အီရန္ဒံုးတိုက္ခိုက္မႈ လက္တုံ႔ျပန္တာလို႔ ေျပာဆို

၂၀၁၈ ႏို၀င္ဘာ ၅ ရက္ေန႔ က အီရန္ဘက္က မစ္ဇုိင္းဒုံး ပစ္လႊတ္စဥ္
(Zawgyi / Unicode)

အေမရိကန္တပ္ဖဲြ႔ေတြ အေျခစုိက္ထားတဲ့ အီရတ္ႏုိင္ငံတြင္းက ေလတပ္စခန္း ၂ ခုကုိ အီရန္ႏုိင္ငံက ပဲ့ထိန္းတပ္မစ္ဇုိင္းဒုံး ဒါဇင္နဲ႔ခ်ီ ပစ္ခတ္ တုိက္ခုိက္ခဲ့ပါတယ္။ အီရန္ထိပ္တန္း တပ္မွဴးတဦးကုိ အေမရိကန္က ေလေၾကာင္းကေန တုိက္ခုိက္ သုတ္သင္ခဲ့တဲ့အေပၚ လက္တုံ႔ျပန္ဖုိ႔ အီရန္ေခါင္းေဆာင္ေတြ ၿခိမ္းေျခာက္ခဲ့ၿပီး ရက္ပုိင္းအတြင္းမွာပဲ ပစ္ခတ္မႈျဖစ္ခဲ့တာပါ။

အီရန္ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei ကေတာ့ အေမရိကန္ကုိ ပါး႐ုိက္ၿပီး လက္တုံ႔ျပန္လုိက္တဲ့ တုိက္ခုိက္မႈအျဖစ္ ေျပာဆုိခဲ့သလုိ၊ ေဒသတြင္းမွာ အေမရိကန္ ေျခခ်ေနတာေတြ အဆုံးသတ္ခ်ိန္တန္ၿပီလုိ႔လည္း ေျပာဆုိခဲ့ပါတယ္။

အီရန္သမၼတ Hassan Rouhani ကလည္း Quds တပ္မွဴး Qassem Soleimani ကုိ သတ္ျဖတ္မႈအတြက္ တုံ႔ျပန္မယ့္ ေနာက္ဆုံးရည္မွန္းခ်က္ဟာ ေဒသတြင္းက အေမရိကန္တပ္ေတြကုိ ေမာင္းထုတ္ဖုိ႔ ျဖစ္ေၾကာင္း twitter လူမႈကြန္ရက္ကေန ေျပာဆုိခဲ့တာပါ။ အေမရိကန္သမၼတ Donald Trump ကေတာ့ တုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ ဒီေန႔ တု႔ံျပန္ေျပာဆုိလိမ့္မယ္လုိ႔ ခန္႔မွန္းရပါတယ္။ တုိက္ခုိက္မႈျဖစ္အၿပီး နာရီပုိင္းအတြင္း သမၼတ Trump က Twitter လူမႈကြန္ရက္ကေန ေျပာဆုိရာမွာေတာ့ ထိခုိက္မႈအတုိင္းအတာကုိ စစ္ေဆးေနဆဲျဖစ္ေၾကာင္းနဲ႔ လတ္တေလာ သိရေလာက္ အေျခအေန မဆုိးေၾကာင္း ေျပာဆုိခဲ့တာပါ။

အေမရိကန္ဟာ ကမာၻေပၚမွာ အင္အားအေကာင္းဆုံးနဲ႔ ကမာၻေပၚက ေနရာတုိင္းမွာ လက္နက္ပစၥည္းကရိယာ အျပည့္အစုံ တပ္ဆင္ထားတဲ့ စစ္တပ္လည္း ရွိေနေၾကာင္း ေျပာဆုိခဲ့ပါတယ္။ အီရတ္၀န္ႀကီးခ်ဳပ္႐ုံးကေတာ့ တုိက္ခုိက္မႈအတြင္း အီရတ္တပ္ဖဲြ႔ေတြ ထိခုိက္ေသဆုံးမႈ မရွိေၾကာင္းနဲ႔ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ဖဲြ႔၀င္ေတြလည္း ထိခုိက္ေသဆုံးမႈ သတင္းေတြ မၾကားရေၾကာင္း ေျပာဆုိထားတာပါ။

အီရန္ႏုိင္ငံက လက္တုံ႔ျပန္တုိက္ခုိက္မယ့္အေၾကာင္း အီရတ္ကုိ အသိေပးခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခ်ဳပ္အျခာအာဏာကုိ ထိပါးတဲ့ ရန္လုိတဲ့လုပ္ရပ္အျဖစ္ ေျပာဆုိမႈေတြကုိလည္း ေၾကညာခ်က္က ပယ္ခ်ခဲ့ၿပီး၊ အေမရိကန္နဲ႔ အီရန္တုိ႔ၾကား တင္းမာမႈေတြကေန စစ္ပဲြအဆင့္အထိ ျဖစ္မလာေအာင္ ထိန္းသိမ္းၾကဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။ အီရန္ႏုိင္ငံျခားေရး၀န္ႀကီး Mohammad Javad Zarif ကေတာ့ တုိင္းျပည္ကုိ ကာကြယ္ဖုိ႔ အကန္႔အသတ္နဲ႔ ေဆာင္ရြက္ခဲ့ေၾကာင္း Twitter လူမႈကြန္ရက္ကေန ေျပာဆုိခဲ့ပါတယ္။

စစ္ျဖစ္ဖုိ႔ မလုိလားေပမဲ့ ရန္လုိတဲ့ လုပ္ရပ္ေတြကုိေတာ့ ကာကြယ္သြားမွာ ျဖစ္ေၾကာင္းလည္း အီရန္ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာဆုိခဲ့တာပါ။ အေမရိကန္ ပင္တဂြန္စစ္္ဌာနခ်ဳပ္ကေတာ့ အီရတ္ႏုိင္ငံ ဘဂၢဒက္ၿမိဳ႕ေတာ္ အေနာက္ဖက္ ကီလုိမီတာ ၆၀ အကြာမွာရွိတဲ့ Al-Asad ေလတပ္စခန္းနဲ႔ Kurdish ေဒသ Irbil မွာရွိတဲ့ စခန္းေတြကုိ အီရန္က ပစ္မွတ္ထား တုိက္ခုိက္ခဲ့တာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆုိထားပါတယ္။

.................

အီရန်ဒုံးတိုက်ခိုက်မှု လက်တုံ့ပြန်တာလို့ ပြောဆို

(Unicode)

အမေရိကန်တပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ အီရတ်နိုင်ငံတွင်းက လေတပ်စခန်း ၂ ခုကို အီရန်နိုင်ငံက ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ဒါဇင်နဲ့ချီ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ထိပ်တန်း တပ်မှူးတဦးကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်သုတ်သင်ခဲ့တဲ့အပေါ် လက်တုံ့ပြန်ဖို့ အီရန်ခေါင်းဆောင်တွေ ခြိမ်းခြောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကတော့ အမေရိကန်ကို ပါးရိုက်ပြီး လက်တုံ့ပြန်လိုက်တဲ့ တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့သလို၊ ဒေသတွင်းမှာ အမေရိကန် ခြေချနေတာတွေ အဆုံးသတ်ချိန်တန်ပြီလို့လည်း ပြောဆိုခဲ့ပါတယ်။

အီရန်သမ္မတ Hassan Rouhani ကလည်း Quds တပ်မှူး Qassem Soleimani ကို သတ်ဖြတ်မှုအတွက် တုံ့ပြန်မယ့် နောက်ဆုံးရည်မှန်းချက်ဟာ ဒေသတွင်းက အမေရိကန်တပ်တွေကို မောင်းထုတ်ဖို့ ဖြစ်ကြောင်း twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump ကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒီနေ့ တုံ့ပြန်ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းအတွင်း သမ္မတ Trump က Twitter လူမှုကွန်ရက်ကနေ ပြောဆိုရာမှာတော့ ထိခိုက်မှုအတိုင်းအတာကို စစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ လတ်တလော သိရလောက် အခြေအနေ မဆိုးကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးနဲ့ ကမ္ဘာပေါ်က နေရာတိုင်းမှာ လက်နက်ပစ္စည်းကရိယာ အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်တပ်လည်း ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ်ရုံးကတော့ တိုက်ခိုက်မှုအတွင်း အီရတ်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု မရှိကြောင်းနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှု သတင်းတွေ မကြားရကြောင်း ပြောဆိုထားတာပါ။

အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်မယ့်အကြောင်း အီရတ်ကို အသိပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် ပြောဆိုမှုတွေကိုလည်း ကြေညာချက်က ပယ်ချခဲ့ပြီး၊ အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေကနေ စစ်ပွဲအဆင့်အထိ ဖြစ်မလာအောင် ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကတော့ တိုင်းပြည်ကို ကာကွယ်ဖို့ အကန့်အသတ်နဲ့ ဆောင်ရွက်ခဲ့ကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

စစ်ဖြစ်ဖို့ မလိုလားပေမဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကိုတော့ ကာကွယ်သွားမှာ ဖြစ်ကြောင်းလည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အနောက်ဖက် ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ Al-Asad လေတပ်စခန်းနဲ့ Kurdish ဒေသ Irbil မှာရှိတဲ့ စခန်းတွေကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

VOA Burmese
https://burmese.voanews.com
အီရန္ဒံုးတိုက္ခိုက္မႈ လက္တုံ႔ျပန္တာလို႔ ေျပာဆို အီရန္ဒံုးတိုက္ခိုက္မႈ လက္တုံ႔ျပန္တာလို႔ ေျပာဆို Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.