ေလယာဥ္ပ်က္က်မႈကို စုံစမ္းစစ္ေဆးေရးအတြက္ Black box မ်ားကို ဘိုးရင္းထံလႊဲေပးရန္ အီရန္ ျငင္းဆို

အီရန္ႏိုင္ငံတြင္ ဘိုးရင္း 737 ေလယာဥ္ ပ်က္က်သြားသည့္ေနရာတြင္ ကယ္ဆယ္ေရးသမားမ်ား လုပ္ကိုင္ေနၾကသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 တီဟီရန္၊ ဇန္နဝါရီ ၉ ရက္ (ဆင္ဟြာ)

 အီရန္အေနျဖင့္ ႏိုင္ငံအတြင္း ပ်က္က်သြားေသာ လူ ၁၇၆ ဦးလိုက္ပါသြားသည့္ ယူကရိန္းေလေၾကာင္းလိုင္းပိုင္ ေလယာဥ္မွ ေတြ႕ရွိခဲ့သည့္ ေလယာဥ္ပ်ံသန္းမႈ အလိုအေလ်ာက္အသံဖမ္းကိရိယာ (Black box) ႏွစ္ခုကို ဘိုးရင္းကုမၸဏီ သို႔မဟုတ္ အေမရိကန္ႏိုင္ငံထံ လႊဲေျပာင္းေပးမည္မဟုတ္ေသာ္လည္း ယူကရိန္းႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အီရန္ ျပည္သူ႔ေလေၾကာင္းအာဏာပိုင္က ေျပာၾကားလိုက္သည္။

ေလယာဥ္၏ အသံဖမ္းယူစက္ႏွင့္ အခ်က္အလက္ဖမ္းယူစက္ ႏွစ္ခုလုံးကို ေတြ႕ရွိခဲ့ၿပီးျဖစ္ေၾကာင္း အီရန္ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားက ဇန္နဝါရီ ၈ ရက္တြင္ ေဖာ္ျပခဲ့သည္။

အီရန္ႏိုင္ငံတြင္ ဘိုးရင္း 737 ေလယာဥ္ ပ်က္က်သြားသည့္ေနရာတြင္ ကယ္ဆယ္ေရးသမားမ်ား လုပ္ကိုင္ေနၾကသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
ဘိုးရင္း 737 ယူကရိန္း ခရီးသည္တင္ေလယာဥ္သည္ ဇန္နဝါရီ ၈ ရက္ နံနက္ပိုင္းက တီဟီရန္ၿမိဳ႕ အီမန္ ခိုေမနီအျပည္ျပည္ဆိုင္ရာေလဆိပ္အနီး ပ်က္က်သြားခဲ့ၿပီး ေလယာဥ္ေပၚလိုက္ပါသြားသည့္ ခရီးသည္မ်ားႏွင့္ အမႈထမ္းအားလုံး ေသဆုံးသြားခဲ့သည္။

အီရန္ႏိုင္ငံအေနျဖင့္ အဆိုပါ Black box မ်ားကို စစ္ေဆးရန္ မည္သည့္ႏိုင္ငံသို႔ေပးပို႔မည္ကို ရွင္းရွင္းလင္းလင္းမသိရေသးေၾကာင္း၊ ေလယာဥ္ပ်က္က်မႈကို ပူးတြဲစစ္ေဆးရန္ ယူကရိန္းကလည္း ႀကိဳဆိုေၾကာင္း အီရန္ ျပည္သူ႔ေလေၾကာင္းအဖြဲ႕အစည္း အႀကီးအကဲ အလီအာဘတ္ဇာဒါ၏ ေျပာၾကားခ်က္ကို ကိုးကား၍ အီရန္ Mehr သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

အဆိုပါ ေလယာဥ္ပ်က္က်မႈမွာ ေလယာဥ္မႉး၏အမွားေၾကာင့္ျဖစ္သည္ဆိုျခင္းကို ယူကရိန္း အျပည္ျပည္ဆိုင္ရာေလေၾကာင္း တာဝန္ရွိသူမ်ားက ျငင္းဆိုထားၿပီး ေလယာဥ္မထြက္ခြာမီ ျပဳျပင္ထိန္းသိမ္းမႈ လုပ္ေဆာင္ခဲ့သည္ဟု ဆိုသည္။ ယင္းေလယာဥ္အား ၂၀၁၆ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ၿပီး ေလယာဥ္ထုတ္လုပ္သူသည့္ ဘိုးရင္းကုမၸဏီက ေလေၾကာင္းလိုင္းသို႔ တိုက္႐ိုက္ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အီရန္တြင္ ၎ေလယာဥ္ပ်က္က်ၿပီးေနာက္ လိုအပ္ေသာ မည္သည့္အကူအညီမ်ိဳးကိုမဆို ေထာက္ပံ့ရန္ အသင့္ရွိေၾကာင္း ဘိုးရင္းကုမၸဏီက ဇန္နဝါရီ ၈ ရက္တြင္ ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
----------
(Unicode)⤵⤵⤵
လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရေးအတွက် Black box များကို ဘိုးရင်းထံလွှဲပေးရန် အီရန် ငြင်းဆို

အီရန်နိုင်ငံတွင် ဘိုးရင်း 737 လေယာဉ် ပျက်ကျသွားသည့်နေရာတွင် ကယ်ဆယ်ရေးသမားများ လုပ်ကိုင်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အီရန်အနေဖြင့် နိုင်ငံအတွင်း ပျက်ကျသွားသော လူ ၁၇၆ ဦးလိုက်ပါသွားသည့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်မှ တွေ့ရှိခဲ့သည့် လေယာဉ်ပျံသန်းမှု အလိုအလျောက်အသံဖမ်းကိရိယာ (Black box) နှစ်ခုကို ဘိုးရင်းကုမ္ပဏီ သို့မဟုတ် အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးမည်မဟုတ်သော်လည်း ယူကရိန်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန် ပြည်သူ့လေကြောင်းအာဏာပိုင်က ပြောကြားလိုက်သည်။

လေယာဉ်၏ အသံဖမ်းယူစက်နှင့် အချက်အလက်ဖမ်းယူစက် နှစ်ခုလုံးကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံတွင် ဘိုးရင်း 737 လေယာဉ် ပျက်ကျသွားသည့်နေရာတွင် ကယ်ဆယ်ရေးသမားများ လုပ်ကိုင်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘိုးရင်း 737 ယူကရိန်း ခရီးသည်တင်လေယာဉ်သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက တီဟီရန်မြို့ အီမန် ခိုမေနီအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသွားသည့် ခရီးသည်များနှင့် အမှုထမ်းအားလုံး သေဆုံးသွားခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် အဆိုပါ Black box များကို စစ်ဆေးရန် မည်သည့်နိုင်ငံသို့ပေးပို့မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း၊ လေယာဉ်ပျက်ကျမှုကို ပူးတွဲစစ်ဆေးရန် ယူကရိန်းကလည်း ကြိုဆိုကြောင်း အီရန် ပြည်သူ့လေကြောင်းအဖွဲ့အစည်း အကြီးအကဲ အလီအာဘတ်ဇာဒါ၏ ပြောကြားချက်ကို ကိုးကား၍ အီရန် Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး၏အမှားကြောင့်ဖြစ်သည်ဆိုခြင်းကို ယူကရိန်း အပြည်ပြည်ဆိုင်ရာလေကြောင်း တာဝန်ရှိသူများက ငြင်းဆိုထားပြီး လေယာဉ်မထွက်ခွာမီ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်အား ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လေယာဉ်ထုတ်လုပ်သူသည့် ဘိုးရင်းကုမ္ပဏီက လေကြောင်းလိုင်းသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်တွင် ၎င်းလေယာဉ်ပျက်ကျပြီးနောက် လိုအပ်သော မည်သည့်အကူအညီမျိုးကိုမဆို ထောက်ပံ့ရန် အသင့်ရှိကြောင်း ဘိုးရင်းကုမ္ပဏီက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ေလယာဥ္ပ်က္က်မႈကို စုံစမ္းစစ္ေဆးေရးအတြက္ Black box မ်ားကို ဘိုးရင္းထံလႊဲေပးရန္ အီရန္ ျငင္းဆို ေလယာဥ္ပ်က္က်မႈကို စုံစမ္းစစ္ေဆးေရးအတြက္ Black box မ်ားကို ဘိုးရင္းထံလႊဲေပးရန္ အီရန္ ျငင္းဆို Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.