အပစ္ရပ္ေၾကညာမႈကို တပ္နဲ႔ AA ဘယ္လိုသေဘာထားၾကသလဲ

ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕ TNLA, MNDAA, AA တပ္ဖြဲ႕ဝင္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA ပါဝင္တဲ့ ေျမာက္ပိုင္း သုံးဖြဲ႕ဘက္က ႏွစ္လၾကာ တဖက္သတ္ အပစ္ရပ္ေၾကာင္း ေၾကညာၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ ေန႔စဥ္တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ဒီေန႔ဆိုရင္ မင္းျပားၿမိဳ႕နယ္မွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

AA ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ဟာ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔အထိ ႏွစ္လၾကာ အပစ္အခတ္ ရပ္စဲတယ္လို႔ ဇန္နဝါရီ ၁ ရက္ေန႔က ေၾကညာခဲ့ၿပီးေနာက္ပိုင္း ေျမပုံ၊ အမ္း၊ မင္းျပားနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြျပင္းထန္ေနဆဲျဖစ္ပါတယ္။

တပ္မေတာ္က ထိုးစစ္ေတြကို မရပ္တန႔္တာေၾကာင့္ ေျမျပင္မွာတိုက္ပြဲေတြ ဆက္ျဖစ္ေနတာလို႔ AA ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဘက္က တစ္ဖက္နဲ႔တစ္ဖက္ ယုံၾကည္မႈတည္ ေဆာက္ေရးကို အေထာက္အကူ ျပဳေစဖို႔အတြက္ ထိုးစစ္ေတြကို ရပ္မယ္ဆိုၿပီး ေၾကညာထားေပမယ့္ ျမန္မာစစ္တပ္ဘက္က သူတို႔ ထိုးစစ္ေတြကို အင္အားအလြန္အကြၽံသုံးၿပီး ဆက္လုပ္ေနတာေတြ ရွိတယ္။ ဒါေၾကာင့္ ေျမျပင္မွာ တိုက္ပြဲေတြက ဆက္ျဖစ္ေနတာ။ တကယ္လို႔ ျမန္မာစစ္တပ္ကသာ သူတို႔ရဲ႕ထိုးစစ္ေတြကို ရပ္လိုက္မယ္ဆိုရင္ တိုက္ပြဲေတြ ေျမျပင္မွာရပ္သြားႏိုင္တဲ့ အေနအထားရွိတယ္။ ဒီလိုဆိုရင္ တစ္ဖက္နဲ႔တစ္ဖက္ ေတြ႕ဆုံ စကားေျပာတဲ့အခါ ပိုၿပီးယုံၾကည္မႈေတြ ရွိလာႏိုင္တယ္“

ဒီလို အပစ္အခတ္ရပ္စဲတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ဟာ အေျပာနဲ႔အလုပ္ မညီတဲ့အတြက္ အယုံအၾကည္မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက တုံ႔ျပန္ပါတယ္။

“တိုက္ပြဲဆက္လက္ျပင္းထန္ေနရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ ႏွစ္ဖက္အျပန္အလွန္ စြပ္စြဲမႈေတြသာ ရွိေနပါတယ္။ ဒီေန႔မနက္ကလည္း မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတား အေရွ႕ဘက္ျခမ္းက ဗ်ဴဟာကုန္းအနီးမွာ တိုက္ပြဲျပင္းထန္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္”

ရာေမာင္တံတားကို လုံၿခဳံေရးယူေနတဲ့ တပ္ဖြဲ႕ဝင္ေတြကို ဒီကေန႔ မနက္က AA တပ္ဖြဲ႕ဝင္ အင္အား ၆၀ ခန႔္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

မနက္ကျဖစ္တဲ့ တိုက္ပြဲေၾကာင့္ တပ္မေတာ္သားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ ဒီဟာသည္ ျပည္ေထာင္စုလမ္းေပၚမွာ အခ်က္အခ်ာက်တဲ့ တံတားတစ္စင္းျဖစ္တယ္။ ဒါကိုတပ္မေတာ္က လုံၿခဳံေရးတာဝန္ ယူၿပီး ေဆာင္႐ြက္ေနတယ္။ ဒီဟာကိုလာၿပီး ေႏွာင့္ယွက္ပစ္ခတ္ ျခင္းဟာ ျပည္သူလူထုရဲ႕လမ္းပန္းဆက္သြယ္မႈ လုံၿခဳံေခ်ာေမြ႕ ေစေရးကို ေႏွာင့္ယွက္ပစ္ခတ္ျခင္းျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္“

ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားတာဟာ မနက္ ၁၀ နာရီေက်ာ္မွာ ရပ္သြားခဲ့ေပမယ့္ ေန႔လယ္ပိုင္းမွာေတာ့ မင္းျပားၿမိဳ႕ေပၚမွာရွိတဲ့ က်ီးေတာင္ေပၚကေန စိတၱရ႐ြာဘက္ကို တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔လွမ္းၿပီး ပစ္ခတ္ေနတာေၾကာင့္ ၿမိဳ႕ေပၚကို လက္နက္ႀကီးက်မွာ စိုးရိမ္တယ္လို႔ မင္းျပားၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ မင္းျပားမွာ လက္နက္ႀကီးက ေတာင္ေပၚကေနၿပီး ပစ္ေနတယ္။ တိုက္ပြဲျဖစ္ေနရာနဲ႔ ေတာ္ေတာ္ႀကီး ေဝးတယ္။ ဒီလိုပစ္ေနတဲ့အခါမွာ ေျမာက္ဦးတို႔ ပန္းေျမာင္းတို႔လို အေျခအေနဆိုးေတြ ျဖစ္လာမွာကို ျပည္သူတစ္ေယာက္အေနနဲ႔ ေၾကာက္တယ္။ အဲဒီအတြက္ တျခားေနရာေတြမွာ လုပ္ေစခ်င္တယ္“

ဒီတိုက္ပြဲေတြဟာ လူေနထိုင္ရာ ၿမိဳ႕ေပၚရပ္ကြက္ေတြထဲအထိ ေရာက္လာတဲ့အတြက္ ေသဆုံးတဲ့ အရပ္သား တစ္ရာဝန္းက်င္အထိ ရွိလာေနပါတယ္။

တိုက္ပြဲေတြကေတာ့ ၂၀၁၉ ခုႏွစ္အတြင္း တပ္မေတာ္နဲ႔ တိုက္ပြဲေပါင္း ၆၀၀ ေက်ာ္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္က ထိခိုက္ဒဏ္ရာရသူ၊ ေသဆုံးသူ စုစုေပါင္း သုံးေထာင္ေက်ာ္ရွိတယ္လို႔ AA က မေန႔က ေၾကညာခ်က္ထုတ္ထားပါတယ္။ ဒီတိုက္ပြဲကာလအတြင္း AA ဘက္က ထိခိုက္ဒဏ္ရာရသူ၊ ေသဆုံးသူစာရင္းေတာ့ ထုတ္ျပန္ထားျခင္း မရွိပါဘူး။

အဲဒီလို တပ္မေတာ္ဘက္က ထိခိုက္က်ဆုံးမႈနဲ႔ တိုက္ပြဲအေရအတြက္ကို ထုတ္ျပန္ရတာဟာ ရခိုင္ျပည္နယ္မွာ တပ္မေတာ္က ထိုးစစ္ေတြဘယ္ေလာက္အထိ ျပင္းျပင္းထန္ထန္ ေဆာင္႐ြက္ခဲ့သလဲဆိုတာကို သိေစခ်င္တဲ့အတြက္ ထုတ္ျပန္တာလို႔ ခိုင္သုခက ေျပာပါတယ္။ AA ဘက္က ထိခိုက္က်ဆုံးမႈ ေမးျမန္းရာမွာေတာ့ အဲဒါကို ထုတ္ျပန္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

AA ဘက္က ထုတ္ျပန္တဲ့ တပ္မေတာ္ ထိခိုက္က်ဆုံးမႈ စာရင္းနဲ႔ ပတ္သက္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက-

“ ျပည္တြင္းမွာျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ဦးတည္ခ်က္က ၂၀၂၀ ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းေရးကို ဦးတည္ေနတာပဲ။ ၿငိမ္းခ်မ္းေရးကို ဦးတည္ထားတဲ့အတြက္ ဘယ္သူေတြ ဘယ္ေလာက္ေသတယ္။ ဘယ္ေလာက္ဒဏ္ရာရတယ္ဆိုတဲ့ ကြၽန္ေတာ္တို႔အေနနဲ႔ ယွဥ္ၿပိဳင္စရာ အေၾကာင္းမရွိပါဘူး“

အခုဆိုရင္ ရခိုင္ျပည္နယ္မွာ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲကာလ တစ္ႏွစ္ေက်ာ္ ၾကာျမင့္လာတဲ့အတြက္ ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္အထိ ရွိေနပါၿပီ။

တိုက္ပြဲျပင္းထန္လာတာနဲ႔အမွ် ဒုကၡသည္ေတြ တိုးလာေပမယ့္ သူတို႔အတြက္ လူသားခ်င္းစာနာေထာက္ပံ့မႈ အကူအညီေတြကေတာ့ လိုအပ္ေနဆဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တစ္ႏွစ္အတြင္း တပ္မေတာ္ဘက္က အပစ္ခတ္ရပ္စဲေၾကာင္း ေၾကညာတာေတြ ရွိခဲ့သလို ေျမာက္ပိုင္း သုံးဖြဲ႕ဘက္ကလည္း အပစ္ရပ္ေၾကာင္း ေၾကညာခဲ့တာေတြရွိေပမယ့္ တိုက္ပြဲေတြကေတာ့ ရပ္တန႔္သြားျခင္း မရွိခဲ့လို႔ အခုတစ္ႀကိမ္ တဖက္သတ္အပစ္ရပ္ ေၾကညာခဲ့ေပမယ့္လည္း ျပည္သူလူထုကေတာ့ မလုံၿခဳံမႈေတြနဲ႔ စိုးရိမ္ခ်က္ေတြ ရွိေနဆဲျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
အပစ်ရပ်ကြေညာမှုကို တပ်နဲ့ AA ဘယ်လိုသဘောထားကြသလဲ

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်း သုံးဖွဲ့ဘက်က နှစ်လကြာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ဆိုရင် မင်းပြားမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ နှစ်လကြာ အပစ်အခတ် ရပ်စဲတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။

တပ်မတော်က ထိုးစစ်တွေကို မရပ်တန့်တာကြောင့် မြေပြင်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။khinethukha-350.jpg

“ကျွန်တော်တို့ဘက်က တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည် ဆောက်ရေးကို အထောက်အကူ ပြုစေဖို့အတွက် ထိုးစစ်တွေကို ရပ်မယ်ဆိုပြီး ကြေညာထားပေမယ့် မြန်မာစစ်တပ်ဘက်က သူတို့ ထိုးစစ်တွေကို အင်အားအလွန်အကျွံသုံးပြီး ဆက်လုပ်နေတာတွေ ရှိတယ်။ ဒါကြောင့် မြေပြင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတာ။ တကယ်လို့ မြန်မာစစ်တပ်ကသာ သူတို့ရဲ့ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ မြေပြင်မှာရပ်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒီလိုဆိုရင် တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံ စကားပြောတဲ့အခါ ပိုပြီးယုံကြည်မှုတွေ ရှိလာနိုင်တယ်“

ဒီလို အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အပြောနဲ့အလုပ် မညီတဲ့အတွက် အယုံအကြည်မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

“တိုက်ပွဲဆက်လက်ပြင်းထန်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိနေပါတယ်။ ဒီနေ့မနက်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတား အရှေ့ဘက်ခြမ်းက ဗျူဟာကုန်းအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်”

ရာမောင်တံတားကို လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မနက်က AA တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

မနက်ကဖြစ်တဲ့ တိုက်ပွဲကြောင့် တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။zawmintun-350.jpg

“ ဒီဟာသည် ပြည်ထောင်စုလမ်းပေါ်မှာ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တယ်။ ဒါကိုတပ်မတော်က လုံခြုံရေးတာဝန် ယူပြီး ဆောင်ရွက်နေတယ်။ ဒီဟာကိုလာပြီး နှောင့်ယှက်ပစ်ခတ် ခြင်းဟာ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးကို နှောင့်ယှက်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်“

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာဟာ မနက် ၁၀ နာရီကျော်မှာ ရပ်သွားခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ မင်းပြားမြို့ပေါ်မှာရှိတဲ့ ကျီးတောင်ပေါ်ကနေ စိတ္တရရွာဘက်ကို တပ်မတော်က လက်နက်ကြီးတွေနဲ့လှမ်းပြီး ပစ်ခတ်နေတာကြောင့် မြို့ပေါ်ကို လက်နက်ကြီးကျမှာ စိုးရိမ်တယ်လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါတယ်။

“ မင်းပြားမှာ လက်နက်ကြီးက တောင်ပေါ်ကနေပြီး ပစ်နေတယ်။ တိုက်ပွဲဖြစ်နေရာနဲ့ တော်တော်ကြီး ဝေးတယ်။ ဒီလိုပစ်နေတဲ့အခါမှာ မြောက်ဦးတို့ ပန်းမြောင်းတို့လို အခြေအနေဆိုးတွေ ဖြစ်လာမှာကို ပြည်သူတစ်ယောက်အနေနဲ့ ကြောက်တယ်။ အဲဒီအတွက် တခြားနေရာတွေမှာ လုပ်စေချင်တယ်“

ဒီတိုက်ပွဲတွေဟာ လူနေထိုင်ရာ မြို့ပေါ်ရပ်ကွက်တွေထဲအထိ ရောက်လာတဲ့အတွက် သေဆုံးတဲ့ အရပ်သား တစ်ရာဝန်းကျင်အထိ ရှိလာနေပါတယ်။

တိုက်ပွဲတွေကတော့ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ စုစုပေါင်း သုံးထောင်ကျော်ရှိတယ်လို့ AA က မနေ့က ကြေညာချက်ထုတ်ထားပါတယ်။ ဒီတိုက်ပွဲကာလအတွင်း AA ဘက်က ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူစာရင်းတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

အဲဒီလို တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုနဲ့ တိုက်ပွဲအရေအတွက်ကို ထုတ်ပြန်ရတာဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်တွေဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သလဲဆိုတာကို သိစေချင်တဲ့အတွက် ထုတ်ပြန်တာလို့ ခိုင်သုခက ပြောပါတယ်။ AA ဘက်က ထိခိုက်ကျဆုံးမှု မေးမြန်းရာမှာတော့ အဲဒါကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

AA ဘက်က ထုတ်ပြန်တဲ့ တပ်မတော် ထိခိုက်ကျဆုံးမှု စာရင်းနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက-

“ ပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဦးတည်ချက်က ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးကို ဦးတည်နေတာပဲ။ ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့အတွက် ဘယ်သူတွေ ဘယ်လောက်သေတယ်။ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတဲ့ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်စရာ အကြောင်းမရှိပါဘူး“

အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလ တစ်နှစ်ကျော် ကြာမြင့်လာတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိနေပါပြီ။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒုက္ခသည်တွေ တိုးလာပေမယ့် သူတို့အတွက် လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း တပ်မတော်ဘက်က အပစ်ခတ်ရပ်စဲကြောင်း ကြေညာတာတွေ ရှိခဲ့သလို မြောက်ပိုင်း သုံးဖွဲ့ဘက်ကလည်း အပစ်ရပ်ကြောင်း ကြေညာခဲ့တာတွေရှိပေမယ့် တိုက်ပွဲတွေကတော့ ရပ်တန့်သွားခြင်း မရှိခဲ့လို့ အခုတစ်ကြိမ် တဖက်သတ်အပစ်ရပ် ကြေညာခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ မလုံခြုံမှုတွေနဲ့ စိုးရိမ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အပစ္ရပ္ေၾကညာမႈကို တပ္နဲ႔ AA ဘယ္လိုသေဘာထားၾကသလဲ အပစ္ရပ္ေၾကညာမႈကို တပ္နဲ႔ AA ဘယ္လိုသေဘာထားၾကသလဲ Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.