ေအေအက ဖမ္းဆီးထားတဲ့ လဝကအရာရွိရဲ႕ မိခင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္

 ပန္ဇင္းေခ်ာင္းအတိုင္း သြားေနတုန္း ေက်ာက္ရစ္႐ြာသစ္အနီးမွာ ခရီးသည္တင္စက္ေလွကို ကမ္းကပ္ခိုင္းၿပီး ဖမ္းသြားတာလို႔ဆို
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ ေအေအက ဘူးသီးေတာင္ၿမိဳ႕နယ္က လဝကအရာရွိသုံးဦးကို ဒီဇင္ဘာ ၂၄ ရက္မွာ ဖမ္းဆီး သြားတာ အခုဆို ႏွစ္ပတ္ေက်ာ္ ၾကာလာပါၿပီ။ ေအေအဘက္ကလည္း ဒီလဝကအရာရွိေတြကို ဖမ္းဆီးထား တယ္လို႔ အတည္ျပဳထားၿပီး ရခိုင္ျပည္နယ္အတြင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြက လဝက ဝန္ထမ္း ယူနီေဖာင္းေတြ ဝတ္ဆင္ၿပီး သြားလာလႈပ္ရွားမႈရွိတဲ့အတြက္ အခုလိုဖမ္းဆီး စစ္ေဆးေနတာေတြ လုပ္ေနတယ္ လို႔ ေျပာၾကားထားပါတယ္။ အခု ဖမ္းဆီးခံထားရတဲ့ လဝကအရာရွိသုံးဦးထဲက ဒုလက္ေထာက္ဦးစီးမႉး ကိုမ်ိဳးေဆြဦးရဲ႕ မိခင္ ေဒၚေဆာင္းသီတာကို ဘီဘီစီက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဘီဘီစီ-ကိုမ်ိဳးေဆြဦးက ဘယ္ဇာတိလဲ။ ၿပီးေတာ့ လဝကမွာ တာဝန္ထမ္းေဆာင္တာက ဘယ္ေလာက္ ၾကာပါၿပီလဲ။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မတို႔က ရွမ္းျပည္နယ္ ၊ေတာင္ႀကီးဇာတိပါ။ သားက လဲခ်ားလဝကမွာ အရင္ အလုပ္ဝင္ပါတယ္။ အဲဒီမွာ တစ္ႏွစ္ေက်ာ္ေလာက္တာဝန္ထမ္းေဆာင္ၿပီး ဘူးသီးေတာင္ေမာင္ေတာမွာ ၿပီးခဲ့တဲ့ သၾကၤန္ကမွ ေျပာင္းမိန႔္က်လို႔ တာဝန္ထမ္းေဆာင္ေနတာပါ။ လဝကမွာလုပ္ေနတာ သုံးႏွစ္ေလာက္ေတာ့ရွိပါၿပီ။

ဘီဘီစီ-ကိုမ်ိဳးေဆြဦးကို ေအေအက ဖမ္းသြားတယ္လို႔ ဘယ္လိုစၿပီးသိတာလဲ။ ဘယ္သူေတြက အေၾကာင္းၾကားတာပါလဲ။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မတို႔က သားကို ၂၃ ရက္ေန႔ ည ၉ နာရီအထိကေတာ့ သူနဲ႔ စကားေျပာျဖစ္တယ္။ ၂၄ ရက္ေန႔က်ေတာ့ ကြၽန္မတို႔က ဖုန္းလည္း မေခၚျဖစ္ဘူး။ ခါတိုင္းဆို ညေနပိုင္းေတြ ကြၽန္မတို႔ မေခၚရင္ သားက ျပန္ေခၚတတ္တယ္။ အဲဒီေန႔က အမႈမဲ့အမွတ္မဲ့ေနလိုက္တယ္။ ၂၅ ရက္ေန႔မနက္က်ေတာ့ ကေလးရဲ႕ ဦးေလးေတြက သိၿပီးေတာ့ ကြၽန္မကိုဖုန္းဆက္တယ္။ သူတို႔က ေပၚတင္မေျပာေသးဘူး။ အစ္မေရ လိုင္းေပၚမွာေတာ့ ဒီလိုဒီလိုေတြ႕မိတယ္။ အစ္မသားသတင္းဘာၾကားေသးလဲဆိုေတာ့ ဘာမွ မၾကား ဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီဘက္မွာ ဒီလို ဒီလိုၾကားတယ္ေပါ့။ လုပ္စရာရွိတာ လုပ္ရေအာင္ အစ္မကို အသိေပးလိုက္တယ္ဆိုေတာ့ ကြၽန္မ ဘာမွမေျပာႏိုင္ေတာ့ဘူး။ ၂၅ ရက္ေန႔ မနက္ ရွစ္နာရီခြဲေလာက္မွ သိရတာပါရွင့္။
ဘီဘီစီ-အဲဒီလို ဖမ္းသြားၿပီဆိုတာသိၿပီးတဲ့ေနာက္ လဝက တာဝန္ရွိသူေတြနဲ႔ အစိုးရဘက္ကေရာ ဆက္သြယ္လာတာရွိလား။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မက ႏွလုံးေရာဂါရွိေတာ့ သူတို႔က ဖုန္းေပးမေျပာဘူးေပါ့ေနာ္။ ကြၽန္မရဲ႕ခဲအိုကိုေတာ့ လဲခ်ားဌာနက ဖုန္းလွမ္းဆက္ေပးတယ္။ ၂၄ ရက္ေန႔ ညတည္းက သူတို႔က သိတယ္။ ဒါေပမဲ့ ကြၽန္မကို သူတို႔က မေျပာၾကဘူး။
ဘီဘီစီ-မိသားစုဘက္ကေရာ ကိုမ်ိဳးေဆြဦးလြတ္ေျမာက္ဖို႔ သက္ဆိုင္ရာေတြကို ဆက္သြယ္အကူအညီ ေတာင္းခံထားတာရွိလား။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မ ဘယ္သူ႔ကိုအကူအညီေတာင္းရမွန္း မေျပာတတ္မဆိုတတ္တဲ့အခါက်ေတာ့ ဘုရားတရားက လြဲၿပီး ဘာမွလည္း အကူအညီမေတာင္းတတ္ဘူး။ ဟိုကိုလိုက္စုံစမ္းလိုက္ ဒီကိုလိုက္စုံစမ္းလိုက္နဲ႔ သတင္းေလးအေပၚမွာပဲ တက္ၾကည့္လိုက္နဲ႔ေပါ့။ ေန႔တိုင္းကေတာ့ တက္တဲ့သတင္းေတြ လိုက္ၾကည့္ၿပီး ကိုယ့္သားလြတ္ေျမာက္ဖို႔အတြက္ကိုပဲ ေမွ်ာ္လင့္ေနရတာေပါ့။

ဘီဘီစီ-ဖမ္းဆီးခံရတဲ့အခ်ိန္ကေန ဒီကေန႔ထိ ကိုမ်ိဳးေဆြဦးရဲ႕ဌာနဘက္က ထပ္ဆက္သြယ္တာမ်ိဳးရွိလား။

ကိုမ်ိဳးေဆြဦးမိခင္-ဟိုတစ္ရက္ကေတာ့ လစာလႊဲေပးဖို႔ဆိုၿပီး ဦးစီးတစ္ေယာက္ကေတာ့ ဘယ္ဌာနကလဲေတာ့မသိဘူး။ ဖုန္းဆက္လာတယ္။ ကြၽန္မ ေနမေကာင္းေနေတာ့ ကြၽန္မခဲအိုနဲ႔ပဲ ေျပာျဖစ္ၿပီးေတာ့ သူတို႔ လစာေတာ့ လႊဲလာပါတယ္။

ဘီဘီစီ-ေအေအဘက္ကေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြက လဝကယူနီေဖာင္းေတြဝတ္ၿပီး ရခိုင္ျပည္နယ္ထဲ လႈပ္ရွားတာရွိလို႔ ဖမ္းဆီးစစ္ေဆးတယ္လို႔ေျပာတာေတြရွိပါတယ္။ ကိုမ်ိဳးေဆြဦးက လဝက ဝန္ထမ္း ဟုတ္တယ္ဆိုတာကို မိသားစုက ဘယ္လိုမ်ား ေျပာခ်င္လဲ။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မသားက လဝကထဲဝင္တာ အခုမွ သုံးႏွစ္တည္းရွိပါေသးတယ္။ လဝက ဟုတ္မွန္ေၾကာင္း ကြၽန္မ ေျပာခ်င္ပါတယ္။ ဝန္ထမ္းအေနနဲ႔ သူတို႔ ဒါဝတ္ရမယ္ဆိုရင္ အဝတ္အစားကေတာ့ သူတို႔ ကေတာ့ ဝတ္ရမွာေပါ့ရွင့္။ လဝက အစစ္အမွန္ဟုတ္ေၾကာင္း ကြၽန္မေျပာလိုပါတယ္။ စစ္တပ္နဲ႔လည္း မပတ္သက္ပါဘူး။ ရဲဘက္နဲ႔လည္း ဘာမွမပတ္သက္ပါဘူးရွင့္။
ဘီဘီစီ-ေအေအဘက္ကိုေရာ မိသားစုက ဘာမ်ားေတာင္းဆိုေျပာၾကားလိုပါသလဲ။

ကိုမ်ိဳးေဆြဦးမိခင္-သားက စစ္ေရးလည္းနားမလည္ပါဘူး။ ႏိုင္ငံေရးလည္းနားမလည္ပါဘူးရွင့္။ သူ႔ဘာသာ သူ ကားတာယာဆိုင္မွာ လုပ္ေနလည္း အဆင္ေျပပါတယ္။ မေအကိုရွာေကြၽးေနတာပါ။ မေအက ေၾသာ္ သားေလးတစ္ေယာက္နဲ႔ ကိုယ္လည္း ေအးေဆးေလးေနရပါေစေတာ့ဆိုၿပီး ဒီလဝက ဝင္ပါ ဆိုၿပီး သားကို ဒီလဝကထဲ သြင္းလိုက္မိတာပါရွင့္ (ငိုလ်က္) အဲဒါေၾကာင့္ ဒီစစ္ေရးစစ္ရာနဲ႔ ႏိုင္ငံေရး ဘာတစ္ခုမွနားမလည္တဲ့ ကေလးေလးကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ေတာင္းဆိုခ်င္ပါတယ္ရွင့္။
ဘီဘီစီ-ေဒၚေဆာင္းသီတာမွာ သားႏွစ္ဦးရွိတာ တစ္ဦးကလည္းဆုံးသြားၿပီလို႔သိရပါတယ္။ ဒီသားတစ္ေယာက္ပဲရွိေတာ့ ခုအခ်ိန္မွာ ဘယ္ေလာက္ထိ ပူပန္စိုးရိမ္ေနရပါသလဲ။

ကိုမ်ိဳးေဆြဦးမိခင္-ကြၽန္မက သားႏွစ္ေယာက္မွာ သားငယ္ေလးကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ဆုံးသြားပါၿပီ။ အႀကီးေကာင္ေလးပဲရွိပါေတာ့တယ္။ ကြၽန္မေတာင္းဆိုခ်င္တာက ႏွစ္ဦးႏွစ္ဖက္ ညႇိႏႈိင္းၿပီး အဆင္ေျပရင္ ကြၽန္မသားေလးကို ျပန္လႊတ္ေပးဖို႔ပါပဲရွင့္။ ကြၽန္မ ႏိုင္ငံေတာ္ေတြကိုလည္း ေတာင္းပန္ခ်င္ပါတယ္ရွင့္။ ကြၽန္မ သားကို အသက္ခ်မ္းသာခြင့္ေလးေပးၾကပါလို႔ ကြၽန္မ ေျပာဆိုလိုပါတယ္ရွင့္။ ႏိုင္ငံေရးလည္း စိတ္မဝင္စားပါဘူးရွင့္။ (ငိုလ်က္) ရတဲ့အလုပ္နဲ႔ မိဘကိုလုပ္ေကြၽးေနတာပါရွင့္။ အခုေတာ့ အစိုးရအေနနဲ႔လည္း ဘာမွလုပ္မေပးႏိုင္၊ ကိုယ့္ဘက္က ဘာလုပ္လို႔လုပ္ရမွန္း မသိေတာ့ ကြၽန္မတို႔ ဘယ္သူ႔ကိုမွလည္း အားမကိုးရဲဘူး၊ မတိုင္ပင္ရဲဘူးရွင့္။ ဒီဘက္ကို သြားေျပာလိုက္ရင္လည္း ဟိုဘက္က ကိုယ့္ကေလးကို တစ္ခုခု လုပ္မွာလည္း စိုးပါတယ္ရွင့္။ ဒီဘက္ကိုေျပာရင္လည္း ကိုယ္က ေျပာမွားဆိုမွားျဖစ္မွာလည္း စိုးေနရတယ္ရွင့္။ ကြၽန္မတို႔မွာ ဘာတစ္ခုမွ လုပ္မထား တဲ့အတြက္ ဒီကေလးေလးကိုပဲ ျပန္လိုခ်င္ပါတယ္ရွင့္။

BBC Burmese
https://www.bbc.com
---------
(Unicode)⤵⤵⤵
အေအေက ဖမ်းဆီးထားတဲ့ လဝကအရာရှိရဲ့ မိခင်နဲ့ ဆက်သွယ်မေးမြန်းချက်

Image caption ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ခရီးသည်တင်စက်လှေကို ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို

ရခိုင့်တပ်တော် အေအေက ဘူးသီးတောင်မြို့နယ်က လဝကအရာရှိသုံးဦးကို ဒီဇင်ဘာ ၂၄ ရက်မှာ ဖမ်းဆီး သွားတာ အခုဆို နှစ်ပတ်ကျော် ကြာလာပါပြီ။ အေအေဘက်ကလည်း ဒီလဝကအရာရှိတွေကို ဖမ်းဆီးထား တယ်လို့ အတည်ပြုထားပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လဝက ဝန်ထမ်း ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သွားလာလှုပ်ရှားမှုရှိတဲ့အတွက် အခုလိုဖမ်းဆီး စစ်ဆေးနေတာတွေ လုပ်နေတယ် လို့ ပြောကြားထားပါတယ်။ အခု ဖမ်းဆီးခံထားရတဲ့ လဝကအရာရှိသုံးဦးထဲက ဒုလက်ထောက်ဦးစီးမှူး ကိုမျိုးဆွေဦးရဲ့ မိခင် ဒေါ်ဆောင်းသီတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ-ကိုမျိုးဆွေဦးက ဘယ်ဇာတိလဲ။ ပြီးတော့ လဝကမှာ တာဝန်ထမ်းဆောင်တာက ဘယ်လောက် ကြာပါပြီလဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က ရှမ်းပြည်နယ် ၊တောင်ကြီးဇာတိပါ။ သားက လဲချားလဝကမှာ အရင် အလုပ်ဝင်ပါတယ်။ အဲဒီမှာ တစ်နှစ်ကျော်လောက်တာဝန်ထမ်းဆောင်ပြီး ဘူးသီးတောင်မောင်တောမှာ ပြီးခဲ့တဲ့ သင်္ကြန်ကမှ ပြောင်းမိန့်ကျလို့ တာဝန်ထမ်းဆောင်နေတာပါ။ လဝကမှာလုပ်နေတာ သုံးနှစ်လောက်တော့ရှိပါပြီ။

ဘီဘီစီ-ကိုမျိုးဆွေဦးကို အေအေက ဖမ်းသွားတယ်လို့ ဘယ်လိုစပြီးသိတာလဲ။ ဘယ်သူတွေက အကြောင်းကြားတာပါလဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က သားကို ၂၃ ရက်နေ့ ည ၉ နာရီအထိကတော့ သူနဲ့ စကားပြောဖြစ်တယ်။ ၂၄ ရက်နေ့ကျတော့ ကျွန်မတို့က ဖုန်းလည်း မခေါ်ဖြစ်ဘူး။ ခါတိုင်းဆို ညနေပိုင်းတွေ ကျွန်မတို့ မခေါ်ရင် သားက ပြန်ခေါ်တတ်တယ်။ အဲဒီနေ့က အမှုမဲ့အမှတ်မဲ့နေလိုက်တယ်။ ၂၅ ရက်နေ့မနက်ကျတော့ ကလေးရဲ့ ဦးလေးတွေက သိပြီးတော့ ကျွန်မကိုဖုန်းဆက်တယ်။ သူတို့က ပေါ်တင်မပြောသေးဘူး။ အစ်မရေ လိုင်းပေါ်မှာတော့ ဒီလိုဒီလိုတွေ့မိတယ်။ အစ်မသားသတင်းဘာကြားသေးလဲဆိုတော့ ဘာမှ မကြား ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ဒီလို ဒီလိုကြားတယ်ပေါ့။ လုပ်စရာရှိတာ လုပ်ရအောင် အစ်မကို အသိပေးလိုက်တယ်ဆိုတော့ ကျွန်မ ဘာမှမပြောနိုင်တော့ဘူး။ ၂၅ ရက်နေ့ မနက် ရှစ်နာရီခွဲလောက်မှ သိရတာပါရှင့်။
ဘီဘီစီ-အဲဒီလို ဖမ်းသွားပြီဆိုတာသိပြီးတဲ့နောက် လဝက တာဝန်ရှိသူတွေနဲ့ အစိုးရဘက်ကရော ဆက်သွယ်လာတာရှိလား။

ကိုမျိုးဆွေဦးမိခင်-ကျွန်မက နှလုံးရောဂါရှိတော့ သူတို့က ဖုန်းပေးမပြောဘူးပေါ့နော်။ ကျွန်မရဲ့ခဲအိုကိုတော့ လဲချားဌာနက ဖုန်းလှမ်းဆက်ပေးတယ်။ ၂၄ ရက်နေ့ ညတည်းက သူတို့က သိတယ်။ ဒါပေမဲ့ ကျွန်မကို သူတို့က မပြောကြဘူး။
ဘီဘီစီ-မိသားစုဘက်ကရော ကိုမျိုးဆွေဦးလွတ်မြောက်ဖို့ သက်ဆိုင်ရာတွေကို ဆက်သွယ်အကူအညီ တောင်းခံထားတာရှိလား။

ကိုမျိုးဆွေဦးမိခင်-ကျွန်မ ဘယ်သူ့ကိုအကူအညီတောင်းရမှန်း မပြောတတ်မဆိုတတ်တဲ့အခါကျတော့ ဘုရားတရားက လွဲပြီး ဘာမှလည်း အကူအညီမတောင်းတတ်ဘူး။ ဟိုကိုလိုက်စုံစမ်းလိုက် ဒီကိုလိုက်စုံစမ်းလိုက်နဲ့ သတင်းလေးအပေါ်မှာပဲ တက်ကြည့်လိုက်နဲ့ပေါ့။ နေ့တိုင်းကတော့ တက်တဲ့သတင်းတွေ လိုက်ကြည့်ပြီး ကိုယ့်သားလွတ်မြောက်ဖို့အတွက်ကိုပဲ မျှော်လင့်နေရတာပေါ့။

ဘီဘီစီ-ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကိုမျိုးဆွေဦးရဲ့ဌာနဘက်က ထပ်ဆက်သွယ်တာမျိုးရှိလား။

ကိုမျိုးဆွေဦးမိခင်-ဟိုတစ်ရက်ကတော့ လစာလွှဲပေးဖို့ဆိုပြီး ဦးစီးတစ်ယောက်ကတော့ ဘယ်ဌာနကလဲတော့မသိဘူး။ ဖုန်းဆက်လာတယ်။ ကျွန်မ နေမကောင်းနေတော့ ကျွန်မခဲအိုနဲ့ပဲ ပြောဖြစ်ပြီးတော့ သူတို့ လစာတော့ လွှဲလာပါတယ်။

ဘီဘီစီ-အေအေဘက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေက လဝကယူနီဖောင်းတွေဝတ်ပြီး ရခိုင်ပြည်နယ်ထဲ လှုပ်ရှားတာရှိလို့ ဖမ်းဆီးစစ်ဆေးတယ်လို့ပြောတာတွေရှိပါတယ်။ ကိုမျိုးဆွေဦးက လဝက ဝန်ထမ်း ဟုတ်တယ်ဆိုတာကို မိသားစုက ဘယ်လိုများ ပြောချင်လဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မသားက လဝကထဲဝင်တာ အခုမှ သုံးနှစ်တည်းရှိပါသေးတယ်။ လဝက ဟုတ်မှန်ကြောင်း ကျွန်မ ပြောချင်ပါတယ်။ ဝန်ထမ်းအနေနဲ့ သူတို့ ဒါဝတ်ရမယ်ဆိုရင် အဝတ်အစားကတော့ သူတို့ ကတော့ ဝတ်ရမှာပေါ့ရှင့်။ လဝက အစစ်အမှန်ဟုတ်ကြောင်း ကျွန်မပြောလိုပါတယ်။ စစ်တပ်နဲ့လည်း မပတ်သက်ပါဘူး။ ရဲဘက်နဲ့လည်း ဘာမှမပတ်သက်ပါဘူးရှင့်။
ဘီဘီစီ-အေအေဘက်ကိုရော မိသားစုက ဘာများတောင်းဆိုပြောကြားလိုပါသလဲ။

ကိုမျိုးဆွေဦးမိခင်-သားက စစ်ရေးလည်းနားမလည်ပါဘူး။ နိုင်ငံရေးလည်းနားမလည်ပါဘူးရှင့်။ သူ့ဘာသာ သူ ကားတာယာဆိုင်မှာ လုပ်နေလည်း အဆင်ပြေပါတယ်။ မအေကိုရှာကျွေးနေတာပါ။ မအေက သြော် သားလေးတစ်ယောက်နဲ့ ကိုယ်လည်း အေးဆေးလေးနေရပါစေတော့ဆိုပြီး ဒီလဝက ဝင်ပါ ဆိုပြီး သားကို ဒီလဝကထဲ သွင်းလိုက်မိတာပါရှင့် (ငိုလျက်) အဲဒါကြောင့် ဒီစစ်ရေးစစ်ရာနဲ့ နိုင်ငံရေး ဘာတစ်ခုမှနားမလည်တဲ့ ကလေးလေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင့်။
ဘီဘီစီ-ဒေါ်ဆောင်းသီတာမှာ သားနှစ်ဦးရှိတာ တစ်ဦးကလည်းဆုံးသွားပြီလို့သိရပါတယ်။ ဒီသားတစ်ယောက်ပဲရှိတော့ ခုအချိန်မှာ ဘယ်လောက်ထိ ပူပန်စိုးရိမ်နေရပါသလဲ။

ကိုမျိုးဆွေဦးမိခင်-ကျွန်မက သားနှစ်ယောက်မှာ သားငယ်လေးကတော့ ပြီးခဲ့တဲ့နှစ်က ဆုံးသွားပါပြီ။ အကြီးကောင်လေးပဲရှိပါတော့တယ်။ ကျွန်မတောင်းဆိုချင်တာက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေရင် ကျွန်မသားလေးကို ပြန်လွှတ်ပေးဖို့ပါပဲရှင့်။ ကျွန်မ နိုင်ငံတော်တွေကိုလည်း တောင်းပန်ချင်ပါတယ်ရှင့်။ ကျွန်မ သားကို အသက်ချမ်းသာခွင့်လေးပေးကြပါလို့ ကျွန်မ ပြောဆိုလိုပါတယ်ရှင့်။ နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူးရှင့်။ (ငိုလျက်) ရတဲ့အလုပ်နဲ့ မိဘကိုလုပ်ကျွေးနေတာပါရှင့်။ အခုတော့ အစိုးရအနေနဲ့လည်း ဘာမှလုပ်မပေးနိုင်၊ ကိုယ့်ဘက်က ဘာလုပ်လို့လုပ်ရမှန်း မသိတော့ ကျွန်မတို့ ဘယ်သူ့ကိုမှလည်း အားမကိုးရဲဘူး၊ မတိုင်ပင်ရဲဘူးရှင့်။ ဒီဘက်ကို သွားပြောလိုက်ရင်လည်း ဟိုဘက်က ကိုယ့်ကလေးကို တစ်ခုခု လုပ်မှာလည်း စိုးပါတယ်ရှင့်။ ဒီဘက်ကိုပြောရင်လည်း ကိုယ်က ပြောမှားဆိုမှားဖြစ်မှာလည်း စိုးနေရတယ်ရှင့်။ ကျွန်မတို့မှာ ဘာတစ်ခုမှ လုပ်မထား တဲ့အတွက် ဒီကလေးလေးကိုပဲ ပြန်လိုချင်ပါတယ်ရှင့်။

BBC Burmese
https://www.bbc.com
ေအေအက ဖမ္းဆီးထားတဲ့ လဝကအရာရွိရဲ႕ မိခင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ ေအေအက ဖမ္းဆီးထားတဲ့ လဝကအရာရွိရဲ႕ မိခင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.