လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ စစ္အကယ္ဒမီေက်ာင္းတစ္ခု ေလေၾကာင္းတိုက္ခိုက္ခံရ၊ ေက်ာင္းသား ၂၈ ဦး ေသဆုံး

လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ ေလေၾကာင္းတိုက္ခိုက္ခံခဲ့ရေသာ စစ္အကယ္ဒမီေက်ာင္းအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
ထရီပိုလီ၊ ဇန္နဝါရီ ၅ ရက္(ဆင္ဟြာ)

လစ္ဗ်ားႏိုင္ငံ ၿမိဳ႕ေတာ္ထရီပိုလီရွိ စစ္အကယ္ဒမီေက်ာင္းတစ္ခု ဇန္နဝါရီ ၄ ရက္က ေလေၾကာင္း တိုက္ခိုက္ခံရမႈေၾကာင့္ ေက်ာင္းသား ၂၈ ဦးေသဆုံးခဲ့ၿပီး ၁၈ ဦးဒဏ္ရာရခဲ့သည္ဟု လစ္ဗ်ား အမ်ိဳးသား ညီၫြတ္ေရးအစိုးရ စစ္တပ္က အခ်င္းပြားသည့္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ခိုက္မႈကို လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္ေခါင္းေဆာင္Khalifa Haftarကို ေထာက္ခံေသာ ျပည္ပေလတပ္က  ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

လစ္ဗ်ား အမ်ိဳးသားညီၫြတ္ေရးအစိုးရ စစ္တပ္က လူမႈကြန္ရက္မီဒီယာတြင္ အခ်င္းျဖစ္ေနရာ၌ ေသြးစိမ္း႐ႊင္႐ႊင္ျဖစ္ေနပုံ လူမ်ားေျမျပင္ေပၚတြင္ အတုံးအ႐ုံးျဖစ္လဲေနပုံႏွင့္ အေရးေပၚကယ္ဆယ္ေရးယာဥ္မ်ား ရပ္နားထားပုံမ်ားကို တင္ထားေၾကာင္း သိရသည္။လက္ရွိတြင္ လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္က အဆိုပါတိုက္ခိုက္မႈႏွင့္စပ္လ်ဥ္း၍ တုန႔္ျပန္မႈမရွိေသးေၾကာင္း သိရသည္။ လစ္ဗ်ားႏိုင္ငံသည္ ၂၀၁၁ ခုႏွစ္တြင္ မြတ္မာကဒါဖီအစိုးရအဖြဲ႕ ျဖဳတ္ခ်ခံရၿပီးေနာက္ ႏိုင္ငံအတြင္း မၿငိမ္မသက္မႈမ်ားျဖစ္ပြားခဲ့ရာ လက္ရွိတြင္ အင္အားႏွစ္ခု ကြဲထြက္ေန ၿပီး ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားေနသလို ေနရာအေျမာက္အျမားတြင္ မင္းမဲ့အေနအထားျဖစ္ေနသည္။ လစ္ဗ်ားႏိုင္ငံ အမ်ိဳးသား ညီၫြတ္ေရးအစိုးရႏွင့္ ၎တို႔အား ေထာက္ခံသည့္ လက္နက္ကိုင္အင္အားစုမွာ အေနာက္ပိုင္းေဒသအခ်ိဳ႕ကို ထိန္းခ်ဳပ္ထားၿပီး ေအာက္လႊတ္ေတာ္ အဖြဲ႕က လစ္ဗ်ားႏိုင္ငံ အေရွ႕ပိုင္းရွိ Tobruk ၿမိဳ႕တြင္ အစိုးရဖြဲ႕၍ Khalifa Haftar ဦးေဆာင္သည့္ အမ်ိဳးသားတပ္မေတာ္ ႏွင့္ပူးေပါင္းကာ လစ္ဗ်ားအေရွ႕ပိုင္း၊အလယ္ပိုင္း ေဒသမ်ား၊ ေတာင္ပိုင္းရွိ အဓိက ၿမိဳ႕မ်ားႏွင့္ အေနာက္ပိုင္းရွိၿမိဳ႕ အခ်ိဳ႕ကို ထိန္းခ်ဳပ္ထားသည္။

လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ ေလေၾကာင္းတိုက္ခိုက္ခံခဲ့ရေသာ စစ္အကယ္ဒမီေက်ာင္းအား ေတြ႕ရစဥ္ (ဆင္ဟြာ) 

လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ ေလေၾကာင္းတိုက္ခိုက္ခံခဲ့ရေသာ စစ္အကယ္ဒမီေက်ာင္းအား ေတြ႕ရစဥ္ (ဆင္ဟြာ) 
၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္က ထရီပိုလီကို စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္လာၿပီး ၎ၿမိဳ႕ကို ထိန္းခ်ဳပ္ထားသည့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရတပ္ႏွင့္အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္။ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္တြင္ Khalifa Haftar က အမ်ိဳးသားတပ္မေတာ္၏ ထရီပိုလီကို သိမ္းပိုက္မည့္စစ္ဆင္ေရး ေနာက္ဆုံးအေျခအေနရွိၿပီဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ  စစ်အကယ်ဒမီကျောင်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ကျောင်းသား ၂၈ ဦး သေဆုံး

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

    ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

 လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa Haftarကို ထောက်ခံသော ပြည်ပလေတပ်က  ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရ စစ်တပ်က လူမှုကွန်ရက်မီဒီယာတွင် အချင်းဖြစ်နေရာ၌ သွေးစိမ်းရွှင်ရွှင်ဖြစ်နေပုံ လူများမြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်လဲနေပုံနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ ရပ်နားထားပုံများကို တင်ထားကြောင်း သိရသည်။လက်ရှိတွင် လစ်ဗျားအမျိုးသားတပ်မတော်က အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တုန့်ပြန်မှုမရှိသေးကြောင်း သိရသည်။ လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွတ်မာကဒါဖီအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် အင်အားနှစ်ခု ကွဲထွက်နေ ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသလို နေရာအမြောက်အမြားတွင် မင်းမဲ့အနေအထားဖြစ်နေသည်။ လစ်ဗျားနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ၎င်းတို့အား ထောက်ခံသည့် လက်နက်ကိုင်အင်အားစုမှာ အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားပြီး အောက်လွှတ်တော် အဖွဲ့က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရဖွဲ့၍ Khalifa Haftar ဦးဆောင်သည့် အမျိုးသားတပ်မတော် နှင့်ပူးပေါင်းကာ လစ်ဗျားအရှေ့ပိုင်း၊အလယ်ပိုင်း ဒေသများ၊ တောင်ပိုင်းရှိ အဓိက မြို့များနှင့် အနောက်ပိုင်းရှိမြို့ အချို့ကို ထိန်းချုပ်ထားသည်။

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဧပြီလတွင် လစ်ဗျားအမျိုးသားတပ်မတော်က ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ၎င်းမြို့ကို ထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတပ်နှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် Khalifa Haftar က အမျိုးသားတပ်မတော်၏ ထရီပိုလီကို သိမ်းပိုက်မည့်စစ်ဆင်ရေး နောက်ဆုံးအခြေအနေရှိပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ စစ္အကယ္ဒမီေက်ာင္းတစ္ခု ေလေၾကာင္းတိုက္ခိုက္ခံရ၊ ေက်ာင္းသား ၂၈ ဦး ေသဆုံး လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ရွိ  စစ္အကယ္ဒမီေက်ာင္းတစ္ခု ေလေၾကာင္းတိုက္ခိုက္ခံရ၊ ေက်ာင္းသား ၂၈ ဦး ေသဆုံး Reviewed by THITHTOOLWIN on 13:58 Rating: 5
Powered by Blogger.