အာရွႏိုင္ငံေတြမွာ ဖိႏွိပ္မႈတိုးလာလို႔ AI အစီရင္ခံစာေဖာ္ျပ


(Zawgyi/ Unicode)

အာ႐ွႏိုင္ငံေတြမွာ လြတ္လပ္မႈကို အာဏာပိုင္ေတြ ဖိႏွိပ္မႈ ပိုမ်ားလာေနသလို ဖိႏွပ္မႈကို တြန္းလွန္ဖို႔ႀကိဳးစားသူေတြလည္း မ်ားလာတယ္လို႔ Amnesty International လူ႔အခြင့္အေရးအဖဲြ႔က ေျပာလိုက္ပါတယ္။ ၂၀၁၉ ခုႏွစ္ဟာ အာ႐ွမွာ ဖိႏွိပ္တဲ့ႏွစ္ျဖစ္သလို ခုခံတြန္းလွန္တဲ့ႏွစ္ျဖစ္တယ္လို႔ အာ႐ွ Pacific ေဒသက ႏိုင္ငံနဲ႔ပိုင္နက္ ၂၅ ခုရဲ႕ ၿပီးခဲ့တဲ့ႏွစ္ လူ႔အခြင့္အေရးအေျခအေနေတြကို ေလ့လာထုတ္ျပန္တဲ့ Amnesty အဖဲြ႔ရဲ႕အစီရင္ခံစာမွာ ေဟာင္ေကာင္ကို ဥပမာတခုေပးၿပီး ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ရခိုင္၊ ႐ွမ္း၊ ကခ်င္ျပည္နယ္ေတြမွာ စစ္ရာဇဝတ္မႈအပါအဝင္ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ျမန္မာစစ္တပ္ဟာ က်ဴးလြန္ခဲ့တယ္လို႔ ေျပာပါတယ္။ ရခိုင္လက္နက္ကိုင္ AA အဖဲြ႔နဲ႔ အစိုးရတပ္ေတြၾကား တိုက္ပြဲေတြေၾကာင့္ ေဒသခံ ၃ ေသာင္းထက္ မနည္းအိုးအိမ္စြန္႔ခြာ ထြက္သြားရတဲ့အေျခအေနကိုလည္း ထည့္သြင္းထားပါတယ္။

လြတ္လပ္စြာထုတ္ေဖာ္ခြင့္၊ စုေဝးခြင့္၊ အသင္းအပင္းဖဲြ႔စည္းခြင့္ေတြ ကန္႔သတ္ခံထားရဆဲ ျဖစ္တယ္ဆိုတာကိုလည္း ႏိုင္ငံေရးလႈပ္႐ွားသူေတြ၊ သတင္းမီဒီယာသမားေတြနဲ႔ လူ႔အခြင့္အေရး ကာကြယ္လႈပ္႐ွားသူေတြ ဆက္လက္ ဖမ္းဆီးေထာင္ခ်ခံေနရတဲ့ ဥပမာနဲ႔ ေထာက္ျပထားပါတယ္။ ၆၆ (ဃ) ဆက္သြယ္ေရးဥပေဒ၊ ပုဂၢိဳလ္ေရး လြတ္လပ္မႈဥပေဒ အပါအဝင္ လုိသလိုဆြဲလို႔ရတဲ့ ပုဒ္မေတြကို လႊတ္ေတာ္မွာ အမ်ားစုေနရာရထားတဲ့ NLD အစိုးရက ျပင္ဆင္ဖို႔ ပ်က္ကြက္တယ္လို႔လည္း AI က ေဝဖန္ထားပါတယ္။

ႏိုင္ငံတကာလူ႔အခြင့္အေရးနဲ႔ ရာဇဝတ္မႈဆိုင္ရာ ဥပေဒခ်ဳိးေဖာက္ထားသူေတြ အေရးယူမခံရဘဲ လြတ္ေျမာက္ေနတာကိုလည္း က႑တခုအေနနဲ႔ ရခိုင္ျပည္နယ္ကိစၥ ဥပမာနဲ႔ အစီရင္ခံစာမွာ ထည့္သြင္းထားပါတယ္။ ျမန္မာႏိုင္ငံမွာ မွ်တတဲ႔တရားစီရင္ေရး အားနည္းေနသလို ကုလသမဂၢလံုၿခံဳေရးေကာင္စီက ျမန္မာႏိုင္ငံ အေျခအေနကို ICC ႏုိင္ငံတကာ ရာဇဝတ္ခံု႐ံုးကို တင္ဖုိ႔ ပ်က္ကြက္တယ္လို႔ Amnesty International လူ႔အခြင့္အေရးအဖဲြ႔က ေျပာပါတယ္။

ျမန္မာအစိုးရဟာ Bangladesh ႏုိင္ငံဘက္ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ၇ သိန္းခြဲေလာက္ သိကၡာ႐ွိ႐ွိ အႏၱရာယ္ကင္းကင္း ျပန္လာႏိုင္မယ့္ အေျခအေနတိုးတက္ေအာင္ ဖန္တီးမေပးဘူးလို႔လည္း စြပ္စြဲပါတယ္။ တခ်ိန္ထဲမွာပဲ ရခိုင္ျပည္နယ္ထဲမွာ ႐ွိေနၾကတဲ့ ႐ိုဟင္ဂ်ာ ၆ သိန္းေလာက္ဟာလဲ ခြဲျခားဆက္ဆံတဲ့ စနစ္ေအာက္မွာ ေနထိုင္ေနၾကရတယ္လို႔ Amnesty Intenational ရဲ႕ ၂၀၁၉ ခုႏွစ္အတြက္ အာ႐ွ Pacific ေဒသ လူ႔အခြင့္အေရးအေျခသံုးသပ္ခ်က္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြ ျပန္လာႏိုင္ေရးအတြင္ အသင့္ျပင္ဆင္ထားတယ္လို႔ ေျပာထားပါတယ္။

...................

အာရှနိုင်ငံတွေမှာ ဖိနှိပ်မှုတိုးလာလို့ AI အစီရင်ခံစာဖော်ပြ

(Unicode)

အာရှနိုင်ငံတွေမှာ လွတ်လပ်မှုကို အာဏာပိုင်တွေ ဖိနှိပ်မှု ပိုများလာနေသလို ဖိနှပ်မှုကို တွန်းလှန်ဖို့ကြိုးစားသူတွေလည်း များလာတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ အာရှမှာ ဖိနှိပ်တဲ့နှစ်ဖြစ်သလို ခုခံတွန်းလှန်တဲ့နှစ်ဖြစ်တယ်လို့ အာရှ Pacific ဒေသက နိုင်ငံနဲ့ပိုင်နက် ၂၅ ခုရဲ့ ပြီးခဲ့တဲ့နှစ် လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာထုတ်ပြန်တဲ့ Amnesty အဖွဲ့ရဲ့အစီရင်ခံစာမှာ ဟောင်ကောင်ကို ဥပမာတခုပေးပြီး ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်တွေမှာ စစ်ရာဇဝတ်မှုအပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်ဟာ ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၃ သောင်းထက် မနည်းအိုးအိမ်စွန့်ခွာ ထွက်သွားရတဲ့အခြေအနေကိုလည်း ထည့်သွင်းထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုဝေးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်တွေ ကန့်သတ်ခံထားရဆဲ ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေ ဆက်လက် ဖမ်းဆီးထောင်ချခံနေရတဲ့ ဥပမာနဲ့ ထောက်ပြထားပါတယ်။ ၆၆ (ဃ) ဆက်သွယ်ရေးဥပဒေ၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုဥပဒေ အပါအဝင် လိုသလိုဆွဲလို့ရတဲ့ ပုဒ်မတွေကို လွှတ်တော်မှာ အများစုနေရာရထားတဲ့ NLD အစိုးရက ပြင်ဆင်ဖို့ ပျက်ကွက်တယ်လို့လည်း AI က ဝေဖန်ထားပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်ထားသူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတာကိုလည်း ကဏ္ဍတခုအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စ ဥပမာနဲ့ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ မျှတတဲ့တရားစီရင်ရေး အားနည်းနေသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ အခြေအနေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ဖို့ ပျက်ကွက်တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရဟာ Bangladesh နိုင်ငံဘက်ရောက်နေတဲ့ ရိုဟင်ဂျာ ၇ သိန်းခွဲလောက် သိက္ခာရှိရှိ အန္တရာယ်ကင်းကင်း ပြန်လာနိုင်မယ့် အခြေအနေတိုးတက်အောင် ဖန်တီးမပေးဘူးလို့လည်း စွပ်စွဲပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်ထဲမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာလဲ ခွဲခြားဆက်ဆံတဲ့ စနစ်အောက်မှာ နေထိုင်နေကြရတယ်လို့ Amnesty Intenational ရဲ့ ၂၀၁၉ ခုနှစ်အတွက် အာရှ Pacific ဒေသ လူ့အခွင့်အရေးအခြေသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွင် အသင့်ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
အာရွႏိုင္ငံေတြမွာ ဖိႏွိပ္မႈတိုးလာလို႔ AI အစီရင္ခံစာေဖာ္ျပ အာရွႏိုင္ငံေတြမွာ ဖိႏွိပ္မႈတိုးလာလို႔ AI အစီရင္ခံစာေဖာ္ျပ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.