
(Zawgyi)⤵⤵⤵


(Xinhua)
---------
(Unicode)⤵⤵⤵
အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ၏ ဈာပနတွင် လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးအထိရှိလာ


အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလီမန်နီ၏ ဈာပနအခမ်းအနား စီတန်းလှည့်လည်မှုတွင် ပါဝင်နေကြသော ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

    တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

 အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလီမန်နီ (Qassem Soleimani) ၏ ဈာပနအခမ်းအနား၌ လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း အီရန် အရေးပေါ်အခြေအနေစင်တာ အကြီးအကဲက ပြောကြားခဲ့သည်။

ယင်းလူအုပ်ပိမှုကြောင့် အခြားသူ ၂၁၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု Pir Hossein Kolivand ၏ ပြောကြားချက်ကို ကိုးကား၍ Press TV က သတင်းဖော်ပြခဲ့သည်။အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ Quds Force ၏ တပ်မှူးဟောင်းဖြစ်သူ ဆိုလီမန်နီသည် ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒတ် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ကာမန်မြို့သည် ဆိုလီမန်နီ၏ မွေးရပ်ဇာတိမြို့ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ၏ ဈာပနတွင် လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးအထိရှိလာ အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ၏ ဈာပနတွင် လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးအထိရှိလာ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.