အီရတ္က အေမရိကန္ စစ္စခန္းေတြကို ပဲ့ထိန္းဒုံးက်ည္ တဒါဇင္ေလာက္နဲ႔ အီရန္ ပစ္ခတ္ခဲ့

အဲဒီလိုတိုက္ခိုက္ခံရမႈေၾကာင့္ ထိခိုက္၊ အသက္ဆုံးရႈံးမႈရွိမရွိကေတာ့ မေသခ်ာေသးပါဘူး။
(Zawgyi)⤵⤵⤵
ဇန္နဝါရီလ ၇ရက္ေန႔ ညေန ၅နာရီခြဲေလာက္ အီရတ္မွာ စခန္းခ်ထားတဲ့ အေမရိကန္ေလတပ္စခန္းကို ဖ်က္အားျပင္း ပဲ့ထိန္း ဒုံးက်ည္ ဒါဇင္လိုက္နဲ႔ အီရန္ကေန ပစ္ခတ္ခဲ့တယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ဒါက အီရန္ႏိုင္ငံရဲ႕ စစ္တပ္အႀကီးအကဲ ကာဆမ္ဆူေလမာနီကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အမိန႔္ေပးသတ္ျဖတ္မႈအၿပီး အီရန္က တုန႔္ျပန္ခဲ့တာျဖစ္တယ္လို႔တိုက္ခိုက္မႈအၿပီးမွာ အီရန္ရဲ႕ ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားက ထုတ္လႊင့္ပါတယ္။

အနည္းဆုံးေတာ့ အဲဘယ္ နဲ႔ အာအဆက္ ေလတပ္စခန္း ၂ခုလုံးမွာ တိုက္ခိုက္ခံခဲ့ရတယ္လို႔ ပင္တဂြန္က ထုတ္ျပန္ပါတယ္။

အဲဒီလိုတိုက္ခိုက္ခံရမႈေၾကာင့္ ထိခိုက္၊ အသက္ဆုံးရႈံးမႈရွိမရွိကေတာ့ မေသခ်ာေသးပါဘူး။

အီရတ္မွာရွိတဲ့ အေမရိကန္ရဲ႕ စစ္အေျခစိုက္စခန္းေတြ အေပၚတိုက္ခိုက္လာႏိုင္တယ္ဆိုတာကို သမၼတကို အသိေပးခဲ့ၿပီး သမၼတကလည္း အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕ရဲ႕ အႀကံေပးမႈေတြနဲ႔ အခုလိုအေျခအေနကို ေစာင့္ၾကည့္ေနတယ္လို႔ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ စတက္ဖနီ ဂေရးရွန္က ထုတ္ျပန္ေျပာ ဆိုပါတယ္။

အီရတ္မွာ အေမရိကန္က သတ္ျဖတ္ခဲ့တဲ့ အီရန္ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ တဦးေသဆုံးအၿပီး ၂ ႏိုင္ငံၾကား အျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ေပၚေနတာျဖစ္ပါတယ္။ ဆက္လက္ျဖစ္ေပၚမယ့္ သတင္းေတြကိုလည္း ဘီဘီစီကတင္ဆက္ေပးဦးမွာျဖစ္ပါတယ္။
ဇန္နဝါရီလ ၇ရက္ေန႔ ညေန ၅နာရီခြဲေလာက္ အီရတ္မွာ စခန္းခ်ထားတဲ့ အေမရိကန္ေလတပ္စခန္းကို ဖ်က္အားျပင္း ပဲ့ထိန္း ဒုံးက်ည္ ဒါဇင္လိုက္နဲ႔ အီရန္ကေန ပစ္ခတ္ခဲ့တယ္ 

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အီရတ်က အမေရိကန် စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည် တဒါဇင်လောက်နဲ့ အီရန် ပစ်ခတ်ခဲ့

Image caption အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်၊ အသက်ဆုံးရှုံးမှုရှိမရှိကတော့ မသေချာသေးပါဘူး။

ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၅နာရီခွဲလောက် အီရတ်မှာ စခန်းချထားတဲ့ အမေရိကန်လေတပ်စခန်းကို ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည် ဒါဇင်လိုက်နဲ့ အီရန်ကနေ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါက အီရန်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ကာဆမ်ဆူလေမာနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးသတ်ဖြတ်မှုအပြီး အီရန်က တုန့်ပြန်ခဲ့တာဖြစ်တယ်လို့တိုက်ခိုက်မှုအပြီးမှာ အီရန်ရဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။

အနည်းဆုံးတော့ အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်၊ အသက်ဆုံးရှုံးမှုရှိမရှိကတော့ မသေချာသေးပါဘူး။

အီရတ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေ အပေါ်တိုက်ခိုက်လာနိုင်တယ်ဆိုတာကို သမ္မတကို အသိပေးခဲ့ပြီး သမ္မတကလည်း အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ အကြံပေးမှုတွေနဲ့ အခုလိုအခြေအနေကို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဂရေးရှန်က ထုတ်ပြန်ပြော ဆိုပါတယ်။

အီရတ်မှာ အမေရိကန်က သတ်ဖြတ်ခဲ့တဲ့ အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ် တဦးသေဆုံးအပြီး ၂ နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဆက်လက်ဖြစ်ပေါ်မယ့် သတင်းတွေကိုလည်း ဘီဘီစီကတင်ဆက်ပေးဦးမှာဖြစ်ပါတယ်။

Image caption ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၅နာရီခွဲလောက် အီရတ်မှာ စခန်းချထားတဲ့ အမေရိကန်လေတပ်စခန်းကို ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည် ဒါဇင်လိုက်နဲ့ အီရန်ကနေ ပစ်ခတ်ခဲ့တယ်

BBC Burmese
https://www.bbc.com
အီရတ္က အေမရိကန္ စစ္စခန္းေတြကို ပဲ့ထိန္းဒုံးက်ည္ တဒါဇင္ေလာက္နဲ႔ အီရန္ ပစ္ခတ္ခဲ့ အီရတ္က အေမရိကန္ စစ္စခန္းေတြကို ပဲ့ထိန္းဒုံးက်ည္ တဒါဇင္ေလာက္နဲ႔ အီရန္ ပစ္ခတ္ခဲ့ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.