တ႐ုတ္ေရာက္ ျမန္မာလုပ္သားမ်ား ယေန႔ထိ ေနရပ္ျပန္ဆဲ

ထုန္ေဟြ႕လီ/ တ႐ုတ္ျပည္မွ ေနရပ္ျပန္လာသည့္ ျမန္မာလုပ္သားမ်ားပုံ
(Zawgyi)⤵⤵⤵
မူဆယ္ၿမိဳ႕ တ႐ုတ္နယ္စပ္ဂိတ္မ်ားတြင္ ယေန႔အခ်ိန္ထိ တ႐ုတ္ႏိုင္ငံမွ ျပန္လာသည့္ ျမန္မာအလုပ္သမားမ်ား ရွိေနဆဲ ဟု သတင္းရရွိသည္။

တ႐ုတ္ႏိုင္ငံ တြင္ ျဖစ္ေပၚေနသည့္ Nobel Corona Virus (ႏိုဗယ္လ္ ခို႐ိုနာ ဗိုင္းရပ္စ္) ဝူဟန္ ကူးစက္ျမန္ေရာဂါေၾကာင့္ အေရး ေပၚ အေျခအေနတရပ္အျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေၾကျငာကာ ဇန္နဝါရီလ ၃၀ ရက္ ယေန႔လက္ရွိအခ်ိန္ ကမာၻတဝွမ္း ႏိုင္ငံေပါင္း ၂၀ အတြင္း ထို ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၇၈၇၅ ဦး ေသဆုံးသူ ၁၇၀ ဦးရွိၿပီျဖစ္ေၾကာင္း South China Morning Post သတင္းတြင္ေဖာ္ျပထားသည္။

တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕ရွိ နယ္စပ္ဂိတ္မ်ားတြင္မူ ယေန႔ခ်ိန္ထိ ဖြင့္လွစ္ထားၿပီး တ႐ုတ္ႏိုင္ငံမွ ျပန္လာသည့္ အလုပ္သမား တရက္လွ်င္ ၂၀၀ ဦးခန႔္ရွိေၾကာင္း မူဆယ္ၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အမတ္ စိုင္းေက်ာ္သိန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ နယ္စပ္ ဂိတ္ တံခါး က မပိတ္ဘူး။ တ႐ုတ္ေရာ ျမန္မာေရာ မပိတ္ဘူး။ တ႐ုတ္ႏွစ္သစ္ကူး အလုပ္ေတြ ပိတ္ေတာ့ အလုပ္သမားေတြ ကျပန္လာတယ္။ တကယ္ေတာ့ ပိတ္လိုက္ရင္ သူတို႔ ခိုးေပါက္ကေန လာမယ္။ခိုးေပါက္ကေနဆိုရင္ က်န္းမာေရး စစ္လို႔ မရေတာ့ဘူး” ဟု စိုင္းေက်ာ္သိန္း က ဆိုသည္။
ထုန္ေဟြ႕လီ/ တ႐ုတ္ျပည္မွ ေနရပ္ျပန္လာသည့္ ျမန္မာလုပ္သားမ်ားပုံ
လက္ရွိ မူဆယ္- တ႐ုတ္နယ္စပ္ဂိတ္တြင္ တ႐ုတ္ျပည္မွ ျပန္လာသည့္ ျမန္မာလုပ္သားမ်ားသာရွိေၾကာင္း၊ တ႐ုတ္ႏိုင္ငံသားမ်ား ျမန္မာျပည္ဘက္သို႔ ဝင္လာျခင္းမရွိေတာ့ေၾကာင္း၊ ျမန္မာျပည္ျပန္လာသည့္ ျမန္မာလုပ္သားမ်ားကို က်န္းမာေရး မွ စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း စိုင္းေက်ာ္သိန္း က ရွင္းျပသည္။

ဇန္နဝါရီလ ၂၆ ရက္ေန႔က တ႐ုတ္ျပည္မွ ျပန္လာသည့္ျမန္မာ အလုပ္သမား ၂ ဦး သည္ ကိုယ္အပူခ်ိန္တက္ေနရာ မူဆယ္ေဆး႐ုံတြင္ စစ္ေဆးမႈ ခံယူေစခဲ့သည္။ ၎ ၂ ဦးအနက္ အမ်ိဳးသားမွာ သာမာန္ အဖ်ားေရာဂါျဖစ္သျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ရခဲ့သည္။ လက္ရွိတြင္ က်န္အမ်ိဳးသမီးတဦးကို မူဆယ္ေဆး႐ုံတြင္ ေဆး ကုသေပးေနေၾကာင္း သိရသည္။

“ အမ်ိဳးသားကိုေတာ့ ျပန္လႊတ္လိုက္ၿပီ။ အမ်ိဳးသမီးကေတာ့ အခုထိ ေဆး႐ုံမွာရွိတယ္။ ဆရာဝန္ ေတြေျပာျပခ်က္ အရ သူတို႔က သာမာန္ဖ်ားတာပါ။ အမ်ိဳးသမီးလည္း အခု သက္သာလာပါၿပီ” ဟု စိုင္းေက်ာ္သိန္း က ဆက္လက္ေျပာသည္။

လက္ရွိ တ႐ုတ္ျပည္ မွ ျပန္လာသည့္ အလုပ္သမားမ်ားကို က်န္းမာေရး ဌာန က ေသခ်ာ စိစစ္မႈျပဳလုပ္ေနေသာ္လည္း ေကာ္႐ိုနာ ဗိုင္းရပ္( ဝူဟန္) ကူးစက္ျမန္ သည့္ ေရာဂါ ျဖစ္ေနၿပီး ေရာဂါ လကၡဏာသည္ ရက္တပတ္ၾကာမွ ေပၚလာႏိုင္သည့္အတြက္ တ႐ုတ္နယ္စပ္တြင္ေနထိုင္သည့္ ျပည္သူမ်ားအတြက္ စိုးရိမ္မႈအရွိန္ ျမင့္တက္လာေနပါသည္။
“ ဒီေရာဂါ အေၾကာင္း က်ေနာ္တို႔ သိရသေလာက္ ႐ိုး႐ိုးအဖ်ားတိုင္းတာနဲ႔ လည္း မေတြ႕ရဘူးလို႔ၾကားတယ္။ ဒီမွာ က ေန႔တိုင္းတ႐ုတ္ျပည္က လာတဲ့ အလုပ္သမားေတြရွိေနေတာ့ ေရာဂါပိုးပါလာမွာ ေၾကာက္ေနရတယ္” ဟု မူဆယ္ၿမိဳ႕ေဒသခံ နန္းေ႐ႊေအာင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

တ႐ုတ္နယ္စပ္ ဂိတ္မ်ား ယေန႔တိုင္ ဖြင့္လွစ္ေနမႈ သည္ ေဒသခံမ်ားအတြက္ စိုးရိမ္စရာ အခ်က္ျဖစ္ေနေၾကာင္း၊ ေနရပ္ျပန္လာသည့္ အလုပ္သမား ကို မိမိေနရပ္ မျပန္ခိုင္းေသးဘဲ ေသခ်ာ စိစစ္ၿပီးမွသာ ျပန္လႊတ္သင့္သည္ ဟု နန္းေ႐ႊေအာင္ က ေျပာသည္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ရန္အတြက္ အေရွ႕ေတာင္အာရွရွိ ႏိုင္ငံတိုင္း Mask (ႏွာေခါင္းအုပ္)မ်ားကိုအလုအယက္ဝယ္ယူတပ္ဆင္ၾကရာ ျမန္မာႏိုင္ငံတြင္လည္း ယခင္က ထက္ ေဈးတင္ေရာင္းေနၾကေၾကာင္းလည္း မူဆယ္ေဒသခံမ်ားက ေျပာဆိုလိုက္သည္။

“ Mask က ေဆးဆိုင္ေတြမွာေတာင္ ျပတ္ေနၿပီ။ တခ်ိဳ႕ ေဆးဆိုင္ေတြက ေဈး တင္ေရာင္းေနၾကတယ္။ အရင္က တထုတ္ ၅၀၀ က်ပ္ ကို အခု ၂၀၀၀က်ပ္နဲ႔ ေပးဝယ္ေနရတယ္” ဟု နန္းေ႐ႊေအာင္ က ဆိုသည္။

ထိုင္းႏိုင္ငံတြင္ Mask ကို ပုံမွန္ေဈးႏႈန္းထက္ပိုျမင့္ေသာေဈးႏႈန္းျဖင့္ ေရာင္းခ်ပါက ေထာင္ဒဏ္ ၇ ႏွစ္ သို႔မဟုတ္ ေငြဒဏ္ ဘတ္ ၁၄၀၀၀၀( ျမန္မာေငြ က်ပ္သိန္း ၇၀)၊ သို႔မဟုတ္ ျပစ္ဒဏ္ ၂ ခု စလုံး က်ခံရမည္ဟုလည္း ထိုင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။

လက္ရွိ ျမန္မာႏိုင္ငံသည္ တ႐ုတ္နယ္စပ္ ႏွင့္ ပိုၿပီး နီးစပ္သည့္ ႏိုင္ငံျဖစ္ေသာ္လည္း ကို႐ိုနာ ဗိုင္းရပ္စ္ ႏွင့္ ပတ္သက္ၿပီး အသိပညာေပးမႈ အားနည္းေနေၾကာင္း လည္း ျပည္သူမ်ား က ေျပာဆိုလိုက္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------
(Unicode)⤵⤵⤵
တရုတ်ရောက် မြန်မာလုပ်သားများ ယနေ့ထိ နေရပ်ပြန်ဆဲ

မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်များတွင် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများ ရှိနေဆဲ ဟု သတင်းရရှိသည်။

တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် Nobel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေး ပေါ် အခြေအနေတရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာကာ ဇန်နဝါရီလ ၃၀ ရက် ယနေ့လက်ရှိအချိန် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀ အတွင်း ထို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၈၇၅ ဦး သေဆုံးသူ ၁၇၀ ဦးရှိပြီဖြစ်ကြောင်း South China Morning Post သတင်းတွင်ဖော်ပြထားသည်။

တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင်မူ ယနေ့ချိန်ထိ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံမှ ပြန်လာသည့် အလုပ်သမား တရက်လျှင် ၂၀၀ ဦးခန့်ရှိကြောင်း မူဆယ်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ နယ်စပ် ဂိတ် တံခါး က မပိတ်ဘူး။ တရုတ်ရော မြန်မာရော မပိတ်ဘူး။ တရုတ်နှစ်သစ်ကူး အလုပ်တွေ ပိတ်တော့ အလုပ်သမားတွေ ကပြန်လာတယ်။ တကယ်တော့ ပိတ်လိုက်ရင် သူတို့ ခိုးပေါက်ကနေ လာမယ်။ခိုးပေါက်ကနေဆိုရင် ကျန်းမာရေး စစ်လို့ မရတော့ဘူး” ဟု စိုင်းကျော်သိန်း က ဆိုသည်။

Photo by ထုန်ဟွေ့လီ/ တရုတ်ပြည်မှ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပုံ

လက်ရှိ မူဆယ်- တရုတ်နယ်စပ်ဂိတ်တွင် တရုတ်ပြည်မှ ပြန်လာသည့် မြန်မာလုပ်သားများသာရှိကြောင်း၊ တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်လာခြင်းမရှိတော့ကြောင်း၊ မြန်မာပြည်ပြန်လာသည့် မြန်မာလုပ်သားများကို ကျန်းမာရေး မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း စိုင်းကျော်သိန်း က ရှင်းပြသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က တရုတ်ပြည်မှ ပြန်လာသည့်မြန်မာ အလုပ်သမား ၂ ဦး သည် ကိုယ်အပူချိန်တက်နေရာ မူဆယ်ဆေးရုံတွင် စစ်ဆေးမှု ခံယူစေခဲ့သည်။ ၎င်း ၂ ဦးအနက် အမျိုးသားမှာ သာမာန် အဖျားရောဂါဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ လက်ရှိတွင် ကျန်အမျိုးသမီးတဦးကို မူဆယ်ဆေးရုံတွင် ဆေး ကုသပေးနေကြောင်း သိရသည်။

“ အမျိုးသားကိုတော့ ပြန်လွှတ်လိုက်ပြီ။ အမျိုးသမီးကတော့ အခုထိ ဆေးရုံမှာရှိတယ်။ ဆရာဝန် တွေပြောပြချက် အရ သူတို့က သာမာန်ဖျားတာပါ။ အမျိုးသမီးလည်း အခု သက်သာလာပါပြီ” ဟု စိုင်းကျော်သိန်း က ဆက်လက်ပြောသည်။

လက်ရှိ တရုတ်ပြည် မှ ပြန်လာသည့် အလုပ်သမားများကို ကျန်းမာရေး ဌာန က သေချာ စိစစ်မှုပြုလုပ်နေသော်လည်း ကော်ရိုနာ ဗိုင်းရပ်( ဝူဟန်) ကူးစက်မြန် သည့် ရောဂါ ဖြစ်နေပြီး ရောဂါ လက္ခဏာသည် ရက်တပတ်ကြာမှ ပေါ်လာနိုင်သည့်အတွက် တရုတ်နယ်စပ်တွင်နေထိုင်သည့် ပြည်သူများအတွက် စိုးရိမ်မှုအရှိန် မြင့်တက်လာနေပါသည်။
“ ဒီရောဂါ အကြောင်း ကျနော်တို့ သိရသလောက် ရိုးရိုးအဖျားတိုင်းတာနဲ့ လည်း မတွေ့ရဘူးလို့ကြားတယ်။ ဒီမှာ က နေ့တိုင်းတရုတ်ပြည်က လာတဲ့ အလုပ်သမားတွေရှိနေတော့ ရောဂါပိုးပါလာမှာ ကြောက်နေရတယ်” ဟု မူဆယ်မြို့ဒေသခံ နန်းရွှေအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တရုတ်နယ်စပ် ဂိတ်များ ယနေ့တိုင် ဖွင့်လှစ်နေမှု သည် ဒေသခံများအတွက် စိုးရိမ်စရာ အချက်ဖြစ်နေကြောင်း၊ နေရပ်ပြန်လာသည့် အလုပ်သမား ကို မိမိနေရပ် မပြန်ခိုင်းသေးဘဲ သေချာ စိစစ်ပြီးမှသာ ပြန်လွှတ်သင့်သည် ဟု နန်းရွှေအောင် က ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန်အတွက် အရှေ့တောင်အာရှရှိ နိုင်ငံတိုင်း Mask (နှာခေါင်းအုပ်)များကိုအလုအယက်ဝယ်ယူတပ်ဆင်ကြရာ မြန်မာနိုင်ငံတွင်လည်း ယခင်က ထက် ဈေးတင်ရောင်းနေကြကြောင်းလည်း မူဆယ်ဒေသခံများက ပြောဆိုလိုက်သည်။

“ Mask က ဆေးဆိုင်တွေမှာတောင် ပြတ်နေပြီ။ တချို့ ဆေးဆိုင်တွေက ဈေး တင်ရောင်းနေကြတယ်။ အရင်က တထုတ် ၅၀၀ ကျပ် ကို အခု ၂၀၀၀ကျပ်နဲ့ ပေးဝယ်နေရတယ်” ဟု နန်းရွှေအောင် က ဆိုသည်။

ထိုင်းနိုင်ငံတွင် Mask ကို ပုံမှန်ဈေးနှုန်းထက်ပိုမြင့်သောဈေးနှုန်းဖြင့် ရောင်းချပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁၄၀၀၀၀( မြန်မာငွေ ကျပ်သိန်း ၇၀)၊ သို့မဟုတ် ပြစ်ဒဏ် ၂ ခု စလုံး ကျခံရမည်ဟုလည်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် တရုတ်နယ်စပ် နှင့် ပိုပြီး နီးစပ်သည့် နိုင်ငံဖြစ်သော်လည်း ကိုရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်ပြီး အသိပညာပေးမှု အားနည်းနေကြောင်း လည်း ပြည်သူများ က ပြောဆိုလိုက်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တ႐ုတ္ေရာက္ ျမန္မာလုပ္သားမ်ား ယေန႔ထိ ေနရပ္ျပန္ဆဲ တ႐ုတ္ေရာက္ ျမန္မာလုပ္သားမ်ား ယေန႔ထိ ေနရပ္ျပန္ဆဲ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.