ရခိုင္မွာ စီမံကိန္းလုပ္ဖို႔ ကုမၸဏီႀကီးတစ္ခု အဆိုျပဳ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာ စက္မႈဇုန္၊ ဆိပ္ကမ္း၊ အျမန္လမ္း၊ ရထားလမ္း စတဲ့စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုၿပီး တ႐ုတ္ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္က ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ဒီေန႔ အဆိုျပဳလိုက္ပါတယ္။

ေနျပည္ေတာ္အေျခစိုက္ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္ တာဝန္ရွိသူေတြက သူတို႔ေဆာင္႐ြက္ခ်င္တဲ့ စီမံကိန္းေတြနဲ႔ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ ဦးညီပုဦးေဆာင္တဲ့ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ကို ဒီေန႔ တင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

နမ့္ခမ္း - မူဆယ္ကေန မႏၲေလး၊ ေနျပည္ေတာ္၊ ေက်ာက္ျဖဴနဲ႔ စစ္ေတြ၊ အမ္း၊ ဂြ၊ သံတြဲအထိ အျမန္ရထားလမ္းနဲ႔ အျမန္လမ္းမစီမံကိန္းေတြ၊ မီတာ ၂၃၀၀ ေက်ာ္ရွည္လ်ားတဲ့ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္းစီးမံကိန္း၊ ဟက္တာ ၁၆၀၀ ေက်ာ္က်ယ္ဝန္းတဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္း၊ ဧကေပါင္း ၁၈၀၀ ေက်ာ္က်ယ္မယ့္ ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္း၊ စစ္ေတြ - ပုဏၰားကြၽန္း အျမန္လမ္းစီမံကိန္းတို႔ ပါဝင္ပါတယ္။

ဒီစီမံကိန္းေတြအားလုံးကို ႏွစ္လမ္းတစ္ဆိပ္ကမ္း အထူးစီးပြားေရးဇုန္စီမံကိန္းလို႔ အမည္ေပးထားၿပီး တ႐ုတ္ႏိုင္ငံမွာ ေဆာင္႐ြက္ထားတဲ့ နည္းပညာစံႏႈန္းေတြအတိုင္း အေကာင္အထည္ေဖာ္မယ္လို႔ ဆိုပါတယ္။

ဒီစီမံကိန္းေတြအားလုံးအတြက္ တ႐ုတ္အစိုးရက အေမရိကန္ေဒၚလာ ဘီလီယံ ၁၀၀၀ ေက်ာ္နဲ႔ညီမွ်တဲ့ တ႐ုတ္ယြမ္ေငြ ဘီလီယံ ၇၀၀၀ နီးပါးခန႔္ရင္းႏွီးျမႇပ္ႏွံဖို႔ အဆင့္သင့္ရွိေနတယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြက ေျပာခဲ့ၾကပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီ လီမိတက္ကိုယ္စား တ႐ုတ္နည္းပညာရွင္ တစ္ဦးျဖစ္တဲ့ မစၥတာေ႐ႊဖားယုံက ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းနဲ႔ ပတ္သက္လို႔ ရွင္းလင္းခဲ့တာပါ။

ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဦးစိုင္းဟံျမင့္က ရခိုင္ေဒသတိုးတက္ေရးအတြက္ ဒီစီမံကိန္းေတြကို ျဖစ္ေအာင္လုပ္ခ်င္တယ္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ရွင္းျပခဲ့ပါတယ္။

ကုမၸဏီရဲ႕ ဥကၠ႒ ဦးေက်ာ္သိန္းကလည္း အစိုးရဆီကခြင့္ျပဳတာနဲ႔ ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ တ႐ုတ္ကုမၼဏီေတြနဲ႔ စာခ်ဳပ္ေတြခ်ဳပ္ဆိုထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က လာမယ့္ ဇန္နဝါရီလ ၁၇ ရက္ေနာက္ဆုံးၿပီး တင္ဒါေလွ်ာက္လႊာေခၚထားပါတယ္။

ဒီစီမံကိန္အတြက္ ကုမၸဏီတစ္ခုကေလွ်ာက္ထားၿပီး အခုထြက္ေပၚလာတဲ့ ဖြံ႕ၿဖိဳးျမန္မာ စြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အစိုးရအေနနဲ႔ ခြင့္ျပဳမယ့္ကုမၸဏီကို စိစစ္ေ႐ြးခ်ယ္ၿပီး အစိုးရအဖြဲ႕ အစည္းအေဝးမွာ အတည္ျပဳၿပီးေနာက္ ျပည္ေထာင္စုအစိုးရထံ ဆက္လက္တင္ျပရမွာျဖစ္ပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရးကုမၸဏီလီမိတက္က ပုဏၰားကြၽန္း စက္မႈဇုန္ စီမံကိန္းအျပင္ အျခားစီမံကိန္းေတြကိုပါ အဆိုျပဳလာတဲ့ကိစၥနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕သေဘာထားကို RFA က ေမးျမန္းခဲ့ပါတယ္။

ပုဏၰားကြၽန္းစက္မႈဇုန္စီမံကိန္းကို ၿပီးခဲ့တဲ့ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ကပင္ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္ ရင္းႏွီးျမႇပ္ႏွံမယ့္ကုမၸဏီေတြ မရွိတာေၾကာင့္ အေကာင္အထည္မေဖာ္ႏိုင္ဘဲ ျဖစ္ေနတာပါ။

ကုမၸဏီတာဝန္ရွိသူေတြက ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ သီးသန႔္ေတြ႕ဆုံေဆြးေႏြးခဲ့ရာမွာ အစိုးရအဖြဲ႕ကလည္း အခုအဆိုျပဳတဲ့စီမံကိန္းေတြအတြက္ ႀကိဳဆိုခဲ့တယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြက ေျပာပါတယ္။
ဒီကုမၸဏီက ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ၊ ေမလတို႔မွာ ရခိုင္ျပည္နယ္အစိုးရနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ တိုးတက္ေရး ကုမၸဏီလီမိတက္လို႔ ျမန္မာလို အမည္ ေပးထားၿပီး အဂၤလိပ္လိုေတာ့ ေဆာက္လုပ္ေရးႏွင့္ သတၱဳတူးေဖာ္ထုတ္လုပ္ေရး လုပ္ကိုင္တဲ့ Phwint Phyo Myanmar Power Construction & Mining Company Limited လို႔ ေပးထားေၾကာင္း ကုမၸဏီရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ကုမၸဏီတာဝန္ရွိသူေတြ စာရင္းမွာေတာ့ ျမန္မာျပည္သားေတြရဲ႕ အမည္ေတြကိုပဲ ေတြ႕ရပါတယ္။

အဲဒီ အင္တာနက္စာမ်က္ႏွာမွာပဲ “တ႐ုတ္ႏိုင္ငံ One Belt, One Road စီမံကိန္း၏ အဓိကအစိတ္အပိုင္းျဖစ္ၿပီး တ႐ုတ္ျမန္မာစီးပြားေရး စၾကၤန္လုပ္ငန္းမ်ား ေဖာ္ေဆာင္ႏိုင္ေရးတြင္ အထူးပင္အေရးပါလွပါသည္။ ၎စီမံကိန္းသာ အေကာင္အထည္ေဖာ္ႏိုင္ပါက ျမန္မာႏိုင္ငံ၏ စီပြားေရးတိုးတက္မႈအရွိန္ ျမႇင့္တင္ေပးၿပီး ျပည္သူ႔တို႔၏ စားဝတ္ေနေရး ဖြံ႕ၿဖိဳးတိုးတက္ႏိုင္မည္ျဖစ္သည္” လို႔ ေဖာ္ျပထားပါတယ္။

၈ ႏွစ္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္မယ့္ ဒီစီမံကိန္းက လူဦးေရ  ငါးသိန္းဝန္းက်င္ကို အလုပ္အကိုင္ ဖန္တီးေပးမယ္လို႔ ဆိုပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရခိုင်မှာ စီမံကိန်းလုပ်ဖို့ ကုမ္ပဏီကြီးတစ်ခု အဆိုပြု

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်တွေမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ အမြန်လမ်း၊ ရထားလမ်း စတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုပြီး တရုတ်ကျောထောက် နောက်ခံပြုထားတဲ့ ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီနေ့ အဆိုပြုလိုက်ပါတယ်။

နေပြည်တော်အခြေစိုက် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက် တာဝန်ရှိသူတွေက သူတို့ဆောင်ရွက်ချင်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဦးညီပုဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီနေ့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

နမ့်ခမ်း - မူဆယ်ကနေ မန္တလေး၊ နေပြည်တော်၊ ကျောက်ဖြူနဲ့ စစ်တွေ၊ အမ်း၊ ဂွ၊ သံတွဲအထိ အမြန်ရထားလမ်းနဲ့ အမြန်လမ်းမစီမံကိန်းတွေ၊ မီတာ ၂၃၀၀ ကျော်ရှည်လျားတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီးမံကိန်း၊ ဟက်တာ ၁၆၀၀ ကျော်ကျယ်ဝန်းတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ ဧကပေါင်း ၁၈၀၀ ကျော်ကျယ်မယ့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်း၊ စစ်တွေ - ပုဏ္ဏားကျွန်း အမြန်လမ်းစီမံကိန်းတို့ ပါဝင်ပါတယ်။

ဒီစီမံကိန်းတွေအားလုံးကို နှစ်လမ်းတစ်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းလို့ အမည်ပေးထားပြီး တရုတ်နိုင်ငံမှာ ဆောင်ရွက်ထားတဲ့ နည်းပညာစံနှုန်းတွေအတိုင်း အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းတွေအားလုံးအတွက် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀၀ ကျော်နဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ ဘီလီယံ ၇၀၀၀ နီးပါးခန့်ရင်းနှီးမြှပ်နှံဖို့ အဆင့်သင့်ရှိနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီ လီမိတက်ကိုယ်စား တရုတ်နည်းပညာရှင် တစ်ဦးဖြစ်တဲ့ မစ္စတာရွှေဖားယုံက ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့တာပါ။

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုင်းဟံမြင့်က ရခိုင်ဒေသတိုးတက်ရေးအတွက် ဒီစီမံကိန်းတွေကို ဖြစ်အောင်လုပ်ချင်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရှင်းပြခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးကျော်သိန်းကလည်း အစိုးရဆီကခွင့်ပြုတာနဲ့ ချက်ချင်းအကောင်အထည်ဖော်ဖို့ တရုတ်ကုမ္မဏီတွေနဲ့ စာချုပ်တွေချုပ်ဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လာမယ့် ဇန်နဝါရီလ ၁၇ ရက်နောက်ဆုံးပြီး တင်ဒါလျှောက်လွှာခေါ်ထားပါတယ်။

ဒီစီမံကိန်အတွက် ကုမ္ပဏီတစ်ခုကလျှောက်ထားပြီး အခုထွက်ပေါ်လာတဲ့ ဖွံ့ဖြိုးမြန်မာ စွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ခွင့်ပြုမယ့်ကုမ္ပဏီကို စိစစ်ရွေးချယ်ပြီး အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုပြီးနောက် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းအပြင် အခြားစီမံကိန်းတွေကိုပါ အဆိုပြုလာတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့သဘောထားကို RFA က မေးမြန်းခဲ့ပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ရင်းနှီးမြှပ်နှံမယ့်ကုမ္ပဏီတွေ မရှိတာကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေတာပါ။

ကုမ္ပဏီတာဝန်ရှိသူတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အစိုးရအဖွဲ့ကလည်း အခုအဆိုပြုတဲ့စီမံကိန်းတွေအတွက် ကြိုဆိုခဲ့တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကုမ္ပဏီက ပြီးခဲ့တဲ့နှစ် ဧပြီလ၊ မေလတို့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအား ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက်လို့ မြန်မာလို အမည် ပေးထားပြီး အင်္ဂလိပ်လိုတော့ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ကိုင်တဲ့ Phwint Phyo Myanmar Power Construction & Mining Company Limited လို့ ပေးထားကြောင်း ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီတာဝန်ရှိသူတွေ စာရင်းမှာတော့ မြန်မာပြည်သားတွေရဲ့ အမည်တွေကိုပဲ တွေ့ရပါတယ်။

အဲဒီ အင်တာနက်စာမျက်နှာမှာပဲ “တရုတ်နိုင်ငံ One Belt, One Road စီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး တရုတ်မြန်မာစီးပွားရေး စင်္ကြန်လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးတွင် အထူးပင်အရေးပါလှပါသည်။ ၎င်းစီမံကိန်းသာ အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ စီပွားရေးတိုးတက်မှုအရှိန် မြှင့်တင်ပေးပြီး ပြည်သူ့တို့၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

၈ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မယ့် ဒီစီမံကိန်းက လူဦးရေ  ငါးသိန်းဝန်းကျင်ကို အလုပ်အကိုင် ဖန်တီးပေးမယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္မွာ စီမံကိန္းလုပ္ဖို႔ ကုမၸဏီႀကီးတစ္ခု အဆိုျပဳ ရခိုင္မွာ စီမံကိန္းလုပ္ဖို႔ ကုမၸဏီႀကီးတစ္ခု အဆိုျပဳ Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.