ကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ေၾကာင့္ ဗီယက္နမ္ အျမတ္ထြက္

ဗီယက္နမ္ႏုိင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းခြင္တခု။ (မတ္လ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

ဗီယက္နမ္ႏုိင္ငံဟာ ၂၀၂၀ ခုႏွစ္ထဲ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ စီးပြားေရး အလွ်င္ျမန္ဆုံး တိုးတက္လာလိမ့္မယ္လို႔ ၿဗိတိသွ်ပိုင္ HSBC ဘဏ္အုပ္စုက ခန္႔မွန္းထားပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္တို႔ ကုန္သြယ္ေရးစစ္ ျဖစ္ေနခ်ိန္မွာ ဗီယက္နမ္က ၾကားကေန အက်ဳိးအျမတ္ေတြ ရခဲ့တာျဖစ္ၿပီး ဝန္ေဆာင္မႈလုပ္ငန္းေၾကာင့္ေရာ ပုိ႔ကုန္ေတြေၾကာင့္ပါ ဒီႏွစ္ထဲ တိုင္းျပည္စီးပြားေရး ဖြံ႔ၿဖဳိးမႈႏႈန္း ၇ ရာခုိင္ႏႈန္းအထိ ျဖစ္ခဲ့တယ္လုိ႔ HSBC စီးပြားေရးပညာရွင္ Yun Liu က ေျပာပါတယ္။

ဒါေပမယ့္ ဗီယက္နမ္ဟာ ကုန္သြယ္ေရး အကာကြယ္ေပးမႈနဲ႔ ေငြေဖာင္းပြမႈမွာ စီးပြားေရးအႏၱရာယ္ ဆက္ရွိေနဆဲပဲလို႔ သူကဆိုပါတယ္။

တုိင္းျပည္မွာ ဝက္တုတ္ေကြး အႏၱရာယ္ေၾကာင့္ ဝက္သားေစ်းျမင့္ၿပီး ေငြေဖာင္းပြမႈ တုိးလာတာက လူဦးေရ သန္း ၁၀၀ နီးပါးရွိတဲ့ ဗီယက္နမ္မွာ စားသုံးကုန္ပစၥည္းတခုအေပၚ စီးပြားေရးက တည္မီေနတယ္ဆိုတာကို ျပသေနရာ ေရာက္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အေရွ႕အလယ္ပိုင္းေဒသ တင္းမာမႈေၾကာင့္ ေလာင္စာဆီေစ်း ျမင့္လာခဲ့ရင္ ျပည္တြင္းမွာ ေငြေၾကးေဖာင္းပြမႈ ႀကဳံလာမွာကိုလည္း ဗီယက္နမ္ေတြ စိုးရိမ္ေနၾကပါတယ္။

ကြန္ျမဴနစ္တုိင္းျပည္တခုျဖစ္တဲ့ ဗီယက္နမ္ရဲ႕ စီးပြားေရးတိုးတက္မႈဟာ ခ်ီးက်ဴးစရာေကာင္းၿပီး ေရွ႕ႏွစ္ထဲမွာလည္း စီးပြားေရး ဖြံ႔ၿဖဳိးမႈႏႈန္းဟာ အျခား စီးပြားေရးဖြံ႔ၿဖဳိးမႈျမန္တဲ့ ျမန္မာ၊ ဖိလစ္ပိုင္နဲ႔ အျခား အာဆီယံႏိုင္ငံေတြလိုပဲ ၇ ရာခုိင္ႏႈန္းေလာက္မွာ ဆက္ရွိေနဦးမယ္လို႔ စီးပြားေရးပညာရွင္ Liu က ခန္႔မွန္းပါတယ္။

------------------------------------

(Unicode)

ကန်-တရုတ် ကုန်သွယ်ရေးစစ်ကြောင့် ဗီယက်နမ် အမြတ်ထွက်

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်ထဲ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ စီးပွားရေး အလျှင်မြန်ဆုံး တိုးတက်လာလိမ့်မယ်လို့ ဗြိတိသျှပိုင် HSBC ဘဏ်အုပ်စုက ခန့်မှန်းထားပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ် ဖြစ်နေချိန်မှာ ဗီယက်နမ်က ကြားကနေ အကျိုးအမြတ်တွေ ရခဲ့တာဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းကြောင့်ရော ပို့ကုန်တွေကြောင့်ပါ ဒီနှစ်ထဲ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့တယ်လို့ HSBC စီးပွားရေးပညာရှင် Yun Liu က ပြောပါတယ်။

ဒါပေမယ့် ဗီယက်နမ်ဟာ ကုန်သွယ်ရေး အကာကွယ်ပေးမှုနဲ့ ငွေဖောင်းပွမှုမှာ စီးပွားရေးအန္တရာယ် ဆက်ရှိနေဆဲပဲလို့ သူကဆိုပါတယ်။

တိုင်းပြည်မှာ ဝက်တုတ်ကွေး အန္တရာယ်ကြောင့် ဝက်သားဈေးမြင့်ပြီး ငွေဖောင်းပွမှု တိုးလာတာက လူဦးရေ သန်း ၁၀၀ နီးပါးရှိတဲ့ ဗီယက်နမ်မှာ စားသုံးကုန်ပစ္စည်းတခုအပေါ် စီးပွားရေးက တည်မီနေတယ်ဆိုတာကို ပြသနေရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုကြောင့် လောင်စာဆီဈေး မြင့်လာခဲ့ရင် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု ကြုံလာမှာကိုလည်း ဗီယက်နမ်တွေ စိုးရိမ်နေကြပါတယ်။

ကွန်မြူနစ်တိုင်းပြည်တခုဖြစ်တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ချီးကျူးစရာကောင်းပြီး ရှေ့နှစ်ထဲမှာလည်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ အခြား စီးပွားရေးဖွံ့ဖြိုးမှုမြန်တဲ့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ အခြား အာဆီယံနိုင်ငံတွေလိုပဲ ၇ ရာခိုင်နှုန်းလောက်မှာ ဆက်ရှိနေဦးမယ်လို့ စီးပွားရေးပညာရှင် Liu က ခန့်မှန်းပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ေၾကာင့္ ဗီယက္နမ္ အျမတ္ထြက္ ကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ေၾကာင့္ ဗီယက္နမ္ အျမတ္ထြက္ Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.