အမ္း သလူေမာ္႐ြာမွာ ကေလး ၇၀ ဖ်ားနာ၊ ၁၅ ႏွစ္ ေယာက္်ားေလးတစ္ဦးေသဆုံး

 ဓာတ္ခြဲစမ္းသပ္ၿပီးမွ ေရာဂါအမည္သိရမယ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ထဲက သလူေမာ္ေက်း႐ြာမွာ ဇန္နဝါရီ ၂၀ ရက္ကေန၂၈ ရက္အထိ ကေလးအေယာက္ ၇၀ ေက်ာ္ ဖ်ားနာေနၿပီး အဲဒီထဲက အသက္ ၁၅ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦး ေသဆုံးသြားပါတယ္။

ဖ်ားနာတဲ့ကေလးေတြဟာ အသက္ ၉ လကေန ၁၅ ႏွစ္အထိ ကေလးေတြျဖစ္ၿပီး က်န္းမာေရးဌာန တာဝန္ရွိသူေတြလည္း ႐ြာကို ဇန္နဝါရီ ၂၈ ရက္က ကြင္းဆင္းစစ္ ေဆးခဲ့တယ္လို႔ သလူေမာ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ကေလးေတြခံစားရတဲ့ေရာဂါလကၡဏာေတြနဲ႔ပတ္သက္လို႔ ဦးခင္ေမာင္ဝင္းက "အနီကြက္ေတြ ေပၚလာတယ္ ခႏၶာကိုယ္မွာ။ အနီကြက္ေတြေပၚလာၿပီး ႏွာေခါင္းေသြးေတြ ယိုတာတို႔၊ အသက္ရႈလမ္းေၾကာင္းေတြ ၾကပ္တာတို႔ အဲလိုျဖစ္ၾကတယ္။ ဝက္သက္ထြက္တာနဲ႔ မတူဘူး။ ေရခ်ိဳးလိုက္ရင္ သူတို႔က ပိုၿပီး ေနမေကာင္းတာေတြ႕ရတယ္။ အသက္ရႈမရတာတို႔ ျဖစ္တယ္။အရင္တစ္ခါ ဝက္သက္ထြက္တုန္းက အသက္ရႈၾကပ္တာတို႔၊ ႏွာေခါင္းေသြးလွ်ံတာတို႔ မရွိဘူး"

ေက်း႐ြာကို လာစစ္ေဆးတဲ့ အမ္းၿမိဳ႕နယ္ က်န္းမာေရးဌာန တာဝန္ရွိသူေတြက ဒါဟာ ဘာေရာဂါလဲ ဆိုတာ ဓာတ္ခြဲစမ္းသပ္ၿပီးမွ သိႏိုင္မွာျဖစ္ၿပီး အစိုးရိမ္မလြန္ဖို႔လည္း ေျပာၾကားခဲ့တယ္လို႔ ဦးခင္ေမာင္ဝင္းက ဆက္ေျပာပါတယ္။

ေရာဂါအမည္မတပ္ႏိုင္ေသးခင္မွာ ေဒသခံေတြ ဘယ္လိုေနထိုင္ရမယ္ဆိုတာကို တာဝန္ရွိသူေတြ မွာၾကားခ်က္နဲ႔ပတ္သက္လိ့ု ဦးခင္ေမာင္ဝင္းက

"သူတို႔က မွာသြားတာကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီဟာက ကူးစက္လို႔ကေတာ့ ျဖစ္ႏိုင္တယ္။ လက္ကို မၾကာခဏေဆးဖို႔ရယ္၊ ေနာက္ၿပီး က်န္းမာေရးေစာင့္ေရွာက္ဖို႔ေဆးေတြ က်န္းမာေရးဌာနက အဆက္မျပတ္ ကူညီသြားမယ္လို႔ေတာ့ ေျပာသြားပါတယ္"

သလူေမာ္႐ြာက ဖ်ားတဲ့ကေလး ၇ ေယာက္ ေက်ာက္ျဖဴခ႐ိုင္ေဆး႐ုံကို ေရာက္ရွိလာၿပီး အဲဒီထဲက ၁၅ႏွစ္အ႐ြယ္တစ္ဦးကေတာ့ ေဆး႐ုံေရာက္ၿပီး ၂၄ နာရီအတြင္းမွာပဲ ဆုံးသြားတယ္လို႔ အဲဒီ ေဆး႐ုံတာဝန္ခံ ေဒါက္တာေနလင္းက ဘီဘီစီကို ေျပာပါတယ္။

"ဝက္သက္ သံသယလို႔ ယူဆၿပီး စစ္ေဆးဖို႔လိုအပ္တာေတြကို ရန္ကုန္ပို႔ကိုၿပီး စစ္ေဆးထားေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားတဲ့ ကို႐ိုနာ အဆုတ္ေရာင္ေရာဂါနဲ႔ မသက္ဆိုင္ေၾကာင္း ေျပာပါတယ္"

သလူေမာ္မွာ အခုလို လူ ၇၀ ေက်ာ္ေလာက္ဖ်ားတာမ်ိဳးမရွိခဲ့ဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

ဒါ့အျပင္ ႐ြာဟာ အမ္းၿမိဳ႕နဲ႔ ၁၃ မိုင္ ကြာေဝးၿပီး ပင္လယ္နားမွာျဖစ္လို႔ သြားလာဆက္သြယ္ေရး ခက္ခဲသလို ေက်း႐ြာက်န္းမာေရးဌာနမွာလည္း ဝန္ထမ္းမရွိတာ သုံးလေလာက္ ရွိေနၿပီျဖစ္တဲ့အတြက္ အခုလို ေရာဂါျဖစ္ လာတဲ့အေပၚ ေဒသခံေတြက စိုးရိမ္ပူပန္ေနၾကပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အမ်း သလူမော်ရွာမှာ ကလေး ၇၀ ဖျားနာ၊ ၁၅ နှစ် ယောက်ျားလေးတစ်ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Narinjara
Image caption ဓာတ်ခွဲစမ်းသပ်ပြီးမှ ရောဂါအမည်သိရမယ်

ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက သလူမော်ကျေးရွာမှာ ဇန်နဝါရီ ၂၀ ရက်ကနေ၂၈ ရက်အထိ ကလေးအယောက် ၇၀ ကျော် ဖျားနာနေပြီး အဲဒီထဲက အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးသွားပါတယ်။

ဖျားနာတဲ့ကလေးတွေဟာ အသက် ၉ လကနေ ၁၅ နှစ်အထိ ကလေးတွေဖြစ်ပြီး ကျန်းမာရေးဌာန တာဝန်ရှိသူတွေလည်း ရွာကို ဇန်နဝါရီ ၂၈ ရက်က ကွင်းဆင်းစစ် ဆေးခဲ့တယ်လို့ သလူမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ကလေးတွေခံစားရတဲ့ရောဂါလက္ခဏာတွေနဲ့ပတ်သက်လို့ ဦးခင်မောင်ဝင်းက "အနီကွက်တွေ ပေါ်လာတယ် ခန္ဓာကိုယ်မှာ။ အနီကွက်တွေပေါ်လာပြီး နှာခေါင်းသွေးတွေ ယိုတာတို့၊ အသက်ရှုလမ်းကြောင်းတွေ ကြပ်တာတို့ အဲလိုဖြစ်ကြတယ်။ ဝက်သက်ထွက်တာနဲ့ မတူဘူး။ ရေချိုးလိုက်ရင် သူတို့က ပိုပြီး နေမကောင်းတာတွေ့ရတယ်။ အသက်ရှုမရတာတို့ ဖြစ်တယ်။အရင်တစ်ခါ ဝက်သက်ထွက်တုန်းက အသက်ရှုကြပ်တာတို့၊ နှာခေါင်းသွေးလျှံတာတို့ မရှိဘူး"

ကျေးရွာကို လာစစ်ဆေးတဲ့ အမ်းမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဒါဟာ ဘာရောဂါလဲ ဆိုတာ ဓာတ်ခွဲစမ်းသပ်ပြီးမှ သိနိုင်မှာဖြစ်ပြီး အစိုးရိမ်မလွန်ဖို့လည်း ပြောကြားခဲ့တယ်လို့ ဦးခင်မောင်ဝင်းက ဆက်ပြောပါတယ်။

ရောဂါအမည်မတပ်နိုင်သေးခင်မှာ ဒေသခံတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို တာဝန်ရှိသူတွေ မှာကြားချက်နဲ့ပတ်သက်လိ့ု ဦးခင်မောင်ဝင်းက

"သူတို့က မှာသွားတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ဒီဟာက ကူးစက်လို့ကတော့ ဖြစ်နိုင်တယ်။ လက်ကို မကြာခဏဆေးဖို့ရယ်၊ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်ဖို့ဆေးတွေ ကျန်းမာရေးဌာနက အဆက်မပြတ် ကူညီသွားမယ်လို့တော့ ပြောသွားပါတယ်"

သလူမော်ရွာက ဖျားတဲ့ကလေး ၇ ယောက် ကျောက်ဖြူခရိုင်ဆေးရုံကို ရောက်ရှိလာပြီး အဲဒီထဲက ၁၅နှစ်အရွယ်တစ်ဦးကတော့ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းမှာပဲ ဆုံးသွားတယ်လို့ အဲဒီ ဆေးရုံတာဝန်ခံ ဒေါက်တာနေလင်းက ဘီဘီစီကို ပြောပါတယ်။

"ဝက်သက် သံသယလို့ ယူဆပြီး စစ်ဆေးဖို့လိုအပ်တာတွေကို ရန်ကုန်ပို့ကိုပြီး စစ်ဆေးထားကြောင်းနဲ့ တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ ကိုရိုနာ အဆုတ်ရောင်ရောဂါနဲ့ မသက်ဆိုင်ကြောင်း ပြောပါတယ်"

သလူမော်မှာ အခုလို လူ ၇၀ ကျော်လောက်ဖျားတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ရွာဟာ အမ်းမြို့နဲ့ ၁၃ မိုင် ကွာဝေးပြီး ပင်လယ်နားမှာဖြစ်လို့ သွားလာဆက်သွယ်ရေး ခက်ခဲသလို ကျေးရွာကျန်းမာရေးဌာနမှာလည်း ဝန်ထမ်းမရှိတာ သုံးလလောက် ရှိနေပြီဖြစ်တဲ့အတွက် အခုလို ရောဂါဖြစ် လာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

BBC Burmese
https://www.bbc.com
အမ္း သလူေမာ္႐ြာမွာ ကေလး ၇၀ ဖ်ားနာ၊ ၁၅ ႏွစ္ ေယာက္်ားေလးတစ္ဦးေသဆုံး အမ္း သလူေမာ္႐ြာမွာ ကေလး ၇၀ ဖ်ားနာ၊ ၁၅ ႏွစ္ ေယာက္်ားေလးတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.