ကမာၻ႔စားနပ္ရိကၡာအဖဲြ႔ (WFP) လုပ္ငန္းေတြ တုိးျမႇင့္ေရး ျမန္မာနဲ႔ သေဘာတူညီမႈရ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္း ကမၻာ့စားနပ္ရိကၡာအစီအစဥ္ WFP က အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတဲ့ လုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္သြားဖို႔ ျမန္မာအစိုးရနဲ႔ WFP အၾကား သေဘာတူညီမႈ ရယူခဲ့ၾကပါတယ္။

WFP လက္ရွိေဆာင္ရြက္ေနတဲ့ ၅ ႏွစ္တာ စီမံကိန္းမွာေတာ့ အၾကမ္းဖက္ပဋိပကၡေတြ ရွိေနတဲ့ ကခ်င္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္ အပါအ၀င္ ျမန္မာႏုိင္ငံတြင္း အကူအညီ လိုအပ္တဲ့ ေဒသေတြက လူ တသန္းကို ႏွစ္စဥ္ စားနပ္ရိကၡာအကူအညီေတြ ေပးေနတာျဖစ္ပါတယ္။

ဒီအတြက္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္မႈေတြမွာ ျမန္မာအစိုးရနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္သြားဖို႔ သေဘာတူညီခ်က္ကို ႏွစ္ဘက္တာ၀န္ရွိသူေတြက ဒီကေန႔ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံတြင္း စားနပ္ရိကၡာရွားပါးမႈနဲ႔ အာဟာရခ်ိဳ႕တဲ့မႈ ျပႆနာေတြကို တိုက္ဖ်က္သြားဖို႔ ျမန္မာအစိုးရအေနနဲ႔ WFP နဲ႔အတူ အခိုင္အမာ လက္တြဲ ေဆာင္ရြက္ေနတယ္ဆုိတာကို အခုသေဘာတူညီခ်က္က ျပသလုိက္တာျဖစ္ေၾကာင္း WFP ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Stephen Anderson က ေျပာပါတယ္။

WFP ရဲ႕ ျမန္မာႏုိင္ငံတြင္း ၅ ႏွစ္ စီမံကိန္း ေဆာင္ရြက္ခ်က္ေတြဟာ ျမန္မာ့အသြင္ကူးေျပာင္းေရး ကာလ ေဆာင္ရြက္ေနတဲ့ ေရရွည္ဖြံ႔ျဖိဳးတိုးတက္ေရး စီမံကိန္းနဲ႔လည္း ဆက္စပ္ေနျပီး ဒီရည္မွန္းခ်က္ေတြအတြက္ အေထာက္အပံ့ ျဖစ္ေစတာေၾကာင့္ ျမန္မာအစိုးရအေနနဲ႔ WFP အပါအ၀င္ ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိေနေၾကာင္း ျမန္မာအစိုးရကလည္း ေျပာဆိုထားပါတယ္။

လက္ရွိ WFP ရဲ႕ အစီအစဥ္နဲ႔ ရခိုင္ျပည္နယ္တြင္း ပဋိပကၡေတြေၾကာင့္ အကူအညီလိုအပ္ေနသူ ၂၄၀,၀၀၀၊ ကခ်င္ျပည္နယ္မွာ ၄၅,၀၀၀ နဲ႔ ရွမ္းျပည္နယ္မွာ ၁၄,၀၀၀ အတြက္ လိုအပ္တဲ့ စားနပ္ရိကၡာ အကူအညီေတြ ေပးေနတဲ့အျပင္ ျပည္နယ္နဲ႔တိုင္း ၁၄ ခုထဲက ၁၁ ခုမွာ ကေလးငယ္ ၃ သိန္းနီးပါးအတြက္ အာဟာရျဖစ္ေစမယ့္ အစားအစာေတြကို WFP က ေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။

[Unicode Version]

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) လုပ်ငန်းတွေ တိုးမြှင့်ရေး မြန်မာနဲ့ သဘောတူညီမှုရ

မြန်မာနိုင်ငံတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ မြန်မာအစိုးရနဲ့ WFP အကြား သဘောတူညီမှု ရယူခဲ့ကြပါတယ်။

WFP လက်ရှိဆောင်ရွက်နေတဲ့ ၅ နှစ်တာ စီမံကိန်းမှာတော့ အကြမ်းဖက်ပဋိပက္ခတွေ ရှိနေတဲ့ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း အကူအညီလိုအပ်တဲ့ ဒေသတွေက လူ တသန်းကို နှစ်စဉ် စားနပ်ရိက္ခာအကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

ဒီအတွက် အကောင်အထည် ဖော်ဆောင်ရွက်မှုတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူညီချက်ကို နှစ်ဘက်တာဝန်ရှိသူတွေက ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း စားနပ်ရိက္ခာရှားပါးမှုနဲ့ အာဟာရချို့တဲ့မှု ပြဿနာတွေကို တိုက်ဖျက်သွားဖို့ မြန်မာအစိုးရအနေနဲ့ WFP နဲ့အတူ အခိုင်အမာ လက်တွဲ ဆောင်ရွက်နေတယ်ဆိုတာကို အခုသဘောတူညီချက်က ပြသလိုက်တာဖြစ်ကြောင်း WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson ကပြောပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံတွင်း ၅ နှစ်စီမံကိန်း ဆောင်ရွက်ချက်တွေဟာ မြန်မာ့အသွင်ကူးပြောင်းရေး ကာလ ဆောင်ရွက်နေတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့လည်း ဆက်စပ်နေပြီး ဒီရည်မှန်းချက်တွေအတွက် အထောက်အပံ့ ဖြစ်စေတာကြောင့် မြန်မာအစိုးရအနေနဲ့ WFP အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်း မြန်မာအစိုးရကလည်း ပြောဆိုထားပါတယ်။

လက်ရှိ WFP ရဲ့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်နေသူ ၂၄၀,၀၀၀၊ ကချင်ပြည်နယ်မှာ ၄၅,၀၀၀ နဲ့ ရှမ်းပြည်နယ်မှာ ၁၄,၀၀၀ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့အပြင် ပြည်နယ်နဲ့တိုင်း ၁၄ ခုထဲက ၁၁ ခုမှာ ကလေးငယ် ၃ သိန်းနီးပါးအတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကို WFP က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ကမာၻ႔စားနပ္ရိကၡာအဖဲြ႔ (WFP) လုပ္ငန္းေတြ တုိးျမႇင့္ေရး ျမန္မာနဲ႔ သေဘာတူညီမႈရ ကမာၻ႔စားနပ္ရိကၡာအဖဲြ႔ (WFP) လုပ္ငန္းေတြ တုိးျမႇင့္ေရး ျမန္မာနဲ႔ သေဘာတူညီမႈရ Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.