တ႐ုတ္နဲ႔ ပတ္သက္ၿပီး လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ အရပ္ဘက္အဖြဲ႕ေတြရဲ႕ မတူညီတဲ့ ေတာင္းဆိုခ်က္

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ႏိုင္ငံေတာ္ သမၼတ အိမ္ေတာ္မွာ ၂၀၂၀၊ ဇန္နဝါရီ ၁၇ ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ျမန္မာျပည္ခရီးစဥ္ကို ႀကိဳဆိုေၾကာင္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ေလးဖြဲ႕က ေၾကညာခ်က္ေတြ အသီးသီးထုတ္ျပန္ရာမွာ UWSA၊ AA နဲ႔ TNLA အဖြဲ႕ေတြက ေခတ္သစ္ပိုးလမ္းမစီမံကိန္း BRI ကို လက္ခံႀကိဳဆိုေၾကာင္း ေျပာၾကပါတယ္။

တစ္ဘက္ကလည္း ကခ်င္၊ ရွမ္းနဲ႔ ရခိုင္ျပည္နယ္က အရပ္ဘက္အဖြဲ႕ေတြကေတာ့ သူတို႔ေဒသတြင္း ျပဳလုပ္မယ့္ အႀကီးစား တ႐ုတ္စီမံကိန္းေတြကို ရပ္ဆိုင္းေပးဖို႔ ေတာင္းဆိုၾကပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္မႈ ရွိေနတဲ့ ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ျမန္မာျပည္ ခရီးစဥ္ကို ႀကိဳဆိုေၾကာင္း ေၾကညာခ်က္ေတြ အသီးသီးထုတ္ျပန္ရာမွာ KIA ကလြဲၿပီး က်န္တဲ့အဖြဲ႕ေတြကေတာ့ တ႐ုတ္စီမံကိန္းႀကီးေတြဟာ ျမန္မာျပည္အတြက္ အက်ိဳးျဖစ္ထြန္းႏိုင္မယ္လို႔ ယူဆေၾကာင္း ေျပာၾကပါတယ္။

UWSA၊ AA၊ TNLA အဖြဲ႕ သုံးဖြဲ႕လုံးက ေျပာတဲ့အထဲမွာ တူတဲ့အခ်က္တစ္ခုကေတာ့ သမၼတ ရွီက်င့္ဖ်င္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လိုတဲ့ ေခတ္သစ္ပိုးလမ္းမစီမံကိန္းနဲ႔ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္လမ္းဟာ ေကာင္းမြန္တဲ့ အစီအစဥ္ျဖစ္တယ္ဆိုတဲ့ အခ်က္ပါပဲ။

ရကၡိဳင့္တပ္ေတာ္ AA က တ႐ုတ္ႏိုင္ငံရဲ႕ BRI စီမံကိန္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ႀကိဳဆိုၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုလားတယ္လို႔ ေျပာသလို UWSA “ဝ” ျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္က ဒီစီမံကိန္းဟာ ျမန္မာ ျပည္ေျမာက္ပိုင္းရဲ႕ ေခတ္ေနာက္က်ေနတဲ့ စီးပြားေရး၊ ကုန္သြယ္ေရး၊ အေျခခံေဆာက္လုပ္ေရး က႑ေတြမွာ အက်ိဳးသက္ေရာက္မႈေတြရွိေစမယ္လို႔ ဆိုပါတယ္။

တအာင္းလြတ္ေျမာက္ေရး တပ္မေတာ္ TNLA ကလည္း  BRI စီမံကိန္းေတြ ေအာင္ျမင္ၿပီး ျပည္သူအက်ိဳးကို ေဆာင္႐ြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

BRI ကိုေထာက္ခံရတဲ့ အေၾကာင္းအရင္းကို TNLA က ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ ေျပာတာက

“အဓိကေတာ့ ဒီ BRI က ရွမ္းေျမာက္မွာ ျဖတ္သန္းတဲ့အခ်ိန္ စီမံကိန္းက ေအာင္ျမင္သြားလို႔ရွိရင္ေတာ့ ျဖတ္သန္းသြားတဲ့ ေဒသလည္း အက်ိဳးေက်းဇူးခံစားရလိမ့္မယ္။ အဲလိုေတာ့ျမင္တာေပါ့။ အဓိက လူထုအတြက္ တကယ္အက်ိဳးရွိဖို႔ေတာ့လိုတယ္။ နစ္နာတဲ့လူထုေတြအတြက္ မွန္ကန္တဲ့ ေလ်ာ္ေၾကးရရွိဖို႔ေတာ့ လိုတယ္။ က်ေနာ္တို႔ အျမင္ကေတာ့ တ႐ုတ္က သူ႔မွာေတာ့ စီမံခန႔္ခြဲပိုင္ခြင့္မရွိဘူးထင္တယ္။ က်ေနာ္ထင္တာကေတာ့ အစိုးရနဲ႔ပဲ သက္ဆိုင္တယ္ထင္တယ္။”

ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ KIA ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ပိုးလမ္းမစီမံကိန္းနဲ႔ ပတ္သက္လို႔ ထည့္သြင္း ေျပာတာမရွိဘဲ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ေတြဟာ နယ္စပ္လုံၿခဳံေရးနဲ႔ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရး ကို အေထာက္အကူျပဳႏိုင္မယ္လို႔သာ ေျပာထားပါတယ္။

ဒါ့အျပင္ အဖြဲ႕အစည္းအသီးသီးရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ မတူကြဲျပားတဲ့ သေဘာထားအျမင္ေတြ ရွိႏိုင္ တာေၾကာင့္ တ႐ုတ္သမၼတႀကီးအေနနဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ ခံစားခ်က္ကို နားလည္ေပးဖို႔နဲ႔ လိုအပ္တဲ့ အကူအညီေတြေပးဖို႔ ေမတၱာရပ္ခံတယ္လို႔ KIO က ဆိုပါတယ္။

ဒါေပမဲ့လို႔ KIA ရဲ႕ ထုတ္ျပန္ခ်က္မွာ အမ်ားျပည္သူ ကန႔္ကြက္ေနတဲ့ ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္လို႔ KIA သေဘာထားဘယ္လိုရွိတယ္ဆိုတာ ထည့္သြင္းေျပာတာ မရွိသလို AA ကလည္း တ႐ုတ္သမၼတ ခရီးစဥ္အတြင္း လက္မွတ္ေရးထိုးဖို႔ရွိတဲ့ ေက်ာက္ျဖဴ အထူးစီပြားေရးဇုန္စီမံကိန္း သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔ တစ္စုံတစ္ရာ ေျပာတာမရွိပါဘူး။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကို ေက်ာက္ျဖဴစီမံကိန္းနဲ႔ ပတ္သက္လို႔ သေဘာထား ေမးျမန္းခဲ့ေပမယ့္ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာၾကားတာမရွိသလို ေကအိုင္အိုက ျပန္ၾကားေရးတာဝန္ခံ ဒုတိယ ဗိုလ္မႉးႀကီး ေနာ္ဘူကို ဆက္သြယ္ရာမွာလည္း ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါဘူး။

ကခ်င္၊ ရွမ္းနဲ႔ ရခိုင္ျပည္နယ္က အရပ္ဖက္အဖြဲ႕အစည္းေတြကေတာ့ တ႐ုတ္သမၼတခရီးစဥ္အတြင္း ျမစ္ဆုံ ေရကာတာစီမံကိန္း ရပ္ဆိုင္းေပးဖို႔၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ လက္မွတ္ေရးထိုးမႈကို ရပ္ဆိုင္ေပးဖို႔နဲ႔ BRI စီမံကိန္းကို ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္တာေတြရွိေနပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ေျပာဆိုခ်က္နဲ႔ အရပ္ဖက္အဖြဲ႕ေတြရဲ႕ ေတာင္းဆိုခ်က္ ကြဲလြဲေနတဲ့အေပၚ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ယက္က ေဒၚခြန္ဂ်ာကို ေမးၾကည့္ေတာ့

“မတူတာရွိတာက တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ေနရာဟာ တ႐ုတ္နယ္စပ္နဲ႔လည္း နီးစပ္ေနတယ္။ နယ္စပ္မွာ အဆင္ေျပေအာင္ေနထိုင္ေနရတဲ့ အေျခအေနေတြလည္းရွိတယ္။ အဲဒါေတြကို က်မတို႔နားလည္ တယ္ေပါ့။ ျမစ္ဆုံနဲ႔ ပတ္သက္ၿပီးေတာ့မွ ကခ်င္ေတြရဲ႕ ဆႏၵ ေကအိုင္အိုရဲ႕ ဆႏၵ ဒါေတြကို ရွင္းရွင္းလင္းလင္း ေျပာၾကားၿပီးျဖစ္တယ္။ ဘာျဖစ္လို႔လည္းဆိုရင္ ျမစ္ဆုံကိစၥကို စခဲ့တာ ကခ်င္ျပည္နယ္သူ ျပည္နယ္သားေတြရယ္ ေကအိုင္အိုရယ္လည္း မဟုတ္ဘူး။ ၿပီးလိုရွိရင္ ဒီပေရာဂ်က္ေတြနဲ႔ ပတ္သက္လို႔ ကန႔္ကြက္လို႔ရွိရင္လည္း တိုင္းရင္းသား လက္နက္ကိုင္ေတြအတြက္ မလြယ္ဘူးလို႔ ယူဆပါတယ္။ တ႐ုတ္-ျမန္မာစီးပြားေရး စၾကၤလမ္းဟာ ႏိုင္ငံေတာ္အစီစဥ္ျဖစ္တယ္။ ဒီဟာကို ဆန႔္က်င္သူသည္ ႏိုင္ငံေတာ္ကို ဆန႔္က်င္သူျဖစ္တယ္ အဲ့ဒါမ်ိဳးဆိုရင္ က်မတို႔ အတြက္က အရမ္းခက္ပါတယ္။”

ဒီေန႔မွာလည္း ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တ႐ုတ္-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈေတြအေပၚ သေဘာထားထုတ္ျပန္ခ်က္ထုတ္ျပန္ပါတယ္။

စီမံကိန္းေတြကို အေကာင္အထည္ေဖာ္မယ္ဆိုရင္ ေဒသခံေတြနဲ႔ သက္ဆိုင္ရာ ျပည္နယ္လႊတ္ေတာ္ေတြရဲ႕ သေဘာထား ရယူၿပီးမွ ေဆာင္႐ြက္ဖို႔နဲ႔ ဗဟိုအစိုးရက လႊမ္းမိုးခ်ဳပ္ကိုင္ၿပီး ေဆာင္႐ြက္မယ္ဆိုရင္ ေဒသတြင္း ပဋိပကၡေတြ ပိုမ်ားလာမယ္ လို႔ ေျပာထားပါတယ္။

တ႐ုတ္ရဲ႕ စီးပြားေရးစီမံကိန္း အေကာင္ထည္ေဖာ္ေဆာင္႐ြက္ရာမွာ ေျမယာျပႆနာေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မိတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးစိုင္းလိတ္ ကေျပာပါတယ္။

“အျမန္မီးရထားလမ္းႀကီး လုပ္ေတာ့မယ္။ ကားလမ္းႀကီးပါ ပါလာမယ္ဆိုရင္ ေျမက ရွမ္းျပည္ေျမာက္ပိုင္းကေန မႏၲေလးအထိ ေတာက္ေလွ်ာက္ အသိမ္းခံရေတာ့မယ္။ အဲဒီေျမသိမ္းတဲ့ ကိစၥေတြ ေနာက္က်ရင္ ေျမလြတ္ေျမ႐ိုင္း ဥပေဒနဲ႔ လူထုကို ဒုကၡမေပးဘူးလို႔ ေျပာလို႔မရဘူးဗ်။ အဲ့ကိစၥက လက္ေတြ႕လူထု ဒီေန႔ မနက္ျဖန္ ႀကဳံေတြ႕ရမယ့္ အခက္အခဲ ျပႆနာ၊ ဒါလုံးဝကို ေပၚလြင္ထင္ရွားတဲ့ ဥပမာေတြပါပဲဗ်။”

အရပ္ဘက္အဖြဲ႕အစည္းေတြကေတာ့ တ႐ုတ္-ျမန္မာ ႏွစ္ဦးသေဘာတူ စီမံကိန္းေတြ အေကာင္အထည္ေဖာ္မယ္ ဆိုရင္ အစိုးရခ်င္း သေဘာတူညီခ်က္နဲ႔ ေဆာင္႐ြက္တာမ်ိဳးမဟုတ္ဘဲ ေဒသခံေတြရဲ႕ သေဘာထားကို အရင္ဆုံး ေတာင္းခံဖို႔၊ စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ ေဒသခံေတြကို ပြင့္ပြင့္လင္းလင္းရွင္းျပဖို႔၊ ဗဟို အစိုးရ တစ္ခုတည္းက ခ်ဳပ္ကိုင္တာမ်ိဳး မလုပ္ဖို႔၊ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ၊ လူမႈစီးပြားထိခိုက္မႈေတြကို ေရွာင္ရွားဖို႔၊ လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
တရုတ်နဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ မတူညီတဲ့ တောင်းဆိုချက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နိုင်ငံတော် သမ္မတ အိမ်တော်မှာ ၂၀၂၀၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို လက်ခံကြိုဆိုကြောင်း ပြောကြပါတယ်။

တစ်ဘက်ကလည်း ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့တွေကတော့ သူတို့ဒေသတွင်း ပြုလုပ်မယ့် အကြီးစား တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်မှု ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ KIA ကလွဲပြီး ကျန်တဲ့အဖွဲ့တွေကတော့ တရုတ်စီမံကိန်းကြီးတွေဟာ မြန်မာပြည်အတွက် အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ယူဆကြောင်း ပြောကြပါတယ်။

UWSA၊ AA၊ TNLA အဖွဲ့ သုံးဖွဲ့လုံးက ပြောတဲ့အထဲမှာ တူတဲ့အချက်တစ်ခုကတော့ သမ္မတ ရှီကျင့်ဖျင် အကောင်အထည် ဖော်ဆောင်ရွက်လိုတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

ရက္ခိုင့်တပ်တော် AA က တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောသလို UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ဒီစီမံကိန်းဟာ မြန်မာ ပြည်မြောက်ပိုင်းရဲ့ ခေတ်နောက်ကျနေတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ အခြေခံဆောက်လုပ်ရေး ကဏ္ဍတွေမှာ အကျိုးသက်ရောက်မှုတွေရှိစေမယ်လို့ ဆိုပါတယ်။

တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း  BRI စီမံကိန်းတွေ အောင်မြင်ပြီး ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

BRI ကိုထောက်ခံရတဲ့ အကြောင်းအရင်းကို TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ပြောတာက

“အဓိကတော့ ဒီ BRI က ရှမ်းမြောက်မှာ ဖြတ်သန်းတဲ့အချိန် စီမံကိန်းက အောင်မြင်သွားလို့ရှိရင်တော့ ဖြတ်သန်းသွားတဲ့ ဒေသလည်း အကျိုးကျေးဇူးခံစားရလိမ့်မယ်။ အဲလိုတော့မြင်တာပေါ့။ အဓိက လူထုအတွက် တကယ်အကျိုးရှိဖို့တော့လိုတယ်။ နစ်နာတဲ့လူထုတွေအတွက် မှန်ကန်တဲ့ လျော်ကြေးရရှိဖို့တော့ လိုတယ်။ ကျနော်တို့ အမြင်ကတော့ တရုတ်က သူ့မှာတော့ စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးထင်တယ်။ ကျနော်ထင်တာကတော့ အစိုးရနဲ့ပဲ သက်ဆိုင်တယ်ထင်တယ်။”

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ထုတ်ပြန်ချက်မှာတော့ ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောတာမရှိဘဲ နှစ်နိုင်ငံ သဘောတူညီချက်တွေဟာ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ကို အထောက်အကူပြုနိုင်မယ်လို့သာ ပြောထားပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေဟာ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနိုင် တာကြောင့် တရုတ်သမ္မတကြီးအနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံတယ်လို့ KIO က ဆိုပါတယ်။

ဒါပေမဲ့လို့ KIA ရဲ့ ထုတ်ပြန်ချက်မှာ အများပြည်သူ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ KIA သဘောထားဘယ်လိုရှိတယ်ဆိုတာ ထည့်သွင်းပြောတာ မရှိသလို AA ကလည်း တရုတ်သမ္မတ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးဖို့ရှိတဲ့ ကျောက်ဖြူ အထူးစီပွားရေးဇုန်စီမံကိန်း သဘောတူညီချက်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောတာမရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်လို့ သဘောထား မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာမရှိသလို ကေအိုင်အိုက ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေကတော့ တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းပေးဖို့၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် လက်မှတ်ရေးထိုးမှုကို ရပ်ဆိုင်ပေးဖို့နဲ့ BRI စီမံကိန်းကို ကန့်ကွက်ကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်တာတွေရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ တောင်းဆိုချက် ကွဲလွဲနေတဲ့အပေါ် ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာကို မေးကြည့်တော့

“မတူတာရှိတာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နေရာဟာ တရုတ်နယ်စပ်နဲ့လည်း နီးစပ်နေတယ်။ နယ်စပ်မှာ အဆင်ပြေအောင်နေထိုင်နေရတဲ့ အခြေအနေတွေလည်းရှိတယ်။ အဲဒါတွေကို ကျမတို့နားလည် တယ်ပေါ့။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့မှ ကချင်တွေရဲ့ ဆန္ဒ ကေအိုင်အိုရဲ့ ဆန္ဒ ဒါတွေကို ရှင်းရှင်းလင်းလင်း ပြောကြားပြီးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် မြစ်ဆုံကိစ္စကို စခဲ့တာ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေရယ် ကေအိုင်အိုရယ်လည်း မဟုတ်ဘူး။ ပြီးလိုရှိရင် ဒီပရောဂျက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်လို့ရှိရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် မလွယ်ဘူးလို့ ယူဆပါတယ်။ တရုတ်-မြန်မာစီးပွားရေး စင်္ကလြမ်းဟာ နိုင်ငံတော်အစီစဉ်ဖြစ်တယ်။ ဒီဟာကို ဆန့်ကျင်သူသည် နိုင်ငံတော်ကို ဆန့်ကျင်သူဖြစ်တယ် အဲ့ဒါမျိုးဆိုရင် ကျမတို့ အတွက်က အရမ်းခက်ပါတယ်။”

ဒီနေ့မှာလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပါတယ်။

စီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေနဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေရဲ့ သဘောထား ရယူပြီးမှ ဆောင်ရွက်ဖို့နဲ့ ဗဟိုအစိုးရက လွှမ်းမိုးချုပ်ကိုင်ပြီး ဆောင်ရွက်မယ်ဆိုရင် ဒေသတွင်း ပဋိပက္ခတွေ ပိုများလာမယ် လို့ ပြောထားပါတယ်။

တရုတ်ရဲ့ စီးပွားရေးစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ မြေယာပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုင်းလိတ် ကပြောပါတယ်။

“အမြန်မီးရထားလမ်းကြီး လုပ်တော့မယ်။ ကားလမ်းကြီးပါ ပါလာမယ်ဆိုရင် မြေက ရှမ်းပြည်မြောက်ပိုင်းကနေ မန္တလေးအထိ တောက်လျှောက် အသိမ်းခံရတော့မယ်။ အဲဒီမြေသိမ်းတဲ့ ကိစ္စတွေ နောက်ကျရင် မြေလွတ်မြေရိုင်း ဥပဒေနဲ့ လူထုကို ဒုက္ခမပေးဘူးလို့ ပြောလို့မရဘူးဗျ။ အဲ့ကိစ္စက လက်တွေ့လူထု ဒီနေ့ မနက်ဖြန် ကြုံတွေ့ရမယ့် အခက်အခဲ ပြဿနာ၊ ဒါလုံးဝကို ပေါ်လွင်ထင်ရှားတဲ့ ဥပမာတွေပါပဲဗျ။”

အရပ်ဘက်အဖွဲ့အစည်းတွေကတော့ တရုတ်-မြန်မာ နှစ်ဦးသဘောတူ စီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုရင် အစိုးရချင်း သဘောတူညီချက်နဲ့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ဒေသခံတွေရဲ့ သဘောထားကို အရင်ဆုံး တောင်းခံဖို့၊ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းရှင်းပြဖို့၊ ဗဟို အစိုးရ တစ်ခုတည်းက ချုပ်ကိုင်တာမျိုး မလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားထိခိုက်မှုတွေကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္နဲ႔ ပတ္သက္ၿပီး လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ အရပ္ဘက္အဖြဲ႕ေတြရဲ႕ မတူညီတဲ့ ေတာင္းဆိုခ်က္ တ႐ုတ္နဲ႔ ပတ္သက္ၿပီး လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ အရပ္ဘက္အဖြဲ႕ေတြရဲ႕ မတူညီတဲ့ ေတာင္းဆိုခ်က္ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.