ျမန္မာ့လူ႔အခြင့္အေရးအဖဲြ႔မ်ား ေကာ္မရွင္သစ္ဖဲြ႕စည္းမႈကို စိတ္ပ်က္

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ရံုး

(Zawgyi / Unicode)

သမၼတအမိန႔္နဲ႔ အသစ္ထပ္ၿပီးဖြဲ႕စည္းလိုက္တဲ့ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွာ လူ႔အခြင့္အေရးကိစၥ ထဲထဲဝင္ဝင္ေဆာင္႐ြက္ေနတဲ့ ဥပေဒ ပညာရွင္ေတြ၊ အရပ္ဘက္အဖြဲ႕ေတြ မပါဝင္တဲ့ အတြက္ ဒီေကာ္မရွင္သစ္ အေပၚ ေမွ်ာ္လင့္ခ်က္ သိပ္မထားၾကဘူးလို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြ တုိးလာေနခ်ိ္န္မွာပဲ အခုအသစ္ ထပ္ဖဲြ႔စည္းလိုက္တဲ့ ဒီေကာ္မရွင္သစ္ အေပၚ အရပ္ဘက္နဲ႔ ဥပေဒပညာရွင္ေတြ က ဘယ္လို ျမင္ၾကပါသလဲ။ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းတင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြ တိုးလာေနခ်ိန္မွာပဲ အရင္ အစိုးရအရာရွိေဟာင္းေတြ၊ လူ႔အခြင့္အေရး ကိစၥကို ထဲထဲဝင္ဝင္ပါဝင္ ေဆာင္႐ြက္ေနတဲ့ ဥပေဒပညာရွင္ေတြ မပါပဲ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အသစ္ကို ဖြဲ႔စည္း လိုက္တာ ေၾကာင့္ လူ႔အခြင့္အေရး ဆိုင္ရာမွာ ထူးျခားတဲ့ အေျပာင္းအလဲေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ မထားေၾကာင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဆိုင္ရာ စုံစမ္းေဖာ္ထုတ္ေရးေကာ္မတီ အတြင္းေရးမႉး ေဒးဗစ္လွျမင့္က ေျပာပါတယ္။

“ က်ေနာ္တို႔ႏိုင္ငံမွာ လူ႔အခြင့္အေရး စနစ္နဲ႔ပတ္သက္တာ ဘာတခုမွေျပာင္းလဲတာမရွိပါဘူး။ ေကာ္မရွင္အသစ္ ျပန္ဖြဲ႕စည္းတဲ့ကိစၥမွာလည္း က်ေနာ္တို႔ သိပ္ၿပီး ေမွ်ာလင့္ခ်က္ မထားပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေကာ္မရွင္အေနနဲ႔ ဘယ္ေလာက္ထိ တကယ္ပဲ လူ႔အခြင့္အေရးကို ကာကြယ္ ေစာင့္ေရွာက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမယ့္ အေနအထားမွာပဲ ရွိပါတယ္။”

လက္ရွိမွာ ႏုိင္ငံတြင္းမွာ အလုပ္သမားအခြင့္အေရး၊ တရားစီရင္ေရးနဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြ ေကာင္းေကာင္း မရွိေသးတဲ့ အျပင္ ျမန္မာႏိုင္ငံရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ကပါ လူ႔အခြင့္အေရးကို အကာအကြယ္ မေပးထားဘူးလို႔ လူ႔အခြင့္ေရး ဆိုင္ရာ လိုက္ပါ ေဆာင္ရြက္ေနတဲ့ ဥပေဒ ပညာရွင္ေတြက ေဝဖန္ေနၾကတာပါ။ အခုဖြဲ႔စည္းလိုက္တဲ့ ေကာ္မရွင္အသစ္မွာ လူ႔အခြင့္အေရး ကြၽမ္းက်င္တဲ့ ဥပေဒပညာရွင္ေတြ ကိုထည့္သြင္း ဖြဲ႔စည္း မထားတဲ့ အတြက္ လက္ရွိ အေျခေနကေန ေျပာင္းလဲလာဖို႔ မျဖစ္ႏိုင္ဘူးလို႔ ျပည္ေထာင္စုေရွ႕ေနမ်ားႏွင့္ ဥပေဒ အေထာက္အကူျပဳအဖြဲ႕ရဲ႕ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ ေျပာပါတယ္။

“ လူ႔အခြင့္အေရးကိစၥမွာ ထဲထဲဝင္ဝင္ေျပာေနတဲ့ ေရွ႕ေနႀကီးေတြရွိတယ္ဗ်။ ဦးေက်ာ္ေဇယ်တို႔၊ ဦးေနလတို႔ ဒီလူေတြေပါ့။ တျခားသူေတြလည္း ရွိပါေသးတယ္။ ေရွ႕ေနေတြကို ကိုယ္စားျပဳတဲ့ အသင္းအဖြဲ႕ကျဖစ္ျဖစ္ တေယာက္ခ်င္းထူးခြၽန္တဲ့သူေတြက မပါတာေတာ့ ေတာ္ေတာ္ ဝမ္းနည္းတယ္ဗ်ာ။ ဦးေအာင္မ်ိဳးမင္းဆိုရင္ ထင္ထင္ရွားရွားႀကီးကို ထူးထူးခြၽန္ခြၽန္လုပ္တယ္ဗ်ာ၊ NGO, CSO ကလူေတြ၊ လူ႔အခြင့္ေရးအေၾကာင္း specialize လုပ္ေနတဲ့သူေတြ၊ စိတ္ဝင္စားတဲ့သူေတြ ပါသင့္တယ္ဗ်ာ။”

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ေဟာင္းဟာ ၂၀၁၉ ထဲမွာ တိုင္ၾကားစာ ၂၇၀၀ ေက်ာ္ရရွိခဲ့ၿပီး၊ ကိုင္တြယ္ခဲ့တဲ့ အမႈေပါင္းက ၄၀၀ ဝန္းက်င္ရွိပါတယ္။ ေကာ္မရွင္ေဟာင္းရဲ႕ ငါးႏွစ္တာသက္တမ္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ ကိစၥတခ်ိဳ႕ကိုေတာ့ စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ သိသာထင္ရွားတဲ့ တခုကေတာ့ ျမန္မာတျပည္လုံးက အက်ဥ္းေထာင္ေတြ ဆီသြားၿပီး ဖိႏွိပ္မႈေတြရွိေနတဲ့ ေထာင္တြင္း အေျခအေနေတြ ကို စုံစမ္း၊ တင္ျပခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈနဲ႔ ပတ္သက္ရင္ အတိုင္ခံရဆုံးအဖြဲ႕အစည္းေတြ ျဖစ္တဲ့ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ့နဲ႔ ပတ္သက္ၿပီး ေကာ္မရွင္ကိုယ္တိုင္က ထဲထဲဝင္ဝင္ မေဆာင္ရြက္ သလို ဒီလို ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ပတ္သက္ လာရင္ ေက်ာ္လႊား ႏိုင္စြမ္းမရွိတဲ့ ေကာ္မရွင္ဟာ အေဝဖန္ခံ ေနရတာ ျဖစ္ပါတယ္။ အခု အသစ္ဖြဲ႔စည္း လိုက္တဲ့ ေကာ္မရွင္ကလည္း ထူးမွာ မဟုတ္ဘူးလို႔ လူ႔အခြင့္ေရး ေစာင့္ၾကည့္ သူေတြက ေျပာပါတယ္။

“ ျပႆနာက ဘာလဲဆိုတဲ့အခါက်ေတာ့ ဒီ Human Rights ေကာ္မရွင္ကို တိုင္လိုက္ခါမွပဲ victim ေတြက ေျပာင္းျပန္တရားစြဲခံရတာမ်ိဳး၊ ၿပီးရင္ case ေတြကို ေအာင္ျမင္ေအာင္ မလုပ္ႏိုင္တာမ်ိဳးေတြ ရွိေနတဲ့အခါက်ေတာ့ အခု team က ပိုေတာင္ဆိုးလာမလားဆိုတဲ့ ခံစားမႈမ်ိဳးလည္း ျဖစ္ေပၚတယ္ရွင့္။”

ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္က ေဒၚခြန္ဂ်ာေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ အသစ္ကို အဖြဲ႕ဝင္ ၁၁ေယာက္နဲ႔ အသစ္ ဖြဲ႕စည္းေၾကာင္း ၂၀၂၀ ဇန္နဝါရီ ၁၄ရက္မွာ သမၼတ႐ုံးက အမိန႔္ေၾကညာစာထုတ္ျပန္ခဲ့ပါတယ္။ အာဆီယံအစိုးရအခ်င္းခ်င္း လူ႔အခြင့္အေရးေကာ္မရွင္ ျမန္မာကိုယ္စားလွယ္ ဦးလွျမင့္က ဥကၠ႒ျဖစ္ၿပီး တကၠသိုလ္ပါေမာကၡ၊ ကာကြယ္ေရးဌာန၊ ျပည္ထဲေရးဌာနနဲ႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး အၿငိမ္းစား အရာရွိေဟာင္းေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

........................

မြန်မာ့လူ့အခွင့်အရေးအဖွဲ့များ ကော်မရှင်သစ်ဖွဲ့စည်းမှုကိုစိတ်ပျက်

(Unicode)

သမ္မတအမိန့်နဲ့ အသစ်ထပ်ပြီးဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ လူ့အခွင့်အရေးကိစ္စ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ဥပဒေ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့တွေ မပါဝင်တဲ့ အတွက် ဒီကော်မရှင်သစ် အပေါ် မျှော်လင့်ချက် သိပ်မထားကြဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ တိုးလာနေချိန်မှာပဲ အခုအသစ် ထပ်ဖွဲ့စည်းလိုက်တဲ့ ဒီကော်မရှင်သစ် အပေါ် အရပ်ဘက်နဲ့ ဥပဒေပညာရှင်တွေ က ဘယ်လို မြင်ကြပါသလဲ။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ တိုးလာနေချိန်မှာပဲ အရင် အစိုးရအရာရှိဟောင်းတွေ၊ လူ့အခွင့်အရေး ကိစ္စကို ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေ မပါပဲ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အသစ်ကို ဖွဲ့စည်း လိုက်တာ ကြောင့် လူ့အခွင့်အရေး ဆိုင်ရာမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့် မထားကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ အတွင်းရေးမှူး ဒေးဗစ်လှမြင့်က ပြောပါတယ်။

“ ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေး စနစ်နဲ့ပတ်သက်တာ ဘာတခုမှပြောင်းလဲတာမရှိပါဘူး။ ကော်မရှင်အသစ် ပြန်ဖွဲ့စည်းတဲ့ကိစ္စမှာလည်း ကျနော်တို့ သိပ်ပြီး မျှောလင့်ချက် မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကော်မရှင်အနေနဲ့ ဘယ်လောက်ထိ တကယ်ပဲ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိပါတယ်။”

လက်ရှိမှာ နိုင်ငံတွင်းမှာ အလုပ်သမားအခွင့်အရေး၊ တရားစီရင်ရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကောင်းကောင်း မရှိသေးတဲ့ အပြင် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကပါ လူ့အခွင့်အရေးကို အကာအကွယ် မပေးထားဘူးလို့ လူ့အခွင့်ရေး ဆိုင်ရာ လိုက်ပါ ဆောင်ရွက်နေတဲ့ ဥပဒေ ပညာရှင်တွေက ဝေဖန်နေကြတာပါ။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အသစ်မှာ လူ့အခွင့်အရေး ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ ကိုထည့်သွင်း ဖွဲ့စည်း မထားတဲ့ အတွက် လက်ရှိ အခြေနေကနေ ပြောင်းလဲလာဖို့ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုအဖွဲ့ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောပါတယ်။

“ လူ့အခွင့်အရေးကိစ္စမှာ ထဲထဲဝင်ဝင်ပြောနေတဲ့ ရှေ့နေကြီးတွေရှိတယ်ဗျ။ ဦးကျော်ဇေယျတို့၊ ဦးနေလတို့ ဒီလူတွေပေါ့။ တခြားသူတွေလည်း ရှိပါသေးတယ်။ ရှေ့နေတွေကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့ကဖြစ်ဖြစ် တယောက်ချင်းထူးချွန်တဲ့သူတွေက မပါတာတော့ တော်တော် ဝမ်းနည်းတယ်ဗျာ။ ဦးအောင်မျိုးမင်းဆိုရင် ထင်ထင်ရှားရှားကြီးကို ထူးထူးချွန်ချွန်လုပ်တယ်ဗျာ၊ NGO, CSO ကလူတွေ၊ လူ့အခွင့်ရေးအကြောင်း specialize လုပ်နေတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ ပါသင့်တယ်ဗျာ။”

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟောင်းဟာ ၂၀၁၉ ထဲမှာ တိုင်ကြားစာ ၂၇၀၀ ကျော်ရရှိခဲ့ပြီး၊ ကိုင်တွယ်ခဲ့တဲ့ အမှုပေါင်းက ၄၀၀ ဝန်းကျင်ရှိပါတယ်။ ကော်မရှင်ဟောင်းရဲ့ ငါးနှစ်တာသက်တမ်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတချို့ကိုတော့ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ သိသာထင်ရှားတဲ့ တခုကတော့ မြန်မာတပြည်လုံးက အကျဉ်းထောင်တွေ ဆီသွားပြီး ဖိနှိပ်မှုတွေရှိနေတဲ့ ထောင်တွင်း အခြေအနေတွေ ကို စုံစမ်း၊ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ရင် အတိုင်ခံရဆုံးအဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ကော်မရှင်ကိုယ်တိုင်က ထဲထဲဝင်ဝင် မဆောင်ရွက် သလို ဒီလို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ပတ်သက် လာရင် ကျော်လွှား နိုင်စွမ်းမရှိတဲ့ ကော်မရှင်ဟာ အဝေဖန်ခံ နေရတာ ဖြစ်ပါတယ်။ အခု အသစ်ဖွဲ့စည်း လိုက်တဲ့ ကော်မရှင်ကလည်း ထူးမှာ မဟုတ်ဘူးလို့ လူ့အခွင့်ရေး စောင့်ကြည့် သူတွေက ပြောပါတယ်။

“ ပြဿနာက ဘာလဲဆိုတဲ့အခါကျတော့ ဒီ Human Rights ကော်မရှင်ကို တိုင်လိုက်ခါမှပဲ victim တွေက ပြောင်းပြန်တရားစွဲခံရတာမျိုး၊ ပြီးရင် case တွေကို အောင်မြင်အောင် မလုပ်နိုင်တာမျိုးတွေ ရှိနေတဲ့အခါကျတော့ အခု team က ပိုတောင်ဆိုးလာမလားဆိုတဲ့ ခံစားမှုမျိုးလည်း ဖြစ်ပေါ်တယ်ရှင့်။”

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အသစ်ကို အဖွဲ့ဝင် ၁၁ယောက်နဲ့ အသစ် ဖွဲ့စည်းကြောင်း ၂၀၂၀ ဇန်နဝါရီ ၁၄ရက်မှာ သမ္မတရုံးက အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံအစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင် မြန်မာကိုယ်စားလှယ် ဦးလှမြင့်က ဥက္ကဋ္ဌဖြစ်ပြီး တက္ကသိုလ်ပါမောက္ခ၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး အငြိမ်းစား အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com
ျမန္မာ့လူ႔အခြင့္အေရးအဖဲြ႔မ်ား ေကာ္မရွင္သစ္ဖဲြ႕စည္းမႈကို စိတ္ပ်က္ ျမန္မာ့လူ႔အခြင့္အေရးအဖဲြ႔မ်ား ေကာ္မရွင္သစ္ဖဲြ႕စည္းမႈကို စိတ္ပ်က္ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.