အီရန္ဗုိလ္ခ်ဳပ္ႀကီး စ်ာပနပဲြ လူနင္းမိရာက ၄၀ ထက္မနည္းေသဆုံး


(Zawgyi / Unicode)

အေမရိကန္ေလေၾကာင္းတုိက္ခိုက္မႈေၾကာင့္ ၿပီးခဲ့တဲ့တပတ္က ေသဆုံးသြားတဲ့ အီရန္ထိပ္တန္းတပ္မွဴး Qassem Soleimani ရဲ ႔ စ်ာပနအခမ္းအနားမွာ လူနင္းမိလို႔ေသဆုံးသူ ၄၀ ဦးနဲ႔ ဒဏ္ရာရသူ ၂၀၀ ေက်ာ္ရွိေၾကာင္း အီရန္ ႏုိင္ငံပိုင္သတင္းက ဒီကေန႔ ေၾကညာပါတယ္။

Soleimani ရဲ ႔အေလာင္းကို ဇာတိၿမိဳ ႔ Kerman မွာေျမမခ်ခင္ လုပ္တဲ့ က စ်ာပနအခမ္းအနားကို ေထာင္ေပါင္းမ်ားစြာေသာ အီရန္ျပည္သူေတြတက္ေရာက္လာတာပါ။ Soleimani ရဲ ႔ စ်ာပနအခမ္းအနားကို Tehran၊ Qom နဲ႔ Ahvaz ၿမိဳ ႔ေတြမွာလည္း ဒီသီတင္းပတ္ထဲ အသီးသီး က်င္းပခဲ့ပါတယ္။ ခုလို လူနင္းမိၿပီး ေသဆုံးမႈေတြရွိခဲ့တဲ့အတြက္ အေလာင္းေျမခ်မယ့္အစီအစဥ္ကို ဆိုင္းင့့ံ လိုက္တယ္လို႔လည္း အစိုးရသတင္းက ေၾကညာပါတယ္။ အေမရိကန္ရဲ႕ လက္ခ်က္ေၾကာင့္ Soleimani ေသဆုံးခဲ့ရတဲ့အေပၚ

အျပင္း အထန္တုံ႔ျပန္မယ္လို႔ အီရန္က ၿခိမ္းေျခာက္ေျပာဆိုထားသလို အေမရိကန္ကလည္း အလားတူ တန္ျပန္ေဆာင္ရြက္မယ္လို႔ု႔ ေျပာဆိုထားတဲ့အတြက္ ေဒသတြင္း ပဋိပကၡေတြ ၾကီးထြားလာမွာကိုလည္း စိုးရိမ္ေနၾကတာပါ။

ဒီသီတင္းပတ္အေစာပိုင္းမွာပဲ အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ေခါင္းေဆာင္ Hossein Salami ကလည္း အေမရိကန္တို႔ရဲ ႔ လုပ္ခဲ့ရပ္အတုိင္း အတိအက် လက္တံု႔ျပန္သြားမယ္လို႔ ေျပာဆိုထားတာပါ။ ၿပီးခဲ့တဲ့ေသာၾကာေန႔က အေမရိကန္ရဲ ႔ေလေၾကာင္းတုိက္ခိုက္မႈေၾကာင့္ အီရတ္ႏုိင္ငံၿမိဳ ႔ေတာ္၊ ဘဂၢဒက္ ေလဆိပ္အျပင္ဘက္မွာ Soleimani ေသဆုံးခ့ဲတာပါ။ အီရန္တို႔ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အီရတ္ႏုိင္ငံထဲကျပည္သူ႔စစ္ေတြရဲ ႔လက္ခ်က္ေၾကာင့္ အေမရိကန္တပ္ဖြဲ႔၀င္ေတြေသဆုံးရတဲ့အေပၚ Soleimani ကို အေမရိကန္က ျပစ္တင္ေျပာဆိုထားတာပါ။

ဒါ့အျပင္ ေဒသတြင္းမွာရွိတဲ့ အေမရိကန္ ေတြနဲ႔ အေဆာက္အဦးေတြကို တုိက္ခုိက္ဖို႔ Soleimani စီစဥ္ေနတယ္လို႔လည္း အေမရိကန္တာ၀န္ရွိသူေတြက စြပ္စြဲေျပာဆိုထားေပမယ့္ လူသိရွင္ၾကား ထုတ္ျပန္ထားတာမရွိပါဘူး။ ခုလိုႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြတိုးလာေနခ်ိန္မွာပဲ နယူးေယာက္ၿမိဳ ႔ ကုလသမဂၢညီလာခံကိုတက္ေရာက္မယ့္ အီရန္ႏုိင္ငံျခားေရး၀န္ႀကီး Mohammad Javad Zarif ကို အေမရိကန္က ျပည္၀င္ခြင့္ ဗီဇာ ျငင္းပယ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ တပတ္ အေမရိကန္ေလေၾကာင္းတုိက္ခိုက္ခဲ့ၿပီး ရက္ပုိင္းအတြင္းမွာပဲ၂၀၁၅ အီရန္ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြ ကိုလိုက္နာေတာ့မွာမဟုတ္ဘူးလို႔လည္း အီရန္က ေၾကညာခဲ့ပါတယ္။

......................

အီရန်ဗိုလ်ချုပ်ကြီး ဈာပနပွဲ လူနင်းမိရာက ၄၀ ထက်မနည်းသေဆုံး

(Unicode)

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့တပတ်က သေဆုံးသွားတဲ့ အီရန်ထိပ်တန်းတပ်မှူး Qassem Soleimani ရဲ့ ဈာပနအခမ်းအနားမှာ လူနင်းမိလို့သေဆုံးသူ ၄၀ ဦးနဲ့ ဒဏ်ရာရသူ ၂ ရာကျော်ရှိကြောင်း အီရန် နိုင်ငံပိုင်သတင်းက ဒီကနေ့ ကြေညာပါတယ်။

Soleimani ရဲ့အလောင်းကို ဇာတိမြို့ Kerman မှာမြေမချခင် လုပ်တဲ့ က ဈာပနအခမ်းအနားကို ထောင်ပေါင်းများစွာသော အီရန်ပြည်သူတွေတက်ရောက်လာတာပါ။ Soleimani ရဲ့ ဈာပနအခမ်းအနားကို Tehran၊ Qom နဲ့ Ahvaz မြို့တွေမှာလည်း ဒီသီတင်းပတ်ထဲ အသီးသီး ကျင်းပခဲ့ပါတယ်။ ခုလို လူနင်းမိပြီး သေဆုံးမှုတွေရှိခဲ့တဲ့အတွက် အလောင်းမြေချမယ့်အစီအစဉ်ကို ဆိုင်းငံ့ လိုက်တယ်လို့လည်း အစိုးရသတင်းက ကြေညာပါတယ်။ အမေရိကန်ရဲ့ လက်ချက်ကြောင့် Soleimani သေဆုံးခဲ့ရတဲ့အပေါ်

အပြင်း အထန်တုံ့ပြန်မယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆိုထားသလို အမေရိကန်ကလည်း အလားတူ တန်ပြန်ဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့အတွက် ဒေသတွင်း ပဋိပက္ခတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။

ဒီသီတင်းပတ်အစောပိုင်းမှာပဲ အီရန်တော်လှန်ရေး ပြည်စောင့်တပ်ခေါင်းဆောင် Hossein Salami ကလည်း အမေရိကန်တို့ရဲ့ လုပ်ခဲ့ရပ်အတိုင်း အတိအကျ လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံမြို့တော်၊ ဘဂ္ဂဒက် လေဆိပ်အပြင်ဘက်မှာ Soleimani သေဆုံးခဲ့တာပါ။ အီရန်တို့ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်နိုင်ငံထဲကပြည်သူ့စစ်တွေရဲ့လက်ချက်ကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးရတဲ့အပေါ် Soleimani ကို အမေရိကန်က ပြစ်တင်ပြောဆိုထားတာပါ။

ဒါ့အပြင် ဒေသတွင်းမှာရှိတဲ့ အမေရိကန် တွေနဲ့ အဆောက်အဦးတွေကို တိုက်ခိုက်ဖို့ Soleimani စီစဉ်နေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုထားပေမယ့် လူသိရှင်ကြား ထုတ်ပြန်ထားတာမရှိပါဘူး။ ခုလိုနှစ်နိုင်ငံကြား တင်းမာမှုတွေတိုးလာနေချိန်မှာပဲ နယူးယောက်မြို့ ကုလသမဂ္ဂညီလာခံကိုတက်ရောက်မယ့် အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တပတ် အမေရိကန်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ပါ အချက်တွေ ကိုလိုက်နာတော့မှာမဟုတ်ဘူးလို့လည်း အီရန်က ကြေညာခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
အီရန္ဗုိလ္ခ်ဳပ္ႀကီး စ်ာပနပဲြ လူနင္းမိရာက ၄၀ ထက္မနည္းေသဆုံး အီရန္ဗုိလ္ခ်ဳပ္ႀကီး စ်ာပနပဲြ လူနင္းမိရာက ၄၀ ထက္မနည္းေသဆုံး Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.