ေက်ာက္မဲၿမိဳ႕နယ္တြင္ ႏြားကားတစီး ေသနတ္ပစ္ခံရ တဦးေသ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၁၂၊ ၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ တြင္ ယေန႔ (ဇန္နဝါရီ ၁၂) ၌ ႏြားတင္လာသည့္ ကား ေသနတ္ပစ္ခံရၿပီး အမ်ိဳးသား တဦး ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၁၂ရက္ မနက္ပိုင္းအခ်ိန္တြင္ ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ ေက်းရြာ၌ ႏြားတင္လာသည့္ ကားကို အမည္မသိ လူ ၂ဦးက ေသနတ္ပစ္ကာ ယာဥ္ေနာက္လုိက္ အမ်ိဳးသား တဦး က်ည္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕ မ ရဲစခန္းမွ သိရသည္။

“ မနက္က ႏြားကားပစ္ခံရၿပီး အမ်ိဳးသားတေယာက္ေသတယ္။ က်ည္ဒဏ္ရာက လည္ပင္းမွာ တခ်က္၊ နားရြက္မွာ ၂ခ်က္၊ ဦးေခါင္းမွာ တခ်က္ ထိတယ္” ဟု ေက်ာက္မဲၿမိဳ႕ ဇိဝိတ လူမႈ ကူညီေရး အသင္းမွ ဦးတင္ေမာင္သိန္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ေသနတ္ပစ္ခံရၿပီး ေသဆံုးသြားသည့္ အမ်ိဳးသားသည္ အသက္ ၂၂အရြယ္သာ ရွိေၾကာင္း၊ထိုသယ္ေဆာင္လာသည့္ ႏြားမ်ားသည္ ဖူးထက္ ကုမၸဏီ(လယ္ေဝးၿမိဳ) မွ တရားဝင္ စာ႐ြက္စာတမ္းမ်ားျဖင့္ သယ္ေဆာင္လာျခင္းျဖစ္ၿပီး၊ တ႐ုတ္ႏုိင္ငံသို႔ ပို႔ေဆာင္မည့္ ကားျဖစ္ေၾကာင္း ရဲစခန္းမွ စံုစမ္းသိရသည္။

“ တုိင္ၾကားခ်က္ မွာေတာ့ အမ်ိဳးသား ၂ဦး က ဆုိင္ကယ္စီးလာၿပီး လက္နက္ငယ္ေတြနဲ႔ ပစ္တယ္။ကားေနာက္လုိက္ ကေတာ့ က်ည္ထိၿပီး ေသတယ္။ က်န္သူကေတာ့ က်ည္မထိဘူး” ဟု ေက်ာက္မဲၿမိဳ႕ မရဲစခန္းမွ တာဝန္က် ရဲ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ႏြားတင္လာသည့္ ကား ကို ေသနတ္ျဖင့္ ပစ္ခတ္သြားသည့္ အမ်ိဳးသား ၂ဦးအား ေက်ာက္မဲၿမိဳဳ႕ ရဲစခန္းမွ စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း၊ မည္သည့္အဖြဲ႔ လာေရာက္ပစ္ခတ္သည့္ ကို ေျပာဆုိရန္ ခက္ခဲေၾကာင္းလည္း ေက်ာက္မဲ ရဲစခန္းက ေျပာသည္။

အဆိုပါ ႏြားကားပစ္ခံရၿပီး အမ်ိဳးသားတဦး ေသဆံုးျခင္းသည္ ယခု၂၀၂၀ ခုနစ္တြင္ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္းသိရသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ နယ္ႏွင့္ သီေပါၿမိဳ႕နယ္ အတြင္း ယမန္ႏွစ္တြင္ ႏြားကားမၾကာခဏ ပစ္ခတ္ခံရၿပီး လူေသဆံုးမႈသည္ ၁၀ဦး အထက္ရွိၿပီး တႀကိမ္တခါမွ တရားခံ ဖမ္းဆီးရျခင္းမရွိခဲ့ေပ။

ထိုေနရာမ်ားတြင္ တုိင္းရင္းသား လက္နက္ကိုင္မ်ား၊ ျမန္မာ့တပ္မေတာ္မ်ား ႏွင့္ ျပည္သူ႔စစ္မ်ား သြားလာလႈပ္ရွားသည့္ေနရာတခုျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ်တွင် နွားကားတစီး သေနတ်ပစ်ခံရ တဦးသေ

ဇန်နဝါရီ ၁၂၊ ၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် ယနေ့ (ဇန်နဝါရီ ၁၂) ၌ နွားတင်လာသည့် ကား သေနတ်ပစ်ခံရပြီး အမျိုးသား တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ရက် မနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် ချောင်းချောက် ကျေးရွာ၌ နွားတင်လာသည့် ကားကို အမည်မသိ လူ ၂ဦးက သေနတ်ပစ်ကာ ယာဉ်နောက်လိုက် အမျိုးသား တဦး ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့ မ ရဲစခန်းမှ သိရသည်။

“ မနက်က နွားကားပစ်ခံရပြီး အမျိုးသားတယောက်သေတယ်။ ကျည်ဒဏ်ရာက လည်ပင်းမှာ တချက်၊ နားရွက်မှာ ၂ချက်၊ ဦးခေါင်းမှာ တချက် ထိတယ်” ဟု ကျောက်မဲမြို့ ဇိဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် အသက် ၂၂အရွယ်သာ ရှိကြောင်း၊ထိုသယ်ဆောင်လာသည့် နွားများသည် ဖူးထက် ကုမ္ပဏီ(လယ်ဝေးမြို) မှ တရားဝင် စာရွက်စာတမ်းများဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ကားဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းသိရသည်။

“ တိုင်ကြားချက် မှာတော့ အမျိုးသား ၂ဦး က ဆိုင်ကယ်စီးလာပြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ကားနောက်လိုက် ကတော့ ကျည်ထိပြီး သေတယ်။ ကျန်သူကတော့ ကျည်မထိဘူး” ဟု ကျောက်မဲမြို့ မရဲစခန်းမှ တာဝန်ကျ ရဲ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

နွားတင်လာသည့် ကား ကို သေနတ်ဖြင့် ပစ်ခတ်သွားသည့် အမျိုးသား ၂ဦးအား ကျောက်မဲမြိုု့ ရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ လာရောက်ပစ်ခတ်သည့် ကို ပြောဆိုရန် ခက်ခဲကြောင်းလည်း ကျောက်မဲ ရဲစခန်းက ပြောသည်။

အဆိုပါ နွားကားပစ်ခံရပြီး အမျိုးသားတဦး သေဆုံးခြင်းသည် ယခု၂၀၂၀ ခုနစ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ နယ်နှင့် သီပေါမြို့နယ် အတွင်း ယမန်နှစ်တွင် နွားကားမကြာခဏ ပစ်ခတ်ခံရပြီး လူသေဆုံးမှုသည် ၁၀ဦး အထက်ရှိပြီး တကြိမ်တခါမှ တရားခံ ဖမ်းဆီးရခြင်းမရှိခဲ့ပေ။

ထိုနေရာများတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ မြန်မာ့တပ်မတော်များ နှင့် ပြည်သူ့စစ်များ သွားလာလှုပ်ရှားသည့်နေရာတခုဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္တြင္ ႏြားကားတစီး ေသနတ္ပစ္ခံရ တဦးေသ ေက်ာက္မဲၿမိဳ႕နယ္တြင္ ႏြားကားတစီး ေသနတ္ပစ္ခံရ တဦးေသ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.