အီရန္ကို လက္တုံ႔ျပန္ဖို႔ ပစ္မွတ္ ၅၂ ခုေလာက္ခ်ထားတယ္လို႔ ထရမ့္ေျပာ

စစ္ပြဲေတြအဆုံးသတ္ဖို႔ အီရန္စစ္ဗိုလ္ခ်ဳပ္ႀကီးကို သုတ္သင္တာလို႔ အေမရိကန္ကေျပာပါတယ္။
(Zawgyi)⤵⤵⤵
အေမရိကန္ႏိုင္ငံသားေတြနဲ႔ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ပစ္မွတ္ထားတဲ့ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို အေမရိကန္ကလည္း လက္တုံ႔ျပန္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္ပါတယ္။

အီရန္ကို လက္တုံ႔ျပန္ဖို႔ ပစ္မွတ္ ၅၂ ခုေလာက္ခ်ထားတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

အီရန္ စစ္ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီ အီရတ္မွာ အသတ္ခံရတာကို လက္တုံ႔ျပန္တဲ့ အီရန္ရဲ႕ ပစ္မွတ္ထားတိုက္ခိုက္မႈေတြကို ရည္႐ြယ္ေျပာ ဆိုလိုက္တာျဖစ္ပါတယ္။

၁၉၇၉ ခုႏွစ္တုန္းက အီရတ္မွာ အေမရိကန္ ဓားစာခံေတြ ဖမ္းခဲ့သလို ကိစၥမ်ိဳး ရွိလာရင္ အီရန္အေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈေတြ ျမန္ျမန္ဆန္ဆန္နဲ႔ ျဖစ္လာမွာျဖစ္ၿပီး ဆိုးဆိုး႐ြား႐ြား ထိခိုက္နာက်င္မႈေတြ ရွိမယ္လို႔လည္း သမၼတ ထရမ့္က ဆိုပါတယ္။

ဇန္နဝါရီ ၃ ရက္ေန႔က အေမရိကန္ရဲ႕ ေလေၾကာင္းကေန တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီနဲ႔ အီရတ္က လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ စစ္ဦးစီး တို႔ရဲ႕ ႐ုပ္အေလာင္းေတြဟာ ဘဂၢဒက္ၿမိဳ႕ကေန အီရတ္ႏိုင္ငံ၊ နာဂ်စ္ၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။

အေမရိကန္လက္ခ်က္နဲ႔ ေသဆုံးသြားတဲ့ အီရန္ စစ္ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီ
အဲဒီစစ္ေခါင္းေဆာင္ႏွစ္ေယာက္ရဲ႕ ဈာပနကို လူေသာင္းခ်ီတက္ေရာက္ခဲ့ၿပီး အေမရိကန္နဲ႔ သူ႔မဟာမိတ္ေတြကို ရႈံ႕ခ်ဟစ္ေႂကြးခဲ့ပါတယ္။

နာဂ်စ္ၿမိဳ႕ေနတစ္ဆင့္ စစ္ဗိုလ္ခ်ဳပ္ႀကီးရဲ႕အေလာင္းကို အီရန္ကို ပို႔ေဆာင္ၿဂိဳလ္မွာျဖစ္ပါတယ္။

တရားမဲ့သတ္ျဖတ္ျခင္းနဲ႔ တစ္ဖတ္သတ္ဆန္စြာ စီရင္ျခင္းအေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္က ခုလို အစိုးရတစ္ရပ္က တစ္စုံတစ္ေယာက္ကို သတ္ျဖတ္ဖို႔ စီစဥ္တာ၊ ႏိုင္ငံတကာဥပေဒေဘာင္ကို ေက်ာ္လြန္ၿပီး ေဆာင္႐ြက္လို႔မရဘူးလို႔ ေျပာပါတယ္။

ႏိုင္ငံတကာဥပေဒေတြကို လိုက္နာဖို႔အေရးႀကီးသလို ဒီကိစၥကို ကုလသမဂၢအေနနဲ႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕ၿပီး အေလးအနက္ထား စစ္ေဆးဖို႔ လိုတယ္လို႔ သူက ေျပာပါတယ္။

အီရန္ က စစ္ေရးနဲ႔ႏိုင္ငံေရးေခါင္းေဆာင္ေတြကလည္း အီရန္ စစ္ဗိုလ္ခ်ဳပ္ႀကီး အသတ္ခံရမႈနဲ႔ပတ္သက္လို႔ လက္စားေခ်မယ္လို႔ ထပ္တလဲလဲ ႀကဳံးဝါး ေနၾကပါတယ္။

အီရတ္ႏိုင္ငံ၊ ဘဂၢဒက္ၿမိဳ႕က အေမရိကန္သံ႐ုံးအနီးတစ္ဝိုက္နဲ႔ အေမရိကန္တပ္ဖြဲ႕ေတြရွိတဲ့ ေနရာေတြမွာ ဒုံးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ အီရတ္စစ္တပ္က ေျပာပါတယ္။ ဒါေပမဲ့ အေသအေပ်ာက္သတင္းေတာ့ မရရွိေသးေၾကာင္း ဆိုပါတယ္။

 ေသဆုံးသြားတဲ့ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္လိုက္တဲ့ ဗိုလ္မႉးခ်ဳပ္ အစၥေမးခါနီ
အီရတ္က အေမရိကန္တပ္ဖြဲ႕ေတြအေနနဲ႔ အီရတ္မွာရွိတဲ့ အေမရိကန္စစ္စခန္းေတြကေန ဒီကေန႔ ဇန္နဝါရီ ၅ ရက္ေန႔ေနာက္ဆုံးထားၿပီး အနည္းဆုံး မီတာ တစ္ေထာင္ေလာက္ ဆုတ္ခြာဖို႔ ဟစ္ဇ္ဘိုလာ လက္နက္ကိုင္အဖြဲ႕က သတိေပးထားပါတယ္။

ခုလိုအီရန္ဗိုလ္ခ်ဳပ္ႀကီးကို အေမရိကန္က သတ္လိုက္တာက စစ္အင္အားကို တလြဲသုံးလိုက္တာပဲလို႔ တ႐ုတ္က ေျပာပါတယ္။

အေမရိကန္စစ္ဆင္ေရးက အႏၲရာယ္ႀကီးၿပီး နယ္ေျမအတြင္း တင္းမာမႈနဲ႔ မၿငိမ္မသက္မႈေတြ ျဖစ္ေစတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးကို တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက အခုလို ေျပာၾကားခဲ့တာပါ။

႐ုရွႏိုင္ငံျခားေရးဝန္ႀကီးကလည္း အေမရိကန္ရဲ႕လုပ္ရပ္က ႏိုင္ငံတကာဥပေဒေတြကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္လိုက္တာလို႔ ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အီရန်ကို လက်တုံ့ပြန်ဖို့ ပစ်မှတ် ၅၂ ခုလောက်ချထားတယ်လို့ ထရမ့်ပြော
ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ပွဲတွေအဆုံးသတ်ဖို့ အီရန်စစ်ဗိုလ်ချုပ်ကြီးကို သုတ်သင်တာလို့ အမေရိကန်ကပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့တိုက်ခိုက်မှုတွေကို အမေရိကန်ကလည်း လက်တုံ့ပြန်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

အီရန်ကို လက်တုံ့ပြန်ဖို့ ပစ်မှတ် ၅၂ ခုလောက်ချထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အီရန် စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ အီရတ်မှာ အသတ်ခံရတာကို လက်တုံ့ပြန်တဲ့ အီရန်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ရည်ရွယ်ပြော ဆိုလိုက်တာဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်တုန်းက အီရတ်မှာ အမေရိကန် ဓားစာခံတွေ ဖမ်းခဲ့သလို ကိစ္စမျိုး ရှိလာရင် အီရန်အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မြန်မြန်ဆန်ဆန်နဲ့ ဖြစ်လာမှာဖြစ်ပြီး ဆိုးဆိုးရွားရွား ထိခိုက်နာကျင်မှုတွေ ရှိမယ်လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က အမေရိကန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီနဲ့ အီရတ်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ စစ်ဦးစီး တို့ရဲ့ ရုပ်အလောင်းတွေဟာ ဘဂ္ဂဒက်မြို့ကနေ အီရတ်နိုင်ငံ၊ နာဂျစ်မြို့ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption အမေရိကန်လက်ချက်နဲ့ သေဆုံးသွားတဲ့ အီရန် စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ

အဲဒီစစ်ခေါင်းဆောင်နှစ်ယောက်ရဲ့ ဈာပနကို လူသောင်းချီတက်ရောက်ခဲ့ပြီး အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို ရှုံ့ချဟစ်ကြွေးခဲ့ပါတယ်။

နာဂျစ်မြို့နေတစ်ဆင့် စစ်ဗိုလ်ချုပ်ကြီးရဲ့အလောင်းကို အီရန်ကို ပို့ဆောင်ဂြိုလ်မှာဖြစ်ပါတယ်။

တရားမဲ့သတ်ဖြတ်ခြင်းနဲ့ တစ်ဖတ်သတ်ဆန်စွာ စီရင်ခြင်းအရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ခုလို အစိုးရတစ်ရပ်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ စီစဉ်တာ၊ နိုင်ငံတကာဥပဒေဘောင်ကို ကျော်လွန်ပြီး ဆောင်ရွက်လို့မရဘူးလို့ ပြောပါတယ်။

နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့အရေးကြီးသလို ဒီကိစ္စကို ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး အလေးအနက်ထား စစ်ဆေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အီရန် က စစ်ရေးနဲ့နိုင်ငံရေးခေါင်းဆောင်တွေကလည်း အီရန် စစ်ဗိုလ်ချုပ်ကြီး အသတ်ခံရမှုနဲ့ပတ်သက်လို့ လက်စားချေမယ်လို့ ထပ်တလဲလဲ ကြုံးဝါး နေကြပါတယ်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့က အမေရိကန်သံရုံးအနီးတစ်ဝိုက်နဲ့ အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ နေရာတွေမှာ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ အသေအပျောက်သတင်းတော့ မရရှိသေးကြောင်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ နေရာမှာ အစားထိုးခန့်အပ်လိုက်တဲ့ ဗိုလ်မှူးချုပ် အစ္စမေးခါနီ

အီရတ်က အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကနေ ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့နောက်ဆုံးထားပြီး အနည်းဆုံး မီတာ တစ်ထောင်လောက် ဆုတ်ခွာဖို့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က သတိပေးထားပါတယ်။

ခုလိုအီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်က သတ်လိုက်တာက စစ်အင်အားကို တလွဲသုံးလိုက်တာပဲလို့ တရုတ်က ပြောပါတယ်။

အမေရိကန်စစ်ဆင်ရေးက အန္တရာယ်ကြီးပြီး နယ်မြေအတွင်း တင်းမာမှုနဲ့ မငြိမ်မသက်မှုတွေ ဖြစ်စေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အခုလို ပြောကြားခဲ့တာပါ။

ရုရှနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်ရဲ့လုပ်ရပ်က နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာလို့ ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
အီရန္ကို လက္တုံ႔ျပန္ဖို႔ ပစ္မွတ္ ၅၂ ခုေလာက္ခ်ထားတယ္လို႔ ထရမ့္ေျပာ အီရန္ကို လက္တုံ႔ျပန္ဖို႔ ပစ္မွတ္ ၅၂ ခုေလာက္ခ်ထားတယ္လို႔ ထရမ့္ေျပာ Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.