ကန္-အီရန္ တင္းမာမႈ ေလွ်ာ႔ခ်ေရး ဥေရာပမဟာမိတ္ေတြ တိုက္တြန္း

 အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani
(Zawgyi / Unicode)

အီရတ္ႏုိင္ငံအတြင္းမွာ အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani လုပ္ႀကံ သတ္ျဖတ္ခံလုိက္ရၿပီးတဲ့ေနာက္ အေမရိကန္ကုိ လက္စားေျခမယ္လုိ႔ အီရန္ဘက္က ေျပာဆိုလုိက္တာေၾကာင့္ ႏွစ္ဘက္စလုံးက တင္းမာမႈေတြကုိ ေလ်ာ့ခ်ၾကဖုိ႔ အေမရိကန္ရဲ႕မဟာမိတ္ ဥေရာပႏုိင္ငံေတြက တုိက္တြန္းလုိက္ပါတယ္။

ဗုိလ္ခ်ဳပ္ Qassem Soleimani အသတ္ခံလုိက္ရတာကုိ ဆန္႔က်င္ ကန္႔ကြက္တဲ့အေနနဲ႔ အေရွ႕အလယ္ပုိင္းအပါအ၀င္ ႏုိင္ငံအေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခ်ိန္ အေမရိကန္ရဲ႕ မဟာမိတ္ႏုိင္ငံေတြကုိ အဲဒီလုိ တုိက္တြန္းလုိက္ၾကတာပါ။

ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ဗုိလ္ခ်ဳပ္ Qassem Soleimani အသတ္ခံ လုိက္ရတဲ့ကိစၥအေပၚ ၿဗိတိန္အေနနဲ႔ ၀မ္းမနည္းေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ႏွစ္ဘက္စလုံးက အတတ္ႏုိင္ဆုံး ထိန္းထိန္းသိမ္းသိမ္းနဲ႔ သတိထားၿပီး ကုိင္တြယ္ေျဖရွင္းၾကဖုိ႔ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီတုိ႔က တနလၤာေန႔မွာ ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ တင္းမာမႈေတြနဲ႔ပတ္သက္လုိ႔ ေနတုိးအဖြဲ႔ရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က အခုလုိ မွတ္ခ်က္ေပးပါတယ္။

“ေဆာ္ဒီအာေရးဗီးယားက ေရနံခ်က္စက္ရုံကုိ တုိက္ခုိက္တာ၊ အေမရိကန္တုိ႔ရဲ႕ ေမာင္းသူမဲ့ ဒရုန္းယာဥ္ကုိ ပစ္ခ်တာအပါအ၀င္ မၾကာေသးခင္ ကာလေတြအတြင္းမွာ အီရန္ဘက္က အၾကမ္းဖက္မႈေတြကုိ အရွိန္ျမင့္လုပ္လာတာ က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ ဒီကေန႔က်င္းပတဲ့ က်ေနာ္တုိ႔ရဲ႕ စည္းေ၀းပြဲမွာ ႏွစ္ဘက္စလုံးက တင္းမာမႈေတြ ေလ်ာ့ခ်ၾကဖုိ႔ ေတာင္းဆုိပါတယ္။ ပဋိပကၡ အသစ္တခု ထပ္မံျဖစ္ပြားရင္ ဘယ္သူ႔အတြက္မွ အက်ဳိးမျဖစ္ေစႏုိင္ပါဘူး။”

တင္းမာမႈေတြ ေလ်ာ့ခ်ႏုိင္ေရး ရည္ရြယ္တဲ့အေနနဲ႔ အီရန္ႏုိင္ငံျခားေရး၀န္ႀကီး Mohammad Javad Zarif ကုိ Brussels ကုိ လာဖုိ႔ အီးယူက ဖိတ္ေခၚထားပါတယ္။

ႏုိင္ငံတကာရဲ႕ ေတာင္းဆုိမႈေတြကုိ လုိက္ေလ်ာၿပီး အီရန္ဘက္က တင္းမာမႈေတြကုိ ေလ်ာ့ခ်မလား၊ ဒါမွမဟုတ္ ေျပာထားတဲ့အတုိင္း လက္စားေျခမႈေတြကုိ လုပ္ေဆာင္မလားဆုိတာနဲ႔ပတ္သက္လုိ႔ အားလုံးကုိ အီရန္ကုိ ေစာင့္ၾကည့္ေနၾကပါတယ္။


.................

ကန်-အီရန် တင်းမာမှု လျှော့ချရေး ဥရောပမဟာမိတ်တွေ တိုက်တွန်း

(Unicode)

အီရတ်နိုင်ငံအတွင်းမှာ အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် အမေရိကန်ကို လက်စားခြေမယ်လို့ အီရန်ဘက်က ပြောဆိုလိုက်တာကြောင့် နှစ်ဘက်စလုံးက တင်းမာမှုတွေကို လျော့ချကြဖို့ အမေရိကန်ရဲ့မဟာမိတ် ဥရောပနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ် Qassem Soleimani အသတ်ခံလိုက်ရတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အရှေ့အလယ်ပိုင်းအပါအဝင် နိုင်ငံအတော်များများမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေချိန် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို အဲဒီလို တိုက်တွန်းလိုက်ကြတာပါ။

ဗြိတိသျှဝန်ကြီးချုပ် Boris Johnson ကတော့ ဗိုလ်ချုပ် Qassem Soleimani အသတ်ခံ လိုက်ရတဲ့ကိစ္စအပေါ် ဗြိတိန်အနေနဲ့ ဝမ်းမနည်းကြောင်း ပြောပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိထားပြီး ကိုင်တွယ်ဖြေရှင်းကြဖို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က တနင်္လာနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က အခုလို မှတ်ချက်ပေးပါတယ်။

“ဆော်ဒီအာရေးဗီးယားက ရေနံချက်စက်ရုံကို တိုက်ခိုက်တာ၊ အမေရိကန်တို့ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ကို ပစ်ချတာအပါအဝင် မကြာသေးခင် ကာလတွေအတွင်းမှာ အီရန်ဘက်က အကြမ်းဖက်မှုတွေကို အရှိန်မြင့်လုပ်လာတာ ကျနော်တို့ တွေ့ရပါတယ်။ ဒီကနေ့ကျင်းပတဲ့ ကျနော်တို့ရဲ့ စည်းဝေးပွဲမှာ နှစ်ဘက်စလုံးက တင်းမာမှုတွေ လျော့ချကြဖို့ တောင်းဆိုပါတယ်။ ပဋိပက္ခ အသစ်တခု ထပ်မံဖြစ်ပွားရင် ဘယ်သူ့အတွက်မှ အကျိုးမဖြစ်စေနိုင်ပါဘူး။”

တင်းမာမှုတွေ လျော့ချနိုင်ရေး ရည်ရွယ်တဲ့အနေနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကို Brussels ကို လာဖို့ အီးယူက ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပြီး အီရန်ဘက်က တင်းမာမှုတွေကို လျော့ချမလား၊ ဒါမှမဟုတ် ပြောထားတဲ့အတိုင်း လက်စားခြေမှုတွေကို လုပ်ဆောင်မလားဆိုတာနဲ့ပတ်သက်လို့ အားလုံးကို အီရန်ကို စောင့်ကြည့်နေကြပါတယ်။

VOA Burmese
https://burmese.voanews.com
ကန္-အီရန္ တင္းမာမႈ ေလွ်ာ႔ခ်ေရး ဥေရာပမဟာမိတ္ေတြ တိုက္တြန္း ကန္-အီရန္ တင္းမာမႈ ေလွ်ာ႔ခ်ေရး ဥေရာပမဟာမိတ္ေတြ တိုက္တြန္း Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.