ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္းက လုပ္ငန္းေတြ ရပ္နားထား သလို ေလေၾကာင္းခရီးစဥ္ေတြပါ ဖ်က္သိမ္းထား

(Zawgyi)⤵⤵⤵
၂၉ ဇန္နဝါရီ

တ႐ုတ္ႏိုင္ငံအတြင္းရွိ စတားဘတ္ေကာ္ဖီဆိုင္ေပါင္း ၄၃၀၀ မွ ဆိုင္ေပါင္း၂၀၀၀ ေက်ာ္ ပိတ္လိုက္ေၾကာင္း သိရပါတယ္။ ဟူေဘျပည္နယ္မွာ ဖြင့္လွစ္ထားတဲ့ ေကာ္ဖီဆိုင္ေတြနဲ႔ ႏိုင္ငံတစ္ဝန္းမွာ ဖြင့္လွစ္ထားတဲ့ ေကာ္ဖီဆိုင္ တစ္ဝက္ေက်ာ္ကို ပိတ္ထားေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေဘက်င္းၿမိဳ႕ စတားဘတ္ ေကာ္ဖီဆိုင္ကို ၁၉၉၉ ခုႏွစ္ ဇန္နဝါရီမွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

တို႐ိုတာကုမၸဏီကလည္း သူ႔ရဲ႕ လုပ္ငန္းေတြကို ေဖေဖာ္ဝါရီ ၉ ရက္ေန႔အထိ ပိတ္ေၾကာင္း ဒီကေန႔ ထုတ္ျပန္ ေၾကညာသြားပါတယ္။ အေျခအေနေတြကို ဆက္လက္ ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ လုပ္ငန္းေတြအတြက္ ဆုံးျဖတ္ခ်က္ထပ္မံ ျပဳလုပ္သြားမယ္လို႔ တို႐ိုတာရဲ႕ ေျပာခြင့္ရသူက ေျပာပါတယ္။


အင္ဒိုနီးရွားႏိုင္ငံက Lion Air ေလေၾကာင္းလိုင္းက ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စၿပီး ေၾကညာခ်က္အသစ္ မထုတ္ျပန္မျခင္း ခရီးစဥ္ေတြ ဆက္လက္ပိတ္ထားမယ္လို႔ ကုမၸဏီေျပာခြင့္ရသူက ေျပာပါတယ္။ ေလေၾကာင္းက ခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္းမယ္ဆိုရာတြင္ တ႐ုတ္ႏိုင္ငံရဲ႕ ၿမိဳ႕ ၁၅ ခုကို ေျပးဆြဲေနတဲ့ ခရီးစဥ္ေတြ အားလုံးျဖစ္ႏိုင္ေၾကာင္း သိရပါတယ္။

ၿဗိတိသွ်ေလေၾကာင္းလိုင္း နဲ႔ ႐ုရွားေလေၾကာင္းလိုင္းေတြကလည္း တ႐ုတ္ႏိုင္ငံကို ပ်ံသန္းမယ့္ ခရီးစဥ္ေတြ ရပ္ဆိုင္းေၾကာင္း ဒီကေန႔ ထုတ္ျပန္ပါတယ္။ ႐ုရွားေလေၾကာင္းလိုင္းက ဥေရာခရီးစဥ္ေတြျဖစ္တဲ့ ျပင္သစ္ (Paris) နဲ႔ အီတလီ(Rome) ခရီးစဥ္ေတြပါ ယာယီရပ္ဆိုင္းမယ္လို႔ သိရပါတယ္။

ပါပူရာနယူးဂီနီကေတာ့ ေရေၾကာင္းလမ္းနဲ႔ ေလေၾကာင္းလမ္း ကို အသုံးၿပီး လာေရာက္မယ့္ အာရွႏိုင္ငံမွ ႏိုင္ငံျခားသားခရီးသည္အားလုံးကို ဒီကေန႔ကစၿပီး ဝင္ခြင့္ မေပးေတာ့ေၾကာင္း သိရပါတယ္။

ပါပူရာနယူးဂီနီမွာ ေနထိုင္တဲ့သူေတြကိုေတာ့ အာရွႏိုင္ငံေတြကေန ျပန္လာခဲ့မယ္ဆိုရင္ သူတို႔အားလုံးကို ၁၄ ရက္ တိတိ သီးျခားခြဲထားၿပီး ေစာင့္ၾကည့္သြားမယ္လို႔ သိရပါတယ္။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံတွင်းက လုပ်ငန်းတွေ ရပ်နားထား သလို လေကြောင်းခရီးစဉ်တွေပါ ဖျက်သိမ်းထား

၂၉ ဇန်နဝါရီ

တရုတ်နိုင်ငံအတွင်းရှိ စတားဘတ်ကော်ဖီဆိုင်ပေါင်း ၄၃၀၀ မှ ဆိုင်ပေါင်း၂၀၀၀ ကျော် ပိတ်လိုက်ကြောင်း သိရပါတယ်။ ဟူဘေပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွေနဲ့ နိုင်ငံတစ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင် တစ်ဝက်ကျော်ကို ပိတ်ထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ဘေကျင်းမြို့ စတားဘတ် ကော်ဖီဆိုင်ကို ၁၉၉၉ ခုနှစ် ဇန်နဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

တိုရိုတာကုမ္ပဏီကလည်း သူ့ရဲ့ လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ပိတ်ကြောင်း ဒီကနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လုပ်ငန်းတွေအတွက် ဆုံးဖြတ်ချက်ထပ်မံ ပြုလုပ်သွားမယ်လို့ တိုရိုတာရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက Lion Air လေကြောင်းလိုင်းက ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ကြေညာချက်အသစ် မထုတ်ပြန်မခြင်း ခရီးစဉ်တွေ ဆက်လက်ပိတ်ထားမယ်လို့ ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။ လေကြောင်းက ခရီးစဉ်များကို ယာယီရပ်ဆိုင်းမယ်ဆိုရာတွင် တရုတ်နိုင်ငံရဲ့ မြို့ ၁၅ ခုကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေ အားလုံးဖြစ်နိုင်ကြောင်း သိရပါတယ်။

ဗြိတိသျှလေကြောင်းလိုင်း နဲ့ ရုရှားလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်တွေ ရပ်ဆိုင်းကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရုရှားလေကြောင်းလိုင်းက ဥရောခရီးစဉ်တွေဖြစ်တဲ့ ပြင်သစ် (Paris) နဲ့ အီတလီ(Rome) ခရီးစဉ်တွေပါ ယာယီရပ်ဆိုင်းမယ်လို့ သိရပါတယ်။

ပါပူရာနယူးဂီနီကတော့ ရေကြောင်းလမ်းနဲ့ လေကြောင်းလမ်း ကို အသုံးပြီး လာရောက်မယ့် အာရှနိုင်ငံမှ နိုင်ငံခြားသားခရီးသည်အားလုံးကို ဒီကနေ့ကစပြီး ဝင်ခွင့် မပေးတော့ကြောင်း သိရပါတယ်။
ပါပူရာနယူးဂီနီမှာ နေထိုင်တဲ့သူတွေကိုတော့ အာရှနိုင်ငံတွေကနေ ပြန်လာခဲ့မယ်ဆိုရင် သူတို့အားလုံးကို ၁၄ ရက် တိတိ သီးခြားခွဲထားပြီး စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္းက လုပ္ငန္းေတြ ရပ္နားထား သလို ေလေၾကာင္းခရီးစဥ္ေတြပါ ဖ်က္သိမ္းထား ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္းက လုပ္ငန္းေတြ ရပ္နားထား သလို ေလေၾကာင္းခရီးစဥ္ေတြပါ ဖ်က္သိမ္းထား Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.