ေက်ာက္မဲၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၂ဦး မိုင္းနင္းမိ၊ တဦး ဒဏ္ရာျပင္းထန္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၈၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕ အနီး တြင္ အမ်ိဳးသား ၂ဦး မိုင္းနင္းမိကာ၊ တဦး ဒဏ္ရာ ျပင္းထန္ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၆ ရက္ ညေန ၅နာရီ ဝန္းက်င္တြင္ မိုင္းေငါ့ၿမိဳ႕ တြင္ စက္ပစၥည္း ဝယ္ၿပီး အျပန္လမ္း ၌ မိုင္းနင္းမိခဲ့ၿပီး၊ မိုင္းနင္းမိသူ၂ဦးကို ဇန္နဝါရီ ၇ရက္ေန႔တြင္သြားေရာက္ေခၚခဲ့ေၾကာင္း အိုမ္းတေမာဝ္ လူမႈကူညီေရးအသင္းမွ အဘမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

မိုင္းနင္းမိသူ ၂ဦး အနက္ အသက္ ၃၂ အ႐ြယ္ အမ်ိဳးသား တဦး ဒဏ္ရာ ျပင္းထန္ကာ လားရႈိးေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး၊ အသက္ ၃၁ ႏွစ္ အ႐ြယ္ အမ်ိဳးသား သည္ ဒဏ္ရာ မျပင္းထန္သျဖင့္ ေက်ာက္မဲ ေဆး႐ုံတြင္ ေဆးကုသခံယူေနေၾကာင္း အဘမ္း က ေျပာသည္။

“ ဒဏ္ရာျပင္းတဲ့တေယာက္ကိုေတာ့ က်ေနာ္တို႔ ေက်ာက္မဲေဆး႐ုံေရာက္ေတာ့ ဓာတ္မွန္႐ိုက္ၿပီး လားရႈိး ေဆး႐ုံ ခ်က္ခ်င္းပို႔လိုက္တယ္။ တေယာက္ေတာ့ ေက်ာက္မဲေဆး႐ုံမွာပဲ ေဆးကုေနပါတယ္” ဟု အဘမ္း က ေျပာသည္။

၂၀၁၉ ခုနစ္ အတြင္း သွ်မ္းျပည္ ေျမာက္ပိုင္း တြင္ ေျမျမဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသူ ၁၆ဦး ႏွင့္ ဒဏ္ရာရရွိသူ ၃၄ ဦး ရွိေၾကာင္း သတင္းရရွိသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း ေျမျမဳပ္မိုင္း အမ်ားဆုံး နင္းမိသည့္ ေနရာသည္ ေက်ာက္မဲၿမိဳ႕နယ္၊ သီေပါၿမိဳ႕နယ္။ နမ့္ဆန္ၿမိဳ႕နယ္၊ နမၼတူၿမိဳ႕နယ္၊ မန္တုံၿမိဳ႕နယ္ တို႔ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ေျမျမဳပ္မိုင္း ေပါက္ကြဲမႈ အမ်ားဆုံးေနရာသည္ ျမန္မာ့တပ္မေတာ္၊ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ႏွင့္ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္ (RCSS/SSA) တို႔ လႈပ္ရွားသည့္ေနရာ ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ် အတွင်း အမျိုးသား ၂ဦး မိုင်းနင်းမိ၊ တဦး ဒဏ်ရာပြင်းထန်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၈၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အနီး တွင် အမျိုးသား ၂ဦး မိုင်းနင်းမိကာ၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၅နာရီ ဝန်းကျင်တွင် မိုင်းငေါ့မြို့ တွင် စက်ပစ္စည်း ဝယ်ပြီး အပြန်လမ်း ၌ မိုင်းနင်းမိခဲ့ပြီး၊ မိုင်းနင်းမိသူ၂ဦးကို ဇန်နဝါရီ ၇ရက်နေ့တွင်သွားရောက်ခေါ်ခဲ့ကြောင်း အိုမ်းတမောဝ် လူမှုကူညီရေးအသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မိုင်းနင်းမိသူ ၂ဦး အနက် အသက် ၃၂ အရွယ် အမျိုးသား တဦး ဒဏ်ရာ ပြင်းထန်ကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသား သည် ဒဏ်ရာ မပြင်းထန်သဖြင့် ကျောက်မဲ ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း အဘမ်း က ပြောသည်။

“ ဒဏ်ရာပြင်းတဲ့တယောက်ကိုတော့ ကျနော်တို့ ကျောက်မဲဆေးရုံရောက်တော့ ဓာတ်မှန်ရိုက်ပြီး လားရှိုး ဆေးရုံ ချက်ချင်းပို့လိုက်တယ်။ တယောက်တော့ ကျောက်မဲဆေးရုံမှာပဲ ဆေးကုနေပါတယ်” ဟု အဘမ်း က ပြောသည်။

၂၀၁၉ ခုနစ် အတွင်း သျှမ်းပြည် မြောက်ပိုင်း တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၆ဦး နှင့် ဒဏ်ရာရရှိသူ ၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။

သျှမ်းပြည် မြောက်ပိုင်း မြေမြုပ်မိုင်း အများဆုံး နင်းမိသည့် နေရာသည် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်။ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ် တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြေမြုပ်မိုင်း ပေါက်ကွဲမှု အများဆုံးနေရာသည် မြန်မာ့တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့်နေရာ ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၂ဦး မိုင္းနင္းမိ၊ တဦး ဒဏ္ရာျပင္းထန္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း အမ်ိဳးသား ၂ဦး မိုင္းနင္းမိ၊ တဦး ဒဏ္ရာျပင္းထန္ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.