ္ပ်က္ေနတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ေဒသခံတစ္ဦးက အခုလိုေျပာျပပါတယ္။

'' အခုကတစ္႐ြာလုံးက ေၾကာက္ၿပီးတုန္ေနရတဲ့အဆင့္ျဖစ္ေနၿပီ။ ဘယ္သူလက္ခ်က္လဲဆိုတာေတာင္ မေျပာရဲဘူး။ ဆီးဖေလာင္း႐ြာက လူ ၅ေယာက္ ၆ေယာက္ေလာက္ကိုလည္း ဖမ္းမယ္လို႔ ၾကားေနရေတာ့ မေနရဲၾကေတာ့ဘူး။ ထြက္ေျပးေနၾကတယ္။''လို႔သူကေျပာျပပါတယ္။

အလားတူ ပလက္ဝၿမိဳ႕နယ္အတြင္းက ပညာေရးဝန္ထမ္းတစ္ဦးျဖစ္တဲ့ ဦးေတာင္ပိုင္ကိုလည္း ေအေအ အဖြဲ႕ကဖမ္းဆီးေခၚေဆာင္သြားတာ အခုထိျပန္လႊတ္ေပးျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

ေအေအ ေျပာခြင့္ရ ခိုင္သုခကေတာ့ က်ီေလ႐ြာသားေတြကို ဖမ္းဆီးေခၚေဆာင္တာ မရွိသလို ႐ြာသူကိုလည္း အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားတယ္ဆိုတာေတြဟာ မဟုတ္မွန္ေၾကာင္းျငင္းဆိုပါတယ္။

ဒီလို လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြကို ေအေအတပ္က ျပဳလုပ္ပါက သက္ေသအခိုင္အမာနဲ႔ ေအေအရခိုင္တပ္ဖြဲ႕ကို တိုင္ၾကားႏိုင္တယ္လို႔ ခိုင္သုခက ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ကျောင်းဆရာတစ်ဦးအပါအဝင် ပလက်ဝမှာ အေအေဖမ်းသွားတဲ့ သူ ၃ဦးစလုံး သေဆုံးလျက် ပြန်တွေ့

 ဓာတ်ပုံ မူပိုင် Kyaw Aungkhumi
Image caption သေဆုံးသွားတဲ့ ကျောင်းဆရာ ဦးအောဗေလ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက ဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအာဗေလ (၅၅ နှစ်) နဲ့ အခြားရွာက ရွာသား ၂ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းခေါ် သွားပြီးနောက် အဆိုပါ ၃ဦးစလုံးကို ဇန်နဝါရီ ၁၀ ရက်နေ့မှာတောထဲကနေ သေဆုံးလျက် ပြန်လည် တွေ့ရှိ ခဲ့ရတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြကဘီဘီစီကို ပြောပါ တယ်။

ကျောင်းဆရာ ဦးအာဗေလဟာ ဆီးဖလောင်းကျေးရွာမှာနေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့ညနေ ၄နာရီ ဝန်းကျင်က ကြဝရွာကို ထွက်သွားပြီးနောက် အဆိုပါကျေးရွာက ရွာသား ၂ဦးနဲ့အတူ အေအေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရတာဖြစ်တယ်လို့ ဦးအောဗေလ ရဲ့ မိသားစုနဲ့ နီးစပ်သူတချို့ကပြောပါ တယ်။

''အဲနေ့က သူကကိစ္စလေးနည်းနည်းရှိလို့ဆိုပြီး ကြဝကို ဆင်းသွားတယ်။ ဒါပေမယ့် ညသန်းခေါင်အထိ ပြန်မလာဘူး။ နောက်နေ့မနက် သူ့အမျိုးသမီးက အဲရွာကိုလိုက်သွားတော့တစ်ရွာလုံးက အစည်းအဝေး လုပ်နေတာတွေ့ရတယ်။ အဲ့မှာသူ့အမျိုးသမီးကိုတွေ့တော့ ဆွေးနွေးနေတဲ့ရွာသားတွေက သူ့အမျိုးသမီးကို တွေ့တော့ ညက ဆရာကြီးနဲ့အတူ ရွာသား ၂ယောက်ပါဖမ်းခံလိုက်ရတယ်လို့ ပြောတယ်။ အဲဒီနေ့ကတည်း ကအဆက်အသွယ်မရတော့တာပဲ''လို့ ဦးအောဗေလရဲ့မိသားစုနီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဆိုပါပျောက်ဆုံးနေသူ ၃ဦးကို လိုက်ရှာရမှာ တောထဲကနေ ၃ ဦးစလုံးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ ရတယ်လို့ ဦးစောမြကပြောပါတယ်။

' ' တစ်နေရာစီမှာတွေ့တာ အလောင်းတွေက၊ အခုတော့ ပလက်ဝကို ပြန်သယ်လာဖို့ လုပ်နေတယ်လို့ သိရတယ်'' လို့ သူကဆက်ပြောပြပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကျီးလေကျေးရွာက ရွာသား ၁၃၀ ကျော်ကို အေအေကဖမ်းဆီးခေါ်ဆောင်သွားပြီးကျန်ရွာသူရွာသားတွေကိုလည်း အပြင်ပေးမထွက်ပဲ ထိန်းသိမ်းထားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် HKAWN SAN
Image caption ပလက်ဝက စစ်ရှောင်စခန်းတစ်ခု

'' သူတို့ရွာကိုရောက်နေတာတော့ တစ်ပတ်လောက်ရှိပြီ။ ရွာထဲက အမျိုးသမီးငယ်တစ်ယောက်ကို မုဒိမ်းကျင့်ဖို့လုပ်လို့ ရွာလူကြီးတွေတားရာက လူကြီးတွေလည်းအရိုက်ခံရတယ်။ ပြီးတော့ ရွာသား ၁၃၀ လောက်ကိုလည်း စားနပ်ရိက္ခာထမ်းဖို့ခေါ်သွားတယ်လို့သိရတယ်။ ရွာထဲကလူတွေကိုအပြင်ပေး မထွက်တော့ အခြေအနေက ဘယ်လိုရှိတယ် သေချာမသိရဘူးဖြစ်နေတယ်။ ရွာကနေ ဖြတ်သွား တဲ့သူတွေပြောတဲ့အခြေအနေအရပဲသိရတယ်။''လို့ ဦးစောမြကပြောပါတယ်။

လတ်တလောဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

'' အခုကတစ်ရွာလုံးက ကြောက်ပြီးတုန်နေရတဲ့အဆင့်ဖြစ်နေပြီ။ ဘယ်သူလက်ချက်လဲဆိုတာတောင် မပြောရဲဘူး။ ဆီးဖလောင်းရွာက လူ ၅ယောက် ၆ယောက်လောက်ကိုလည်း ဖမ်းမယ်လို့ ကြားနေရတော့ မနေရဲကြတော့ဘူး။ ထွက်ပြေးနေကြတယ်။''လို့သူကပြောပြပါတယ်။

အလားတူ ပလက်ဝမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးတောင်ပိုင်ကိုလည်း အေအေ အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အေအေ ပြောခွင့်ရ ခိုင်သုခကတော့ ကျီလေရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်တာ မရှိသလို ရွာသူကိုလည်း အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်ဆိုတာတွေဟာ မဟုတ်မှန်ကြောင်းငြင်းဆိုပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို အေအေတပ်က ပြုလုပ်ပါက သက်သေအခိုင်အမာနဲ့ အေအေရခိုင်တပ်ဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ ခိုင်သုခက ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေက်ာင္းဆရာတစ္ဦးအပါအဝင္ ပလက္ဝမွာ ေအေအဖမ္းသြားတဲ့ သူ ၃ဦးစလုံး ေသဆုံးလ်က္ ျပန္ေတြ႕ ေက်ာင္းဆရာတစ္ဦးအပါအဝင္ ပလက္ဝမွာ ေအေအဖမ္းသြားတဲ့ သူ ၃ဦးစလုံး ေသဆုံးလ်က္ ျပန္ေတြ႕ Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.