ဦးေဝွ႔တင္းကို လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း AA ထုတ္ျပန္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ဇန္န၀ါရီ ၂၁

ရကၡိဳင့္ တပ္မေတာ္ AA အဖြဲ႕က ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွးတင့္ကို ဇန္န၀ါရီလ ၂၁ ရက္ (ဒီကေန႔) မွာ ျပန္လည္လႊတ္ေပးလုိက္ၿပီလုိ႔ AA အဖြဲ႕က သတင္းထုတ္ျပန္လုိက္ပါတယ္။

NLD လႊတ္ေတာ္အမတ္ ခူမီးအမ်ဳိးသား၊ ဦးေ၀ွ႔တင္းကုိ မလြဲမေရွာင္သာ အေျခေန တစ္ခုေအာက္မွာ AA အဖြဲ႕ အေနနဲ႔ ေခတၱယာယီ ထိန္းသိမ္းထားရရတာ ျဖစ္တယ္လုိ႔ AA က ေျပာဆုိထားပါတယ္။

ယခုအခ်ိန္တြင္ ရခုိင္နဲ႔ ခူမီး အမ်ဳိးသားမ်ားအၾကားမွာ အျပန္အလွန္နားလည္မႈေတြ၊ ယုံၾကည္မႈေတြအျပင္ အတူ ယွဥ္တြဲ ေနထုိင္ခဲ့ၾကသူေတြ ျဖစ္တဲ့အေလ်ာက္ ညီအကုိအရင္း ဆက္ဆံေရးကုိ ျပန္လည္တည္ေဆာက္လုိၿပီး မိ မိတုိ႔ အခ်င္းခ်င္းအၾကားမွာ ျဖတ္သန္းရမယ့္ ေရရွည္ခရီးကုိ ေထာက္ရႈ႕၍ ျပန္လည္သင့္ျမတ္လုိတဲ့ သေဘာ ထားဆႏၵ ရွိတာေၾကာင့္ ဦးေ၀ွ႕တင္းကုိ ျပန္လည္လႊတ္ေပးရျခင္း ျဖစ္တယ္လုိ႔ AA က ဆိုပါတယ္။


အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃) ရက္ေန႔က ခ်င္းျပည္နယ္ ပ လက္ဝၿမိဳ႕မွ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သို႔ ေရယာဥ္ျဖင့္ ခရီးသြားလာေနစဥ္ လမ္းခုလတ္မွာ AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ဦးဝှေ့တင်းကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရက္ခိုင့် တပ်မတော် AA အဖွဲ့က ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေးတင့်ကို ဇန်နဝါရီလ ၂၁ ရက် (ဒီကနေ့) မှာ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ AA အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

NLD လွှတ်တော်အမတ် ခူမီးအမျိုးသား၊ ဦးဝှေ့တင်းကို မလွဲမရှောင်သာ အခြေနေ တစ်ခုအောက်မှာ AA အဖွဲ့ အနေနဲ့ ခေတ္တယာယီ ထိန်းသိမ်းထားရရတာ ဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။

ယခုအချိန်တွင် ရခိုင်နဲ့ ခူမီး အမျိုးသားများအကြားမှာ အပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေအပြင် အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြသူတွေ ဖြစ်တဲ့အလျောက် ညီအကိုအရင်း ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပြီး မိ မိတို့ အချင်းချင်းအကြားမှာ ဖြတ်သန်းရမယ့် ရေရှည်ခရီးကို ထောက်ရှု့၍ ပြန်လည်သင့်မြတ်လိုတဲ့ သဘော ထားဆန္ဒ ရှိတာကြောင့် ဦးဝှေ့တင်းကို ပြန်လည်လွှတ်ပေးရခြင်း ဖြစ်တယ်လို့ AA က ဆိုပါတယ်။


အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့က ချင်းပြည်နယ် ပ လက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ရေယာဉ်ဖြင့် ခရီးသွားလာနေစဉ် လမ်းခုလတ်မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဦးေဝွ႔တင္းကို လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း AA ထုတ္ျပန္ ဦးေဝွ႔တင္းကို လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း AA ထုတ္ျပန္ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.