အီရတ္က အေမရိကန္ႏုိင္ငံသားေတြအားလုံး အျမန္ဆုံးထြက္ခြာၾကဖုိ႔ ကန္သံ႐ုံးေၾကညာခ်က္ ထုတ္

အေမရိကန္သံ႐ုံးေရွ႕ရွိ အီရတ္အေစာင့္တပ္ဖဲြ႔

(Zawgyi/Unicode)

အီရတ္ႏုိင္ငံမွာ ရွိေနၾကတဲ့ အေမရိကန္ႏုိင္ငံသားေတြအားလုံး အျမန္ဆုံး ထြက္ခြာၾကဖုိ႔ ဘဂၢဒက္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ုံးက ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

အီရန္အထူးတပ္ဖဲြ႔ ေခါင္းေဆာင္ Qassem Soleimani နဲ႔ အီရတ္ျပည္သူ႔စစ္ေခါင္းေဆာင္ Abu Mahdi al-Muhandis တုိ႔ အေမရိကန္ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈအတြင္း ေသဆုံးသြားၿပီး နာရီပုိင္းအတြင္းမွာပဲ ေၾကညာခ်က္ ထုတ္ျပန္လုိက္တာပါ။

အီရတ္ႏုိင္ငံနဲ႔ ေဒသတြင္းမွာ တင္းမာမႈေတြ ႀကီးထြားလာေနတဲ့အတြက္ အေမရိကန္ႏုိင္ငံသားေတြ အီရတ္ႏုိင္ငံကေန ခ်က္ျခင္း ထြက္ခြာၾကဖုိ႔နဲ႔ ျဖစ္ႏုိင္ရင္ ေလေၾကာင္းကေန အျမန္ဆုံးထြက္ခြာၾကဖုိ႔ အခက္အခဲ ရွိတယ္ဆုိရင္ေတာ့ ကုန္းလမ္းကေန တျခားႏုိင္ငံေတြကုိ ထြက္ခြာၾကဖုိ႔လည္း သံ႐ုံးေၾကညာခ်က္မွာ တုိက္တြန္းထားပါတယ္။

အေမရိကန္ တပ္ဖဲြ႔ေတြအေပၚ အနာဂတ္မွာ တိုက္ခုိက္လာမယ့္ အႏၱရာယ္ကုိ ႀကိဳတင္ကာကြယ္ဖုိ႔ စစ္ေရးအရ လက္ဦးမႈယူ တုိက္ခုိက္ဖုိ႔ ျပင္ဆင္ထားေၾကာင္း အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper က ေျပာဆုိလုိက္ၿပီး ေနာက္တေန႔မွာပဲ သံ႐ုံးရဲ႕ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

အေရွ႕အလယ္ပုိင္းေဒသမွာရွိတဲ့ အေမရိကန္ တပ္ေတြကုိ အီရန္ႏုိင္ငံနဲ႔ အီရန္က အားေပးကူညီေနတဲ့ ျပည္သူ႔စစ္ေတြက တုိက္ခုိက္ေကာင္း တိုက္ခုိက္လာႏုိင္တဲ့ အေျခအေနေတြကို ဆက္လက္ ေစာင့္ၾကည့္ေနေၾကာင္းလည္း ကာကြယ္ေရး၀န္ႀကီးက မေန႔တုန္းကပဲ သတိေပးခဲ့တာပါ။

အေမရိကန္ ျပည္သူေတြနဲ႔ အက်ဳိးစီးပြားေတြကို ကာကြယ္ဖုိ႔ ေဒသတြင္းက လက္တဲြဖက္ေတြနဲ႔အတူ လုိအပ္သမွ် ေဆာင္ရြက္သြားဖုိ႔ ျပင္ဆင္ထားေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

အီရတ္ႏုိင္ငံမွာ အေျခစုိက္ထားတဲ့ အေမရိကန္နဲ႔ ႏုိင္ငံတကာတပ္ဖဲြ႔ေတြရဲ႕ စစ္စခန္းေတြကုိ အီရန္ႏုိင္ငံက အားေပးေနတဲ့ အုပ္စုေတြရဲ႕ တုိက္ခုိက္မႈေတြဟာ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာနဲ႔ ဒီဇင္ဘာလေတြအတြင္း ၁ ဒါဇင္ေလာက္ ရွိခဲ့ၿပီး အေမရိကန္ ကန္ထ႐ုိက္၀န္ထမ္း တဦး ေသဆုံးၿပီး အေမရိကန္နဲ႔ အီရတ္တပ္ဖဲြ႔၀င္ ေတာ္ေတာ္မ်ားမ်ား ဒဏ္ရာရခဲ့တဲ့ Kirkuk ျပည္နယ္ထဲက တုိက္ခုိက္မႈမွာ ဆုိရင္လည္း Kataeb Hezbollah အဖဲြ႔ရဲ႕ လက္ခ်က္အျဖစ္ အေမရိကန္က ေျပာဆုိထားတာပါ။

တုိက္ခုိက္မႈေတြဟာ ေအာက္တုိဘာလကစလုိ႔ ဆက္တုိက္ဆုိသလုိ ရွိေနခဲ့ၿပီး အရွိန္ျမင့္လာေနသလုိ ပုိမုိျပင္းထန္လာေၾကာင္းလည္း အေမရိကန္ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ား ဥကၠ႒ Mark Milley က ဒီသီတင္းပတ္ အေစာပုိင္းမွာပဲ ေျပာဆုိထားပါတယ္။

Kataeb Hezbollah အဖဲြ႔ကုိ ပစ္မွတ္ထားၿပီး အေမရိကန္က မၾကာေသးခင္က ေလေၾကာင္းကေန တုိက္ခုိ္က္ခဲ့ရာမွာ ေနာက္ဆက္တဲြအျဖစ္ ဘဂၢဒက္ၿမိဳ႕ေတာ္က အေမရိကန္ သံ႐ုံးမွာ ဆႏၵျပသူေတြနဲ႔ ၂ ရက္ၾကား ထိပ္တုိက္ရင္ဆုိင္ခဲ့ရတာပါ။

စစ္ေသြးၾကြေတြနဲ႔ ေထာက္ခံသူေတြဟာ သံ႐ုံး၀န္းထဲအထိ အတင္း၀င္ေရာက္ခဲ့ၾကၿပီး၊ ဧည့္သည္ေဆာင္မွာ ဖ်က္ဆီးတာ မီး႐ႈိ႕တာေတြ လုပ္ခဲ့ၾကသလုိ အေမရိကန္ဆန္႔က်င္ေရး စာေတြကုိလည္း နံရံေတြမွာ ေရးခဲ့ၾကပါတယ္။

[Unicode Version]

အီရတ်က အမေရိကန်နိုင်ငံသားတွေအားလုံး အမြန်ဆုံးထွက်ခွာကြဖို့ ကန်သံရုံးကြေညာချက် ထုတ်

အီရတ်နိုင်ငံမှာ ရှိနေကြတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အီရန်အထူးတပ်ဖွဲ့ ခေါင်းဆောင် Qassem Soleimani နဲ့ အီရတ်ပြည်သူ့စစ်ခေါင်းဆောင် Abu Mahdi al-Muhandis တို့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီး နာရီပိုင်းအတွင်းမှာပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အီရတ်နိုင်ငံနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေ ကြီးထွားလာနေတဲ့အတွက် အမေရိကန်နိုင်ငံသားတွေ အီရတ်နိုင်ငံကနေ ချက်ခြင်း ထွက်ခွာကြဖို့နဲ့ ဖြစ်နိုင်ရင် လေကြောင်းကနေ အမြန်ဆုံးထွက်ခွာကြဖို့ အခက်အခဲ ရှိတယ်ဆိုရင်တော့ ကုန်းလမ်းကနေ တခြားနိုင်ငံတွေကို ထွက်ခွာကြဖို့လည်း သံရုံးကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အမေရိကန် တပ်ဖွဲ့တွေအပေါ် အနာဂတ်မှာ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ စစ်ရေးအရ လက်ဦးမှုယူ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ သံရုံးရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်နိုင်ငံနဲ့ အီရန်က အားပေးကူညီနေတဲ့ ပြည်သူ့စစ်တွေက တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက မနေ့တုန်းကပဲ သတိပေးခဲ့တာပါ။

အမေရိကန် ပြည်သူတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဒေသတွင်းက လက်တွဲဖက်တွေနဲ့အတူ လိုအပ်သမျှ ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်နဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ စစ်စခန်းတွေကို အီရန်နိုင်ငံက အားပေးနေတဲ့ အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေအတွင်း ၁ ဒါဇင်လောက် ရှိခဲ့ပြီး အမေရိကန် ကန်ထရိုက်ဝန်ထမ်း တဦး သေဆုံးပြီး အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့ဝင် တော်တော်များများ ဒဏ်ရာရခဲ့တဲ့ Kirkuk ပြည်နယ်ထဲက တိုက်ခိုက်မှုမှာ ဆိုရင်လည်း Kataeb Hezbollah အဖွဲ့ရဲ့ လက်ချက်အဖြစ် အမေရိကန်က ပြောဆိုထားတာပါ။

တိုက်ခိုက်မှုတွေဟာ အောက်တိုဘာလကစလို့ ဆက်တိုက်ဆိုသလို ရှိနေခဲ့ပြီး အရှိန်မြင့်လာနေသလို ပိုမိုပြင်းထန်လာကြောင်းလည်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ Mark Milley က ဒီသီတင်းပတ် အစောပိုင်းမှာပဲ ပြောဆိုထားပါတယ်။

Kataeb Hezbollah အဖွဲ့ကို ပစ်မှတ်ထားပြီး အမေရိကန်က မကြာသေးခင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ နောက်ဆက်တွဲအဖြစ် ဘဂ္ဂဒက်မြို့တော်က အမေရိကန် သံရုံးမှာ ဆန္ဒပြသူတွေနဲ့ ၂ ရက်ကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။

စစ်သွေးကြွတွေနဲ့ ထောက်ခံသူတွေဟာ သံရုံးဝန်းထဲအထိ အတင်းဝင်ရောက်ခဲ့ကြပြီး၊ ဧည့်သည်ဆောင်မှာ ဖျက်ဆီးတာ မီးရှို့တာတွေ လုပ်ခဲ့ကြသလို အမေရိကန်ဆန့်ကျင်ရေး စာတွေကိုလည်း နံရံတွေမှာ ရေးခဲ့ကြပါတယ်။

VOA Burmese
https://burmese.voanews.com
အီရတ္က အေမရိကန္ႏုိင္ငံသားေတြအားလုံး အျမန္ဆုံးထြက္ခြာၾကဖုိ႔ ကန္သံ႐ုံးေၾကညာခ်က္ ထုတ္ အီရတ္က အေမရိကန္ႏုိင္ငံသားေတြအားလုံး အျမန္ဆုံးထြက္ခြာၾကဖုိ႔ ကန္သံ႐ုံးေၾကညာခ်က္ ထုတ္ Reviewed by THITHTOOLWIN on 23:54 Rating: 5
Powered by Blogger.