ရခိုင္ျပည္နယ္ ဝါးေတာင္စစ္ေဘးဒုကၡသည္စခန္းက ကေလးငယ္မ်ား။ |
ျမန္မာႏိုင္ငံတြင္းက ကေလးသူငယ္ေတြ အထူးသျဖင့္ လက္နက္ကိုင္ပဋိပကၡေတြျဖစ္ပြားေနတဲ့ ရခိုင္၊ ရွမ္း နဲ႔ ကခ်င္ျပည္နယ္တြင္းက ကေလးသူငယ္ေတြဟာ စစ္ရဲ႕ဒဏ္ကို ႀကီးမားစြာခံစားေနရတာေၾကာင့္ ကေလးသူငယ္ေတြအေပၚက်ေရာက္ေနတဲ့ အၾကမ္းဖက္မႈေတြကို ဟန႔္တားႏိုင္ေရး တပ္မေတာ္နဲ႔ တျခားအစိုးရလုံၿခဳံေရးတပ္ဖြဲ႕ေတြအပါအဝင္ ပဋိပကၡေတြမွာ ပါဝင္သူေတြအားလုံး ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ကေလးသူငယ္နဲ႔ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အထူးကိုယ္စားလွယ္ Ms.Virginia Gamba က တိုက္တြန္းလိုက္ပါတယ္။
ျမန္မာႏိုင္ငံကို ငါးရက္ၾကာသြားေရာက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အစိုးရတာဝန္ရွိသူေတြ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ၊ ကေလးသူငယ္မ်ား နဲ႔ လက္နက္ကိုင္ပဋိပကၡေစာင့္ၾကည့္ေရးတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံအၿပီးမွာ မေန႔က ေၾကညာခ်က္ထုတ္ျပန္ၿပီး တိုက္တြန္းလိုက္တာပါ။
ကုလသမဂၢအထူးကိုယ္စားလွယ္က ဒီလိုတိုက္တြန္းတာနဲ႔ပတ္သက္ၿပီး ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚထုေမက .....
“ စစ္ပြဲေတြၾကားမွာ ကေလးေတြေသဆုံးေနရတာကို က်မတို႔ေတြ႕ေနၾကရပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး အစိုးရမွာ အျပည့္အဝတာဝန္ရွိတယ္။ ျပည္ေထာင္စုလႊတ္ေတာ္မွာ က်မတို႔ ဒီစစ္ပြဲၾကားက ကေလးသူငယ္ေတြကို အကာအကြယ္ေပးဖို႔ တကယ့္ ကေလးသူငယ္အခြင့္အေရးအျပည့္အဝရဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္း အေကာင္အထည္ေဖာ္တဲ့ေနရာမွာ စစ္မက္ျဖစ္ပြားတဲ့ေနရာေတြက ကေလးေတြကို အကာအကြယ္ေပးဖို႔ေနရာမွာ အစိုးရက အားနည္းခ်က္ေတြအမ်ားႀကီးရွိပါတယ္။ က်မတို႔ ရခိုင္မွာဆိုရင္ တပတ္တေယာက္ ဆယ္ရက္တေယာက္ႏႈန္း ကေလးေတြေသေၾကပ်က္စီးရတာ ေန႔စဥ္လိုလိုၾကားေနရတယ္” လို႔ ေျပာပါတယ္။
စစ္ေဘးသင့္ ကေလးငယ္ေတြအေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ ကုလအထူးကိုယ္စားလွယ္ရဲ႕ေျပာၾကားခ်က္အေပၚ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္က ေဒၚခြန္ဂ်ာကလည္း...
“ ကခ်င္ျပည္နယ္က ကေလးေတြ စစ္ေဘးေရွာင္စခန္းကိုေရာက္ေနတာ စစ္ေဘးေရွာင္လူဦးေရ ရဲ႕ ၆ဝ ရာခိုင္ႏႈန္းရွိတယ္။ ဒီကေလးေတြဟာ ၂၀၁၁ ထဲက ကေလးဘဝထဲကေရာက္ေနတာ ခုခ်ိန္ထိ ျပင္ပေက်း႐ြာမွာ ေနတယ္ဆိုတဲ့ အရသာေတာင္ မသိေသးဘူးျဖစ္ေနတယ္။ ခုထိ ဘယ္အခ်ိန္ေျပးလႊားေရွာင္တိမ္းရဦးမလဲဆိုတဲ့ စိတ္ကလဲ ခုခ်ိန္ထိေပၚေနတုန္းဘဲရွိတယ္။ ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔က လက္နက္ကိုင္အားလုံး သနားညႇာတာမွပဲ လြတ္ၿငိမ္းခ်မ္းသာရမယ့္ သေဘာရွိပါတယ္။ စာသင္ေက်ာင္းထဲ က်ည္ဆံဝင္တယ္။ ခရီးသြားတဲ့အခ်ိန္ ကေလးေတြထိမွန္တယ္။ လမ္းမွာထိတယ္။ ႐ြာမွာထိမွန္တယ္ဆိုေတာ့ ... က်မတို႔လူႀကီးေတြက အားလုံးထိန္းသိမ္းၿပီးေတာ့ ႏိုင္ငံတကာစံခ်ိန္စံၫႊန္းနဲ႔အညီ လုပ္ေဆာင္ဖို႔လိုအပ္တယ္။ မပစ္ရတဲ့ အရပ္သားမွန္သမွ် ကေလးအပါအဝင္ ... အားလုံးကို မထိခိုက္ေအာင္ေရွာင္ရမွာျဖစ္သလို လူေနတဲ့ ၿမိဳ႕ ႐ြာ ေက်းလက္ေတြကိုလဲ ေရွာင္ရွားဖို႔ လိုအပ္တယ္ေပါ့” လို႔ ေျပာပါတယ္။
အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြအေပၚ ႀကီးမားတဲ့အခြင့္အေရးခ်ိဳးေဖာက္မႈေတြ မက်ဴးလြန္ေရးအတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြခ်မွတ္ခဲ့ၿပီး ဒီက်ဴးလြန္မႈေတြကို ေစာင့္ၾကည့္အစီရင္ခံတာေတြလည္း ျပဳလုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ထားတာ ျဖစ္ပါတယ္။
RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံက စစ်ဒဏ်သင့်ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း
ရခိုင်ပြည်နယ် ဝါးတောင်စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်များ။
Photo: Min Thein Aung/ RFA
မြန်မာနိုင်ငံတွင်းက ကလေးသူငယ်တွေ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်၊ ရှမ်း နဲ့ ကချင်ပြည်နယ်တွင်းက ကလေးသူငယ်တွေဟာ စစ်ရဲ့ဒဏ်ကို ကြီးမားစွာခံစားနေရတာကြောင့် ကလေးသူငယ်တွေအပေါ်ကျရောက်နေတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေး တပ်မတော်နဲ့ တခြားအစိုးရလုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် ပဋိပက္ခတွေမှာ ပါဝင်သူတွေအားလုံး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ငါးရက်ကြာသွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ကလေးသူငယ်များ နဲ့ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာ မနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒီလိုတိုက်တွန်းတာနဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက .....
“ စစ်ပွဲတွေကြားမှာ ကလေးတွေသေဆုံးနေရတာကို ကျမတို့တွေ့နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကျမတို့ ဒီစစ်ပွဲကြားက ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ တကယ့် ကလေးသူငယ်အခွင့်အရေးအပြည့်အဝရဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်တဲ့နေရာမှာ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက ကလေးတွေကို အကာအကွယ်ပေးဖို့နေရာမှာ အစိုးရက အားနည်းချက်တွေအများကြီးရှိပါတယ်။ ကျမတို့ ရခိုင်မှာဆိုရင် တပတ်တယောက် ဆယ်ရက်တယောက်နှုန်း ကလေးတွေသေကြေပျက်စီးရတာ နေ့စဉ်လိုလိုကြားနေရတယ်” လို့ ပြောပါတယ်။
စစ်ဘေးသင့် ကလေးငယ်တွေအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကုလအထူးကိုယ်စားလှယ်ရဲ့ပြောကြားချက်အပေါ် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း...
“ ကချင်ပြည်နယ်က ကလေးတွေ စစ်ဘေးရှောင်စခန်းကိုရောက်နေတာ စစ်ဘေးရှောင်လူဦးရေ ရဲ့ ၆ဝ ရာခိုင်နှုန်းရှိတယ်။ ဒီကလေးတွေဟာ ၂၀၁၁ ထဲက ကလေးဘဝထဲကရောက်နေတာ ခုချိန်ထိ ပြင်ပကျေးရွာမှာ နေတယ်ဆိုတဲ့ အရသာတောင် မသိသေးဘူးဖြစ်နေတယ်။ ခုထိ ဘယ်အချိန်ပြေးလွှားရှောင်တိမ်းရဦးမလဲဆိုတဲ့ စိတ်ကလဲ ခုချိန်ထိပေါ်နေတုန်းဘဲရှိတယ်။ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့က လက်နက်ကိုင်အားလုံး သနားညှာတာမှပဲ လွတ်ငြိမ်းချမ်းသာရမယ့် သဘောရှိပါတယ်။ စာသင်ကျောင်းထဲ ကျည်ဆံဝင်တယ်။ ခရီးသွားတဲ့အချိန် ကလေးတွေထိမှန်တယ်။ လမ်းမှာထိတယ်။ ရွာမှာထိမှန်တယ်ဆိုတော့ ... ကျမတို့လူကြီးတွေက အားလုံးထိန်းသိမ်းပြီးတော့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်တယ်။ မပစ်ရတဲ့ အရပ်သားမှန်သမျှ ကလေးအပါအဝင် ... အားလုံးကို မထိခိုက်အောင်ရှောင်ရမှာဖြစ်သလို လူနေတဲ့ မြို့ ရွာ ကျေးလက်တွေကိုလဲ ရှောင်ရှားဖို့ လိုအပ်တယ်ပေါ့” လို့ ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ် ကြီးမားတဲ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ပြီး ဒီကျူးလွန်မှုတွေကို စောင့်ကြည့်အစီရင်ခံတာတွေလည်း ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org
ျမန္မာႏိုင္ငံက စစ္ဒဏ္သင့္ကေလးငယ္ေတြကို အကာအကြယ္ေပးဖို႔ ကုလတိုက္တြန္း
Reviewed by THITHTOOLWIN
on
23:01
Rating: