AA အပစ္ရပ္ ေၾကညာခ်ိန္မွာ တိုက္ပြဲ ဆက္လက္ျပင္းထန္

အမ္းၿမိဳ႕နယ္ နတ္ေမာ္ေက်း႐ြာစာသင္ေက်ာင္းမွာ ခိုလႈံေနၾကတဲ့ ခ်င္းစစ္ေဘးဒုကၡသည္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ AA ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕က ဇန္နဝါရီလ ၁ ရက္ေန႔ ကေန ေဖေဖာ္ဝါရီလ ၂၉ ရက္ ေန႔အထိ  ႏွစ္လၾကာ အပစ္အခတ္ရပ္စဲတယ္လို႔ မေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားေပမယ့္ မေန႔ကနဲ႔ ဒီေန႔မွာ ေျမပုံ၊ အမ္း၊ မင္းျပားနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။

ရခိုင္ျပည္နယ္အတြင္းက ေျမပုံ၊ အမ္း၊ မင္းျပားနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြျဖစ္ ေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံေတြကေျပာၿပီး တပ္မေတာ္၊ ရခိုင္တပ္ေတာ္ AA ဘက္ကလည္း ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာၾကပါတယ္။

ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕အေနနဲ႔ ၂၀၁၉ စက္တင္ဘာ ၁၉ ရက္ေန႔ထဲက ထိုးစစ္ေတြ ရပ္မယ္လို႔ထုတ္ ျပန္ထားေပမယ့္ တပ္မေတာ္က အင္အား အလြန္အကြၽံသုံးၿပီး သူတို႔နယ္ေျမေတြထဲကို ဝင္ေရာက္ တိုက္ခိုက္တဲ့ အတြက္ ေျမျပင္မွာ တိုက္ပြဲေတြ ရပ္စဲတာမရွိခဲ့ဘူးလို႔ AA ဘက္က ေျပာပါတယ္။

တပ္မေတာ္ဘက္ကလည္း ေျမာက္ပိုင္းအဖြဲ႕ေတြက အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာေပမယ့္ တပ္ဌာနခ်ဳပ္ေတြကို ပစ္ခတ္တာ၊ ေနရာတိုးခ်ဲ႕တာ၊ ျပည္ေထာင္စုလမ္းမေပၚမွာ ဆပ္ေၾကးေကာက္တာေတြရွိၿပီး အေျပာနဲ႔အလုပ္ မညီတာေတြ ေဆာင္႐ြက္ခဲ့တယ္လို႔ ေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး က ေျမာက္ပိုင္းအဖြဲ႕ဘက္က အပစ္ခတ္ ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ ဒီေန႔မွာ တိုက္ပြဲေတြ ျဖစ္ေနတယ္ဆိုတာ ဟုတ္တယ္လို႔ ေျပာပါတယ္။

“ဟုတ္တယ္။ သူ႔ဘာသူ ေၾကညာတာ၊ ေတာေျပာေတာင္ေျပာေလွ်ာက္လုပ္တာ၊ က်ေနာ္တို႔က အဲအတြက္ စိတ္ထဲလည္း စိတ္မဝင္စားဘူး။ သူ႔ဘာသူ ႀကိဳက္သလိုလုပ္၊ က်ေနာ္တို႔ လုပ္စရာရွိတာ လုပ္မွာပဲ။”

ပလက္ဝၿမိဳ႕နယ္၊ တြီေတာင္႐ြာရဲ႕ အေနာက္ဘက္ ၄ ကီလိုမီတာခန႔္အကြာက ေတာင္ကုန္းကို မေန႔က ေန႔လည္ ၂ နာရီ ခြဲခန႔္မွာ တပ္မေတာ္က ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး ဒီေန႔မနက္မွာလည္း တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ခဲ့တာလို႔ ရခိုင့္တပ္ေတာ္ AA ဘက္က ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ႏႈံးဗူးတပ္မေတာ္စခန္းကို AA ဘက္က ဝင္ေရာက္ တိုက္ခိုက္ခဲ့တာလို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္၊ ႏႈံးဗူးေက်း႐ြာနားက တပ္မေတာ္စခန္းကို ဒီဇင္ဘာလ ၁၇ ရက္ေန႔ကစၿပီး မေန႔က ထိ သုံးႀကိမ္တိုင္ AA ဘက္က အင္အားအေျမာက္အမ်ားနဲ႔ ဝင္ေရာက္ တိုက္ခိုက္ခဲ့တာလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ICJ မွာႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္သြားၿပီးေျပာခဲ့တာ ၄၀၀ ေလာက္နဲ႔ ဝိုင္းတိုက္တယ္ဆိုတာ အဲ ႏႈံးဗူးဆိုတဲ့ တပ္မေတာ္ စခန္းတစ္ခုပဲ။ ဒီဇင္ဘာ ၁၇ ၊ ၁၈ ၊ ၁၉ ေလာက္တုန္းကတိုက္တယ္။ ၂၄၊ ၂၅ မွာ တစ္ခါတိုက္တယ္။ မေန႔တေန႔ကမွလည္း အဲစခန္းကို တစ္ခါလာေရာက္ ပစ္ခတ္တာေတြရွိတယ္။ အနီးနား တဝိုက္မွာ တိုက္ပြဲျဖစ္တာေတြ ရွိတယ္။ ဒါေတြက လက္ေတြ႕ျဖစ္ေနတာေတြပါ။ ေၾကညာခ်က္ထုတ္ၿပီး အဲေၾကညာခ်က္တိုင္း လိုက္မလုပ္တာလည္း အကုန္လုံးသိၿပီးသား ျဖစ္ပါတယ္။”

ပလက္ဝၿမိဳ႕ ၂၈၉ ဌာနခ်ဳပ္ကေန လက္နက္ႀကီးပစ္ကူေနသလို ႏႈံးဗူးတပ္စခန္းကေနလည္း လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာေၾကာင့္ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာလို႔ ရခိုင့္တပ္ေတာ္ AA က ခိုင္သုခ ကလည္းေျပာပါတယ္။

“ပလက္ဝၿမိဳ႕က ၂၈၉ ဌာနခ်ဳပ္က လက္နက္ႀကီး ပစ္ကူေပးေနတာေတြရွိတယ္။ ေနာက္ၿပီး ႏႈံးဗူးဗ်ဴဟာ အဲဒီကလည္း လက္နက္ႀကီး ပစ္ကူေပးေနတာရွိတယ္လို႔ သိရတယ္။ ျမန္မာစစ္တပ္ဘက္က ထိုးစစ္ေတြ ရပ္တယ္မရပ္ဘူး ဆိုတာကေတာ့ သူတို႔ရဲ႕ အပိုင္းေပါ့။ ျမန္မာစစ္တပ္ဘက္က ဆက္ၿပီး ထိုးစစ္ ဆင္ေနမယ္ဆိုရင္ က်ေနာ္တို႔ဘက္ကလည္း ခုခံ႐ုံမွအပ အျခားနည္းမရွိဘူးေပါ့ေနာ္။ ”

မေန႔ကဆိုရင္ ဘူးသီးေတာင္၊ ရေသ့ေတာင္ဘက္မွာလည္း တပ္မေတာ္ဘက္က လက္နက္ႀကီးေတြ နဲ႔ ပစ္တာေတြရွိတယ္လို႔ ခိုင္သုခက ေျပာပါတယ္။

ဒါ့အျပင္ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီး၊ ဖားၿပိဳ႐ြာနားမွာလည္း ဒီေန႔ ေန႔လည္ ၂ နာရီ  ေလာက္ကစၿပီး တိုက္ပြဲေတြ ျဖစ္ခဲ့တယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

အမည္မေဖာ္လိုတဲ့ မင္းျပားၿမိဳ႕ခံတစ္ဦး ေျပာျပတာက တိုက္ပြဲျဖစ္ရာေနရာဟာ မင္းျပားၿမိဳ႕ေပၚနဲ႔ ၆ မိုင္ ေလာက္ ေဝးေပမယ့္ လက္နက္ႀကီးသံေတြကို ၿမိဳ႕ေပၚကေနပါ ၾကားရတယ္လို႔ ေျပာပါတယ္။

“လက္နက္ႀကီးေတြ ေပါက္ကြဲတယ္။ ၂ နာရီေလာက္က စျဖစ္တယ္ေျပာတယ္။အခုလက္နက္ႀကီး သံၾကားေနရတယ္။ ဒုန္းဒုန္း ဒုန္းဒုန္းနဲ႔။ မင္းျပားၿမိဳ႕ေပၚကေန ၾကားရတာပါ။”

ဒီရက္ပိုင္းအတြင္းမွာ ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာအုပ္စုကေန တစ္မိုင္ခန႔္ေဝးတဲ့ေနရာမွာ တိုက္ပြဲေတြ  ျဖစ္ေနလို႔ စညႇင္းေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာ ငါး႐ြာက ေဒသခံ ၂၀၀၀ ေလာက္ အိုးအိမ္စြန႔္ခြါ ထြက္ေျပးခဲ့ရပါတယ္။

႐ြာနားကို လက္နက္ႀကီးေတြက်လို႔ ေဒသခံေတြက ထြက္ေျပးသြားၾကတာလို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“၅ ရက္၊ ၆ ရက္ေလာက္က ေျပးသြားၾကတာ။ ႐ြာအနီးနားကို လက္နက္ႀကီးေတြ က်တယ္ဆိုၿပီးေတာ့ မေနရဲေတာ့ဘူး။လူဦးေရ ၂၀၀၀ ေက်ာ္ေလာက္ရွိမွာပါ။ ကမ္းေထာင္းႀကီးရယ္ စိတၱရရယ္၊ ေညာင္ကန္ သူတို႔နဲ႔ နီးစပ္တဲ့႐ြာေတြ၊ အမ္းၿမိဳ႕နယ္ထဲမွာလည္း ဒလက္ေခ်ာင္းတို႔ အဲဘက္ကို ကူးသြားၿပီေပါ့ ေျမပုံၿမိဳ႕နယ္ထဲက။”

အမ္းၿမိဳ႕နယ္မွာေတာ့ ကဇုကိုင္းတံတားအနီးမွာ ဒီေန႔ တိုက္ပြဲေတြ ျဖစ္ခဲ့တာလို႔ သိရပါတယ္။

အမ္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးကိုကိုျမတ္က အမ္း၊ ေျမပုံနဲ႔ မင္းျပားအစပ္မွာ ေန႔တိုင္းနီးပါး တိုက္ပြဲ ေတြျဖစ္ေနတာလို႔ ေျပာပါတယ္။

“အမ္းရယ္၊ အမ္း အစပ္ရယ္၊ မင္းျပားအစပ္ရယ္ ေျမပုံအစပ္ရယ္ ေနတိုင္းျဖစ္ေနတာ။ က်ေနာ္တို႔ကေတာ့ အၾကားပဲရွိတယ္ သြားၾကည့္လို႔လည္းမရဘူး။ ”

မေန႔က ေျမာက္ပိုင္းအဖြဲ႕က ထုတ္ျပန္တဲ့ ႏွစ္လၾကာ တဖက္သတ္ အပစ္အခတ္ရဲစဲေၾကာင္း ေၾကညာ ခ်က္မွာ တပ္မေတာ္ဘက္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအေပၚ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ ကို ခ်က္ခ်င္း ရပ္တန႔္ၿပီး အပစ္အခတ္ရပ္စဲေရးနဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲေတြကို ေဖာ္ေဆာင္ေပးဖို႔နဲ႔ အပစ္ရပ္စာခ်ဳပ္ အျမန္ လက္မွတ္ေရးထိုးဖို႔ တိုက္တြန္းတယ္လို႔ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
AA အပစ်ရပ် ကြေညာချိန်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်

အမ်းမြို့နယ် နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Salai Ye Aung

ရခိုင့်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၂၉ ရက် နေ့အထိ  နှစ်လကြာ အပစ်အခတ်ရပ်စဲတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပေမယ့် မနေ့ကနဲ့ ဒီနေ့မှာ မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ် နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောပြီး တပ်မတော်၊ ရခိုင်တပ်တော် AA ဘက်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောကြပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အနေနဲ့ ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့ထဲက ထိုးစစ်တွေ ရပ်မယ်လို့ထုတ် ပြန်ထားပေမယ့် တပ်မတော်က အင်အား အလွန်အကျွံသုံးပြီး သူတို့နယ်မြေတွေထဲကို ဝင်ရောက် တိုက်ခိုက်တဲ့ အတွက် မြေပြင်မှာ တိုက်ပွဲတွေ ရပ်စဲတာမရှိခဲ့ဘူးလို့ AA ဘက်က ပြောပါတယ်။

တပ်မတော်ဘက်ကလည်း မြောက်ပိုင်းအဖွဲ့တွေက အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေမယ့် တပ်ဌာနချုပ်တွေကို ပစ်ခတ်တာ၊ နေရာတိုးချဲ့တာ၊ ပြည်ထောင်စုလမ်းမပေါ်မှာ ဆပ်ကြေးကောက်တာတွေရှိပြီး အပြောနဲ့အလုပ် မညီတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က မြောက်ပိုင်းအဖွဲ့ဘက်က အပစ်ခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် ဒီနေ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ဟုတ်တယ်လို့ ပြောပါတယ်။

“ဟုတ်တယ်။ သူ့ဘာသူ ကြေညာတာ၊ တောပြောတောင်ပြောလျှောက်လုပ်တာ၊ ကျနော်တို့က အဲအတွက် စိတ်ထဲလည်း စိတ်မဝင်စားဘူး။ သူ့ဘာသူ ကြိုက်သလိုလုပ်၊ ကျနော်တို့ လုပ်စရာရှိတာ လုပ်မှာပဲ။”

ပလက်ဝမြို့နယ်၊ တွီတောင်ရွာရဲ့ အနောက်ဘက် ၄ ကီလိုမီတာခန့်အကွာက တောင်ကုန်းကို မနေ့က နေ့လည် ၂ နာရီ ခွဲခန့်မှာ တပ်မတော်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒီနေ့မနက်မှာလည်း တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ရခိုင့်တပ်တော် AA ဘက်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ နှုံးဗူးတပ်မတော်စခန်းကို AA ဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ နှုံးဗူးကျေးရွာနားက တပ်မတော်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး မနေ့က ထိ သုံးကြိမ်တိုင် AA ဘက်က အင်အားအမြောက်အများနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ICJ မှာနိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်သွားပြီးပြောခဲ့တာ ၄၀၀ လောက်နဲ့ ဝိုင်းတိုက်တယ်ဆိုတာ အဲ နှုံးဗူးဆိုတဲ့ တပ်မတော် စခန်းတစ်ခုပဲ။ ဒီဇင်ဘာ ၁၇ ၊ ၁၈ ၊ ၁၉ လောက်တုန်းကတိုက်တယ်။ ၂၄၊ ၂၅ မှာ တစ်ခါတိုက်တယ်။ မနေ့တနေ့ကမှလည်း အဲစခန်းကို တစ်ခါလာရောက် ပစ်ခတ်တာတွေရှိတယ်။ အနီးနား တဝိုက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ ဒါတွေက လက်တွေ့ဖြစ်နေတာတွေပါ။ ကြေညာချက်ထုတ်ပြီး အဲကြေညာချက်တိုင်း လိုက်မလုပ်တာလည်း အကုန်လုံးသိပြီးသား ဖြစ်ပါတယ်။”

ပလက်ဝမြို့ ၂၈၉ ဌာနချုပ်ကနေ လက်နက်ကြီးပစ်ကူနေသလို နှုံးဗူးတပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ရခိုင့်တပ်တော် AA က ခိုင်သုခ ကလည်းပြောပါတယ်။

“ပလက်ဝမြို့က ၂၈၉ ဌာနချုပ်က လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်။ နောက်ပြီး နှုံးဗူးဗျူဟာ အဲဒီကလည်း လက်နက်ကြီး ပစ်ကူပေးနေတာရှိတယ်လို့ သိရတယ်။ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ရပ်တယ်မရပ်ဘူး ဆိုတာကတော့ သူတို့ရဲ့ အပိုင်းပေါ့။ မြန်မာစစ်တပ်ဘက်က ဆက်ပြီး ထိုးစစ် ဆင်နေမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ခုခံရုံမှအပ အခြားနည်းမရှိဘူးပေါ့နော်။ ”

မနေ့ကဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်ဘက်မှာလည်း တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ ပစ်တာတွေရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၊ ဖားပြိုရွာနားမှာလည်း ဒီနေ့ နေ့လည် ၂ နာရီ  လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အမည်မဖော်လိုတဲ့ မင်းပြားမြို့ခံတစ်ဦး ပြောပြတာက တိုက်ပွဲဖြစ်ရာနေရာဟာ မင်းပြားမြို့ပေါ်နဲ့ ၆ မိုင် လောက် ဝေးပေမယ့် လက်နက်ကြီးသံတွေကို မြို့ပေါ်ကနေပါ ကြားရတယ်လို့ ပြောပါတယ်။

“လက်နက်ကြီးတွေ ပေါက်ကွဲတယ်။ ၂ နာရီလောက်က စဖြစ်တယ်ပြောတယ်။အခုလက်နက်ကြီး သံကြားနေရတယ်။ ဒုန်းဒုန်း ဒုန်းဒုန်းနဲ့။ မင်းပြားမြို့ပေါ်ကနေ ကြားရတာပါ။”

ဒီရက်ပိုင်းအတွင်းမှာ မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်စုကနေ တစ်မိုင်ခန့်ဝေးတဲ့နေရာမှာ တိုက်ပွဲတွေ  ဖြစ်နေလို့ စညှင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ငါးရွာက ဒေသခံ ၂၀၀၀ လောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရပါတယ်။

ရွာနားကို လက်နက်ကြီးတွေကျလို့ ဒေသခံတွေက ထွက်ပြေးသွားကြတာလို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“၅ ရက်၊ ၆ ရက်လောက်က ပြေးသွားကြတာ။ ရွာအနီးနားကို လက်နက်ကြီးတွေ ကျတယ်ဆိုပြီးတော့ မနေရဲတော့ဘူး။လူဦးရေ ၂၀၀၀ ကျော်လောက်ရှိမှာပါ။ ကမ်းထောင်းကြီးရယ် စိတ္တရရယ်၊ ညောင်ကန် သူတို့နဲ့ နီးစပ်တဲ့ရွာတွေ၊ အမ်းမြို့နယ်ထဲမှာလည်း ဒလက်ချောင်းတို့ အဲဘက်ကို ကူးသွားပြီပေါ့ မြေပုံမြို့နယ်ထဲက။”

အမ်းမြို့နယ်မှာတော့ ကဇုကိုင်းတံတားအနီးမှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က အမ်း၊ မြေပုံနဲ့ မင်းပြားအစပ်မှာ နေ့တိုင်းနီးပါး တိုက်ပွဲ တွေဖြစ်နေတာလို့ ပြောပါတယ်။

“အမ်းရယ်၊ အမ်း အစပ်ရယ်၊ မင်းပြားအစပ်ရယ် မြေပုံအစပ်ရယ် နေတိုင်းဖြစ်နေတာ။ ကျနော်တို့ကတော့ အကြားပဲရှိတယ် သွားကြည့်လို့လည်းမရဘူး။ ”

မနေ့က မြောက်ပိုင်းအဖွဲ့က ထုတ်ပြန်တဲ့ နှစ်လကြာ တဖက်သတ် အပစ်အခတ်ရဲစဲကြောင်း ကြေညာ ချက်မှာ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကို ချက်ချင်း ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဖော်ဆောင်ပေးဖို့နဲ့ အပစ်ရပ်စာချုပ် အမြန် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
AA အပစ္ရပ္ ေၾကညာခ်ိန္မွာ တိုက္ပြဲ ဆက္လက္ျပင္းထန္ AA အပစ္ရပ္ ေၾကညာခ်ိန္မွာ တိုက္ပြဲ ဆက္လက္ျပင္းထန္ Reviewed by THITHTOOLWIN on 23:24 Rating: 5
Powered by Blogger.