စစ္ေတြကို ထပ္မံေရာက္ရွိလာတဲ့ ရခိုင္စစ္ေဘးေရွာင္မ်ား

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ဒီေန႔အထိ စစ္ေဘးဒုကၡသည္ဦးေရ တစ္သိန္းခန႔္ရွိတဲ့ အနက္ အဲဒီအထဲက လူဦးေရ ၇၀၀ ခန႔္ဟာ စစ္ေတြၿမိဳ႕က ဘုန္းေတာ္ႀကီးေက်ာင္းတိုက္ေတြမွာ ထြက္ေျပး ခိုလႈံေနၾကရပါတယ္။

စစ္ေတြၿမိဳ႕မွာ အရင္က စစ္ေဘးဒုကၡသည္ ရာဂဏန္းေလာက္သာရွိခဲ့ရာကေန အခုႏွစ္ဆန္းပိုင္းမွာ ထြက္ေျပး တိမ္းေရွာင္လာၾကသူေတြမ်ားလာလို႔ အေရအတြက္တိုးလာေနတာပါ။

ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ အမ္း၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြ က တစတစထြက္ေျပးလာၾကသူေတြဟာ ဒီေန႔မနက္ပိုင္းအထိရွိေနဆဲပါ။

ပလက္ဝၿမိဳ႕နယ္ သဲမဝေက်း႐ြာကေနထြက္ေျပးလာတဲ့ ေဒၚခ်ိဳခ်ိဳဝင္းဟာ မိသားစုနဲ႔အတူ စစ္ေတြၿမိဳ႕ ေမတၱာ ပါရမီေက်ာင္းကို ထြက္ေျပးလာတာ အခ်ိန္တစ္လေလာက္ရွိပါၿပီ။

အိမ္ေျခ ၅၀ ေလာက္ရွိတဲ့ သူတို႔႐ြာအနီးမွာ တိုက္ပြဲေတြျပင္းထန္ခဲ့တာေၾကာင့္ ေနအိမ္အခ်ိဳ႕လက္နက္ႀကီးက်ည္က်ၿပီး မီးေလာင္သြားသလို ႐ြာသားေတြလည္း အားလုံးထြက္ေျပးေနၾကရလို႔ အခုေတာ့႐ြာမွာ ဘယ္သူမွမရွိေတာ့ဘူးလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ႐ြာကိုမျပန္ေတာ့ဘဲ စစ္ေတြၿမိဳ႕မွာပဲ အေျခခ်ႏိုင္ေအာင္ႀကိဳးစားေတာ့မယ္လို႔ ေဒၚခ်ိဳခ်ိဳဝင္းက ဆိုပါတယ္။

“႐ြာကိုမျပန္ခ်င္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီမွာ ေဆြမ်ိဳးေတြလည္း မရွိေတာ့ပါဘူး။ အားလုံးျပန႔္ႀကဲေန ၾကတယ္။ အခုဒီေနရာမွာ ေနလို႔ရမယ့္ေနရာတစ္ခုေလာက္ရမယ္ဆိုရင္ မုန႔္လုပ္လို႔ ေရာင္းစားရစားရ ေရာင္းစား ခ်င္ပါတယ္။ ႐ြာကိုေတာ့ မသြားခ်င္ေတာ့ပါဘူး”

ရေသ့ေတာင္ၿမိဳ႕နယ္ ထီးစြဲေက်း႐ြာကေန စစ္ေတြၿမိဳ႕ကို မိသားစုနဲ႔အတူ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ကိုေဇာ္ဝင္း ထြန္းကလည္း ႐ြာကိုမျပန္ေတာ့ဘဲ စစ္ေတြၿမိဳ႕မွာပဲ ႀကဳံရာက်ပန္းလုပ္ၿပီး သူတို႔ရဲ႕ဘဝခရီးကို စတင္ေတာ့မယ္လို႔ ဆိုပါတယ္။

“႐ြာမျပန္ေတာ့ဘူး။ ဒီမွာပဲ ႀကဳံရာက်ပန္းနဲ႔ ျဖစ္သလိုလုပ္စားရမွာေပါ့။ ႐ြာကိုျပန္လို႔လည္း မရေတာ့ဘူး။ ႐ြာကိုျပန္ရင္လည္း ကေလးေတြနဲ႔ဆိုေတာ့ အဆင္မေျပဘူး။ ဒုကၡေတြအမ်ိဳးမ်ိဳးေရာက္ၿပီး ေျပးလာရတာ။ အဝတ္မရွိ အစားမရွိေျပးလာရတာ။ ႐ြာက ကိုယ့္မွာရွိတာကို လုပ္မစားႏိုင္ဘဲ ထြက္ေျပးေနရတာ။ ေနာက္ဆုံး ဒီကိုေရာက္လာတဲ့အခ်ိန္မွာေတာ့ က်ပန္းပဲလုပ္စားရမွာ”

ကိုေဇာ္ဝင္းထြန္းဟာ စစ္ေတြၿမိဳ႕မွာ ခိုလႈံဖို႔အဆင္ေျပႏိုင္မယ့္ေနရာတစ္ခုကိုရွာဖို႔ သူ႔အမ်ိဳးသမီးနဲ႔ကေလး ကို အရင္ဆုံးလႊတ္လိုက္ၿပီးမွ သူလည္းေနာက္ကေန အၿပီးတိုင္လိုက္လာခဲ့သူပါ။

အလားတူ စစ္ေတြၿမိဳ႕ ကန္ေတာ္ႀကီးရပ္ကြက္ ဗုဒၶဝိဟာရေက်ာင္းမွာလည္း ၿပီးခဲ့တဲ့ ၁၀ ရက္ေလာက္ကေန စလို႔ ေျမပုံၿမိဳ႕နယ္ ဟင္းခေရာ္ေက်း႐ြာသားေတြ တျဖည္းျဖည္းခိုလႈံလာေနၾကတာ ဒီေန႔မနက္ပိုင္းအထိ ဆိုရင္ လူေပါင္း ၁၃၀ ေက်ာ္အထိရွိေနပါတယ္။

သူတို႔ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၃ ရက္ေန႔က ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕ကို ကနဦးထြက္ေျပးခဲ့ၾကၿပီး ရပ္တည္ ေရးအခက္အခဲေတြေၾကာင့္ အဲဒီကေနတဆင့္ စစ္ေတြၿမိဳ႕ကိုထြက္ေျပးေရာက္ရွိလာၾကတာပါ။

ထြက္ေျပးလာတဲ့ ဟင္းခေရာ္ေက်း႐ြာက လူႀကီးတစ္ဦးျဖစ္သူ ဦးထြန္းယဥ္ဦးက နယ္ေျမၿငိမ္းခ်မ္းရင္ အိမ္ျပန္ခ်င္တယ္ လို႔ဆိုပါတယ္။

“ကြၽဲ၊ ႏြား၊ ဝက္၊ လယ္ေတြ၊ အိမ္ အကုန္လုံးကိုထားခဲ့ရတာ။ ဘယ္မွာပဲေနေန ကြၽန္ေတာ္တို႔က မေပ်ာ္ပါဘူး။ ဘယ္ေလာက္ပဲစားရစားရ မေပ်ာ္ပါဘူး။ ကိုယ့္ေနရာကိုယ့္ေဒသမွာ ကိုယ့္ဥယ်ာဥ္ခင္းေလးနဲ႔ ကိုယ့္လယ္ကြက္ ေလးနဲ႔ ကိုယ့္ေနရာမွာေနရတာကိုပဲ ကြၽန္ေတာ္တို႔ အၿမဲတမ္းတန္ဖိုးထားပါတယ္။ အဲဒါနဲ႔ ဒီေန႔စစ္ေရးပဋိပကၡ ေအးခ်မ္းလို႔ရွိရင္ ကြၽန္ေတာ္တို႔ ဒီေန႔ျပန္မွာပါ”

ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြဟာ ေက်း႐ြာနဲ႔မလွမ္းမကမ္းမွာ တိုက္ပြဲျဖစ္တာ၊ ေအေအအဖြဲ႕ေတြ ခိုလႈံ ေနတယ္ဆိုတဲ့ သံသယနဲ႔႐ြာထဲကို လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခံရတာ စစ္ေဆးခံရတာ၊ အိမ္ေပၚ ကပစၥည္းေတြကို အတင္းအဓမၼလုယူခံရတာ၊ စစ္ပြဲေတြေၾကာင့္ အလုပ္မလုပ္ႏိုင္ၾကတာေတြစတဲ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ထြက္ေျပးလာၾကသူေတြပါ။

ေဒသခံေတြဘက္ကေတာ့ ကိုယ့္ရပ္ကိုယ့္႐ြာမွာ အရင္လို ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္စားေသာက္ ႏိုင္ေအာင္ ၿငိမ္းခ်မ္းေရးအတြက္ ႏွစ္ဘက္ေျပေျပလည္လည္ျဖစ္ဖို႔ကိုပဲ ေမွ်ာ္လင့္ေနၾကပါတယ္။

ေျမပုံၿမိဳ႕နယ္ ဟင္းခေရာ္ေက်း႐ြာက ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒၚတင္တင္ဝင္း က တိုက္ပြဲေတြ ရပ္စဲေစခ်င္ေၾကာင္းေျပာပါတယ္။

“ေဒသခံေတြရဲ႕စိတ္ထဲမွာ ဘာေတြရွိလဲဆိုေတာ့ တိုက္ပြဲေတြမျဖစ္တာ အေကာင္းဆုံးေပါ့။ သူတို႔ႏွစ္ဦးႏွစ္ဖက္ မျဖစ္ၾကဘူးဆိုရင္ ကြၽန္မတို႔လည္း ကိုယ့္ဆီမွာသြားေနလို႔ရတယ္။ သူတို႔အခ်င္းခ်င္းအဲလိုမ်ိဳးျဖစ္ေနရင္ ကြၽန္မတို႔လည္းေနလို႔မရဘူး။ ကြၽန္မတို႔လည္းေၾကာက္တယ္”

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက စစ္ေတြၿမိဳ႕ ဓမၼာရာမဘုန္းေတာ္ႀကီးေက်ာင္းကို ရေသ့ေတာင္ၿမိဳ႕နယ္က ထြက္ေျပးခိုလႈံ လာၾကတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ ၃၀၀ ေက်ာ္ကို ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက ဇန္နဝါရီလ ၇ ရက္ေန႔ မွာ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက အခုလိုေျပာဆိုခဲ့ပါတယ္။

"ေ႐ႊ႕ေျပာင္းၿပီးေတာ့လာၾကတယ္၊ ဒီမွာအခက္အခဲေတြျဖစ္တယ္၊ ဒုကၡေရာက္တယ္ဆိုတဲ့အတြက္ ကြၽန္ေတာ္တို႔လည္း ဒီက႐ြာခံလူႀကီးေတြနဲ႔အတူ ထပ္တူထပ္မွ်စိတ္မေကာင္းပါဘူး။ ျဖစ္လည္းမျဖစ္ခ်င္ပါဘူး။ မျဖစ္တာကေတာ့ အေကာင္းဆုံးပဲေပါ့ေနာ္။ ဒါေပမဲ့ ျဖစ္လာေတာ့လည္း ရင္ဆိုင္ရမွာေပါ့၊ ေျဖရွင္းရမွာေပါ့။ အဲေတာ့ အားလုံးက ေအးေအးေဆးေဆးနဲ႔ ေျပေျပလည္လည္ျဖစ္သြားရင္ေတာ့ အေကာင္းဆုံးပါပဲ။ ဒီအတြက္ ကြၽန္ေတာ္တို႔ဘက္ကလည္း အတတ္ႏိုင္ဆုံးႀကိဳးစားေနပါတယ္”

ရခိုင္ျပည္နယ္မွာ အခုႏွစ္ဆန္းပိုင္းမွာပဲ စစ္ေရးပဋိပကၡေတြ ပိုၿပီးႀကီးထြားလာေနသလို ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ရတာ၊ ေသေၾကထိခိုက္တာေတြလည္း ပိုမ်ားလာေနပါတယ္။

အရပ္သားေတြ ေသဆုံးမႈက ၿပီးခဲ့တဲ့ ၂၀၁၉ ကေန ဒီေန႔အထိ လူဦးေရ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက လူဦး ေရ ၂၆၀ ေက်ာ္အထိရွိေနၿပီလို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
စစ်တွေကို ထပ်မံရောက်ရှိလာတဲ့ ရခိုင်စစ်ဘေးရှောင်များ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခန့်ရှိတဲ့ အနက် အဲဒီအထဲက လူဦးရေ ၇၀၀ ခန့်ဟာ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတိုက်တွေမှာ ထွက်ပြေး ခိုလှုံနေကြရပါတယ်။

စစ်တွေမြို့မှာ အရင်က စစ်ဘေးဒုက္ခသည် ရာဂဏန်းလောက်သာရှိခဲ့ရာကနေ အခုနှစ်ဆန်းပိုင်းမှာ ထွက်ပြေး တိမ်းရှောင်လာကြသူတွေများလာလို့ အရေအတွက်တိုးလာနေတာပါ။

ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ က တစတစထွက်ပြေးလာကြသူတွေဟာ ဒီနေ့မနက်ပိုင်းအထိရှိနေဆဲပါ။

ပလက်ဝမြို့နယ် သဲမဝကျေးရွာကနေထွက်ပြေးလာတဲ့ ဒေါ်ချိုချိုဝင်းဟာ မိသားစုနဲ့အတူ စစ်တွေမြို့ မေတ္တာ ပါရမီကျောင်းကို ထွက်ပြေးလာတာ အချိန်တစ်လလောက်ရှိပါပြီ။

အိမ်ခြေ ၅၀ လောက်ရှိတဲ့ သူတို့ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေအိမ်အချို့လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားသလို ရွာသားတွေလည်း အားလုံးထွက်ပြေးနေကြရလို့ အခုတော့ရွာမှာ ဘယ်သူမှမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရွာကိုမပြန်တော့ဘဲ စစ်တွေမြို့မှာပဲ အခြေချနိုင်အောင်ကြိုးစားတော့မယ်လို့ ဒေါ်ချိုချိုဝင်းက ဆိုပါတယ်။

“ရွာကိုမပြန်ချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဆွေမျိုးတွေလည်း မရှိတော့ပါဘူး။ အားလုံးပြန့်ကြဲနေ ကြတယ်။ အခုဒီနေရာမှာ နေလို့ရမယ့်နေရာတစ်ခုလောက်ရမယ်ဆိုရင် မုန့်လုပ်လို့ ရောင်းစားရစားရ ရောင်းစား ချင်ပါတယ်။ ရွာကိုတော့ မသွားချင်တော့ပါဘူး”

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာကနေ စစ်တွေမြို့ကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကိုဇော်ဝင်း ထွန်းကလည်း ရွာကိုမပြန်တော့ဘဲ စစ်တွေမြို့မှာပဲ ကြုံရာကျပန်းလုပ်ပြီး သူတို့ရဲ့ဘဝခရီးကို စတင်တော့မယ်လို့ ဆိုပါတယ်။

“ရွာမပြန်တော့ဘူး။ ဒီမှာပဲ ကြုံရာကျပန်းနဲ့ ဖြစ်သလိုလုပ်စားရမှာပေါ့။ ရွာကိုပြန်လို့လည်း မရတော့ဘူး။ ရွာကိုပြန်ရင်လည်း ကလေးတွေနဲ့ဆိုတော့ အဆင်မပြေဘူး။ ဒုက္ခတွေအမျိုးမျိုးရောက်ပြီး ပြေးလာရတာ။ အဝတ်မရှိ အစားမရှိပြေးလာရတာ။ ရွာက ကိုယ့်မှာရှိတာကို လုပ်မစားနိုင်ဘဲ ထွက်ပြေးနေရတာ။ နောက်ဆုံး ဒီကိုရောက်လာတဲ့အချိန်မှာတော့ ကျပန်းပဲလုပ်စားရမှာ”

ကိုဇော်ဝင်းထွန်းဟာ စစ်တွေမြို့မှာ ခိုလှုံဖို့အဆင်ပြေနိုင်မယ့်နေရာတစ်ခုကိုရှာဖို့ သူ့အမျိုးသမီးနဲ့ကလေး ကို အရင်ဆုံးလွှတ်လိုက်ပြီးမှ သူလည်းနောက်ကနေ အပြီးတိုင်လိုက်လာခဲ့သူပါ။

အလားတူ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓဝိဟာရကျောင်းမှာလည်း ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကနေ စလို့ မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာသားတွေ တဖြည်းဖြည်းခိုလှုံလာနေကြတာ ဒီနေ့မနက်ပိုင်းအထိ ဆိုရင် လူပေါင်း ၁၃၀ ကျော်အထိရှိနေပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ကနဦးထွက်ပြေးခဲ့ကြပြီး ရပ်တည် ရေးအခက်အခဲတွေကြောင့် အဲဒီကနေတဆင့် စစ်တွေမြို့ကိုထွက်ပြေးရောက်ရှိလာကြတာပါ။

ထွက်ပြေးလာတဲ့ ဟင်းခရော်ကျေးရွာက လူကြီးတစ်ဦးဖြစ်သူ ဦးထွန်းယဉ်ဦးက နယ်မြေငြိမ်းချမ်းရင် အိမ်ပြန်ချင်တယ် လို့ဆိုပါတယ်။

“ကျွဲ၊ နွား၊ ဝက်၊ လယ်တွေ၊ အိမ် အကုန်လုံးကိုထားခဲ့ရတာ။ ဘယ်မှာပဲနေနေ ကျွန်တော်တို့က မပျော်ပါဘူး။ ဘယ်လောက်ပဲစားရစားရ မပျော်ပါဘူး။ ကိုယ့်နေရာကိုယ့်ဒေသမှာ ကိုယ့်ဥယျာဉ်ခင်းလေးနဲ့ ကိုယ့်လယ်ကွက် လေးနဲ့ ကိုယ့်နေရာမှာနေရတာကိုပဲ ကျွန်တော်တို့ အမြဲတမ်းတန်ဖိုးထားပါတယ်။ အဲဒါနဲ့ ဒီနေ့စစ်ရေးပဋိပက္ခ အေးချမ်းလို့ရှိရင် ကျွန်တော်တို့ ဒီနေ့ပြန်မှာပါ”

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ကျေးရွာနဲ့မလှမ်းမကမ်းမှာ တိုက်ပွဲဖြစ်တာ၊ အေအေအဖွဲ့တွေ ခိုလှုံ နေတယ်ဆိုတဲ့ သံသယနဲ့ရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာ စစ်ဆေးခံရတာ၊ အိမ်ပေါ် ကပစ္စည်းတွေကို အတင်းအဓမ္မလုယူခံရတာ၊ စစ်ပွဲတွေကြောင့် အလုပ်မလုပ်နိုင်ကြတာတွေစတဲ့ အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေးလာကြသူတွေပါ။

ဒေသခံတွေဘက်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အရင်လို အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နိုင်အောင် ငြိမ်းချမ်းရေးအတွက် နှစ်ဘက်ပြေပြေလည်လည်ဖြစ်ဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။

မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်တင်တင်ဝင်း က တိုက်ပွဲတွေ ရပ်စဲစေချင်ကြောင်းပြောပါတယ်။

“ဒေသခံတွေရဲ့စိတ်ထဲမှာ ဘာတွေရှိလဲဆိုတော့ တိုက်ပွဲတွေမဖြစ်တာ အကောင်းဆုံးပေါ့။ သူတို့နှစ်ဦးနှစ်ဖက် မဖြစ်ကြဘူးဆိုရင် ကျွန်မတို့လည်း ကိုယ့်ဆီမှာသွားနေလို့ရတယ်။ သူတို့အချင်းချင်းအဲလိုမျိုးဖြစ်နေရင် ကျွန်မတို့လည်းနေလို့မရဘူး။ ကျွန်မတို့လည်းကြောက်တယ်”

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စစ်တွေမြို့ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းကို ရသေ့တောင်မြို့နယ်က ထွက်ပြေးခိုလှုံ လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ ကျော်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီလ ၇ ရက်နေ့ မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခုလိုပြောဆိုခဲ့ပါတယ်။

"ရွှေ့ပြောင်းပြီးတော့လာကြတယ်၊ ဒီမှာအခက်အခဲတွေဖြစ်တယ်၊ ဒုက္ခရောက်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့လည်း ဒီကရွာခံလူကြီးတွေနဲ့အတူ ထပ်တူထပ်မျှစိတ်မကောင်းပါဘူး။ ဖြစ်လည်းမဖြစ်ချင်ပါဘူး။ မဖြစ်တာကတော့ အကောင်းဆုံးပဲပေါ့နော်။ ဒါပေမဲ့ ဖြစ်လာတော့လည်း ရင်ဆိုင်ရမှာပေါ့၊ ဖြေရှင်းရမှာပေါ့။ အဲတော့ အားလုံးက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည်ဖြစ်သွားရင်တော့ အကောင်းဆုံးပါပဲ။ ဒီအတွက် ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်”

ရခိုင်ပြည်နယ်မှာ အခုနှစ်ဆန်းပိုင်းမှာပဲ စစ်ရေးပဋိပက္ခတွေ ပိုပြီးကြီးထွားလာနေသလို ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ရတာ၊ သေကြေထိခိုက်တာတွေလည်း ပိုများလာနေပါတယ်။

အရပ်သားတွေ သေဆုံးမှုက ပြီးခဲ့တဲ့ ၂၀၁၉ ကနေ ဒီနေ့အထိ လူဦးရေ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူဦး ရေ ၂၆၀ ကျော်အထိရှိနေပြီလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
စစ္ေတြကို ထပ္မံေရာက္ရွိလာတဲ့ ရခိုင္စစ္ေဘးေရွာင္မ်ား စစ္ေတြကို ထပ္မံေရာက္ရွိလာတဲ့ ရခိုင္စစ္ေဘးေရွာင္မ်ား Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.