ဂ်ပန္ႏုိင္ငံကုိ တရားမ၀င္ လုပ္သားေခၚယူတဲ့ ဂ်ပန္ကုမၸဏီ ႏွစ္ခု ရန္ကုန္ေလဆိပ္မွာ စစ္ေဆးေတြ႕ရွိ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္န၀ါရီ ၂၈

ဂ်ပန္ႏိုင္ငံမွာ တရားမဝင္ သြားရာက္လုပ္ကိုင္မယ့္ လုပ္သားေတြကုိ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ စစ္ေဆးခဲ့ရာမွတစ္ဆင့္ တရားမဝင္လုပ္သား ေစလႊတ္ေနတဲ့ ဂ်ပန္ကုမၸဏီ ႏွစ္ခုကို စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၆ ရက္ေန႔က ANA ေလေၾကာင္းလိုင္းနဲ႔ ဂ်ပန္ႏိုင္ငံကုိ ထြက္ခြာမယ့္ ခရီးသည္ေတြကို လူ ဝင္မႈႀကီးၾကပ္ေရးက စစ္ေဆးခဲ့ရာ အမ်ဳိးသား ခုနစ္ဦးပါ အဖြဲ႕နဲ႔ အမ်ဳိးသမီး ႏွစ္ဦးပါ အဖြဲ႕တို႔ဟာ ဂ်ပန္ႏိုင္ငံကုိ သြားေရာက္လုပ္ကိုင္မွာ ျဖစ္တဲ့အတြက္ ေလဘာစမတ္ကဒ္ ပါ၊ မပါ စစ္ေဆးခဲ့ရာ အေထာက္အထား ျပသႏိုင္ ျခင္း မရွိတာေၾကာင့္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး တပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့တာ ျဖစ္တယ္လို႔ ျမန္မာျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF) က တာ၀န္ရွိသူ တစ္ဦးက ေျပာပါတယ္။

မိန္းကေလးႏွစ္ဦးကို ပို႔ေဆာင္မယ့္ကုမၸဏီက စစ္ကိုင္းတိုင္း၊ မံုရြာၿမိဳ႕၊ ဆားလင္းႀကီးၿမိဳ႕နယ္က ဂ်ပန္စက္႐ုံျဖစ္ ၿပီး စက္႐ုံဝန္ထမ္းေတြကို ၂၀၁၆ ခုႏွစ္က စတင္ၿပီး အလုပ္သင္ လုပ္သားဗီဇာနဲ႔ ပို႔ေဆာင္ခဲ့ရာ ၁၂ ဦး ေစလႊတ္ ခဲ့ၿပီး ျဖစ္တယ္လို႔ စကားျပန္က ေျပာပါတယ္။

တစ္လကို လုပ္ခလစာ ျမန္မာေငြ က်ပ္ ၄ သိန္းခန္႔နဲ႔ တစ္ႏွစ္ျပည့္ၿပီး ဂ်ပန္ကေန ျပန္လည္ေရာက္ရွိလာတဲ့ ျမန္မာ လုပ္သားေတြဟာ ၃ ႏွစ္ဆက္တိုက္ မံုရြာစက္႐ုံမွာ လုပ္ခလစာ တစ္သိန္းေလးေသာင္းခြဲနဲ႔ လုပ္ကိုင္ေပး ရတယ္လို႔ သြားေရာက္လုပ္ကိုင္မယ့္ အမ်ဳိးသမီးေတြက ေျပာပါတယ္။

လက္ရွိမွာ တရားမဝင္ ေစလႊတ္ဖို႔ စီစဥ္ခဲ့တဲ့ ဂ်ပန္ကုမၸဏီေတြကို စစ္ေဆးလွ်က္ရွိၿပီး ထိထိေရာက္ေရာက္ တ ရားစြဲဆိုႏိုင္ဖို႔ ေဆာင္ရြြက္ေနတယ္လုိ႔ MOEAF က ဆုိပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဂျပန်နိုင်ငံကို တရားမဝင် လုပ်သားခေါ်ယူတဲ့ ဂျပန်ကုမ္ပဏီ နှစ်ခု ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ဂျပန်နိုင်ငံမှာ တရားမဝင် သွားရာက်လုပ်ကိုင်မယ့် လုပ်သားတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဆေးခဲ့ရာမှတစ်ဆင့် တရားမဝင်လုပ်သား စေလွှတ်နေတဲ့ ဂျပန်ကုမ္ပဏီ နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ANA လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တွေကို လူ ဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့ရာ အမျိုးသား ခုနစ်ဦးပါ အဖွဲ့နဲ့ အမျိုးသမီး နှစ်ဦးပါ အဖွဲ့တို့ဟာ ဂျပန်နိုင်ငံကို သွားရောက်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် လေဘာစမတ်ကဒ် ပါ၊ မပါ စစ်ဆေးခဲ့ရာ အထောက်အထား ပြသနိုင် ခြင်း မရှိတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိန်းကလေးနှစ်ဦးကို ပို့ဆောင်မယ့်ကုမ္ပဏီက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ်က ဂျပန်စက်ရုံဖြစ် ပြီး စက်ရုံဝန်ထမ်းတွေကို ၂၀၁၆ ခုနှစ်က စတင်ပြီး အလုပ်သင် လုပ်သားဗီဇာနဲ့ ပို့ဆောင်ခဲ့ရာ ၁၂ ဦး စေလွှတ် ခဲ့ပြီး ဖြစ်တယ်လို့ စကားပြန်က ပြောပါတယ်။

တစ်လကို လုပ်ခလစာ မြန်မာငွေ ကျပ် ၄ သိန်းခန့်နဲ့ တစ်နှစ်ပြည့်ပြီး ဂျပန်ကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ လုပ်သားတွေဟာ ၃ နှစ်ဆက်တိုက် မုံရွာစက်ရုံမှာ လုပ်ခလစာ တစ်သိန်းလေးသောင်းခွဲနဲ့ လုပ်ကိုင်ပေး ရတယ်လို့ သွားရောက်လုပ်ကိုင်မယ့် အမျိုးသမီးတွေက ပြောပါတယ်။
လက်ရှိမှာ တရားမဝင် စေလွှတ်ဖို့ စီစဉ်ခဲ့တဲ့ ဂျပန်ကုမ္ပဏီတွေကို စစ်ဆေးလျှက်ရှိပြီး ထိထိရောက်ရောက် တ ရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ MOEAF က ဆိုပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဂ်ပန္ႏုိင္ငံကုိ တရားမ၀င္ လုပ္သားေခၚယူတဲ့ ဂ်ပန္ကုမၸဏီ ႏွစ္ခု ရန္ကုန္ေလဆိပ္မွာ စစ္ေဆးေတြ႕ရွိ ဂ်ပန္ႏုိင္ငံကုိ တရားမ၀င္ လုပ္သားေခၚယူတဲ့ ဂ်ပန္ကုမၸဏီ ႏွစ္ခု ရန္ကုန္ေလဆိပ္မွာ စစ္ေဆးေတြ႕ရွိ Reviewed by THITHTOOLWIN on 00:57 Rating: 5
Powered by Blogger.