ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြးညႇိႏႈိင္းဖို႔ AA ကို တ႐ုတ္တိုက္တြန္း

တ႐ုတ္အစိုးရကိုယ္စားလွယ္ မစၥတာ ဆြန္းေကာ္ရွန္းနဲ႔ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ၂ဝ၂ဝ ဇန္နဝါရီ ၁ဝ ရက္ေန႔က KIA ဌာနခ်ဳပ္မွာ ေတြ႕ဆုံစဥ္။
Photo: The Kachin Net
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို တ႐ုတ္သမၼတရွီက်င္းဖ်င္ မလာခင္ တပတ္အလို ဇန္နဝါရီလ ၁ဝ ရက္ ေသာၾကာေန႔က တ႐ုတ္အစိုးရရဲ႕ကိုယ္စားလွယ္ မစၥတာ ဆြန္းေကာ္ရွန္းက KIA ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕မွာ KIA ေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆုံသလို AA ရခိုင့္တပ္ေတာ္ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီေတြ႕ဆုံပြဲမွာ ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္က ကူညီေနသလို၊ AA ေခါင္းေဆာင္ေတြ အေနနဲ႔လည္း ႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းညႇိႏႈိင္းၾကဖို႔ တိုက္တြန္းသြားတယ္လို႔ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက RFA ကိုေျပာပါတယ္။

“ က်ေနာ္တို႔ေခါင္းေဆာင္ေတြကို လိုင္ဇာမွာေတြ႕တဲ့အခါေတာ့ မစၥတာဆြန္းေကာ္ရွန္းက ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္အစိုးရက အေကာင္းဆုံးကူညီေနတယ္။ အဲဒါေၾကာင့္မို႔လို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲမွာ ညႇိႏႈိင္းၾကဖို႔ တိုက္တြန္းသြားတာရွိတာေပါ့ ”

ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္ဖို႔အတြက္ AA ရဲ႕သေဘာထားက ဘယ္လိုရွိလဲလို႔ ေမးၾကည့္တဲ့အခါမွာ အစိုးရနဲ႔ တပ္မေတာ္ဘက္က တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔ လိုအပ္တယ္လို႔ ခိုင္သုခကေျပာပါတယ္။

“ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေရွ႕ဆက္ၿပီးက်င္းပႏိုင္ဖို႔ဆိုရင္ ျမန္မာအစိုးရနဲ႔တပ္မေတာ္က သူတို႔ရဲ႕ တင္းမာတဲ့သေဘာထားေတြ ေလွ်ာ့ခ်ဖို႔လိုတာေပါ့။ အထူးသျဖင့္ သူတို႔ဘက္ကေနၿပီးေတာ့ အင္အားသုံးၿပီး အႏိုင္ယူမယ္ဆိုတဲ့ဥစၥာ၊ အဲဒီလိုအေတြးအေခၚမ်ိဳးကို အစိုးရနဲ႔စစ္တပ္ဘက္က ေလွ်ာ့ခ်ၿပီးမွ ႏွစ္ဦးႏွစ္ဖက္တရားမွ်တမႈရွိရွိနဲ႔ က်ေနာ္တို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြးၾကမယ္ဆိုရင္ေတာ့ ေျပလည္ႏိုင္မယ့္ အလားအလာေတြအမ်ားႀကီးရွိတာေပါ့”

အခုလိုေျပာဆိုတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ရဲ႕သေဘာထားသိရေအာင္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကိုေရာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကိုပါ ဒီေန႔ညေန ၆ နာရီဝန္းက်င္က ဝါရွင္တန္ RFA ႐ုံးခ်ဳပ္ကေန တယ္လီဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရခဲ့ပါဘူး။

ျမန္မာအစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ ၿပီးခဲ့တဲ့ႏွစ္မကုန္ခင္ တ႐ုတ္ႏိုင္ငံထဲမွာ ေတြ႕ဆုံခဲ့ၿပီး သိပ္အဆင္ေျပတာမၾကားရေပမယ့္ ေနာက္တႀကိမ္ကို အခု ဇန္နဝါရီလထဲမွာ ျပန္ေတြ႕ၾကဖို႔ ေျပာဆိုထားပါတယ္။ ဒါေပမယ့္ ဘယ္ေန႔ ဘယ္ေနရာမွာ ေတြ႕မယ္ဆိုတာ ဒီေန႔ထိေတာ့ သတင္းမရေသးဘူးလို႔ ခိုင္သုခကေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ဒီေန႔အထိ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေပါင္း ၃၈ ႀကိမ္ရွိခဲ့ၿပီး တပ္မေတာ္ဘက္ကအရာရွိႀကီး ႏွစ္ေယာက္ အပါအဝင္ တျခားအဆင့္ရွိတဲ့သူေတြ စုစုေပါင္း ၇၅ ေယာက္က်ဆုံးတယ္လို႔ AA ဘက္ကေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ျပင္ပရင္းႏွီးျမႇဳပ္ႏွံတဲ့ႏိုင္ငံေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ သမၼတ ရွီက်င္းဖ်င္ရဲ႕ One Belt One Road မဟာစီမံကိန္းေအာင္ျမင္ေရးဟာ အေရးႀကီးေနသလို အဲဒီစီမံကိန္းမွာ ပထဝီႏိုင္ငံေရးအရ အေရးပါတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း စၿပီး အေကာင္အထည္ေဖာ္ႏိုင္ေရးကလည္း အထူးအေရးပါလွပါတယ္။ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွာ တ႐ုတ္အေနနဲ႔ ေျခခ်ႏိုင္ၿပီဆိုရင္ အိႏၵိယသမုဒၵရာထြက္ေပါက္ရၿပီး ေက်ာက္ျဖဴ၊ သီရိလကၤာ၊ ပါကစၥတန္ ဆိပ္ကမ္းသုံးခုကို တ႐ုတ္အေနနဲ႔ ဥဒဟိုခ်ိတ္ဆက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာအစိုးရနဲ႔ တပ္မေတာ္၊ တိုင္းရင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ တ႐ုတ္အစိုးရတို႔ သုံးဖက္စလုံးရဲ႕ အက်ိဳးကိစၥဆက္စပ္မႈေတြက ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ဘယ္ေလာက္ခရီးေပါက္မလဲဆိုတာ စိတ္ဝင္စားစရာျဖစ္တဲ့အေၾကာင္း တင္ျပလိုက္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးညှိနှိုင်းဖို့ AA ကို တရုတ်တိုက်တွန်း

တရုတ်အစိုးရကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၂ဝ၂ဝ ဇန်နဝါရီ ၁ဝ ရက်နေ့က KIA ဌာနချုပ်မှာ တွေ့ဆုံစဉ်။
Photo: The Kachin Net

မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင်းဖျင် မလာခင် တပတ်အလို ဇန်နဝါရီလ ၁ဝ ရက် သောကြာနေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ KIA ခေါင်းဆောင်တွေနဲ့တွေ့ဆုံသလို AA ရခိုင့်တပ်တော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်က ကူညီနေသလို၊ AA ခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းညှိနှိုင်းကြဖို့ တိုက်တွန်းသွားတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုပြောပါတယ်။

“ ကျနော်တို့ခေါင်းဆောင်တွေကို လိုင်ဇာမှာတွေ့တဲ့အခါတော့ မစ္စတာဆွန်းကော်ရှန်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရက အကောင်းဆုံးကူညီနေတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖို့ တိုက်တွန်းသွားတာရှိတာပေါ့ ”

နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် AA ရဲ့သဘောထားက ဘယ်လိုရှိလဲလို့ မေးကြည့်တဲ့အခါမှာ အစိုးရနဲ့ တပ်မတော်ဘက်က တင်းမာမှုတွေ လျှော့ချဖို့ လိုအပ်တယ်လို့ ခိုင်သုခကပြောပါတယ်။

“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ပြီးကျင်းပနိုင်ဖို့ဆိုရင် မြန်မာအစိုးရနဲ့တပ်မတော်က သူတို့ရဲ့ တင်းမာတဲ့သဘောထားတွေ လျှော့ချဖို့လိုတာပေါ့။ အထူးသဖြင့် သူတို့ဘက်ကနေပြီးတော့ အင်အားသုံးပြီး အနိုင်ယူမယ်ဆိုတဲ့ဥစ္စာ၊ အဲဒီလိုအတွေးအခေါ်မျိုးကို အစိုးရနဲ့စစ်တပ်ဘက်က လျှော့ချပြီးမှ နှစ်ဦးနှစ်ဖက်တရားမျှတမှုရှိရှိနဲ့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးကြမယ်ဆိုရင်တော့ ပြေလည်နိုင်မယ့် အလားအလာတွေအများကြီးရှိတာပေါ့”

အခုလိုပြောဆိုတာနဲ့ပတ်သက်လို့ တပ်မတော်ရဲ့သဘောထားသိရအောင် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုရော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုပါ ဒီနေ့ညနေ ၆ နာရီဝန်းကျင်က ဝါရှင်တန် RFA ရုံးချုပ်ကနေ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပြီးခဲ့တဲ့နှစ်မကုန်ခင် တရုတ်နိုင်ငံထဲမှာ တွေ့ဆုံခဲ့ပြီး သိပ်အဆင်ပြေတာမကြားရပေမယ့် နောက်တကြိမ်ကို အခု ဇန်နဝါရီလထဲမှာ ပြန်တွေ့ကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်နေရာမှာ တွေ့မယ်ဆိုတာ ဒီနေ့ထိတော့ သတင်းမရသေးဘူးလို့ ခိုင်သုခကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့ပြီး တပ်မတော်ဘက်ကအရာရှိကြီး နှစ်ယောက် အပါအဝင် တခြားအဆင့်ရှိတဲ့သူတွေ စုစုပေါင်း ၇၅ ယောက်ကျဆုံးတယ်လို့ AA ဘက်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြင်ပရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ သမ္မတ ရှီကျင်းဖျင်ရဲ့ One Belt One Road မဟာစီမံကိန်းအောင်မြင်ရေးဟာ အရေးကြီးနေသလို အဲဒီစီမံကိန်းမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စပြီး အကောင်အထည်ဖော်နိုင်ရေးကလည်း အထူးအရေးပါလှပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်အနေနဲ့ ခြေချနိုင်ပြီဆိုရင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရပြီး ကျောက်ဖြူ၊ သီရိလင်္ကာ၊ ပါကစ္စတန် ဆိပ်ကမ်းသုံးခုကို တရုတ်အနေနဲ့ ဥဒဟိုချိတ်ဆက်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရတို့ သုံးဖက်စလုံးရဲ့ အကျိုးကိစ္စဆက်စပ်မှုတွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လောက်ခရီးပေါက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

RFA Burmese
https://www.rfa.org
ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြးညႇိႏႈိင္းဖို႔ AA ကို တ႐ုတ္တိုက္တြန္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြးညႇိႏႈိင္းဖို႔ AA ကို တ႐ုတ္တိုက္တြန္း Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.