အထည္စက္႐ုံက အလုပ္သမား‌ေတြကို ထုတ္ေပးမယ့္ လစာေငြ သိန္းတစ္ေထာင္ေက်ာ္ ေပ်ာက္ဆုံး

(Zawgyi)⤵⤵⤵
သာယာ၀တီ ၊ ဇန္နဝါရီ ၂-၂၀၂၀

သာယာ၀တီၿမိဳ႕နယ္ ၊ ဂုံမင္းေျမာင္အုပ္စု၊ ဂုံမင္းေျမာင္ေက်း႐ြာ၊ ရန္ကုန္-ျပည္ကားလမ္းေဘးရွိ
ဟြာရွိန္အထည္စက္႐ုံမွာ မေန႔ ဇန္နဝါရီ၁ရက္ေန႔ညပိုင္းက အလုပ္သမားေတြကို ထုတ္ေပးရမယ့္ လစာေငြသိန္းေပါင္း တစ္ေထာင္ေက်ာ္ေပ်ာက္ဆုံးသြားတယ္လို႔ ဂုံမင္းေျမာင္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

စက္႐ုံရဲ႕ ေငြစာရင္းကိုင္ တ႐ုတ္လူမ်ိဳး ေဒၚနီခ်ဴးမိန္ဟာ ဒီဇင္ဘာ၂၇ရက္ေန႔က သုံးဆယ္ၿမိဳ႕မွာရွိတဲ့ ကေမာၻဇဘဏ္ကေန စက္႐ုံအလုပ္သမားႏွစ္ေထာင္ေက်ာ္အတြက္ လစာေငြက်ပ္ သိန္းေပါင္း(၄၅၀၀)ထုတ္ယူခဲ့ၿပီး အလုပ္သမားတစ္ဦးစီအတြက္ စာအိတ္တစ္အိတ္စီထည့္ကာ အလုပ္ဌါနတစ္ခုစီအလိုက္ စာအိတ္ေတြကို ကြၽတ္ကြၽတ္အိတ္နဲ႔ တစ္ထုပ္စီခြဲထုပ္ခဲ့ရာမွာ ကြၽတ္ကြၽတ္အိတ္(၃၃)အိတ္ ကိုေငြတိုက္ အတြင္းဘီဒိုထဲမွာထည့္ထားခဲ့တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

“ ဇန္နဝါရီ၁ရက္ေန႔ နံနက္၈နာရီေလာက္မွာ ေဒၚနီခ်ဴးမိန္႐ုံးခန္းကိုလာေတာ့ ႐ုံးခန္းတံခါးပြင့္ေနတာ၊ ေငြေတြထည့္ထားတဲ့ ေငြတိုက္တံခါးနဲ႔ သစ္သားတံခါးေတြလည္းပြင့္ေနတာ၊ သံဗီဒိုလည္းပြင့္ေနတာေတြေတြ႕လို႔ တ႐ုတ္ႏိုင္ငံသားဦးခ်န္မူယင္းကိုေျပာျပၿပီး ေငြထုတ္ေတြကိုစစ္ၾက ည့္တဲ့အခါမွာေတာ့ ေငြစုစုေပါင္း(၁၂၉၅၉၆၀၅၀) သိန္းေပါင္းတစ္ေထာင္ေက်ာ္ ေပ်ာက္ဆုံးေနတာကိုေတြ႕ရလို႔ ရဲကိုအေၾကာင္းၾကားၿပီး နီးစပ္ရာေတြ ၊ စက္႐ုံလုံၿခဳံေရးေတြကိုေတာ့ေမးေနတာေတြ႕ရပါတယ္။ ထင္ရွားတဲ့တရားခံေတာ့ မမိေသးပါဘူး။ လိုအပ္သလိုေတာ့စစ္ေဆးေနၾကပါတယ္"လို႔ ဂုံမင္းေျမာင္အုပ္ခ်ဳပ္ေရးမႉးဦးသန္းၿမိဴင္က ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး သာယာ၀တီၿမိဳ႕မရဲစခန္းမွ ဒုရဲမႉးစိုး၀႑ကို ဆက္သြယ္ေမးျမန႔္ရာ ‟ဟုတ္တယ္ အဲဒီေန႔က ဟြာရွိန္အထည္စက္႐ုံက ေငြသိန္းတစ္ေထာင့္ႏွစ္ရာေက်ာ္ေပ်ာက္သြားပါတယ္၊ စုံစမ္းဆဲပါပဲ"လို႔ ေျပာပါတယ္။

အလုပ္သမားလစာ‌ေငြ သိန္းေပါင္းတစ္ေထာင္ေက်ာ္ခိုးယူသြားသူကို အေရးယူဖို႔ေဒၚနီခ်ဴးမိန္က တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ သာယာ၀တီၿမိဳ႕မရဲစခန္းက (ပ)၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၄၅၇နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

မိုးယံ(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
အထည်စက်ရုံက အလုပ်သမား‌တွေကို ထုတ်ပေးမယ့် လစာငွေ သိန်းတစ်ထောင်ကျော် ပျောက်ဆုံး

သာယာဝတီ ၊ ဇန်နဝါရီ ၂-၂၀၂၀

သာယာဝတီမြို့နယ် ၊ ဂုံမင်းမြောင်အုပ်စု၊ ဂုံမင်းမြောင်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိဟွာရှိန်အထည်စက်ရုံမှာ မနေ့ ဇန်နဝါရီ၁ရက်နေ့ညပိုင်းက အလုပ်သမားတွေကို ထုတ်ပေးရမယ့်လစာငွေသိန်းပေါင်း တစ်ထောင်ကျော်ပျောက်ဆုံးသွားတယ်လို့ ဂုံမင်းမြောင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

စက်ရုံရဲ့ ငွေစာရင်းကိုင် တရုတ်လူမျိုး ဒေါ်နီချူးမိန်ဟာ ဒီဇင်ဘာ၂၇ရက်နေ့က သုံးဆယ်မြို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ကနေ စက်ရုံအလုပ်သမားနှစ်ထောင်ကျော်အတွက် လစာငွေကျပ် သိန်းပေါင်း(၄၅၀၀)ထုတ်ယူခဲ့ပြီးအလုပ်သမားတစ်ဦးစီအတွက် စာအိတ်တစ်အိတ်စီထည့်ကာ အလုပ်ဌါနတစ်ခုစီအလိုက် စာအိတ်တွေကို ကျွတ်ကျွတ်အိတ်နဲ့ တစ်ထုပ်စီခွဲထုပ်ခဲ့ရာမှာ ကျွတ်ကျွတ်အိတ်(၃၃)အိတ် ကိုငွေတိုက်အတွင်းဘီဒိုထဲမှာထည့်ထားခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

“ ဇန်နဝါရီ၁ရက်နေ့ နံနက်၈နာရီလောက်မှာ ဒေါ်နီချူးမိန်ရုံးခန်းကိုလာတော့ ရုံးခန်းတံခါးပွင့်နေတာ၊ ငွေတွေထည့်ထားတဲ့ ငွေတိုက်တံခါးနဲ့ သစ်သားတံခါးတွေလည်းပွင့်နေတာ၊ သံဗီဒိုလည်းပွင့်နေတာတွေတွေ့လို့ တရုတ်နိုင်ငံသားဦးချန်မူယင်းကိုပြောပြပြီး ငွေထုတ်တွေကိုစစ်ကြ ည့်တဲ့အခါမှာတော့ ငွေစုစုပေါင်း(၁၂၉၅၉၆၀၅၀) သိန်းပေါင်းတစ်ထောင်ကျော် ပျောက်ဆုံးနေတာကိုတွေ့ရလို့ ရဲကိုအကြောင်းကြားပြီးနီးစပ်ရာတွေ ၊ စက်ရုံလုံခြုံရေးတွေကိုတော့မေးနေတာတွေ့ရပါတယ်။ ထင်ရှားတဲ့တရားခံတော့ မမိသေးပါဘူး။ လိုအပ်သလိုတော့စစ်ဆေးနေကြပါတယ်"လို့ ဂုံမင်းမြောင်အုပ်ချုပ်ရေးမှူးဦးသန်းမြိူင်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး သာယာဝတီမြို့မရဲစခန်းမှ ဒုရဲမှူးစိုးဝဏ္ဍကို ဆက်သွယ်မေးမြန့်ရာ ‟ဟုတ်တယ် အဲဒီနေ့က ဟွာရှိန်အထည်စက်ရုံက ငွေသိန်းတစ်ထောင့်နှစ်ရာကျော်ပျောက်သွားပါတယ်၊ စုံစမ်းဆဲပါပဲ"လို့ ပြောပါတယ်။

အလုပ်သမားလစာ‌ငွေ သိန်းပေါင်းတစ်ထောင်ကျော်ခိုးယူသွားသူကို အရေးယူဖို့ဒေါ်နီချူးမိန်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် သာယာဝတီမြို့မရဲစခန်းက(ပ)၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၄၅၇နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မိုးယံ(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အထည္စက္႐ုံက အလုပ္သမား‌ေတြကို ထုတ္ေပးမယ့္ လစာေငြ သိန္းတစ္ေထာင္ေက်ာ္ ေပ်ာက္ဆုံး အထည္စက္႐ုံက အလုပ္သမား‌ေတြကို ထုတ္ေပးမယ့္ လစာေငြ သိန္းတစ္ေထာင္ေက်ာ္ ေပ်ာက္ဆုံး Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.